Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ မိသားစု ။

~~~~~~~~

။ ကြည်နူးကြသည်

ပျော်ရွှင်ကြသည်

ဘေးကင်းကြသည်

ငြိမ်းချမ်းကြသည်။

Loading

Categories
နည်းပညာ ပညာရေး အနာဂတ်ကာလ

Rosatom Technical Academy (ရုရှား) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး

ဓာတ်ပုံ။ Rosatom Southeast Asia Facebook Page

ပညာရေး အဖွဲ့အစည်းနှစ်ခုသည် နျူကလီးယားသိပ္ပံ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားမည်

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဏုမြူသီတင်းပတ် (World Atomic Week) အပြည်ပြည်ဆိုင်ရာ ဖိုရမ်၏ ဆက်တွဲအစီအစဉ်အဖြစ် Rosatom Technical Academy (ရုရှား) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့သည် နျူကလီးယားသိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးကဏ္ဍများတွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုများ တိုးချဲ့ရန်ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို Rosatom Technical Academy ၏ အဓိပတိဖြစ်သူ Yuri Seleznev နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာလှမိုးထွန်း တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်တွင် ပူးပေါင်းပညာရေးအစီအစဉ်များ ရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားရေးပစ္စည်းများ ဖလှယ်ခြင်းအပြင် မျှော်မှန်းချက်ရှိသော နျူကလီးယားစနစ်များဆိုင်ရာ ပူးပေါင်းသုတေသနပြုလုပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင် ပါဝင်ခြင်းတို့အတွက် ပြဋ္ဌာန်းထားသည်။

“နျူကလီးယားစွမ်းအင်ကို တည်ထောင်ဖို့ဆိုရင် ဘယ်လိုမှ မလွဲမသွေ လိုအပ်တာက ကျွမ်းကျင်သူတွေပါပဲ။ ဒါ့ကြောင့် နျူကလီးယားပညာရေးကို စနစ်တကျ ထူထောင်ဖို့က အရမ်းအရေးကြီးပါတယ်။ ရုရှားတက္ကသိုလ်တွေမှာ ကျောင်းသားတွေကို လေ့ကျင့်ဖို့ပို့တာနဲ့အတူ ကိုယ်ပိုင် နျူကလီးယားပညာရေး အစီအစဉ်တွေကိုပါ ချမှတ်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက်ဟာ မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ကျွမ်းကျင်သူတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ဖို့ အုတ်မြစ်ချလိုက်တာပါပဲ။ ကျွန်တော်တို့ Rosatom အနေနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်ကို သင်ကြားရေးနည်းစနစ်တွေသာမက နျူကလီးယားစီမံကိန်းကြီးတွေ အကောင်အထည်ဖော်ရာမှာ ရထားတဲ့ လက်တွေ့အတွေ့အကြုံတွေကိုပါ မျှဝေဖို့ အသင့်ရှိပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုကနေ တဆင့် မြန်မာနိုင်ငံမှာရှိတဲ့ နျူကလီးယားစက်ရုံတွေကို စိတ်ချလုံခြုံပြီး ထိထိရောက်ရောက် လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေကို မွေးထုတ်ပေးနိုင်မယ့် ခိုင်မာတဲ့ ပညာရေးစနစ်တစ်ရပ် ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော၊ နိုင်ငံတကာဆက်ဆံရေး ခိုင်မာစေဖို့အတွက်ပါ ကြီးမားတဲ့ အထောက်အကူဖြစ်စေမှာပါ။” ဟု Yuri Seleznev က ပြောကြားခဲ့သည်။

Rosatom သတင်းဌာန၏ ဆောင်းပါးမှဘာသာပြန်ဆိုသည်။ Atom Media | Press releases | Rosatom Technical Academy and Yangon Technological University (Myanmar) sign memorandum of cooperation

အခြားဆက်စပ်သတင်းဆောင်းပါးများ။

ရန်ကုန်နည်းပညာတက္ကသိုလ် ကို အဆင့်မြင့်စေမည့် MOU ကို ရုရှားနိုင်ငံမှ Rosatom Technical Academy လက်မှတ်ရေးထိုး (npnewsmm.com)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင်ကျင်းပပြုလုပ်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week forum 2025)” ၏ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက် (myanmar.gov.mm)

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ အဲးခိုး

။ ဆူပူဆူပူ ။

~~~~~~~~~

။ ” တွေ့တာနဲ့ဆူ

တွေ့တာနဲ့ဆူ

ဘောင်မဝင်တာတွေ

လိုက်ပြောနေလို့

တစ်အိမ်လုံး

စိတ်ဆင်းရဲနေကြတယ်” ဆိုတဲ့အဖြစ်

ဘယ်အိမ်တွေမှာ

ပိုဖြစ်ကြသလဲ!

ဘာကြောင့်အဲလိုဖြစ်နေကြတာလဲ!

အဲလိုမျိုးဖြစ်ရင်

ဘာလုပ်ရမှာလဲ!

အဲးခိုး

(၂၁.၉.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ အောင်ဖေတို့စကားဝိုင်း

။ ခုတော့ ခုတော့ကွယ် ။

~~~~~~~~~~~~~~~~

။ ” အိမ်ကလူက

စကားတောင်ကြာကြာပြောမရ ။

နဲနဲပြောပီးဆိုတာနဲ့

လူကိုအသံကျယ်နဲ့

အော်

စိတ်တို

အတွေးတွေအမြင်တွေ

အယူအဆတွေက

ဘာမှမတူတော့

နေရထိုင်ရသွားရလာရတာ

စိတ်အလွန်ပင်ပန်း ။

ခရီးထွက်ရင်ပိုဆိုး

တကိုယ်ကောင်းဆန်

အတ္တကြီးသူ” ဆိုတဲ့

စာပိုဒ်လေးတစ်ပိုဒ်ကို

ဖတ်မိလိုက်တော့

လူကအလိုလိုနဲ့

လန့်မိသွားသလိုပါပဲ။

။ ငယ်ရွယ်စဉ်ကာလက

ထာဝရအချစ်

မခွဲမခွာ

နှစ်ဦးခွဲခွာတယ်ဆိုတာ

မရှိ။

ခုတော့

ခုတော့ကွယ်…..။

အောင်ဖေ

(၂၁.၉.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ ဖားအံကို ရောက်ရင် ။

~~~~~~~~~~~~~~~~

။ ကရင်ပြည်နယ်၊ ဖားအံမြို့ကိုရောက်ရင် ဇွဲကပင်တောင်ကြီး ခုလိုသာယာလှပနေတဲ့နေရာကို မရောက်ဖူးကြပါဘူး။ အလွန်သာယာလှပနေတဲ့သည်နေရာကို ဖားအံမှာနေကြတဲ့သူတွေတောင်မှ မရောက်ဖူးကြပါဘူး။ ကိုင်း ဖားအံရောက်ရင် သွားလည် ကြည့်ကြလိုက်ဦးလို့၊၊

တောင်ကလေးဆရာတော်

(၁၈.၉.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ မြရတနာ စေတီ ။

~~~~~~~~~~~~~

။ တောရိပ်ကြည်ကြည်၊မြစေတီကို

ဖူးမြင်ရင်မှာ၊ကြည်နူးပါသည်

မေတ္တာသည်နယ် အေးရိပ်သာ။

။ ချမ်းမြမေတ္တာ၊အေးရိပ်သာမှ

ထူးမြစေတီ၊ဖူးမြင်ပါသည်

ရွှင်ကြည်အိမ့်အိမ့် မေတ္တာရိပ်

ကြည်လင်တိတ်ဆိတ် ကြည်သာလိမ့်။

တောမှီရဟန်း

(၁၇.၉.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ အဲးခိုး

။ အမှားလေးက မများပါဘူး ။

~~~~~~~~~~~~~~~~~~~~

။အိမ်ကျယ်ကြီးထဲမှာ

အဘိုးအိုကြီးနဲ့

အဘွားအိုကြီးနှစ်ယောက်ပဲရှိနေတယ်။

။ စကားပြောဖော်အဖြစ်

သူတို့မှာနေ့စဉ်နဲ့အမျှ

သူတို့နှစ်ယောက်ထဲပဲ

ရှိနေကြတယ်။

။ သူ့စကားသူ့အသံ

ကိုယ့်စကားကိုယ့်အသံ

နဝင်ပီယံမမှန်လေတော့

ဘိုးဘိုးနဲ့ဘွားဘွား

စကားတွေများကြပါလေရောတဲ့။

။ ဘိုးဘိုးက

” နင်ပြောတာ ငါကြားမိလိုက်တယ်

ယူစားဆိုလို့ပါ”

ငါယူပြီးစားတာပေါ့။

။ အမယ်ဖေကြီးရယ်

ငါပြောတာက

ယူသွားလို့ပြောခဲ့တာပါလေ။

။ အော်

ယူစားနဲ့ယူသွား

ဤစကားလေးအလွဲနဲ့

ဘိုးဘိုးနဲ့ဘွားဘွား

အလွဲအမှားတွေတွေးမိကြပေါ့။

။ နောက်ဆုံးတော့

တစ်ကုဋင် တစ်ပြင်ပေါ်မှာပဲ

ကျောချင်းကပ်

ရင်ချဉ်းကပ်မရှိကြတော့ပဲ

အသက်ကုန်ဆုံးသွားကြလို့

ခွဲခွာသွားကြတဲ့အထိပါပဲ။

။ ဘိုးဘိုးခရီး

ထွက်မခွာသွားမီ

မာမီရေ

ငါသွားပြီလို့ပဲ

စာရေးထားခဲ့တယ်။

မာမီလည်း

ဒယ်ဒီတော့သွားပြီလေလို့

သိလိုက်တော့

ငါလည်း ……။

။ အမှားလေးက

မများပါဘူးရယ်

ဒေါသကကြီးလိုက်ကြတာနော်

သံသရာအကွေ့ကွေ့ပါပဲလား

တပည့်တို့ရယ်။

အဲးခိုး

(၈.၉.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် အဲးခိုး

။ မာနနှင့်မာရ ။

~~~~~~~~~~

မာန( မာန် ) နှင့် မာရ( မာရ်)

မြန်မာစာပေမှာ

မကြာခဏမြင်တွေ့ရတယ်။

။ နေ့စဉ်နေ့တိုင်း

မြန်မာစာရေးရင်

အကြောင်းအရာ

တစ်ခုခုနဲ့ပတ်သက်လာရင်

မာန( မာန် ) မာရ( မာရ်)

ရေးမိကြတယ်။

ရေးကြတယ်။

။ မေတ္တာကြီးရင် မာနဖျက်

တဏှာများရင် မာရ်ကိုဖျက်ဆိုပြီး

သတိပေးကြတယ်။

။ မာရနဲ့မာန

မာနနဲ့မာရ

ဒီစကားလေးအပေါ်မှာ

သင့်မှာရှိတဲ့မာနကဘာလဲ?

သင်သိရမယ့်မာရကဘာလဲ?ဆိုတာကို

အဖြေလေးတစ်ခုတော့

ရသွားချင်တယ်။

။ သင့်အတွက် မာနက

သင့်အဖို့ မာရက ။

အဲးခိုး

(၇.၉.၂၀၂၅) ရက်နေ့။

Loading

Categories
ဘာသာဗေဒ ဝါစဿရဗေဒ (စကားသံလေ့လာမှုပညာရပ်)

စကားသံဖြစ်အင်္ဂါများ (The Places of Articulation)

အခန်း – ၁ 
စကားသံဖြစ်ပေါ်မှုနှင့် စကားသံသဘောတရား 

စကားသံဖြစ်အင်္ဂါများ 

လူ့နှုတ်မှထွက်၍ လူအချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်သော အနက်အဓိပ္ပာယ်ရှိသည့် အသံကို စကားသံဟုခေါ်ပါသည်။ စကားသံသည် ပြောသူနှင့်နာသူတို့ကြား ထိရောက်သော ဆက်သွယ်ရေး ကြားခံဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင် စကားသံကိုဖြစ်ပေါ်စေနိုင်သော အင်္ဂါအစိတ်အပိုင်းများရှိသည်။ စကားသံ ထုတ်လုပ်ရာတွင် အဆုတ်မှထွက်လာသောလေသည် ထိုအင်္ဂါအစိတ်အပိုင်းအသီးသီးကိုဖြတ်ကာ စကားသံကို ဖြစ်ပေါ်လာစေပါသည်။

အဆုတ်ထဲသို့ အသက်ရှူသွင်းပြီးပြန်ထုတ်လိုက်သောလေသည် အထက်သို့တက်လာရာ အသံကြိုးဟု ခေါ်သော လည်မျိုအတွင်းရှိ အမျှင်ကလေးနှစ်ခုကို ဖြတ်သန်းပြီးနောက် ခံတွင်းအတွင်းရှိ စကားသံဖြစ်အင်္ဂါ အစိတ်အပိုင်းများနှင့်ထိတွေ့ကာ စကားသံဖြစ်လာသည်။ ထိုသို့စကားသံများဖြစ်အောင် ဖန်တီးနိုင်သော အင်္ဂါ အစိတ်အပိုင်းများကို စကားသံဖြစ်အင်္ဂါဟုခေါ်ပါသည်။

စကားသံဖြစ်အင်္ဂါများသည် စကားသံဖြစ်ပေါ်စေရန်အတွက် သူ့အတိုင်းအတာနှင့်သူ လုပ်ဆောင် ပေးရသည်။ စကားသံဖြစ်အင်္ဂါများကို ယင်းတို့၏ လှုပ်ရှားနိုင်မှု၊ မလှုပ်ရှားနိုင်မှုအပေါ်မူတည်၍ ၂ မျိုး ခွဲခြားနိုင်ပါသည်။ ယင်းတို့မှာ-

(က) လှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါ
(ခ) မလှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါတို့ဖြစ်သည်။ `

လှုပ်ရှားနိုင်သောစကားသံဖြစ်အင်္ဂါ

လှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါများမှာ အောက်မေးခြမ်းနှင့် ဆက်စပ်လျက်ရှိသော အင်္ဂါအစိတ် အပိုင်းများဖြစ်သည်။ စကားသံဖြစ်ပေါ်စေရန် အကူအညီပေးသော အစိတ်အပိုင်းများဖြစ်ပြီး ကရိုဏ်းဟု လည်းခေါ်သည်။ လှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါ ၇ မျိုးရှိသည်။ ယင်းတို့မှာ

(က) လျှာရင်း 
(ခ) လျှာနောက် 
(ဂ) လျှာလယ် 
(ဃ) လျှာရှေ့ (လျှာဖျားအနီး) 
(င) လျှာဖျား 
(စ) အောက်နှုတ်ခမ်း 
(ဆ) လျှာခင် တို့ဖြစ်သည်။ 

ထိုအင်္ဂါအစိတ်အပိုင်းများအပြင် လည်မျိုအတွင်းရှိ အသံကြိုးနှစ်ချောင်းသည်လည်း စကားသံ ထုတ်လုပ် ရာတွင် ပါဝင်ရသည့် လှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါအစိတ်အပိုင်းဖြစ်သည်။

မလှုပ်ရှားနိုင်သောစကားသံဖြစ်အင်္ဂါ

မလှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါများမှာ အာခေါင်အထက်ခြမ်းနှင့် ဆက်စပ်လျက်ရှိသော အင်္ဂါ အစိတ်အပိုင်းများဖြစ်သည်။ စကားသံဖြစ်ပေါ်ရာ နေရာဖြစ်ပြီး ဌာန်ဟုလည်းခေါ်သည်။ မလှုပ်ရှားနိုင် သော စကားသံဖြစ်အင်္ဂါ ၇ မျိုးရှိသည်။ ယင်းတို့မှာ-

(က) လည်ချောင်း
(ခ) အာခေါင်ပျော့
(ဂ) အာခေါင်မာ
(ဃ) အာထိပ်
(င) သွား
(စ) အထက်နှုတ်ခမ်း
(ဆ) နှာခေါင်း တို့ဖြစ်သည်။ 

ကိုးကား ။ ။ မြန်မာစာ-ကျောင်းသုံးစာအုပ် (ဧကာဒသမတန်း) (၂၀၂၃-၂၀၂၄)

Reference Sources: Kaccāyana’s Pāḷi Grammar by Ven. Kaccāyana Mahāthera

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ပညာသာမိ

။ လိုရာပြည့်ပါစေ ။

~~~~~~~~~~~~~~~~~~~

။ ဘုန်းကြီးကျောင်းသား

၁) စောဖြိုးဝေ

၂) စောအယ်ထူး

၃) စောထူးထူး( သွေးလင်းထက်) သုံးဦး

ကုသိုလ်ရွယ်စူး ကောင်းမှုပြုကြပါသည်။

လိုရာဆုထူးပြည့်ကြပါစေ။

တောင်ကလေးဆရာတော်

(၄.၉.၂၀၂၅) ရက်နေ့။

Loading