
အင်းၯလင် (၁၃) ၜၠင်ထင်းၜါ ဖၠုံဆိုဒ်ဖေါဟ်သင့်ဂၟီ့ကုံရွာဲ ဏိင်းကၠ်ုသာဆ်ုအှ်ကံင်း ဏံင်းက်ုမၠိုင့်ဘာႋလာင့်ခင်းထါ်
Saw Da
၁၃ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်းနှစ်ပတ်လည်အစည်းအဝေးတွင် ဖြန့်ချိရောင်းချပေးနေသော ဘာသာရေးဆိုင်ရာ စာအုပ်များနှင့် သုတရသဆိုင်ရာ စာအုပ်များကို စာပေချစ်သူများ ကြည့်ရှုဝယ်ယူအားပေးနေ စဥ်(၁၃·၆·၂၀၂၄)
Yaunt Thar Ae San
ကျဝ့်နာဲကျာ် ဖူႋနာဲကျာ် တ်ုကာမၠိုင်ႋသယ်လုက်ကၠာ မ်ုဍးခံင်ထာင် (၁၄)ၜၠင်ဏင်ဏိင်းဍဝ် ယာႋၜိုဝ် အှ်မုက်ဆံင်းခၠာင့် ယုက်ထဝ့်လာႋ ကိုဝ်ၯာဍေဆာ်
Saw Da
(၁၃)ကြိမ်မြောက်
ကရင်အမျိုးသားရဟန်းတော်များအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် အကျိုးတော်ဆောင် ထူးချွန်ဆု ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား..
နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း၊နောင်ကမြိုင်စံပြကျေးရွာ၊ကရင်ပြည်နယ်၊ဘားအံမြို့နယ်
Sithu
(၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း၏ နှစ်ပတ်လည်အစည်းအဝေးအခမ်းအနား (မနက်ပိုင်း)
အချိန် နံက် (၈းဝဝ)နာရီ
နေရာ နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း
နောင်ကမြိုင်စံပြကျေးရွာ ဘားအံမြို့နယ်
မာန်နာဲအိင်ဃှီ့ဖာန်
ဘားအံမြို့နယ်၊ နောင်ကမြိုင်စံပြကျေးရွာ၊ ဓမ္မသိင်္ဂါကုန်းကျောင်းတွင် (၁၃) ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း၏ အစည်းအဝေးအတည်ပြုချက်များ
(၁) ဖူ့တာမိက်မူႋဏီကို ကဆုန်လပြည့်ကျော်(၁၀)ရက်နေ့၊
(၂) အသင်း၏နှစ်ပတ်လည်နေ့ကို ကဆုန်လပြည့်ကျော် (၂-၃) နှင့် ဂျိုင်းပရိယတ္တိစာမေးပွဲကို ကဆုန်လပြည့်ကျော် (၈-၉-၁၀)
(၃) ဖူ့ကျာ်ဥတ္တမပိဋကတ်ပြတိုက်ကို အသင်းမှ တနှစ်လျှင်သိန်း (၅၀) သုံးနှစ်လျှင် သိန်း (၁၅၀) ထောက်ပံ့ရန်။
(၄) ကရင်ပညာရေးကော်မတီနှင့်ဆက်ဆံရေးဌာန (ဘာသာပြန်) ဋ္ဌာန တစ်ခုတိုးချဲ့ရန်။
(၅) ရန်ကုန်ကျောင်းမြေကို ကျောင်းထိုင်ဆရာတော်ရှာဖွေရေးအတွက် အချိန် (၃) လသတ်မှတ်ရန်။
(၆) ကရင်ဖတ်စာ (၄) တန်း ပြင်ဆင်ရေးဆွဲရန်။
13-6-2024
Guru Gyi
ကရင်အမျိုးသားရဟန်းတော်များအသင်း (၁၃) ကြိမ်မြောက်အကြိုညှိနှိုင်းစည်းဝေး၊
ဋ္ဌာန (၅) ဋ္ဌာနမှာ
(၁) အသင်းရေးရာနှင့် ရှေးဟောင်းစာပေထိန်းသိမ်းရေးဋ္ဌာန။
(၂) ကျမ်းစာပြုစုရေးနှင့် ကရင်ပရိယတ္တိစာမေးပွဲကျင်းပရေးဋ္ဌာန။
(၃) ဖတ်စာပြုစုရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးဋ္ဌာန။
(၄) အကြံပေး (မဟာမိတ်) ဋ္ဌာန။
(၅) ပညာရေးကော်မတီနှင့် ဆက်ဆံရေးဋ္ဌာန (ဘာသာပြန်ဋ္ဌာန)။
12-6-2024
Guru Gyi
ကရင်နှစ် – ၂၇၆၃ ခု
ကောဇာ – ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊
(၁၃၊ ၆၊ ၂၀၂၄) ကြာသပတေးနေ့။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်စံပြကျေးရွာ
နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း ၌
ကျင်းပပြုလုပ်တော်မူသော
ကရင်အမျိုးသားရဟန်းတော်များအသင်း မှ
“အကျိုးတော်ဆောင် ဂုဏ်ပြုပူဇော်ပွဲ”
အကျိုးတော်ဆောင် ထူးချွန်ဆု ဂုဏ်ပြုပူဇော်ပွဲ “ကရင်အမျိုးသားရဟန်းတော်များအသင်း”
https://www.youtube.com/watch?v=CEkoA1qgqHo
13th of The Annual Meeting Of Karen National Buddhist Monks Association
ကရင်နှစ် – ၂၇၆၃ ခု
ကောဇာ – ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊
(၁၃၊ ၆၊ ၂၀၂၄) ကြာသပတေးနေ့။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်စံပြကျေးရွာ၊ နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း ၌ ကျင်းပပြုလုပ်တော်မူသော (၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေးအား တိုက်ရိုက် Live ထုတ်လွင့်ခြင်းဖြစ် ဓမ္မဒါနပြုအပ်ပါသည် အရှင်သူမြတ်တို့ဘုရား။
(၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေး
။ အသက်ကြီးရင့်
အိုစာပင့်လျှင်
အိုရင့်ရမှာ ဓမ္မတာ။
။ အသက်မရင့်
အိုလာဆင့်ကြောင့်
အိုရင့်တော့မှာ များမကြာ။
။ အသက်ရင့်ရင့်
အိုကြီးပင့်က
အိုရင့်ရမှာ သူသူငါ။
။ အအိုအအို
ဘယ်သူ့ကိုယ်မှ
မအိုရဘူး မရပါ
မနာရဘူး မရပါ
မသေရဘူး မရပါ။
။ သူသူငါငါ
အိုထဲပါရ
နာထဲပါရ
သေထဲပါရ
ခန္ဓာရသူ ဖြစ်ရမှာ။
။ အိုနာသေခြင်း
လွတ်ကင်းလိုက
ငြိမ်းသတ်တတ်စေ ကိလေသာ
ငြှိမ်းရပ်တတ်စေ ကိုယ်တဏှာ။
တောမှီရဟန်း
(၂၃.၅.၂၀၂၄) ရက်နေ့ ညချမ်းချိန်။
~~~~~~~~~~~~~~~~~~
။ သည်ခေတ်မှာ
အသက်(၆၀) ကျော်ကြတဲ့သူတွေ
နေကြရတဲ့သူတွေ
နည်းလာနေကြသလားပါပဲ။
။ ၁၉၆၀ ပြည့်နှစ်
ဇူလိုင်လ(၁၄) ရက်နေ့
ညနေ(၅:၁၅) နာရီအချိန်မှာ
မွေးဖွားလာခဲ့လို့
၂၀၂၄ ခုနှစ်
ဇူလိုင်လ(၁၄) ရက်နေ့
ညနေ(၅:၁၅) နာရီအချိန်မှာ
သက်တော်(၆၄)နှစ်ပြည့်မယ်။
။ မကြာမီ
မွေးဖွားတဲ့ရက်
မွေးတဲ့နေ့ရောက်တော့မယ်။
။ အသက်(၆၀) ကျော်
ရှိလာတဲ့လူတစ်ယောက်ဟာ
လူငယ်လူရွယ်လိုတော့
သန်သန်မာမာမရှိတော့ပါဘူး။
။ ရုပ်ခန္ဓာကိုယ်တွေက
(အင်ဂျင်ပါဝါကျနေသလို)
အစစအရာရာ
အကုန်လုံးနီးပါး
ဆုတ်ရော့လာနေတယ်။
။ အသားအရေတွေ
အကြောအခြင်တွေ
အရိုးတွေ
သွေးတွေ
လေတွေ
ဆီးတွေဝမ်းတွေ
တစ်ကိုယ်လုံးနီးပါး
အသုံးပြုဖို့
အသုံးမတည့်တော့ဘဲ
သည်ခန္ဓာကိုယ်ကို
ထိန်းသိမ်းပြုပြင်
စောင့်ကြပ်နေရတာနဲ့ပဲ
အတော်လေးပင်ပန်းနေတာကို
သိသာလာရုံမက
ငယ်ငယ်က
စွဲစွဲမြဲမြဲ
စွဲလမ်းတပ်မက်နေခဲ့ကြတဲ့
အလွန်အမင်း
နှစ်သက်မြတ်နိုးတနာဖြစ်တဲ့
ခန္ဓာကိုယ်ရဲ့အလှအပတွေဟာ
စိတ်ပျက်စရာတွေဖြစ်လို့
ဝိပဿနာရှုဖို့တောင်မှ
အသုံးကျမှုနည်းနေတာကို
သတိထားမိလေပေါ့။
။ တစ်ခါတလေတော့
မပေါ့မပါးတွေဖြစ်
အပေါ့အပါးသွားနေတာတောင်မှ
ကိုယ်လက်လေးလံတွေဖြစ်လို့
ပြုပြီးကိစ္စကြီးငယ်တွေ
ဟိုမေ့သည်မေ့တွေဖြစ်ပြီး
ရုပ်ဖြစ်သလို
စိတ်ဖြစ်သလိုနဲ့ပဲ
ကျေနပ်ခဲ့ရတယ်။
။ ခါတိုင်းလို
စိတ်ဖြစ်တိုင်း
ရုပ်နိုင်ပြီး
ခုတော့
ရုပ်လည်းမနိုင်
စိတ်လည်းမိုင်မိုင်ပါပဲ။
။ ငယ်ရွယ်တုန်းကလိုမျိုး
စိတ်ဟာမခိုင်မြဲနိုင်ဘဲ
နာတတ်လာပြီးတော့
စိတ်ဓာတ်ကျတာတွေ
စိတ်အားငယ်တာတွေ
ဖြစ်တတ်သလိုပါပဲ။
။ အကြောင်းအရာ
တစ်မျိုးမျိုးနဲ့
တိုက်ဆိုင်မှုဖြစ်နေရင်
တွေးလို့, ခံစားလို့ကို
မဆုံးနိုင်ဘဲ ဖြစ်နေတယ်။
။ ဒါကြောင့်
အသက်ကြီးလာပြီးဆိုရင်
ရောဂါတွေများလာမယ်
ဝေဒနာတွေများလာမယ်
ရှုပ်ထွေးမှုတွေများလာမယ်
သံယောဇဉ်တွေများလာမယ်
အခက်အခဲတွေ များပြားလာမယ်
ကုန်ကုန်ပြောရရင်
ဒုက္ခသက်သက်ပါပဲ။
။ ငယ်ငယ်က
သင်ခဲ့တဲ့ပညာ
ရခဲ့တဲ့ဥစ္စာ
စုခဲ့တဲ့အရာရာတွေအားလုံးဟာ
စစ်မှန်တာတစ်ခုမှမဟုတ်ပါဘူး
ဆိုတာကို
သိမြင်နားလည်လာတယ်။
။ ပြောချင်တာကတော့
သင်အသက်(၆၀) ကျော်
နေခဲ့ရမယ်ဆိုရင်
ကုသိုလ်တစ်မျိုးလေးနဲ့
မပျော်မိပါစေနဲ့။
။ ဈာနင်တရား
မဂ်တရား
ဖိုလ်တရားတွေကို
သိမြင်နိုင်တဲ့
သမာဓိရှိအောင်
ဉာဏ်ရှိအောင်
နေတတ်ဖို့ပါပဲ။
။ ဒါကြောင့်
စိန်ရတုမွေးနေ့အလွန်
ဒုတိယစိန်ရတုမွေးနေ့ရဲ့
အကြိုကာလတစ်လျှောက်
တုတ်ကောက်တစ်ချောင်းတော့
အဖော်လေးပြုရတော့မည်လားပါပဲ။
တောမှီရဟန်း
(၆.၅.၂၀၂၄) ရက်နေ့။
“ကုလားနှင့်ကရင် ကျားနှင့်ဆင်” ပေါ့ဗျာ Look Like “Kalar VS Karen (or) Tiger VS Elephant” ဘားအံမြို့နယ်၊ ကော့ရင်း(အောက်)ကျေးရွာ ညောင်ရေသွန်းပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဖြစ်ပါတယ်။
အောင်လံဆုရှင်တို့ရဲ့
နတ်ကုန်းရွာ ဘိုးဘိုးကြီးရိုးရာပွဲအထိမ်းအမှတ်မှာ
တွေ့ဆုံပြီးတကယ်ကြမ်းတဲ့ပွဲ။