Categories
တောင်ကလေးဆရာတော်

။ ပါရမီရှင် ဖီဖီ့ပုညဝတီ ခန္ဓာဝန်ချပြီ ။

။ ပါရမီရှင် ဖီဖီ့ပုညဝတီ ခန္ဓာဝန်ချပြီ ။
~~~~~~~~~~~~~~~~~~~~~~~~~~~
( ဖီဖီ့ = ဖွားဖွား ။)

။ အေဒီ( ယနေ့)2025 ခုနှစ်၊ဇန်နဝါရီလ(၂၈) ရက်၊အင်္ဂါနေ့၊နံနက်(၈:၅၀) မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊နှောကုန်းရွာရှိ သဲအင်းဂူကမ္မဋ္ဌာန်းတိုက်၌ အသက်(၁၀၃) နှစ်ရှိ မူလသဲအင်းဂူဆရာတော်ကြီး၏ ပါရမီဖြည့်ဖက် ဖွားဖွား( ဖီဖီ့) ပုညဝတီသည် ခန္ဓာဝန်ချခဲ့ပါကြောင်း ကြားသိတော်မူရသည်ကြောင့် သံဝေဂဉာဏ်ဆင်ခြင်တော်မူလျက် မရဏဿတိဘာဝနာဉာဏ်ဆင်ခြင်ပွားများကာ ဖီဖီ့အတွက် သုဂတိသို့လားရောက်ရပါစေကြောင်း ဆုတောင်းပတ္ထနာပြုပေးပါသည်။

။ ရက်လနှစ်များစွာ ခန္ဓာဝန်နှင့်သာသနာ့ဝန်ကို မျှတစွာထမ်းဆောင်လာခဲ့ရပါသော ဖီဖီ့၏ဘဝတစေ့တစောင်းကို အောက်မေ့ဆင်ခြင်လျက်ဖြင့် အတုယူဖွယ်ရာအမျိုးကောင်းသမီးတစ်ဦးအဖြစ် ပါရမီကိုဖြည့်ကျင့်အားထုတ်နိုင်ခဲ့ကြသည်ကို အားရကျေနပ်မိသည်သာမက ချီးမွမ်းချီးအံ့မဆုံးဖြစ်ခဲ့ရပါသည် ဖီဖီ့။

။ ထိုကြောင့်
သဥပါဒိသေသနိဗ္ဗာနဓာတုဝင်တော်မူကြသောရဟန်းမြတ်ပုဂ္ဂိုလ်ထူးတို့၏ ပါရမီဖြည့်ဖက်ဖြစ်ခဲ့ရသည်ကြောင့် ထူးမြတ်သောပါရမီရှင်ဖွားဖွားဟူ၍( ဖီဖီ့ဖြစ်သည်ဟူ၍) အောက်မေ့အမြဲရှိနေကြပါဦးမည်ဟု ဆငခြင်နှလုံးသွင်းပြီး သာသနာတော်အတွက် ခန္ဓာဝန်ဆက်သထားသည့်ဖီဖီ့အား ကြည်ညိုစွာဖြင့် မှတ်တမ်းပြုပါသတည်း။

( ဓာတ်ပုံကိုယူသုံးပါသည်။)

တောင်ကလေးဘုန်းတော်လေး( ဖီဖီ့အခေါ်)
ကရင်ပြည်နယ်
ဖားအံမြို့နယ်
တောင်ကလေးရွာ။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ညချမ်းချိန်ခါ မေတ္တာပို့သပါသည် ။

။ ညချမ်းချိန်ခါ မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~
။ သည်နေ့ညမှာ၊များသူငါ၊ကျန်းမာကိုယ်စိတ်မြဲပါစေ။
။ နက်ဖြန်မိုးသောက်၊အလင်းရောက်၊ထမြောက်ကြည်သာနိုင်ပါစေ။
။ စိတ်ကူးကြံစည်၊အမည်မည်၊လိုအင်ပြည့်ပါစေ။
။ ဆိုးညစ်ရန်မှု၊မကောင်းပြု၊ဘေးပြုဝေးကွာကြပါစေ။
။ အိပ်မက်ကောင်းခြင်း၊နိုးထခြင်း၊လင်းလင်းသစ်သစ်ကြည်မြစေ။
။ လိုရာကြံဆ၊မှန်သမျှ၊ဒိဋ္ဌဓမ္မရပါစေ။
။ ကုသိုလ်ဘဝင်၊ကြည်ကြည်လင်၊တည်ကြည်ငြိမ်စွာအိပ်ရပါစေ။

တောင်ကလေးဆရာတော်
(၂၅.၁.၂၀၂၅) ရက်နေ့ည။

Loading