Categories
ကျန်းမာရေး စကားလက်ဆောင်

။ အအိုတိုက် ။

။ အသက်ကြီးရင့်
အိုစာပင့်လျှင်
အိုရင့်ရမှာ ဓမ္မတာ။

။ အသက်မရင့်
အိုလာဆင့်ကြောင့်
အိုရင့်တော့မှာ များမကြာ။

။ အသက်ရင့်ရင့်
အိုကြီးပင့်က
အိုရင့်ရမှာ သူသူငါ။

။ အအိုအအို
ဘယ်သူ့ကိုယ်မှ
မအိုရဘူး မရပါ
မနာရဘူး မရပါ
မသေရဘူး မရပါ။

။ သူသူငါငါ
အိုထဲပါရ
နာထဲပါရ
သေထဲပါရ
ခန္ဓာရသူ ဖြစ်ရမှာ။

။ အိုနာသေခြင်း
လွတ်ကင်းလိုက
ငြိမ်းသတ်တတ်စေ ကိလေသာ
ငြှိမ်းရပ်တတ်စေ ကိုယ်တဏှာ။

တောမှီရဟန်း
(၂၃.၅.၂၀၂၄) ရက်နေ့ ညချမ်းချိန်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး