စစ်ဖြစ်အောင်ဖန်တီးတဲ့သူဟာ
နိုင်ငံရေးပညာရပ် တတ်သူမဟုတ်။
အဲးခိုး
![]()
စစ်ဖြစ်အောင်ဖန်တီးတဲ့သူဟာ
နိုင်ငံရေးပညာရပ် တတ်သူမဟုတ်။
အဲးခိုး
![]()
၂၀၂၅ ခုနှစ်၊ ပထမအကြိမ် ” တောင်ကလေးအဲးခိုးစာမူဆု” ကျင်းပပြီးစီး။ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် စာမူများ မျှော်လင့်နေလျက်ပါ။ ရေးသားပြုစုနိုင်ကြပါစေဟု ဆုမွန်မြတ်ပြုပါသည်။
အဲးခိုး(၅.၁၁.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~
။ ” တွေ့တာနဲ့ဆူ
တွေ့တာနဲ့ဆူ
ဘောင်မဝင်တာတွေ
လိုက်ပြောနေလို့
တစ်အိမ်လုံး
စိတ်ဆင်းရဲနေကြတယ်” ဆိုတဲ့အဖြစ်
ဘယ်အိမ်တွေမှာ
ပိုဖြစ်ကြသလဲ!
ဘာကြောင့်အဲလိုဖြစ်နေကြတာလဲ!
အဲလိုမျိုးဖြစ်ရင်
ဘာလုပ်ရမှာလဲ!
အဲးခိုး
(၂၁.၉.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~~~~~~~~~~~~
။အိမ်ကျယ်ကြီးထဲမှာ
အဘိုးအိုကြီးနဲ့
အဘွားအိုကြီးနှစ်ယောက်ပဲရှိနေတယ်။
။ စကားပြောဖော်အဖြစ်
သူတို့မှာနေ့စဉ်နဲ့အမျှ
သူတို့နှစ်ယောက်ထဲပဲ
ရှိနေကြတယ်။
။ သူ့စကားသူ့အသံ
ကိုယ့်စကားကိုယ့်အသံ
နဝင်ပီယံမမှန်လေတော့
ဘိုးဘိုးနဲ့ဘွားဘွား
စကားတွေများကြပါလေရောတဲ့။
။ ဘိုးဘိုးက
” နင်ပြောတာ ငါကြားမိလိုက်တယ်
ယူစားဆိုလို့ပါ”
ငါယူပြီးစားတာပေါ့။
။ အမယ်ဖေကြီးရယ်
ငါပြောတာက
ယူသွားလို့ပြောခဲ့တာပါလေ။
။ အော်
ယူစားနဲ့ယူသွား
ဤစကားလေးအလွဲနဲ့
ဘိုးဘိုးနဲ့ဘွားဘွား
အလွဲအမှားတွေတွေးမိကြပေါ့။
။ နောက်ဆုံးတော့
တစ်ကုဋင် တစ်ပြင်ပေါ်မှာပဲ
ကျောချင်းကပ်
ရင်ချဉ်းကပ်မရှိကြတော့ပဲ
အသက်ကုန်ဆုံးသွားကြလို့
ခွဲခွာသွားကြတဲ့အထိပါပဲ။
။ ဘိုးဘိုးခရီး
ထွက်မခွာသွားမီ
မာမီရေ
ငါသွားပြီလို့ပဲ
စာရေးထားခဲ့တယ်။
မာမီလည်း
ဒယ်ဒီတော့သွားပြီလေလို့
သိလိုက်တော့
ငါလည်း ……။
။ အမှားလေးက
မများပါဘူးရယ်
ဒေါသကကြီးလိုက်ကြတာနော်
သံသရာအကွေ့ကွေ့ပါပဲလား
တပည့်တို့ရယ်။
အဲးခိုး
(၈.၉.၂၀၂၅) ရက်နေ့။
![]()
~~~~~~~~~~
မာန( မာန် ) နှင့် မာရ( မာရ်)
မြန်မာစာပေမှာ
မကြာခဏမြင်တွေ့ရတယ်။
။ နေ့စဉ်နေ့တိုင်း
မြန်မာစာရေးရင်
အကြောင်းအရာ
တစ်ခုခုနဲ့ပတ်သက်လာရင်
မာန( မာန် ) မာရ( မာရ်)
ရေးမိကြတယ်။
ရေးကြတယ်။
။ မေတ္တာကြီးရင် မာနဖျက်
တဏှာများရင် မာရ်ကိုဖျက်ဆိုပြီး
သတိပေးကြတယ်။
။ မာရနဲ့မာန
မာနနဲ့မာရ
ဒီစကားလေးအပေါ်မှာ
သင့်မှာရှိတဲ့မာနကဘာလဲ?
သင်သိရမယ့်မာရကဘာလဲ?ဆိုတာကို
အဖြေလေးတစ်ခုတော့
ရသွားချင်တယ်။
။ သင့်အတွက် မာနက
သင့်အဖို့ မာရက ။
အဲးခိုး
(၇.၉.၂၀၂၅) ရက်နေ့။
![]()
။ မျှော်လင့်မိသောနေ့ ။
~~~~~~~~~~~~~~~~
။ ကိုယ့်အိမ်ကိုယ်ရာ
နေချင်ပါလည်း
သာသာယာယာ မရှိဘူး။
။ ကိုယ့်တိုင်းကိုယ့်ယ်ပြေ( ပြည်)
ငြိမ်းချမ်းချင်လည်း
ကြင်ကြင်နာနာ မရဘူး။
။ ကိုယ့်ပတ်ဝန်းကျင်
ပျော်ရွှင်ချင်လည်း
ခင်ခင်မင်မင် မဖြစ်ဘူး။
။ မိသားစုပေါင်း
နေလိုကြောင်းလည်း
ခညောင်းအိမ့်အိမ့် မရဘူး။
။ မေတ္တာရိပ်ရိပ်
တသိမ့်သိမ့်မှာ
တစိမ့်စိမ့်နဲ့
ချွေးသိပ်ဘယ်နေ့ ရမှာလဲ။
အဲးခိုး
(၁၃.၈.၂၀၂၄) ရက်နေ့။

![]()
။ တွေးမိခဲ့သောအတွေး ။
~~~~~~~~~~~~~~~~~~
။ ဥပမာ
ငါတစ်ယောက်တည်းသာ
ချမ်းသာနေရင်
မချမ်းသာကြတဲ့သူတွေက
ဘယ်လိုများ
မြင်ကြမလဲပေါ့။
။ ဥပမာ
ငါတစ်ယောက်တည်းသာ
ကြမ်းတမ်းနေရင်
မကြမ်းတမ်းကြတဲ့သူတွေက
ဘယ်လိုများ
ထင်ကြမလဲပေါ့။
။ ဥပမာ
ငါတစ်ယောက်တည်းသာ
ဆင်းရဲနေရင်
မဆင်းရဲကြတဲ့သူတွေက
ဘာတွေများ
လုပ်ပေးနိုင်ကြမလဲပေါ့။
။ ဥပမာ
လူသားအားလုံး
ချမ်းသာနေကြရင်
ဘာတွေများ
ဖြစ်ကြဦးမလဲပေါ့။
။ ဥပမာ
လူတွေအားလုံး
စုပြုံပြီး
ဆင်းရဲနေကြရင်
ဘာတွေများ
ရကြမလဲပေါ့။
။ လူဟာ
သည်နေ့အတွေး
သည်နေ့အရေး
သည်နေ့ဖြေဆေးမရှိရင်
(မြန်မာပြည်နဲ့
သည်ကမ္ဘာမြေ)
ဘာတွေများ
ဘေးရန်ဖြစ်ကြမလဲပေါ့။
အဲးခိုး
(၁၂.၈.၂၀၂၄) ရက်နေ့။

![]()
။ အိမ်ထောင်တစ်ခုမှာ ။~~~~
။ (အိမ်ထောင်စုတစ်စုမှာ
အမျိုးသမီးဖြစ်သူက
အားကြီးတဲ့ကုသိုလ်ကံတွေ
တည်ထောင်နိုင်ရင်လည်း
( ထူထောင်နိုင်ရင်လည်း)
မိသားစုတစ်ခုလုံးကို
ဖေးမနိုင်ပါတယ် ) ဆိုတဲ့
ဒီယူဆချက်ဟာ
အိမ်ထောင်ရှင်
အမျိုးသမီးတိုင်းသာ
သိမြင်နားလည်ကြမယ်ဆိုရင်
အဲဒီအိမ်ထောင်ဟာ
ဖရိုဖရဲ
ပြိုကွဲပျက်စီးစရာ
အကြောင်းမရှိနိုင်ဘူးလို့
မြင်မိပါလေရဲ့။
။ များသောအားဖြင့်
လူတွေဟာ
ကုသိုလ် ကံကို
ပြုယူရမှန်းသိကြပေမယ့်
ကံအကြောင်းကို
သေချာဂန
အရေးမစိုက်မိကြဘူး။
။ တကယ်တော့
ကံ တရားဟာ
အကြွင်းမဲ့သာ
နားလည်နေမယ်ဆိုရင်
ရင်ဝ,ရင်မတွေမှာ
ဝေဒနာဆူး
အစူးခံနိုင်လေပေါ့။
။ အိမ်ထောင်ထူကြတဲ့
သူတွေအားလုံးဟာ
လေ့နက်တဲ့ယုံကြည်ချက်ရှိလို့
ပြစ်ချက်တွေကိုမကြည့်ကြဘဲ
ပြင်ချက်တွေနဲ့နေကြတာပါ။
။ ခေတ်လောကအနေနဲ့ကြည့်ရင်
ဒီခေတ်မှာ
ခေတ်မီတဲ့သူတွေကပဲ
အိမ်ထောင်ပြုကြတယ်လို့
ဆိုရမှာပါ။
။ အိမ်ထောင်ပြုတယ်ဆိုတာ
အရာရာကို
ကိုယ်ကျိုးစွန့်ကြတာပါပဲ။
။ ဒါကြောင့်
ကြောင့်ကြရတာ
အနစ်အနာဖြစ်ကြရတာ
ဆင်းရဲမှုဖြစ်ကြရတာတွေကို
ဥပေက္ခာပြုနိုင်ကြပြီး
တစ်ဦးတစ်ယောက်ဖြစ်သော
ချစ်သောသူတစ်ယောက်ရဲ့
အပြစ်ဖြစ်တဲ့ပြစ်ချက်ကို
ပြင်ချက်ပေးနိင်တဲ့သူက
အိမ်ထောင်ရှင်လို့ပဲ
ဆိုပါရစေ။
ဘုန်းပညာ( အဲးခိုး)
(၂၇.၇.၂၀၂၄ ) ရက်နေ့နံနက်။

![]()
။ ချယ်ရီတွေ ငိုနေပြီ နန်းရေ ။
~~~~~~~~~~~~~~~~~~
။ ရှမ်းတိုင်းရင်းသား
တေးသံရှင် စိုင်းဆိုင်မောဝ်အသက်(၇၇)ဟာ( ၁၇.၇.၂၀၂၄) ရက်နေ့ည(၇:၁၅)နာရီအချိန်မှာ
သူနေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို့နယ်မှာပဲ
ကွယ်လွန်အနိစ္စရောက်ခဲ့ပြီဆိုတာ
အားလုံးအသိပါပဲ။
။ စိုင်းဆိုင်မောဝ်ရဲ့
သီဆိုတဲ့သီချင်းထဲက
” ရှိမြဲမရှိ သင်္ခါရတရား”
ဆိုတဲ့သီချင်းဟာ
နားဆင်ကြသူတိုင်း
စိတ်အရိုင်းတွေမဖြစ်ကြဘဲ
နားဝင်ချိုတဲ့
ဓမ္မရေးရာတေးတစ်ပုဒ်ဖြစ်လို့
ခရီးဝေးသွားရင်
အမြဲလိုလိုကြားမိပါလေရဲ့။
။ စိုင်းဆိုင်မောဝ်ရဲ့
ဘဝဖြတ်သန်းမှုအကြောင်းက
ကြမ်းလားနုလားတော့
အကုန်မပြောနိုင်ပါ။
ဒါပေမဲ့
တခါတလေ
သတင်းမီဒီယာတွေမှာ
သူ့ရဲ့ဘဝအကြောင်းနဲ့
သူရဲ့မိသားစုအကြောင်းတွေတော့
ဖတ်မိ,တွေ့မိပါတယ်။
။ သည်နေ့တော့
သူကွယ်လွန်ခဲ့ပြီဖြစ်လို့
သူ့ရဲ့ဆန္ဒလေးတစ်ခုက
သူ့ရဲ့အရိုးကို
သူမွေးဖွားလာခဲ့တဲ့
မူဆယ်မြို့ရဲ့
ချယ်ရီ
ပင်အောက်မှာ
ချယ်ရီပင်နဲ့အတူ
ထားပေးခဲ့ဖို့မှာခဲ့တယ်။
။ ဒါကြောင့်မိုပါပဲ
သူသီဆိုတဲ့သီချင်းထဲကလိုပဲ
( ချယ်ရီတွေ ငိုနေပြီနန်းရေ…)။
။ သူ့ရဲ့ဘဝ
သူ့ရဲ့ဆန္ဒ
သူ့ရဲ့သံယောဇဉ်
သူချစ်တဲ့ရှမ်းပြည်နယ်
သူချစ်တဲ့ချယ်ရီတွေ
ခုတော့
( ချယ်ရီတွေ ငိုနေပြီစိုင်းရေ…) လို့ပဲ
ပြောပြချင်ပါတော့တယ်။
အဲးခိုး
(၂၀.၇.၂၀၂၄) ရက်နေ့။

![]()
။ သည်နေ့တော့
ငါမမေ့
အိုနေ့ပြယုဂ်ဖြစ်။
။ သည်နေ့တော့
ငါမမေ့
အိုနေ့မှတ်တမ်းသစ်။
။ သည်နေ့တော့
ငါမမေ့
အိုနေ့အစစ်စစ်။
။ အိုနေ့စစ်စစ်
ငါ့အဖြစ်
အိုပြည့်မှတ်တမ်းနှစ်။
အဲးခိုး( တောင်ကလေးဆရာတော်)
(၁၈.၇.၂၀၂၄) ရက်နေ့။

![]()