Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ နိုင်ချင်သူကို အနိုင်ပေးပါ။
။ အကျိုးမပျက်အောင် အလျှော့ပေးပါ။
။ ဘယ်အမှားမဆို ဖြေလျှော့ပေးပါ။
။ မအောင်မြင်သူကို အားပေးလိုက်ပါ။
။ လိုအပ်သူကို ဖေးမကူပါ။
။ မကျေနပ်တတ်သူကို အမြဲတမ်းနားလည်ပေးပါ။
။ ခိုကပ်သူကို အမြဲကြွေးပါ။
။ မမှန်သူကို မြင်တိုင်းရှောင်ပါ။
။ မယုံရသူကို သံသယထားပါ။
။ ပြိုင်ဆိုင်တတ်သူကို တည်ငြိမ်စွာဆက်ဆံပါ။

တောင်ကလေးဆရာတော်
(၁၇.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ မုန်းနေသူကို ကောင်းကျိုးမပျက်စီးစေနှင့်။
။ ချစ်ခင်သူကို ယုံကြည်စိတ်ထား မပျက်နှင့်။
။ မိုက်မဲသူကို ရှောင်ကြဉ်ဝေးဝေး မမေ့နှင့်။
။ လိမ္မာသူကို အကျိုးလိုလားမမေ့နှင့်။
။ ယဉ်ကျေးသူကို တွဲဖက်တွဲလက်မဖြုတ်နှင့်။
။ မြတ်နိုးသူကို အတွက်လျစ်လျူ မမေ့နှင့်။
။ လေးစားသူကို ရိုသေလေးမြတ် မမေ့နှင့်။
။ ကွဲပြားသူကို မေတ္တာပေးအပ် မမေ့နှင့်။
။ မျှော်ကိုးသူကို ရည်ရွယ်ချက်ထား မမေ့နှင့်။
။ ညံ့ဖျင်းသူကို မြဲစွာအားပေး မမေ့နှင့်။
။ မိမိကိုယ်ကို နေ့ညမပြတ် မမေ့နှင့်။

တောင်ကလေးဆရာတော်
(၁၆.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ဘုန်းကြီးသောသူ၊ဖြစ်စေမူ၊
သီလရှိမှပေါင်းသင်းပါ။

။ ပညာရှိသူ၊ဖြစ်စေမူ၊
သီလပြည့်မှပေါင်းသင်းပါ။

။ ဥစ္စာပေါသူ၊ဖြစ်စေမူ၊
သီလရှိမှပေါင်းသင်းပါ။

။ ရုပ်ဆင်းလှသူ၊ဖြစ််စေမူ၊
အကျင့်ဖြူမှပေါင်းသင်းပါ။

။ မျိုးနွယ်မြတ်သူ၊ဖြစ်စေမူ၊
မာနကင်းမှပေါင်းသင်းပါ။

။ အာဏာရှိသူ၊ဖြစ်စေမူ၊
ဒေါသကင်းမှပေါင်းသင်းပါ။

။ ဂုဏ်ဒြပ်ကြီးသူ၊ဖြစ်စေမူ၊
စာနာရှိမှပေါင်းသင်းပါ။

။ ကျမ်းဂန်တတ်သူ၊ဖြစ်စေမူ၊
မာန်နိမ့်ချမှပေါင်းသင်းပါ။

တောင်ကလေးဆရာတော်
(၁၅.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)

Loading

Categories
ကရင်လူမျိုး ဗုဒ္ဓဘာသာ ရုပ်သံ

ဆရာတော် အရှင်ပညာသာမိ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ၏ (၆၂) နှစ်မြောက်မွေးနေ့ ရာဓနာႋ (ပတ္ထနာ) 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေး ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ 

ဆရာတော် အရှင်ပညာသာမိ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ၏ (၆၂) နှစ်မြောက်မွေးနေ့ ရာဓနာႋ (ပတ္ထနာ) 

ဆူ့ကေဝ် – စဝ်မူႋလျာႋဝဝ် 

အင်းတါင်ၜး – မူႋကျာ်နာဲပညာ 

ယိုင် – ဖၠံင့်ၯပါင်၊ မူးမူး

မှတ်တမ်းဗီဒီယို – PEDU Group 

Studio : 91, Band : The Donkey ,
Mixing & Mastering : Saw Du Du, 
Filmmaker: HLTM Film Production, 
Edit : Saw Thike Tun (HLTM Production) 

ထာခေါဟ် လိက်ဖၠုံး

မုက်မုက်လာလာ ဍေ ၰီ့ၰီ့လာလာ ထိုင့်ဖူ့ဝဲါလ်ုဖး ထုဂ်ဖၠဟ်ထင်းဝေ့ဍးဆေဝ်ႋလဝ့်

ယုဂ်ဂုဏ်ၜး မူႋကျာ်နာဲပညာ
စူးဆီ့ၜံင် ပါကဲတ်ုကဝ်ဖါ
ၜါက်ုလိုဝ် နာမ့်ဆာႋဍေနိုဝ်သာ

နာမ့်ဆာႋနိုဝ်သာ ဍေမနောသိုင့်မိင်ခၠါ
ယုဂ်ဂုဏ်က်ုလိုဝ် မူႋကျာ်နာဲပညာ
ဂုဏ်က်ုဆာႋ ထေရဂုဏဝါ

ဍေထ်ုအင် လ်ုၜုဂ်လ်ုယါင်ခင်းထါ်လ
ဍုံထ်ုအင် ပါ်ကျံင်ႋကာႋဖိုင်သာ
ထီ့ထၟုင်ႋ မွာဲတ်ုဝါန့်ဖၠုံပညာ့
ခေါဟ်လံင်ခေါဟ် ဍးစိုဝ်ဖၠဟ်အွာအွာ
မွာဲဝေ့ဍ ကၠံင်ယှံင်မြရတနာ

မြရတနာ ကၠံင်ယှံင်အ်ုဖင့်လ
အေးရိပ်သာ ပရိယတ် ပဋိပတ္တိဘာႋ
မဟာပဘာ ဍေ မဟာတေဇာ
မဟာပညာ ဍေ မဟဗ္ဗလာ
မဟာကရုဏီကာ မွာဲပညာ့လင်ႋဍာ

တါ်ခေါဟ်လေင်ႋ မူႋကျာ်ပညာသာမိ
နာယက ဖၠုံဆိုဒ်ဖေါဟ်သင့်ဂၟီ့
ဖၠုံဆိုဒ်ဖေါဟ် ၜေ့သိုဝ်မ်ုၯေဝ်ၰီ့
ဖၠုံဆိုဒ်ဖေါဟ် ၜေ့သိုဝ်မ်ုထံင်အ်ုခီ့
ကုက်ကၠေစိုဒ် ပညာ့ပါရမီ့

နာဲပညာ ဇာတါ်အ်ုတ်ုဝါန့်
လှယဥ်ကျေး အ်ှလ်ုလာ့တ်ုမျင့်
စောဖိုးသူ ၯင်ပေဝ့်အ်ုမိင်ယင်ႋ
စဝ်ထးခိုဲ ဆ်ုသှ်ေယာ့အ်ှလ်ုဏင်
စဝ်ဖဝ့်ၜူးသင့် လာတ်ုမျင့်ဆ်ုကိုဝ်လ်ုဏင်

နာဲအောင်ခင် မွာဲဝေ့အ်ုဖါႋက်ုဆာႋ
ၯာႋစိန်လှခင် မွာဲဝေ့အ်ုမောဝ်ႋမာတာ
၁၃၂၂ – ဏိင်း အ်ုခါ့
လာၰိုဝ်လင် (၇)သင့်မူႋဏီၜး
ဗြဴပ္တါ် က်ုၯးလင်အ်ုခါ့
အ်ှဖၠဲာဝေ့ဍ ဖါထင်းမူႋစဃွှာ

(၈) ဏိင်းပါင် အ်ုယုက်ထင်းၜါအ်ုခါ့
ထင်းတ်ုပိုဲ လ်ုလာ့တ်ုမျင့်ဘာႋ
ထင်းထါင်နာဲ လ်ုဘာႋဓမ္မပီယ
မောဝ်ႋဖါႋ ပစ္စယာနုဂ္ဂဟ
ဘာႋရွှေဘို ဖူ့ကျာ်သုဇာတ
ဥပဇ္စျာယ် မွာဲဝေ့အ်ုဆြာ့

ၯင်ပေဝ့်ခါ့ စါင်းအင်းၰူ့ပညာ့
ဍုံသထုံ ဇောတိကရာမဘာႋ
မဝ်လမျာင် သီရိမြောက်ကွင်းဘာႋ
ဝေဠုဝန် ပဲခူးဍုံမင်းလှ
မန္တလေး ရွှေရေးလ္ဂုင်ႋဘာႋ
ဘုရားကြီး ဒက္ခိဏရာမဘာႋ
ဍုံမှော်ဘီ ကိုးလုံးကွင်းဓမ္မာရုံဘာႋ

၁၉၈၇ ထံင်အ်ုခါ့
ၯယ့်ထါင်က်ုရေင့် လ်ုထီ့ထၟုင်ႋဘာႋ
သုင်းတါင်ထင်း ပရိယတ် ပဋိပတ္တိဘာႋ
ဍေဆီ့ဏင်ဓဝ်ႋ သီ့ကၠီဓဝ်ႋအ်ုလင်ဍာ
ၯယ့်ဖၠဟ်ထင်း သာသၞာ့အေးရိပ်သာ

အင်းတါင်ထင်း ကမ္မဋ္ဌာန်းဘာႋသယ်လ်ုဖး
ထီ့ခေါဟ်သိုဲ့ ရန်ကြီးအောင်ဘာႋ
ကြာအင်းတောင် လောကအတုလ
ရွှေကြက်ယက် မြရတနာဘာႋ
ပါယိုဝ်တ်ုဝါန့် ဝိဇယရံသီဘာႋ
ယးသ်ုဝင့် သာမိကာရာမ
ၰိင်ၰိင့်လေံ ပ္တံင်ဘာႋသာသၞာ့

သုင်းတါင်ထင်း သာသၞာ့ကမ္မဋ္ဌာန်းဘာႋ
ခါန်ႋဍွယ်ဖိုင် ထံင်ယိုဝ်သီးလ်ုကာ
လ်ုခါန်ႋခၠုံ့ ထံင်ၯခါန်ႋမ်ုညာႋ
ဍုံမဲလဘုန်း ထီ့ခါန်ႋဩစတြေးလျ
သုင်းတါင်ထင်း ဖၠုံထ်ုယဝ်ႋပြာထာ့ဘာႋ

အမေရိကန် နော့ကိုရိုလါင်းနား
လေဝ်က်ုညာ ထံင်ဝေ့ဍအ်ုခါ့
သုင်းတါင်ထင်း မြင့်မိုရ်ဦးဘာႋ
လ်ုခါန်ႋမ်ုညာႋ ၰုဲးလင်သာသၞါႋ
ၜးယုဂ်ဂုဏ်ႋ မူႋကျာ်နာဲပညာ

မူႋဆာ့လ်ုဏီ မူႋကျာ်နာဲပညာ
(၆၂)ဏိင်း အ်ှထင်းအ်ုယုက်အ်ုထာ့
(၄၂)ဝ်ှ သိက္ခာဍဝ်ထင်းၜါ
လ်ုသာသၞာ ဍုဂ်ပါင်ဝေ့အ်ုတာ

(၆၂) အ်ှဖၠာဲမူႋဏီအ်ုခါ့
တါင်မာၜုံး မာၜုံးပျဖိုင်သာ
ဒကာမူးခွါ့ သဒ္ဓါႋစေတၠါ့
ကဲထင်းယုဂ်ဖဝ်ႋ ဖိုင်သာၯေဝ်ၯေဝ်ၜး

မြတေဇာ မြနဝင်းဖိုင်သာ
မြပိတောက် ဖိုင်သာမြမြရာ
မြမဟော် မြကံ့ကော်ဖိုင်သာ
မြချင်းတွင်း ဍေမြကျော်ဖိုင်သာ
ကဲထင်းယုဂ်ဖဝ်ႋ ဘာႋရာမ်ႋဖိုင်ဝှးဝှး

ပ်ုမူႋကျာ် မာန်နာဲပညာသာမိ
(၆၂) အ်ှဖၠဲအ်ုမူႋဏီ
ပုဂ်ထင်းဖ်ုလျာႋ ဍေဖိုင်သာၰီ့ၰီ့
ကိုဝ်ၯာဍေ သုင်းမုက်ဍေသာၰုဲ့

ဖၠုံဆိုဒ််ဖေါဟ် သင့်ဃာ့နာဲပညာ
ဖၠုံဆိုဒ်အ်ုၯင်ႋ ကုက်ၯယ်ကိုဝ်ဆိုဝ်တာ
အင်းတါင်ထင်း ဆ်ုမာလောဟ်လိက် ဘ/က
မူ့လာႋဝေ့ ဆိုဒ်ဖေါဟ်သှ်ေပညာ့
ဆ်ုမူ့လာႋ ဘာႋသာ့ထင်းထဝ့်လာ
မူ့လာႋဝေ့ သာသၞာ့ဖၠဟ်စီကြာ

နာဲပညာ မွာဲကေဝ်လိက်အ္စာတၠာ
ကေဝ်လိက်အုဂ် အ်ုအုဂ်မွာဲလ်ုယှာ
တောမှီရဟန်း ဖၠုံသှ်ေယာ့ကိုဝ်ၯာ
အဲခိုး အ်ုမိင် ကေဝ်လိက်ပြိုင့်ဖိုင်အ်ုခါ့
သံတော်ဆင့် လိက်ပြိုင့်မွာဲမူ့လာ

ပ်ုမူႋကျာ် မူႋကျာ်နာဲပညာ
(၆၂) အ်ုယုက်ပါင်ထင်းၜါ
ရာဓနာႋ အ်ှမုက်ဆံင်းခၠါင့်လာႋ
ရာဓနာႋ ဆ်ုစုဂ်ဆာ့ဖံင်ဖၠေလာႋ
ရာဓနာႋ ယုက်ထဝ့်အ်ုဏိင်းလ်ုယာ

ယှူးခၠိင်းလာႋဆာ်
ယှူးၜ်ှလာႋဆာ်

ယှူးၜ်ှလာႋဆာ်
ယှူးခၠိင်းလာႋဆာ်

ပ်ုမာန်နာဲကျာ် နာဲပညာ
အဂ္ဂမဟာ ဇောတိက
ဖၠုံဆိုဒ်အ်ုၯင်ႋ ၜေ့မူႋၜေ့လာ
ယုက်ထဝ့်လာႋဆာ် ယုက်ထဝ့်လာႋဆာ်
အ်ုဏိင်း . . . အ်ုဏိင်း . . . လ်ုယာ

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အသက်တစ်ရာ မနေရဘူး၊
တရားထူးတော့ရသင့်တယ်။

။ နှစ်ပေါင်းကြာကြာ မအိုရဘူး၊
ဘာဝနာတော့ ပွားသင့်တယ်။

။ အချိန်ကြာကြာ မနာရဘူး၊
ကမ္မဋ္ဌာန်းတော့ကျင့်သင့်တယ်။

။ အဆက်မပြတ် မသေရဘူး၊
ကိလေသာတရားတော့ ပယ်သင့်တယ်။

။ အရာရာတိုင်းမှာ မမြဲပါဘူး၊
မေတ္တာတရားတော့ ပွားသင့်တယ်။

။ မဆင်းရဲတာ မရှိပါဘူး၊
ကရုဏာတရားတော့ ပွားသင့်တယ်။

။ အရာရာမှာ အစိုးမရပါဘူး၊
မုဒိတာတရားတော့ ထားသင့်တယ်။

။ အရာရာမှာ မသေချာဘူး၊
ပေးကမ်းလှူဒါန်း ပြုသင့်တယ်။

။ အရာရာမှာ စိတ်မချဘူး၊
သီလကိုယ်ကျင့် မြတ်သင့်တယ်။

။ အရာရာမှာ မငြိမ်းချမ်းဘူး၊
ဝိိပဿနာတရား ပွားသင့်တယ်။

။ သည်နေ့ နက်ဖြန် မသေချာဘူး၊
သေချာတာတစ်ခုခု ပြုသင့်တယ်။

။ ( ၆၃) နှစ်မြောက်မွေးနေ့အကြိုဩဝါဒကထာ( စကား) ။

တောင်ကလေးဆရာတော်
(၁၄.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
( ဓာတ်ပုံကို ယူသုံးပါသည်။

Loading

Categories
စကားလက်ဆောင်

။ ရွေ့နေသောနေ ။

(၆၂) အမှတ်တရစကား။

။ နေထွက်နေဝင်
မိုးချုပ်လျှင်ဖြင့်
ရုပ်သွင်တစ်ခုပြောင်းလဲခြင်း? ဆိုတဲ့ကဗျာအတိုင်း ဒီနေ့ကိုလေးအောင်ဖေကတော့ အခုမြင်ရတဲ့အတိုင်းပဲ ကိုကြီးအောင်ဖေဖြစ်နေပြီ။

။ အသက်ကမငယ်တော့ နက်ဖြန်(၆၃) ပြည့်မယ်လေ။ လာလာသမျှသော အပေါင်းအဖော်တွေက ” ဟာ အတော်လေးအိုစာပေါ့လား ကိုအောင်ဖေ” ဆိုပြီး ပြောသူပြောပေါ့ကွယ်။

။ ကိုယ်ကတော့ သိတဲ့အတိုင်းပဲပေါ့လေ။ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင်ပါပဲ။ မနေရလည်း သေတော့လည်းဘာထူးလိုတုန်း ဆိုတဲ့အားပေးသူကရှိနေတော့ သဘောကျသားပါပဲ။

။ နက်ဖြန်ခါဆို အောင်ဖေမွေးနေ့။ သူများလိုမတတ်နိုင်ဘူး။ လှူဒါန်းဖို့ မပေါများဘူး။ ဓနပိုင်ရှင်မှမဟုတ်ဘဲလေ။

။ မွေးနေ့ပွဲအဖြစ်
၁) အသက်ကိုပေးခဲ့သော မိဘနှစ်ပါးကို မေတ္တာနှင့်ကျေးဇူးဆပ်မယ်။
၂) ပညာသင်ပေးကြသောဆရာတွေကို ပြန်လည်ပြီး ကျေးဇူးဆပ်မယ်။
၃) ရန်သူလိုမုန်းနေကြသူတွေကို သည်းခံကျေအေးပြီး အမှတ်တရအနေနဲ့ပဲ ထားလိုက်မယ်။
၅) မိမိကို လိမ်ညာကြသူ၊ သစ္စာမဲ့စွာစော်ကားကြသူ၊ ကြောက်မက်စရာဖြစ်အောင်လုပ်ကြံကြတဲ့သူတွေကိုလည်း အပြစ်မယူမငြူစူပဲ နားလည်မှုထားပေးလိုက်မယ်။
၆) အထင်သေးကြတဲ့သူ၊ သိက္ခာချကြတဲ့သူတွေကိုလည်း နားလည်သည်းခံပေးလိုက်မယ်။
၇) ဝိပဿနာတရားကို စိတ်ကြိုက်ပွားများပြီးနေလိုက်မယ်လို့ပဲ။

။ မွေးနေ့အတွက် ဆုတောင်းပေးကြတဲ့သူတွေကိုတော့ ကျေးဇူးတင်ပါတယ်လို့ပဲနှုတ်ဆက်ပါတယ်။

ကိုကြီးအောင်ဖေ
(၁၃.၇.၂၀၂၂) ရက်နေ့။ (အကြို)

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

ကျေးဇူးကြွေး မေတ္တာကြွေး သွေးကြွေးမမေ့ပါဘူးရယ်။

“မြန်မာနိုင်ငံအပေါ် ကျနော်တို့ ဂျပန်နိုင်ငံနဲ့
ဂျပန်လူမျိုးတွေက ကျေးဇူးကြွေး
တင်ရှိနေပါတယ်။”

“ဒုတိယကမ္ဘာ့စစ်ကာလ နိုင်ငံအသီးသီးက
ကျနော်တို့ ဂျပန်စစ်သားတွေကို
သုတ်သင်ရှင်းလင်းပစ်ခဲ့ကြပေမယ့်
မြန်မာနိုင်ငံက လူတွေကတော့ ကျနော်တို့
စစ်ရှုံး ဂျပန်စစ်သားတွေကို အသက်ရှင်လျက်
ပြန်ပို့ပေးခဲ့တဲ့အတွက် သွေး မေတ္တာကြွေးတွေ
တင်နေခဲ့တာကို ကျွန်တော့်နှလုံးသားမှာ
မှတ်တမ်းတင်ထားလျက်ရှိပါတယ်။”

ဂျပန်ဝန်ကြီးချုပ်ဟောင်း
ရှင်ဆိုအာဘေး

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အလိုမကျ တစ်ခဏကြောင့်
ဖြစ်ရအပါယ်သတိထား။

။ အသုံးမကျ တစ်ဘဝကြောင့်
နစ်ကျအပါယ်သတိထား။

။ အတည်တကျ ဖြစ်နေရကြောင့်
ပစ်ချအပါယ်သတိထား။

။ အမြဲမပြတ် ကျင်လည်ရကြောင့်
ဒုက္ခအပါယ်သတိထား။

။ အဆက်မပြတ် ခံစားရကြောင့်
ဝဋ်ခအပါယ်သတိထား။

။ အမျက်ဒေါသ မပယ်သတ်ကြောင့်
ဓမ္မအပါယ်သတိထား။

။ အရှက်ဘဝ ရခဲ့ရကြောင့်
လောကအပါယ်သတိထား။

။ အမက်လောက တပ်မက်ရကြောင့်
မာနအပါယ်သတိထား။

။ အဖျက်ဘဝ ပြုကြရကြောင့်
မုချအပါယ်သတိထား။

တောင်ကလေးဆရာတော်
(၁၃.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ကောင်းကျိုးဆိုးကျိုး ကိုယ်သာရမည်။
။ လူအဖြစ် ဘယ်သူမှ မဖန်တီးပေးခဲ့။
။ ဆင်းရဲချမ်းသာ ဘယ်သူမှမဖန်တီးပေး။
။ ချစ်ခြင်းသနားခြင်းလည်း ဘယ်သူမှမပေး။
။ ဆင်းရဲကင်းအောင်လည်း ဘယ်သူမှမကယ်။
။ ပတ်သက်သည့်အတိုင်း ဖြစ်ရမည်။
။ လုပ်ခဲ့သည့်အတိုင်း ဖြစ်မည်။
။ သံသယအတိုင်း ရှိမည်။
။ မသိလေ ပိုလေဖြစ်မည်။
။ သိလေအေးမြလေ ရမည်။
။ မသိလေသမျှ ပတ်သက်ကုန်ဆုံးနိုင်မည်မဟုတ်။
။ ဆင်ခြင်သောဉာဏ် မြဲပါစေ။

တောင်ကလေးဆရာတော်
(၁၁.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ငွေကြေးကြောင့် အသက်မလဲနှင့်။
။ လူမှုရေးကြောင့် အမည်းစက်မဖြစ်နှင့်။
။ နိုင်ငံရေးကြောင့် အာဏာမမက်နှင့်။
။ ကူညီရေးကြောင့် သနားမပျက်နှင့်။
။ တာဝန်ကြောင့် စိတ်ထားမပြောင်းနှင့်။
။ ပူပန်မှုကြောင့် အတွေးမလွန်နှင့်။
။ ရလိုမှုကြောင့် အပိုမလိုချင်နှင့်။
။ ညစ်နွမ်းမှုကြောင့် သီလမညစ်နှင့်။
။ ညှဉ်းဆဲမှုကြောင့် မေတ္တာမမဲ့နှင့်။
။ ပျက်ကွက်မှုကြောင့် ရိုသေမပျက်နှင့်။
။ သည်နေ့ အပြုံးမပျက်နေတတ်စေ။

တောင်ကလေးဆရာတော်
( ၁၀.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။