Categories
စကားလက်ဆောင်

။ ပါရမီခိုင်မှ ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~~
။ လာဘ်နှင့်တွေ့ရင် ဝေးဝေးရှောင်။
။ လူနှင့်ပေါင်းသင်းရင် သတိဆောင်။
။ အသွင်များရင် အဖျက်ယောင်။
။ သာယာများရင် အမြင်ပြောင်။
။ မက်မောများရင် ရင်နာကြောင်။
။ တွယ်တာတတ်ရင် ဒုက္ခလှောင်။
။ ခေါင်းဆောင်မတတ်ရင် ပြည်ပျက်မှောင်။
။ ကျော်ကြားများရင် အဖျက်ကောင်။
။ ပစ္စည်းများရင် အန္တရာယ်ထောင်။
။ မကောင်းများရင် အကျိုးမှောင်။
။ ပါရမီခိုင်မှ အကုန်အောင်။

တောင်ကလေးဆရာတော်
(၈.၇.၂၀၂၀) ရက်နေ့နံနက်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.