Categories
စကားလက်ဆောင်

။ ဝေ ဒ နာ အိမ် ။

။ မငြိမ်တဲ့အသိက
တိမ်နေတဲ့အရာတွေကို
အားလုံးမသိသလိုဘဲ
နက်နဲခက်ခဲတဲ့
ဉာဏ်အသိတွေလည်း
နားလည်မှာမဟုတ်။

။ မငြိမ်တဲ့စိတ်က
အငြိမ်အငြိမ်းကို
မနှစ်သက်သလိုဘဲ
မငြိမ်းခြင်းကြောင့်
အပူအပင်တွေ
လာပြီးကိန်းတာပါပဲ။

။ ပူပင်မှု
မငြိမ်မှု
မငြိမ်းမှု
မငြှိမ်းတတ်မှုကြောင့်
အနုသယတွေ
ကိလေသာတွေ
တဏှာတွေ
မာနတွေ
တိုးတိုးကြိတ်ကြိတ်
မဆိတ်သုဉ်းနိုင်ဘဲ
ရှိနေဖြစ်နေလေတော့
အစွဲအလမ်းတွေ
မကွာမခွာနိုင်လို့
ဘဝအတွက်
ပေးဆက်မကုန်နိုင်ဘဲပေါ့။

။ ဒီနေ့တော့
မေ့ဆေးမပြယ်တတ်တဲ့ဘဝအတွက်
စိတ်ဆေးအဖြေတစ်ပါးသိဖို့
ဝေဒနာအိမ်ကိုလေ့လာပါ
ဝေဒနာမှ
တဏှာမဖြစ်ပါစေနဲ့တဲ့။

တောမှီရဟန်း
(၁၃.၆.၂၀၂၂) ရက်နေ့ညနေခင်း။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.