Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်ယနေ့ နံနက်ခင်း ။

။ န ပရော ပရံ နိကုဗ္ဗေထ၊

နာတိမညေထ ကတ္ထစိ နကိဉ္စိ။

ဗျာရောသန ပဋိဃသည၊

နာညမညဿ ဒုက္ခမိစ္ဆေယျ။( ပါဠိဘာသာ)

အနက်( မြန်မာဘာသာ)

ပရော၊တစ်ပါးသောသူသည်။

ပရံ၊တပါးသောသူကို။

န နိကုဗ္ဗေထ၊ကောက်ကျစ်စဉ်းလဲခြင်း၊လှည့်ပတ်ခြင်းမပြုပါစေလင့်။

ကတ္ထစိ၊မည်သည့်အရပ်၊မည်သည့်နေရာ၌မဆို။

ကိဉ္စိ၊တစ်ဦးတစ်ယောက်ယောက်သောသူကို။

နာတိမညေထ၊မောက်မာထောင်လွှားသောအားဖြင့် မထေ( မထီ) မဲ့မြင် မပြုပါစေလင့်။

ဗျာရောသနာ၊( ဗျာရောသနာယ) ကိုယ်,နှုတ်နှစ်ပါးတို့ဖြင့် ထိခိုက်စော်ကား မပုတ်ခတ်ခြင်းဖြင့်လည်းကောင်း။

ပဋိဃာသညာ၊( ပဋိဃာသညာယ) ဒေါသစိတ်ဖြင့်လည်းကောင်း။

အညမညဿ၊အချင်းချင်း၏။

ဒုက္ခံ၊ကိုစိတ်ဆင်းရဲခြင်းကို။

မ ဣစ္ဆေယျ၊အလိုမရှိပါစေလင့်။

​ဆင်ခြင်ရန်ဆောင်ပုဒ်( ကဗျာ)

၁) တစ်ယောက်နှင့်တစ်ယောက်၊စိတ်ရင်းကောက်၊ကောက်ကျစ်စဉ်းလဲမပြုရာ။

၂) တစ်ယောက်နှင့်တစ်ယောက်၊စိတ်ရင်းဖြောင့်၊ဖြိုးမောက်ချမ်းသာရာ။

၃) မည်သည့်နေရာ၊မောက်မာတာ၊ရှောင်ခွာရမည်သာ။

၄) ဘယ်ဟာမဆို၊မောက်မာပို၊ပြုကိုမပြုရာ။

၅) ကိုယ်, နှုတ်နှစ်ပါး၊ထိစော်ကား၊မိုက်မှားမပြုရာ။

၆) ဒေါသစိတ်ထန်၊ချင်းချင်းမာန်၊ရှောင်ရန်ပွားမေတ္တာ။

စကားပြေ

။ တစ်ယောက်နဲ့တစ်ယောက်

မရိုးမသားသောအားဖြင့် ကောက်ကျစ်စဉ်းလဲတာလုပ်ရင်

မေတ္တာမဲ့ခြင်းပါပဲ။

။ တစ်ယောက်နဲ့တစ်ယောက်

ဘယ်နေရာမဆို

မထီမဲ့မြင်ပြုတာ

ကိုယ်ထိလက်ရောက်ပဲဖြစ်ဖြစ်

နှုတ်နဲ့ပြောဆိုမိတာပဲဖြစ်ဖြစ်

ဒေါသစိတ်နဲ့ပဲဖြစ်ဖြစ်

အချင်းချင်း

ကိုယ်စိတ်နှစ်ပါး

မချမ်းသာအောင်

ဆင်းရဲအောင်လိုလားတာတွေလည်း

မေတ္တာတရားခေါင်းပါးတာပါပဲ။

။ ဒါကြောင့် စဉ်းလဲတာ

မထီမဲ့မြင်မပြုတာ

ကိုယ်ထိလက်ရောက်

စိတ်လိုက်မာန်ပါ

နှုတ်စကားနဲ့

တစ်ဦးနဲ့တစ်ဦး

ဆင်းရဲအောင်မပြုလုပ်တာဟာ

မေတ္တာချစ်ခြင်းလိုသတ်မှတ်ရမယ်။

။ သည်လိုစိတ်ဓာတ်ရှိတဲ့သူဟာ

မေတ္တာရှိသူလို့ခေါ်လို့ရမယ်။

ဒါကြောင့်

သည်လိုစိတ်ဓာတ်နဲ့

တောင့်တခြင်းဟာ

မေတ္တာနယ်ထူးလို့ဆိုရမှာပါပဲ။

။ မေတ္တာမတုံးဘဲ

မေတ္တာနှလုံးသားနဲ့

အချင်းချင်းဘေးပြုခြင်းတို့ကို

ရှောင်ရှားနိုင်ကြပါစေလေ။

တောင်ကလေးဆရာတော်

(၉.၅.၂၀၂၄)ရက်နေ့နံနက်ခင်း။

May be an image of mountain, grass and text

Loading

Categories
တောင်ကလေးဆရာတော် နံနက်ခင်းသြဝါဒကထာ

( ပြန်လည်မျှဝေခြင်း ဩဝါဒ ။)

( ပြန်လည်မျှဝေခြင်း ဩဝါဒ ။)
~~~~~~~~~~~~~~~~~~~~~~

။ ဘဝကို အေးအေးချမ်းချမ်း လျှောက်လှမ်းပါ။

။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ပါ။

။ ကြမ်းကြမ်းတမ်းတမ်း မပြုမူပါနှင့်။

။ ပေးကမ်းသင့်သူကို ပေးကမ်းပါ။

။ ချီးမြှောက်သင့်သူကို ချီးမြှောက်ပါ။

။ ကျဉ်ထားခံရသူကို အားပေးပါ။

။ မစွမ်းနိုင်သူကို စွမ်းဆောင်ပေးပါ။

။ မပြည့်သူကို ဖြည့်ဆည်းပေးပါ။

။ ပြည့်ပြီးသူကို တန်ဖိုးထားပါ။

။ ညှိုးငယ်သူကို ချစ်ခြင်းပေးပါ။

။ မိမိကိုယ်ကို လှအောင်နေပါ။

တောင်ကလေးဆရာတော်
(၁.၉.၂၀၂၀) ရက်နေ့။

Loading

Categories
ကဗျာ စကားလက်ဆောင် တောင်ကလေးဆရာတော် အဲးခိုး

။ ထာဝရအချစ် ဇွဲကပင် ။

။ ထာဝရအချစ် ဇွဲကပင် ။
~~~~~~~~~~~~~~~~~~~
။ ဆောင်းသစ်သစ်
ဖူးသစ်သစ်
ချစ်လှစွာသော ဇွဲကပင်။

။ နေ့သစ်သစ်
ရိပ်သစ်သစ်
ချစ်မဝသော ဇွဲကပင်။

။ ဖူးသစ်သစ်
ဝင်းမြသစ်
အပြစ်ကင်းစင် ဇွဲကပင်။

။ ငြိမ်းသစ်သစ်
အလှစစ်
စစ်တလင်းကင်း ဇွဲကပင်။

။ ဖူးစင်သစ်
ရင်ထဲချစ်
စစ်မှန်သည့် ဇွဲကပင်။

။ အးမွမွ
ငြိမ်းချမ်းစွ
ထာဝရအချစ် ဇွဲကပင်။

( ကရင်ပြည်နယ် ထာဝရငြိမ်းချမ်းပါစေ။)

     အဲးခိုး(၉.၂.၂၀၁၆ )

Loading

Categories
တောင်ကလေးဆရာတော်

တောင်ကလေး၊ ပရိယတ္တိစာသင်တိုက် ညွှန်ကြားလွှာ အမှတ် ၁/၉၈

တောင်ကလေး၊ ပရိယတ္တိစာသင်တိုက်
အရှင်ပညာသာမိ (တိုက်ကြပ်ဆရာတော်) ၏ 
ညွှန်ကြားလွှာ အမှတ် ၁/၉၈

ရက်စွဲ။ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊
ဗုဒ္ဓဟူးနေ့။

တောင်ကလေး ကျေးရွာအတွင်း၊ နေထိုင်ကြသော ရွာသူ/ရွာသားများသို့ အသိပေး ညွှန်ကြားအပ်ပါသည်။ 

၁။ရွာတွင်းသို့ ရဟန်း/သာမဏေတို့နှင့် မအပ်စပ်သော ဈေးပစ္စည်းများ ရောင်းဝယ်ခြင်း ရှောင်ကြဉ်ရန်။
၂။ရဟန်း/ သာမဏေများ မိမိတို့၏ အိမ်ဈေးသို့ (အိမ်တွင်းသို့) အလျဉ်းဝင်ခွင့်မပြုရန်။
၃။ဆိုင်ရှေ့တွင် ရဟန်း/သာမဏေများ နား ရပ် ထိုင် သွားခြင်း ခွင့်မပြုရန်။
၄။မိမိရောင်းသောဈေးကို ဝိနည်းနှင့်အညီ အပ်စပ်သောပစ္စည်းများနှင့် လဲလှယ်ခြင်းပြုလုပ်တတ် ရန်။
၅။ရဟန်း/သာမဏေများ မိမိဈေးဆိုင် (အိမ်ဈေးဆိုင်) ကို ည/နေ့ လုံးဝ ဝင်ခွင့်မပြုရန်။
၆။အထူးသဖြင့် တောင်ကလေးစာသင်တိုက်အတွင်းရှိ ရဟန်း/သာမဏေများ ဈေးဝယ်မှုမှ လုံးဝ လက်မခံရန်။ (ကပ္ပိယကာရကဖြင့်ဝယ်ရန်)
မှတ်ချက်။ ။ဖော်ပြပါညွှန်ကြားလွှာကို လိုက်နာရန်ဖြစ်သည်။ လိုက်နာခြင်းကင်း ပါက ကြိုတင်၍အသိပေးပါရန်။ ဤစာကို မိမိတို့၏လက်ဝယ်သို့ ရရှိသည့်အချိန်ကစ၍ မိမိတို့ အိမ်ဆိုင်ဈေးကို စနစ်ကျစွာရောင်းဝယ် ရန်နှင့် ဗုဒ္ဓသာသနာရေးကို အားပေးကူညီဆောင်ရွက် ရန်ဖြစ်ပါ သည်။



အရှင်ပညာသာမိ (တိုက်ကြပ်ဆရာတော်)
တောင်ကလေးပရိယတ္တိစာသင်တိုက် 
ဘားအံမြို့၊ ကရင်ပြည်နယ်။ 

Loading