Categories
စကားလက်ဆောင်

။ မြန်မာနှစ်သစ်ကူးနေ့ တွင် ။

🙏 ကပ်ပံ ဌာတု ဗုဒ်ဓဝါဒီ၊
ကပ်ပံ ဌာတု ဗုဒ်ဓဘာဏီ။
ကပ်ပံ ဘာတု ဓမ်မရံသီ၊
ကပ်ပံ ပါတု ဓမ်မစာရီ။

။ ဗုဒ္ဓဝါဒီ၊ ဗုဒ္ဓဘာသာသည်။
ကပ္ပံ၊ ကမ္ဘာတည်သမျှကာလပတ်လုံး။
ဌာတု၊ တည်မြဲပါစေသတည်း။

။ ဗုဒ္ဓဘာဏီ၊ ဗုဒ္ဓတရားတော်မြတ်သည်။
ကပ္ပံ၊ ကမ္ဘာတည်သမျှကာလပတ်လုံး။
ဌာတု၊တည်မြဲပါစေသတည်း။

။ ဓမ္မရံသီ၊ တရားတော်မြတ်၏အလင်းရောင်သည်။
ကပ္ပံ၊ ကမ္ဘာတည်သမျှကာလပတ်လုံး။
ဘာတု၊ ထွန်းလင်းပါစေသတည်း။

။ ဓမ္မစာရီ၊ တရားတော်မြတ်ကို ကျင့်တော်မူသောသံဃာတော်သည်။
ကပ္ပံ၊ ကမ္ဘာတည်သမျှကာလပတ်လုံး။
ပါတု၊ စောင့်ရှောက်ပါစေသတည်း။

[ ဆောင်ပုဒ်ကဗျာ]

။ ဗုဒ္ဓဘာသာ၊ဤကမ္ဘာ၊ရှည်ကြာတည်ပါစေ။
။ ဗုဒ္ဓမြတ်စွာ၊ မြတ်ဓမ္မာ၊ရှည်ကြာတည်ပါစေ။
။ တရားတော်မြတ်၊အလင်းဓာတ်၊မုချတည်ပါစေ။
။ သံဃာတော်မြတ်၊တရားမြတ်၊စောင့်ကြပ်တည်ပါစေ။

[မြန်မာပြည်သူပြည်သားအတွက်]

☘️ ကုသိုလ်ဆုလာဘ်= ပုညလာဘီ
အယောက်တိုင်းရကြပါစေ။
☘️ ကောင်းမှုအတွက်= ပုညဘာကီ
အယောက်တိုင်းပြုနိုင်ကြပါစေ။
☘️ မေတ္တာ ဆုလာဘ် = မေတ္တ လာဘီ
ကိုယ်စီယောက်တိုင်းရပါစေ။
☘️ ဆုမြတ်ကိုယ်စီ= မဟာလာဘီ
ကိုယ်စီယောက်တိုင်းပိုင်ပါစေ။

တောင်ကလေးဆရာတော်
(မြန်မာကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊
မြန်မာနှစ်သစ်ကူးနေ့သို့)

ဓာတ်ပုံ။ ။ ကို ရင် ဩ

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.