Categories
နိုင်ငံရေး

ယူကရိန်းနိုင်ငံအခြေအနေက ။

။ Ukraine 

 (ယူကရိန်းနိုင်ငံ) ဟာ ကြီးပွားရေး၊စီးပွားရေးကောင်းမွန်လို့ အတိုက်ခံရတာလား! ဒါမှမဟုတ် ဘာကြောင့်တိုက်ခိုက်ခံရတာလဲဆိုတာ ဖော်ပြပါစာဆောင်းပါးတစ်ပုဒ်ကို လေ့လာကြည့်ကြရအောင်ပါ။

အဲးခိုး(၂၅.၂.၂၀၂၂) ရက်နေ့နံနက်။

~~~~~~~~~~~~~~~

“ယူကရိန်းက ဘာ့ကြောင့်  NATO နှင့် ဥရောပ အတွက်  အရေးကြီးပါသလဲ” ဟု မေးသူများအတွက် “ ယူကရိန်း သည် ဥရောပတွင် ဧရိယာအလိုက် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးသန်း ၄၀ ရှိပါသည်။ ပိုလန်ထက် များပါသည်။

ယူကရိန်းတွင်

  • ၁၊ ဥရောပတွင် ပြန်လည်ထုတ်ယူနိုင်သော ယူရေနီယမ်သတ္တုရိုင်းများရှိနေခြင်း၊
  • ၂၊ တိုက်တေနီယမ်သတ္တုရိုင်းသိုက်၏သတ်မှတ်ချက်အရဥရောပတွင်ဒုတိယနေရာနှင့်ကမ္ဘာ့နံပါတ် ၁၀၊ရှိနေခြင်း၊
  • ၃၊ လေ့လာထားချက်အရ  မန်းဂနိစ်သတ္တုရိုင်းများ (တန်ချိန် 2.3 ဘီလီယံ သို့မဟုတ် ကမ္ဘာ့အရန်၏ 12%) အရ ကမ္ဘာ့ဒုတိယနေရာ တွင်ရှိနေခြင်း၊
  • ၄၊ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး သံရိုင်းသိုက် (တန်ချိန် 30 ဘီလီယံ)၊ပြဒါးသတ္တုရိုင်းသိုက် ဥရောပတွင်ဒုတိယနေရာ တွင်ရှိနေခြင်း၊
  • ၅၊ ဥရောပတွင် တတိယနေရာ (ကမ္ဘာ့အဆင့် ၁၃ နေရာ)၊ ကျောက်တုံးဓာတ်ငွေ့သိုက် (၂၂ ထရီလီယံကုဗမီတာ)ရှိနေခြင်း၊
  • ၆၊ သဘာဝသယံဇာတ စုစုပေါင်းတန်ဖိုးအားဖြင့် ကမ္ဘာ့အဆင့် ၄၊ တွင်ရှိနေခြင်း ၊
  • ၇၊ ကျောက်မီးသွေး သိုက် (33.9 ဘီလီယံတန်)ဖြင့် ကမ္ဘာပေါ်တွင် အဆင့် (၇) နေရာ၊ရှိနေခြင်း

ယူကရိန်းသည် အရေးကြီးသော စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။

စိုက်ပျိုးနိုင်သောမြေဧရိယာသတ်မှတ်ချက်အရ ဥရောပတွင် ပထမ၊ အနက်ရောင်မြေဆီလွှာ (ကမ္ဘာ့ထုထည်၏ 25%)၊

  • နေကြာနှင့် နေကြာဆီ တင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၁၊
  • မုယောစပါးထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယနေရာနှင့် မုယောစပါးတင်ပို့မှုတွင် အဆင့် ၄၊ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ပြောင်းထုတ်လုပ်သူနှင့် နံပါတ်၄ အဆင့် ပြောင်းအများဆုံးတင်ပို့သူ၊
  • ကမ္ဘာပေါ်တွင်  နံပါတ်၄ အဆင့်  အာလူးအများဆုံးထုတ်လုပ်သူ၊
  • ကမ္ဘာပေါ်တွင်  နံပါတ်၄ အဆင့် အကြီးဆုံးကောက်ပဲထုတ်လုပ်သူ၊
  • ပျားထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် (၅) နေရာ (တန်ချိန် ၇၅,၀၀၀)၊
  • ဂျုံတင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၈၊ ကြက်ဥထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် ၉၊ ဒိန်ခဲတင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၁၆ ရှိသည်။

ယူကရိန်းသည် လူဦးရေ သန်း 600 ၏ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ ယူကရိန်းသည် အရေးကြီးသော စက်မှုထွန်းကားသော နိုင်ငံဖြစ်သည်။

  • ဥရောပတွင် အမိုးနီးယား ထုတ်လုပ်မှုတွင် ပထမ၊
  • ဥရောပ၏ ဒုတိယနှင့် ကမ္ဘာ့စတုတ္ထအကြီးဆုံး သဘာဝဓာတ်ငွေ့ပိုက်လိုင်းစနစ်၊ နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ တပ်ဆင်စွမ်းရည်အရ ဥရောပတွင် တတိယအကြီးဆုံးနှင့် ကမ္ဘာပေါ်တွင်  နံပါတ်၈အဆင့်  အကြီးဆုံး၊ ရထားလမ်းဆက်သွယ်မူ့အရှည် (၂၁,၇၀၀ ကီလိုမီတာ) ဖြင့် ဥရောပတွင် တတိယနေရာနှင့် ကမ္ဘာ့အဆင့် ၁၁၊တည်နေရာ၊ စက်ကိရိယာများ ထုတ်လုပ်ခြင်းတွင် ကမ္ဘာ့နံပါတ် (၃) နေရာ (အမေရိကန်နှင့် ပြင်သစ်ပြီးနောက်)၊
  • ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး သံဓာတ်တင်ပို့သူဖြစ်သည်။
  • ကမ္ဘာပေါ်တွင် နူကလီးယားဓာတ်အားပေးစက်ရုံများအတွက် တာဘိုင်များ တင်ပို့ရောင်းချသည့် စတုတ္ထအကြီးဆုံး၊
  • ကမ္ဘာ့အကြီးဆုံး ဒုံးပျံလောင်ချာများ ထုတ်လုပ်သည့် အဆင့်​၄ ရှိသည်၊ ကမ္ဘာပေါ်တွင် ရွှံ့စေးတင်ပို့မှုတွင် အဆင့် ၄ ရှိသည်။
  • တိုက်တေနီယမ် တင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၄ ရှိသည်။
  • ကမ္ဘာပေါ်တွင် သတ္တုရိုင်းများ တင်ပို့မှုတွင် အဆင့် ၈၊
  • ကာကွယ်ရေးစက်မှုလုပ်ငန်းထုတ်ကုန်များ တင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၉၊ ကမ္ဘာပေါ်တွင် 10 ခုမြောက်အကြီးဆုံးသံမဏိထုတ်လုပ်သူ (တန်ချိန် 32.4 သန်း) ။

ယူကရိန်း လွတ်လပ်ရေးသည် ကျန်ကမ္ဘာ့နိုင်ငံများအတွက် အရေးကြီးသည်။

For those who ask: “Why does Ukraine matter?“ 
This is why Ukraine matters.

It is the second largest country area in Europe by area and has a population of over 40 million – more than Poland.

Ukraine ranks:

  • 1st in Europe in proven recoverable reserves of uranium ores;
  • 2nd place in Europe and 10th place in the world in terms of titanium ore reserves;
  • 2nd place in the world in terms of explored reserves of manganese ores (2.3 billion tons, or 12% of the world’s reserves);
  • 2nd largest iron ore reserves in the world (30 billion tons);
  • 2nd place in Europe in terms of mercury ore reserves;
  • 3rd place in Europe (13th place in the world) in shale gas reserves (22 trillion cubic meters)
  • 4th in the world by the total value of natural resources;
  • 7th place in the world in coal reserves (33.9 billion tons)

Ukraine is an important agricultural country:

  • 1st in Europe in terms of arable land area;
  • 3rd place in the world by the area of black soil (25% of the world’s volume);
  • 1st place in the world in exports of sunflower and sunflower oil;
  • 2nd place in the world in barley production and 4th place in barley exports;
  • 3rd largest producer and 4th largest exporter of corn in the world;
  • 4th largest producer of potatoes in the world;
  • 5th largest rye producer in the world;
  • 5th place in the world in bee production (75,000 tons);
  • 8th place in the world in wheat exports;
  • 9th place in the world in the production of chicken eggs;
  • 16th place in the world in cheese exports.

Ukraine can meet the food needs of 600 million people.
Ukraine is an important industrialized country:

  • 1st in Europe in ammonia production;
  • Europe’s 2nd’s and the world’s 4th largest natural gas pipeline system;
  • 3rd largest in Europe and 8th largest in the world in terms of installed capacity of nuclear power plants;
  • 3rd place in Europe and 11th in the world in terms of rail network length (21,700 km);
  • 3rd place in the world (after the U.S. and France) in the production of locators and locating equipment;
  • 3rd largest iron exporter in the world
  • 4th largest exporter of turbines for nuclear power plants in the world;
  • 4th world’s largest manufacturer of rocket launchers;
  • 4th place in the world in clay exports
  • 4th place in the world in titanium exports
  • 8th place in the world in exports of ores and concentrates;
  • 9th place in the world in exports of defense industry products;
  • 10th largest steel producer in the world (32.4 million tons).

Ukraine matters. That is why its independence is important to the rest of the world.

Original Post: Facebook

Loading

Categories
နိုင်ငံရေး သမိုင်းရေးရာ

။ အဆိုးဆုံးအတွက်ကို အကောင်းဆုံးပြင်ဆင်ထားပါပြီလား? ။

။ အဆိုးဆုံးအတွက်ကို အကောင်းဆုံးပြင်ဆင်ထားပါပြီလား? ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

စကားချီး

။ လက်နက်ချင်းနဲ့အနိုင်ယူကြရင် လက်နက်နဲ့အတူတူ အသက်ပေါင်းများစွာ သေကျေပျက်စီးကြရမယ်ဆိုတဲ့ စစ်အနိဋ္ဌာရုံကို သင်ခန်းစာမယူကြလေသမျှကာလပတ်လုံး စစ်တိုက်နေရင်းနဲ့မွဲသွားကြရတဲ့တိုင်းပြည် ကမ္ဘာပေါ်မှာ မရှားပါဘူးလို့ ပြောပါရစေ။

နိဒါန်း

။ ကမ္ဘာကျော်လာမယ့် လူတွေရဲ့ပြယုဂ်ဟာ စစ်စစ်ချင်းတိုက်ယူခြင်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ စစ်ရေးအမြင်ရှိကြတဲ့သူတွေရဲ့ နိုင်ငံရေးအပေါ် သူတို့ရဲ့အမြင်က တိုင်းပြည်ရဲ့အချုပ်အခြာအာဏာပါပဲ။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးကျူးကျော်စစ်ပြုကြရင်တော့ စစ်ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ ခံစားကြရမှာပါပဲ။

နွေဦးပေါက် တော်လှန်ရေး

။ ၂၄.၂.၂၀၂၂ ရက်နေ့ဟာ ယခင်ဆိုဗီယက်ယူနီယံပြည်ထောင်စုဝင် ရုရှားဖဒရေးရှင်းနိုင်ငံဟာ အနီးအနားမှာရှိတဲ့ ယူကရိန်းနိုင်ငံကိုတော့ စစ်ကြေညာပြီး စတင်တိုက်နေကြပြီးဆိုတာကို ပြည်သူတွေအသိပါပဲ။ ဒီစစ်ပွဲဟာ မြန်မာ့ရာသီဥတုနဲ့ယှဉ်ကြည့် ရင် နွေဦးသစ် သို့မဟုတ် နွေဦးပေါက်တော်လှန်ရေးလို့ တင်စားချင်ပါတယ်။

ဘာကြောင့်တိုက်ခိုက်

။ ရုရှားဟာ ဘာကြောင့်ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရပါလဲ? ဆိုတာကို လူတိုင်းအကုန်မသိနိုင်လောက်ပါဘူး။ ယူကရိန်းကလည်း ဘာကြောင့် ရုရှားစစ်ကို အတိုက်ခံချင်ရတာလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲပေါ့။ အကြောင်းမဲ့စွာတော့ မတိုက်ကြသလို အကျိုးနည်းစွာလည်း စစ်အတိုက်အခံလုပ်မှာလည်းမဟုတ်ပါဘူး။ တစ်ခုခုတော့ အဖြေရှိလို့ပါပဲ။

ဘာအဖြေသိချင်ပါသလဲ?

။ ရုရှားက ယူကရိန်းကိုတိုက်ကြည့်မယ်။ ယူကရိန်းကလည်း တိုက်ကြည့်ချင်ရင်တိုက်လိုက်ပါနဲ့ တိုက်သူနဲ့အတိုက်အခံတို့ရဲ့ စစ်ပရိယာယ်ကို အဖြေတွေ့ကြရမယ်။ ဒီစစ်ကိုတိုက်ကြမှ ရုရှားနဲ့ယူကရိန်းတို့အကျိုးရှိကြမယ်လို့တော့ အရှင်တစ်ပါးတည်းအနေနဲ့မြင်ပါတယ်။ ဒါက သူတို့ရဲ့အဖြေလို့ ပြောပါရစေ။

ဘယ်သူခေါင်းထောင်လာမည်လဲ

။ ဒီစစ်ပွဲမှာ ယူကရိန်းက ပြန်တိုက်တိုက်မတိုက်တိုက်က အဓိကမဟုတ်သလို ရုရှားရဲ့အဖြေက ယူကရိန်းက ငါတို့ကို ပြန်တိုက်ဖို့ပါပဲ။ ဘယ်သူဝင်တိုက်မလဲ? ဘယ်သူဝင်ကူမလဲ? ဘယ်သူပါဝင်ကြမလဲ? ဆိုတဲ့အချက်က ရုရှားဘက်က အမှန်သိချင်တဲ့ မဟာအဖြေပါပဲ။ ဒါကြောင့် ရုရှားကို ဒီနေ့ပဲ နေတိုးအုပ်စုတိုင်းပြည်ကြီးတစ်ပြည်က ရုရှားတွေယူကရိန်းကနေထွက်ခွာဖို့ ရာဇသံပေးလိုက်တယ်ဆိုတာကို သိကြတဲ့အတိုင်းပါပဲ။

တကယ်တိုက်ခိုက်ကြမည်လား

။ ဒီစစ်ပွဲဟာ ယူကရိန်းနဲ့ရုရှားတို့ရဲ့အဖြေသက်သက်မဟုတ်ပါဘူး။ အခြားမဲ့နိုင်ငံရေးအဖြေတစ်ခုရဲ့အခြေအနေကို သိချင်ကြလို့ စမ်းသပ်နေတဲ့ စစ်ပွဲလေးလို့ပဲ မြင်ပါတယ်။ ဥပမာ ကမ္ဘာ့နည်းပညာရလဒ်တစ်ခုကို အဖြေရှာမယ့်စစ်ပွဲလို့ သိစေချင်ပါတယ်။ ဒါကြောင့် ဒီစစ်ပွဲကို ဘယ်သူတွေတိုက်ခိုက်ကြမည်လဲ? ဆိုတဲ့အဖြေကို သိချင်ကြတဲ့နိုင်ငံရေးနိုင်ကွက်ကို အဖြေရှာတဲ့စစ်ပွဲပါပဲ။

ရုရှားနဲ့ယူကရိန်းအခြေအနေ

။ ရုရှားနဲ့ယူကရိန်းတို့ဟာ ရန်သူလား? မုန်းကြတဲ့သူတွေလားလေ့လာကြည့်ပါ။ ရာဇဝင်သမိုင်းမှာ အစွန်းအထင်းတွေ များများစားစားမရှိကြပါဘူး။ အခြေအနေအချိန်အခါအရ တိုးတက်လာကြတဲ့သူတွေချည်းပါပဲ။ ယူကရိန်းက ပိုသာနေသလိုထင်မိကြတဲ့သူတွေရှိသလို ရုရှားလည်း အထင်သေးလို့မရပါဘူး။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်မှုတွေထဲက ထင်ရှားခဲ့ကြတဲ့ပုဂ္ဂိုလ်တွေရှိခဲ့တယ်မဟုတ်လား။

အကြောင်းပြ

။ ဒီကိစ္စအတွက် ရုရှားက ယူကရိန်းကို နေတိုးအုပ်စုထဲကိုအဝင်မခံဖို့အတွက်နဲ့စစ်ပွဲဆင်တယ်လို့ပဲ ပြောပါရစေ။ ယူကရိန်းကကော နေတိုးအုပ်စုထဲကို တကယ်ဝင်သွားပြီလား။ နေတိုးအုပ်စုထဲဝင်သွားရင် ရုရှားအတွက် ဘာတွေများစိုးရိမ်ထိတ်လန့်နေကြရပါလဲ? ဆိုတဲ့အဖြေတွေပါပဲ။

ပွဲကြည့်ပရိသတ်

။ စစ်ပွဲတွေမကြားမမြင်ရတာကြာပြီမို့ ဒီစစ်ပွဲကို လေ့လာကြည့်ကြရတာပေါ့။

၁) ရုရှားလိုချင်တဲ့အဖြေကဘာလဲ?

၂) ယူကရိန်းဖြစ်ချင်တဲ့ကိစ္စကဘာလဲ?

၃) စစ်ကူမယ့်သူက ဘာလုပ်ပေးကြမည်လဲ?

၄) ထဲထဲဝင်ဝင် ကယ်တင်ရှင်က ဘယ်သူတွေပါလဲ? ဆိုတာ ပရိသတ်များ အကဲခတ်ကြဖို့ပါ။

နိဂုံး

။ စစ်နဲ့အနိုင်ယူကြလေမျှ ဘယ်တော့မှမမျှတနိုင်ပါဘူး။ တရားသဖြင့်သာ (ဥပဒေဖြင့်သာ) ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ အဆိုးဆုံးကို အကောင်းဆုံးပြင်ဆင်ထားကြဖို့ပါပဲ။

အဲးခိုး

(၂၅.၂.၂၀၂၂) ရက်နေ့နံနက်။

Original Post: Facebook

Loading

Categories
ကျန်းမာရေး စကားလက်ဆောင်

။ အသက်ရှည်ရှည် နေလိုကြသလား? ။

။ အသက်ရှည်ရှည် နေလိုကြသလား? ။
~~~~~~~~~~~~~~~~~~~~~~~~~~

၁) နေနိုင်ရုံ အိမ်တစ်လုံးသာရှိမယ်။

၂) ရှေးမိရိုးဖလာဆေးသာမှီဝဲသုံးဆောင်မယ်။

၃) အစားအသောက်ကို ရွေးချယ်ပြီးတော့စီမံစားသောက်မယ်။

၄) ပြဿနာပေါ်လာရင် ဖြေနိုင်ရင်ဖြေမယ်၊ မဖြေနိုင်ရင်လည်း မစဉ်းစားဘဲနေမယ်။

၅) ပြဿနာတွေကို အာရုံမစိုက်ဘဲ ပူပန်မှုတွေကိုလည်း လက်မခံဘဲနေမယ်ဆိုတဲ့ သည်အချက်(၅) ချက်နဲ့နေရင် အသက်ရှည်ကြာနေထိုင်ရပါတယ်။

တောမှီရဟန်း
(၁၈.၂.၂၀၂၂)ရက်နေ့ နံနက်။

Original Post: Instagram

Loading

Categories
စကားလက်ဆောင်

။ မြဲစွာဆင်ခြင်ခြင်း ။

။ မြဲစွာဆင်ခြင်ခြင်း ။

~~~~~~~~~~~~~~~

(၁) တင့်တယ်ရုပ်ဆင်း၊နုပျိုခြင်း၊အိုမင်းနောက်ဆုံးရှိချေ၏။

(၂) စည်းစိမ်ပြည့်တင်း၊ပေါများခြင်း၊ယိုယွင်းနောက်ဆုံးရှိချေ၏။

(၃) ချစ်ခင်ပေါင်းသင်း၊ဆက်ဆံခြင်း၊ကွေကွင်းနောက်ဆုံးရှိချေ၏။

(၄) အနာလွတ်ကင်း၊ကျန်းမာခြင်း၊သေခြင်းနောက်ဆုံးရှိချေ၏။

(၅) မာန်မူတင်းတင်း၊တက်ကြွခြင်း၊ကျဆင်းနောက်ဆုံးရှိချေ၏။

(၆) ကြင်နာယုယ၊ချစ်ခင်ကြ၊သောကနောက်ဆုံးရှိချေ၏။

(၇) ပင့်မြှောက်တင်မ၊ချီးမွမ်းကြ၊ရှုတ်ချနောက်ဆုံးရှိချေ၏။

(၈) ချမ်းသာပြည့်ဝ၊ပြည့်စုံကြ၊ဒုက္ခနောက်ဆုံးရှိချေ၏။

# ဤသည်ရှစ်ဖြာ၊သိစေပါ၊မှန်စွာမြဲဆင်ခြင်။

တောမှီရဟန်း

( ၁၆.၂.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ ဘဝကိုစစ်ဆေးခြင်း ။

~~~~~~~~~~~~~~~~

။ ခေါ်လို့ သာ လိုက်သွားရင်

တစ်ကိုယ်တည်းသာ 

သွားရမယ်ပေါ့။

။ ကြောက်လို့သာ

မပြောရဲဘဲနေရင်

အဆိုးဆုံးခံစားရမယ်ပေါ့။

။ စိတ်ရှိတဲ့အတိုင်းသာ

ပွင့်ပွင့်လင်းလင်းမပြောရဲရင်

လူညံ့လို့သာ ပြောခံရမယ်ပေါ့။

။ ခက်ခက်ခဲခဲသာ

ကြိုးစားလို့

အားပေးသူများ မရှိရင်လည်း

ဘာဝမ်းနည်းစရာလိုသလဲပေါ့။

။ သွေးစွန်းတဲ့လမ်းမှာ 

တစ်ကိုယ်တည်းသာလျှောက်ခဲ့ရရင်

ဘာအားငယ်စရာလိုသလဲပေါ့။

။ မုန်တိုင်းထန်တဲ့အချိန်မှာ

ဘယ်သူမှမမြင်ရရင်လည်း

ဘာသိမ်ငယ်စရာရှိသလဲပေါ့။

။ နှလုံးသားမှာ

ဝေဒနာမီးတွေ 

တောက်လောင်ပါစေ

တစ်ကိုယ်တည်း

တောက်လောင်ပါစေပေါ့

ဘာ အရေးစိုက်စရာလိုသလဲပေါ့။

ဘုန်းသစ်ထူး

(၂.၂.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ သည်နေ့နံနက်ခင်းဩဝါဒကထာ (စကား) ။

(ပြန်လည်ဖော်ပြခြင်း)

။ မနိုးကြားသူ
။ အပြင်ပန်းဆင်သူ
။ မတည်ငြိမ်သူ
။ အချိန်မလေးစားသူ
။ တန်ဖိုးမထားတတ်သူ
။ ကိုယ်ကျိုးရှာသူ
။ ကျေးဇူးကန်းတတ်သူ
။ အစွဲအလမ်းကြီးတတ်သူ
။ အားငယ်တတ်သူ
။ မကျေနပ်နိုင်သူတို့နှင့် ဆင်ခြင်ပေါင်းသင်းဆက်ဆံတတ်ပါစေ။

တောင်ကလေးဆရာတော်
(၁၅.၁. ၂၀၂၁) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ ကိုရင် ဗိုလ်ဆိုး ။

။ မန်းမြို့မှာနေခဲ့
အသက်က ငယ်ငယ်လေး
၁၄ နှစ် ၁၉၇၄ နှစ်ပေါ့
ခုတော့ အဘိုးကြီး
အသက်ခြောက်ဆယ်ပြည့်ဖို့
နောက်သုံးနှစ်ပြည့်ပြီ။

။ မန်းမြို့မှာ
ဘုရားကြီးကျောင်းတိုက်
အာဇာနည်အုတ်ကျောင်းလေး
ကုဋင်ငယ်ကွေးကွေးလေးကြား
တစ်ပါးစာနေရာမှာ
နေ့ခဲ့ပေါ့ ။

။ (၄၂) နှစ်အကြာ
ကျောင်းနေရာပြန်ရောက်
ကျောင်းပညာဆရာမြတ်များ
ဘဝခြား ကွယ်လွန်သွားကြ
ဘဝတစ်ပါး ပျံလွန်တော်မူကြ
ရွယ်တူကြ မမြင်ရ
စာသင်ပြ ဆရာမြတ်များ
အိုလာကြ အသက်ရကြ။

။ ကိုရင်ဗိုလ်ဆိုး. . .
မမေ့နိုင်သတိရမိတာက
ခွေးပုလေးတစ်ကောင်
ခြင်ထောင်စုတ်စုတ်
ချင်းတောင်း နုတ်နုတ်ကိုပဲ။

။ သည်တစ်နေ့. . .
မမေ့သော နေရာ
မေ့မရ ကျောင်းလေး
မမေ့နိုင် ဆရာမြတ်များ
ရိုရိုသေ ကန်တော့ပါသည်
အေးမြစေကြောင်း။

ကိုရင် ဗိုလ်ဆိုး
၆-၁-၁၇ ရက်နေ့။
( ၂၀၁၇ ခုနှစ် ရောက်ခဲ့စဉ်….)

Loading

Categories
စကားလက်ဆောင်

။ ရက္ခိတာ ။

။ မြတ်နိုးကြင်နာ
အေးရိပ်သာစစ်
မေတ္တာသည်သာ ရက္ခိတာ။

နေဘုန်းသစ်
(၂၆.၁၂.၂၀၂၁) ရက်နေ့နံနက်။
( ဓာတ်ပုံကို တပည့်တစ်ဦး၏ပုံဖြစ်ပါသည်။)

Loading

Categories
စကားလက်ဆောင်

။ ဘဝမှာ ။

။ တခါတလေတော့
ကိုယ့်ကိုယ်ကိုတော့
သူဌေးသူကြွယ်ပေါ့။

။ တခါတလေတော့
ကိုယ့်ထိုက်နှင့်ကိုယ့်ကံလေးတော့
မယုံချင်သလိုပဲပေါ့။

။ တခါတလေတော့
ဟိုနေ့လေးလိုမဖြစ်တော့
ဒီနေ့လည်း ဟိုနေ့လေးလိုမဖြစ်တော့
ဘဝရဲ့အကျပ်အတည်းက
သည်နေ့နဲ့ဟိုနေ့နဲ့မတူတာက
မဆန်းပါဘူးလို့ပါပဲ။

။ ဒါပေမဲ့
မခက်ခဲတဲ့အခက်အခဲကို
ခက်ခဲခဲ့တဲ့ခုလိုအချိန်မှာ
ရှေ့ဆက်ရမယ့် ဘဝဆက်တွေ
အသက်ကမနိုင်တော့သလိုပါပဲ။

။ တစ်နေ့တာအတွက်
တစ်ရွေ့စာအသက်နဲ့
တစ်မေ့စာမဖြစ်ဖို့
ဘဝမှာ ပန်းလေးလိုပဲ
လှပါ့မည်လားပါပဲ။

နေဘုန်းသစ်
(၂၉.၁၁.၂၀၂၁) ရက်နေ့။

Loading

Categories
စကားလက်ဆောင် အထွေထွေဗဟုသုတ

။ ဗဟုသုတ တစ်မျိုး ။

။ ငယ်ငယ်က ယနေ့ချိန်ထိ လက်ပတ်နာရီ( နာဍီ) ကို နှစ်သက်ဆုံးသူထဲက အရှင်လည်းပါဝင်ပါတယ်။ နာရီကို နှစ်သက်မိတာက ကျောင်းနေတတ်စကပါ။ စာသင်နေရင်းနဲ့ ဆရာက နာရီအချိန်အကြောင်းကို သင်ပေးတော့ နာရီဆိုတာ

လောကအတွက်အမျိုးမျိုးသုံးနေတာပါပဲဆိုတာကို သိလိုက်မိလို့ပါပဲ။

ယနေ့ချိန်ထိ ခရီးသွားရင် နာရီမပါဘဲ မသွားလိုပါ။ ဒီထက် ပိုတိကျကောင်းမွန်တဲ့နာရီတွေနဲ့တွေ့ရင် ထိန်းသိမ်းထားလိုတဲ့ဆန္ဒက ယနေ့တိုင်အောင်ပါပဲ။ ဒါကြောင့် နာရီကိုလှူဒါန်းခဲ့ဖူးတဲ့ ရဟန်းတော်မြတ်ကြီးတစ်ပါးဆီက နာရီကိုရခဲ့ဖူးတဲ့အရှင်ဟာ နာရီကို ယနေ့ထက်တိုင်နှစ်သက်နေဆဲပါပဲ။

။ ဘာကြောင့်နာရီကို နှစ်သက်နေရပါသလဲလို့မေးရင် အောက်တွင်ဖော်ပြခဲ့သောဗဟုသုတကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။

<><><><><><><><><><><><><><>

[တစ်မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် (၆၀) ရှိသလဲ ❓]

ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက

စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး

မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။

ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?

ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့်

စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။

စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..

ဆရာတို့ ဘယ်လိုဖြေကြမလဲ..?

အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ

ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)

ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်

အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။

စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။

ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက

ဆက်လက် ကျင့်သုံးခဲ့ပြီး

သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ

အသုံးချခဲ့ကြပါတယ်။

(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။

ရှေးအခါက နေ့ နှင့် ည အချိန်များကို

နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး

တွက်ခဲ့ကြတာဖြစ်ပါတယ်။

နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။

နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး

နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ

မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။

ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး

၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။

စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။

စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်

၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။

အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။

Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။

အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)

ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..

၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်

ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။

ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ

တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။

Crd;

စာရေးသူ – သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

#genius
#CreditOriginalUploader
#နိုရာလင်း

( မူရင်းရေးသူအတိုင်း မပြင်မဆင်ဘဲ ကိုးကားပါတယ်။)

Loading