Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ စည်းစိမ်မာနကဲလည်း မမြဲနိုင်ပါဘူး။
။ ဘဝမာနသဲလည်း မြဲစွာမရှိဘူး။
။ အတ္တလွန်လွန်ကဲလည်း မမြင့်နိုင်ပါဘူး။
။ ဒေါသကြမ်းတမ်းရဲလည်း မတည်မြဲနိုင်ဘူး။
။ အာဏာပြင်းပြရဲလည်း မခိုင်မြဲပါဘူး။
။ ဘုန်းကံကြီးမားဟဲလည်း မမြဲစေနိုင်ဘူး။
။ ပညာဟိတ်ကြီးဝှဲလည်း အမြဲမရှိဘူး။
။ မေတ္တာနှစ်လို့ချစ်လည်း စွဲမြဲမချစ်ဘူး။
။ ကြင်နာလွန်းလို့ကဲလည်း ဟောင်းနွမ်းမပိုင်ဘူး။
။ ယုယပိုလို့တွဲတွဲ ရှင်ကွဲမပိုင်ဘူး။
။ ရင်နာငိုလို့သဲသဲ ပူလို့မဆုံးဘူး။
။ လွမ်းလို့ဆွေးလို့ခဲခဲ ညှဉ်းဆဲမပျောက်ဘူး။
။ ဤတရား ဆင်ခြင်ပွား ၊ သတိထား ၊ ဆင်းရဲမရှိဘူး။

တောင်ကလေးဆရာတော်
( ၁၂.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အယူဝါဒ မမှားနှင့်။
။ ကိုးကွယ်ရာလည်း မမှားနှင့်။
။ အကြံအစည်လည်း မမှားနှင့်။
။ အယုံအကြည်လည်း မလွဲနှင့်။
။ ဘာသာရေးလည်း မစွဲလမ်းနှင့်။
။ အကျင့်မှား မကျင့်ပါနှင့်။
။ ဆရာတင် မမှားနှင့်။
။ တရားမှား မလိုက်နာနှင့်။
။ အဆွယ်ကောင်းသူ သတိထား။
။ အလွယ်ပေါင်းသူ ဝေးဝေးနေ။
။ တွယ်တာသန်သူ တွဲပေါင်းနေ။
။ ညာလည်သန်သူ မဆည်းကပ်နှင့်။
။ တိုးတိုးတိတ်တိတ် နေတတ်စေ။
။ ကိုယ်ကျိုးကိုယ်ပိုင် သိတတ်စေ။

တောင်ကလေးဆရာတော်
(၁၀.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ဘဝကိုအချိန်ပေးပြီး မနားပါနှင့်။
။ ဘဝကြောင့် အချိန်များစွာပေးရလိမ့်မည်။
။ အချိန်ပေးရလေသမျှ ဒုက္ခများကြမည်။
။ အလိုလိုက်မှု ပေးရမည်။
။ ချစ်ခင်မှု, ပျော်ရွှင်မှုတွေ ပေးရမည်။
။ သာယာမှုတွေလည်း ပေးရမည်။
။ အကြင်နာပိုမှုတွေလည်း ပေးရမည်။
။ ရယူမှုတွေလည်း ပေးရမည်။
။ လိုက်လျောမှုတွေလည်း ပေးရမည်။
။ အစစအရာရာ အရေးအားလုံးပေးရမည်။
။ ဘဝကိုအချိန်ပေးမိသူ ဟူသမျှ မနားတမ်း ပေးကြရမည်။

တောင်ကလေးဆရာတော်
(၉.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အိပ်ရာထ နှလုံးလှပါစေ။
။ အိပ်ရာဝင် နှလုံးစင်ပါစေ။
။ အလုပ်ခွင် နှလုံးရွှင်ပါစေ။
။ ပညာသင် စိတ်ဓာတ်ကြည်ပါစေ။
။ ဆက်ဆံရေး စိတ်ထားအေးပါစေ။
။ ဒါနရေး ကြည်ဖြူဖွေးမြတ်စေ။
။ ပေါင်းသင်းရေး စိတ်ထားနွေးစေလေ။
။ မိဘကို မြဲစွာရိုသေလေ။
။ ဆရာကို အမြဲချည်းကပ်နေ။
။ ကိုယ်ကျင့်ရေး ဖောက်ပြန်မရှိနေ။
။ အိမ်တွင်းမှု သိမ်းထုပ်သေချာစေ။
။ ဘာဝနာ အမြဲပွားနေစေ။
။ ကြည်မြမြ လှပနေထိုင်စေ။

တောင်ကလေးဆရာတော်
(၈.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အကြင်နာပိုရင် အလိုလိုက်ရမယ်။
။ မနာလိုရင် ရင်ပိုနာရမယ်။
။ ဝန်တိုမှုများရင် ရုပ်ပိုအိုမြန်မယ်။
။ နားလည်မှုပိုရင် ပိုပင်ပန်းရမယ်။
။ အထင်သေးမှုများရင် မာနကဲလာမယ်။
။ ဦးစားပေးများရင် စိတ်ပိုဆင်းရဲမယ်။
။ ခယမှုပေးရင် ပိုပြီးမောက်မာမယ်။
။ နားးလည်မှုထားရင် ပိုနာကြည်းရမယ်။
။ ပိုပိုပြီးပြောရင် ကိုယ်ပဲပူရမယ်။
။ ပိုပိုပြီးလျှော့ရင် အကုန်ပေါ့တန်မယ်။
။ ဒါကြောင့် ကိုယ်ကောင်းအောင်သာနေ။

တောင်ကလေးဆရာတော်
(၆.၈.၂၀၂၂) ရက်နေ့ နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ရုပ်ဟောင်းကိုပြစ်
ရုပ်သစ်ချစ်လည်း
ရုပ်စစ်မှန်ကဖြစ်,ပျက်ကြ။

။ အိုသည့်ရုပ်စု
နာရုပ်စုနှင့်
သေမှုမကင်း
ရုပ်ဖြစ်ခြင်းကို
ပြင်ခြင်းမတတ်နိုင်ကြဘူး။

။ ချောလှပျိုနု
အစပြုလည်း
အိုမှုနာရင်း
သေရင်းနဲ့သာအကြောင်းကူး။

။ နေ့နေ့ညည
ကျောင်းထိန်းရလည်း
ခဏမစဲ
အိုနာမြဲမို့
သေမြဲမဆုံးဖြစ်လေဦး။

။ ဝဋ်မြစ်မကုန်
ဝဋ်သစ်ပုံရ
ဝဋ်ကုန်အောင်ဆပ်
ပေးဆပ်ကြလည်း
ဒုက္ခဖြင့်သာကြောင်းမထူး။

။ ယနေ့သင့်မှာ
ပြင်ဆင်ပါတော့
ဘာဝနာဉာဏ် ဖြာဝေဦး။

။ လူးလူးလဲလဲ
ဒဏ်ဆင်းရဲကို
ပြောင်းလဲပြင်ဆင်လိုက်ပေဦး။

တောင်ကလေးဆရာတော်
(၅.၈.၂၀၂၂) ရက်နေ့ နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ကိုယ်နှင့်မဆိုင် မသိချင်နှင့်။
။ အကျိုးမရှိတာတွေ မဖြစ်ချင်နှင့်။
။ မေတ္တာမရှိရင် မချစ်ချင်နှင့်။
။ မတည့်အတူ မနေချင်နှင့်။
။ အကျိုးနည်းအရပ် မရောက်ချင်နှင့်။
။ အသုံးမကျ မမှီချင်နှင့်။
။ အားကိုးအရ မခင်ချင်နှင့်။
။ ကျေးဇူးသိသူ မဝေးချင်နှင့်။
။ ကိုယ့်အပေါ် သစ္စာမဲ့သူ မနီးချင်နှင့်။
။ ကတိတည်သူ မပျက်ချင်နှင့်။
။ မကြီးပွားရင် မရှာပါနှင့်။
။ ပညာမတတ်ရင် မနေပါနှင့်။
။ ဆုတ်ယုတ်ပျက်စီးရင် မကျင့်ပါနှင့်။
။ အနိုင်ကျင့်ရင် မတော်လှန်ပါနှင့်။
။ ကိုယ်ကျင့်ကိုယ်ကြံ မြတ်အောင်နေ။

တောင်ကလေးဆရာတော်
(၂.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ မေ့ရမယ့်အကြောင်းကို မေ့ပစ်ပါ။
။ ရှင်းရမယ့်ကိစ္စကို ရှင်းထားပါ။
။ ပြင်ထားသင့်တာတွေ ပြင်ဆင်ထားပါ။
။ ကြဉ်ဖယ်သင့်တာတွေ ကြဉ်ဖယ်ထားပါ။
။ သာယာခဲ့တာတွေ ပယ်နုတ်ထားပါ။
။ အားကိုးခဲ့တာတွေ လျှော့ချစေပါ။
။ ကြော့မော့ခဲ့တာတွေ ပြန်ပြင်ဆင်ပါ။
။ လျှော့ပေါ့ခဲ့တာတွေ ပြန်တည်ဆောက်ပါ။
။ မှားခဲ့တာတွေ နောင်တရပါ။
။ နိုင်ခဲ့တာတွေ ပြန်တောင်းပန်ပါ။
။ ကတိပျက်ခဲ့တာတွေ ပြန်သတိရပါ။
။ သည်နေ့ စိတ်ရဲ့အညစ်အကြေးကို ရှင်းပါ။

တောင်ကလေးဆရာတော်
(၁.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ မနာတတ်သော နှလုံးသား။
။ ခံနိုင်ရည်ရှိသော စိတ်ဓာတ်။
။ မတွန့်တိုတတ်သော စေတနာ။
။ ကိုယ်ချင်းစာတရားထားသော အကျင့်။
။ အနိုင်မယူသော ပတ်ဝန်းကျင်။
။ အမြဲခွင့်လွှတ်သော နေရာတကာ။
။ အနစ်နာခံနိုင်သော ပါရမီ။
။ ကိုယ်ကျိုးမရှာသော ဘဝ။
။ ဒုက္ခနှင့်အရင်းတည်သော အပယ်ခံလမ်းစဉ်။
။ အများအကျိုးကို ညှာတာသနားထောက်ထား။
။ ဤတရား သူတော်ကောင်းတို့ရဲ့ မြတ်တံခွန်။

တောင်ကလေးဆရာတော်
(၂၉.၇.၂၀၂၂)ရပ်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ သူမြတ်ကျင့်ထုံး လက်ကိုင်သုံးပါစေ။
။ အာရုံယစ်မူး ​ပျော်မကြူးစေနှင့်။
။ လောကဓံဘယ်လိုကြုံ မဖြုံစတမ်းမာပါစေ။
။ လူနှင့်လူချင်း ရန်စစ်ခင်းခြင်းကို အားမပေးပါနှင့်။
။ ဒုက္ခလွတ်ကင်း အလင်းပေါက်ရောက်အောင်နေတတ်ပါစေ။
။ သောကကိုထိန်း ရမ္မက်သိမ်းတတ်ပါစေ။
။ မာနတံခွန် ဂုဏ်ခံပြီး မနေပါနှင့်။
။ လူနှင့်ဆိုင်ရာကျင့်ဝတ်တရားတွေကို လိုက်နာတတ်ပါစေ။
။ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်းတတ်ပါစေ။
။ ဝတ်မူအထွေထွေ အမြဲကျေပါစေ။
။ တာဝန်ဝတ္တရား အမြဲမလစ်ဟင်းပါစေနှင့်။
။ မှောက်မှားတတ်သည့် မည်သည့်အရာမဆို သတိထားပြီး တရားကို ဘယ်တော့မှ မမေ့ပါစေနှင့်။

တောင်ကလေးဆရာတော်
(၂၈.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး