နိဒါန်း
။ လောက၌
၁) ချစ်သူချစ်သော ချစ်ခြင်း
၂) မိသားစုချစ်သော ချစ်ခြင်း
၃) လောကချစ်သော ချစ်ခြင်းဟူ၍
သုံးမျိုးရှိသည်။
တဏှာပေမချစ်ခြင်း
။ တဏှာပေမသည်
တဏှာအရင်းခံသော
( အနင်းခံသော)
ချစ်ခြင်းကိုခေါ်၏။
အကုသိုလ်ဖြစ်၏။
သံယောဇဉ်မကင်း။
ချစ်ရသူသာ ရည်စူး၏။
အကန့်အသတ်ထား၏။
အငတ်ထား၏။
လွှမ်းခြုံ၏။
စိုးမိုး၏။
ကာကွယ်၏။
စောင့်ရှောက်၏။
အသက်ပေး၏။
ပံ့ပိုး၏။
ပဋိပက္ခမွေးထုတ်၏။
ငြိမ်းချမ်းမှုကိုဖျက်ဆီး၏။
လောကသာယာမှုကို
နှောင့်ယှက်၏။
ဟန့်တား၏။
ပြိုကွဲ၏။
ပြိုင်ဆိုင်၏။
(တဏှာပေမသည်)
အသိဉာဏ်မပါသော
ချစ်ခြင်းဖြစ်၏။
ပါရမီချစ်
။ အချစ်အားလုံးသည်
ကန့်သတ်ချက် မရှိရ။
လွတ်လပ်စွာရှိသော
( အသိတရားပါပါ)
ချစ်ခြင်းဖြစ်ရမည်။
ကန့်သတ်ချက်ထားသော
ချစ်ခြင်းသည်
ကြောင်းကျိုးသဘောတရားကို
ဖျက်ဆီး၏။
မျက်နှာများ၏။
ဂုဏ်မဲ့၏။
ရှုထောင့်ပျက်၏။
အရုပ်ဆိုး၏။
ကိုယ်ကျင့်တရားပျက်၏။
သိက်ခာကြ၏။
မမြင့်မြတ်။
ဤခေတ်ချစ်ခြင်း
။ ခုခေတ်ကာလ၌
ချစ်ခြင်းတို့သည်
မည်သို့ချစ်ခြင်းဟူ၍
ခေါ်ဆိုနိုင်ပါမည်နည်း။
။ နိဂုံး
ပါရမီအချစ်သည်
ချစ်ရသူကိုလည်း ချစ်ရမည်
မုန်းရသူကိုလည်း ချစ်ရမည်
ဖြစ်ပါသတည်း။
တောမှီရဟန်း
(၁၅.၁၀.၂၀၂၄) ရက်နေ့။