Categories
နိုင်ငံရေး

ကလောင်အမည် “အဲးခိုး” ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်

တောမှီရဟန်း (တောင်ကလေးအေးရိပ်သာ – ဘားအံ)

။ စာရေးဆရာတစ်ယောက်ရဲ့အမည်ကို (ကလောင်နာမည်ကို) အမျိုးမျိုးရွေးကြတဲ့အထဲက အရှင်လည်းပဲ တစ်ပါးအပါအဝင်ပဲပေါ့။ အရှင့်ရဲ့ကလောင်အမည်ကတော့ မေးမြန်းကြလိုက်တာများ မပြောပြနိုင်လောက်အောင်ပါပဲ။ ဘာကြောင့်များပါလိမ့်။

။ ကိုင်း….စာဖတ်တဲ့ပရိသတ်တွေကို “အဲးခိုး” ဆိုတဲ့အဓိပ္ပါယ်ကို သိကြရအောင် လေ့လာမှတ်သားကြပါစေလေ။

။ (၂၁၃) လက်ျာကျွန်းတည့်၊ ထက်ဝန်းပတ်ဝုတ်
သမုဒ်ရစ်ခွေ၊ ပင်သပြေနှင့်
လူ့ဘောင်လူနေ၊ လူ့ရပ်မြေလည်း
မသွေမှန်ဘိ၊ သုံးထောင်ယှိလျက်
ရေတိရံရှောင်း၊ မြေနားဍောင်းဟု
သောင်းဇမ္ဗူဒီ၊ မြရည်ညီသား
မဟီ ကုဏ္ဍလာ၊ သုန္ဒရာထက်
တေဇာတက်တုန်း၊ ဘက်မနှုန်းအောင်
ဘုန်းနှင့်လက်ရုန်း၊ စိန်နှစ်လုံးသို့
ရွယ်ကျုံးရည်တိုင်၊ တောက်တောက်ပိုင်းလျက်
ကွန့်လှိုင်းဘုန်းရောင်၊ လက်ရုံးပြောင်သည်
သားမောင်ဒါလီ၊ ချစ်ကြိုးသီ။ရေနေလေးထောင်၊ တောသုံးထောင်က

။ ဤသို့စသား၊ များလှတုံစွာ
မင့်းရေးရာကို၊ ပြည်လာပြည်တဲး
လူဖြင်ပြဲးကို၊ ဝမ်းထဲးထွေပြား
ကြံစိတ်ပြားပြီး၊ ဆန်းပြားဖြာဖြာ
နီးသို့ဖျာလျက်၊ မင်္ဂလာနန်းတွင်း
မတ်ခပင်းနှင်၊ မင်းတို့ပြကတေ့
တနေ့သုံးယံ၊ ညီလာခံ၍
ဝန်းရံသဘင်၊ ရွှေဘုံပြင်ဝယ်
တိုင်ပင်မပျင်း၊ ခါမကင်းဘဲး
စိုင်းပြင်းအလေ့၊ မှန်မရွေ့လင့်
မမေ့မလျော့၊ မင်းကဉ်ကြော့လျှင်
ပေါ့ပေါ့သိပ်သိပ်၊ ဟူသောအခြင်း
သဘောရင်းကို၊ မင်းတို့ရေးရာ
ဤလေးဖျာတွင်၊ သေချာခပ်နှိပ်
ရွှေတံဆိပ်သို့၊ သိပ်သိပ် သိမ်မွေ့
ကြံစည်လေ့လော၊ စေ့စိပ်သေချာ
မပေါ့ရာဘူး၊ ကြီးစွာခွန်အား
ကိုယ်ကားတောင့်နှယ်၊ အစွယ်ငင်းငင်း
မာန်ပြင်းမုန်ဝေ၊ တောနေပေါက်ထီး
မာတငါကြီးလျက်၊ ချည်းနှီးချို့တဲ့
ဉာဏ်မဟဲ့ကြောင့်၊ ခေါင်းမဲ့တုံးတုံး
ဗုဇွန်လုံးမှ၊ ရှုံးခဲ့ညွန်တွင်း
နစ်သေလျှင်း၏၊ ရေမင်းနဂါး
ပေါက်စားလုစွာ၊ ကေသရာမူ
ပညာကြံထံ၊ နှံစုတ်ငှက်နှင့်
ပေါင်းဘက်၍လျှင်း၊ တိုင်ပင်တုံရှောင်း
ကြံကောင်းကြံရာ၊ ကြံမိပါ၍
ချမ်းသာရလျှင်း၊ သေဘေးကင်း၏။

“သားမင်းရွှေစင်၊ ဤပုံပြင်ကို
ဝမ်းတွင်စွဲး၍၊ စံတည်မွေ့လော့”။

“ထိုရွေ့များစွာ၊ သတ္တဝါကား
ခန္ဓာရင့်တိုင်း၊ စိတ်ရုန့်ရိုင်း၏
ပိတ်ထိုင်းမောဟ၊ မိုက်တွင်းကျ၍
အန္ဓပုထုဇဉ်၊ ဉာဉ်မယှဉ်ဘူး
ပျိုစဉ်တဏှာ၊ အို မိစ္ဆာနှင့်
ပညာကင်းဘိ၊ သတိကင်းပ
ဉာဏ်ကာန်းစွကြောင့်၊ သတ္တဝါအလေ့
မငြီးငွေ့ဘူး”၊ ဘုန်းဟေ့ဘုရင်
ငါ ဘခင်မူ၊ တောဝင်ယခု
ရဟန်းပြု၍၊ စတု ဗြဟ္မ
ဝိဟာရဖြင့်၊ အတ္တဟိတ
ကိုယ်ကျိုးမျှသာ၊ နေ့ညဆော်နှိုး
အားထုတ်ကြိုးပိမ့်၊ တိုင်းကျိုးပြည်ကျိုး
သူ့အကျိုးကိုအဲးခိုး (အဲးခိုး) မသံတို့ပြီဘူး။ 

(၄၄) ဆိုတဲ့ မဟာအတုလကာရီ၊ မဃဒေဝလင်္ကာသစ်၊ တတိယပိုင်း၊ ပုတ္တောဝါဒခဏ်းရဲ့ “အဲးခိုး” ဆိုတဲ့ရှေးဟောင်းမြန်မာတွေရဲ့စကားပါ။ 

လေ့လာမှတ်သားကြသူများ “တိုင်းကျိုးပြည်ကျိုး၊ သူ့အကျိုးကို၊ အဲးခိုးမသံတို့ပြီဘူး” ဆိုတဲ့ အားထုတ်မှုဖြင့် အမိမြန်မာပြည်ကြီးကို “အဲးခိုး” တို့လိုပဲ ချစ်ခင်မြတ်နိုး တည်ဆောက်ပြုပြင်ကြပါစို့။

တောင်ကလေးဆရာတော် (အဲးခိုး) 
(၁၃.၁၂.၂၀၁၅) ရက်နေ့။ 

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

။ တိုင်းပြည်အတွက် ။

မိသားစုကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းပါ

ကြီးပွားတိုးတက်အောင်လုပ်

ပြီးလျှင်

တိုင်းပြည်အတွက် အလုပ်လုပ်ပါ

တောင်ကလေးဆရာတော်

(၇.၁၂.၂၀၁၅)

Loading

Categories
နိုင်ငံရေး

။ နောင်နှစ်ခါ တန်ဆောင်မုန်း လှည့်ကြည့်ပါဦး ။

။ မနေ့က
မြင်ရတဲ့မြင်ကွင်းလေးတစ်ခု
မိသားစုအဆင်မပြေမှုပါ
ရှိစု, မရှိစု မိသားစုမို့လေးပေါ့
ပူမှုရယ်က ဆယ်ကုဋေပါပဲ။

။ ငယ်ငယ်ရွယ်ရွယ်လေး
အိမ်ထောင်သည်ပြုအတွေးကြောင့်
ဘာရယ်လို့မသိတတ်သေးတဲ့သူတို့အရွယ်
ကလေးလေးတပွေ့ပွေ့တဖက်ဖက်
အနှီးမလုံတဲ့ ပိတ်သားလေးနဲ့
ကိုယ်မလုံ ကလေးလေးဘဝကို
မြင်ရရင်မှာ အသဲကွဲလုမတတ်လောက်အောင်ပါပဲ။

။ သည်အရွယ်လေး
ကလေးမိခင် မဖြစ်သင့်သေး
ဒါတွေအတွေး မရောက်ဖြစ်ခဲ့
ငယ်ငယ်လေးနဲ့ မိခင်လောကရောက်ခဲ့ရ။

။ မိခင်လောက မိခင်သောကများရလို့
အားမကိုးရတဲ့ လင်သားတစ္ဆေက
ပေတေတေ အရိုက်အပုတ်တွေနဲ့
သူငါရှေ့ နောက်မဆုတ်တတ်
မြင်ရတဲ့ လူမှုမိသားစုအထုပ်ကို
စိတ်ပြုတ်လု မတတ်ပါပဲ။

။ နေရာတကာ
အချေးအငှားလေးနဲ့
နေဖို့နေရာ တဲစုတ်ဘေးမှာ
သည်ကလေး သည်မိခင် သည်ဖခင်
ဘယ်သူမှ မခင်မင်ကြ
မချစ်ကြလေတော့
ကျမျက်ရည် နှလုံးထိခိုက်။

။ ငယ်ရွယ်ချိန် မေ့
ကြီးချိန် ပိုမေ့နေရတဲ့
သူတို့ရဲ့အလှအပကို
တိုင်းပြည် မမဲ့
ပညာတွေ မမဲ့ဖို့
သူတို့ဘဝကို
ဘယ်သူတွေ ကယ်ကြမလဲ
ဘယ်သူတွေပို့ကြမလဲ။

။ “ပြည်အရေး အမြဲတွေးတဲ့
မြန်ပြည်သွေးအပေါင်း
ဘေးရန်များကင်းစေရေး” ကို
မေတ္တာရေး အတွေးသန့်သန့်နဲ့
ဖေးမလို့ ချိန်တန်ပြီပေါ့။

။ နောက်ဆုံး……….
သည်ကလေး
သည်မိခင်
သည်ဖခင်တွေကို
ဘယ်သူကယ်မ မြတ်ကြမယ်
ဘယ်သူကယ်မ ထကြမယ်
ဘယ်သူကယ်မ ရကြမယ် ဆိုတာကို
ပြည်တော်ကို လှည့်ကြည့်ကြဦး။။

တောမှီရဟန်း (အဲးခိုး) 

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

။ တာဝန်နှင့် ဝတ္တရား ။

နိဒါန်း

။။။။။။။။။။။။။။။။။။။။

။ တာဝန်ဆိုတာ မလုပ်လို့မဖြစ် လုပ်ရတာဟာ ” တာဝန် ” ပါ။ အချိန်ရှိသမျှ အမြဲတမ်းလုပ်ရမှာက ” ဝတ္တရား ” ပါ။ ဒီတာဝန်နဲ့ ဝတ္တရားနှစ်ပါးကို တာဝန်ဆိုတာ ဝတ္တရားထက် ပိုအရေးကြီးပါတယ်။ ဝတ္တရားပျက်ကွက်တဲ့လူတစ်ယောက်အတွက် များများမနစ်နာပါဘူး။ တာဝန်ပျက်ကွက်ရင်တော့ တစ်မျိုးသားလုံးနဲ့ တစ်နိုင်ငံလုံးနစ်နာပျက်စီးတတ်ပါတယ်။

ဥပဒေအာဏာဆိုတာ

။။။။။။။။။။။။။။။။။။။။။။။။။။။

။ တိုင်းပြည်ရှိတဲ့နိုင်ငံသားဟာ အရေးအကြီးဆုံးတာဝန်မှာ တိုင်းပြည်ရဲ့ဥပဒေကို ရိုသေလေးစားလိုက်နာဖို့ပါပဲ။ သိဖို့ပါပဲ။နိုင်ငံတော်ရဲ့ဥပဒေဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့သဘောအရ ပြဋ္ဌာန်းထားတာမဟုတ်ဘဲ နိုင်ငံသားတိုင်း ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံ့ကိုယ်စားလှယ်မှာပါဝင်တဲ့ ဥပဒေပြုလွှတ်တော်က ပြုလုပ်ပြဋ္ဌာန်းထားတဲ့ ဥပဒေပါပဲ။ ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ (ဥပဒေ အာဏာဟာ) နိုင်ငံသားထံမှဆင်းသက်လာတာဖြစ်တာကြောင့် နိုင်ငံသားတိုင်း ထိန်းသိမ်းလိုက်နာကျင့်သုံးရသည့်တာဝန် ရှိကြပါတယ်။

ပြင်ဆင်, ဖျက်သိမ်း

။။။။။။။။။။။။။။။။။။။။။။။။

။ ဥပဒေဆိုတာ အများကောင်းကျိုးအတွက်ပါ။ရိုသေလေးစားတန်ဖိုးထားရင်ထားသလို အဖိုးတန်ပါတယ်။ သို့မဟုတ် ဥပဒေက နိုင်ငံသားတွေကိုဆန့်ကျင်မှု ဖြစ်လာခဲ့ရင် ၊ လိုက်နာကျင့်သုံးဖို့ မလျော်ခဲ့ရင် အဲဒီဥပဒေကို ပြင်ဖို့ (သို့မဟုတ်) ဖျက်သိမ်းဖို့ ဥပဒေပြုလွှတ်တော်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုကြပြီး လိုအပ်ပါက ပြင်ဆင်ပေးရမယ်။ ဖျက်သိမ်းပေးရမယ်။

အတွက်အားလုံး

။။။။။။။။။။။။။။။။။။။။။

။ ကိုင်း

မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူပြည်သားတွေအတွက် လိုက်နာကျင့်သုံးဖို့ လျော်, မလျော် ပြည်သူတွေ သိထားကြရမယ်။ ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ မလေ့လာထားကြတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအားလုံးအတွက် ကောင်းကျိုးဖြစ်, မဖြစ်ဆိုတာကို သိထားရမယ်။ အကယ်၍ အကျိုးမရှိတဲ့အခြေခံဥပဒေဖြစ်ရင်

(က) ပြင်ဆင်လိုက ပြင်ဆင်နိုင်ရမယ်

(ခ) ဖျက်သိမ်းလိုက ဖျက်သိမ်းနိုင်ရမယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို မြင်ဆင်, ဖျက်သိမ်းမလုပ်နိုင်ကြတာကြောင့် တိုင်းပြည်အတွက်, ပြည်သူလူထုအတွက် နစ်နာနေကြရပါတယ်။

နိဂုံး

။။။။။။။။။။။

။ (၁) တာဝန် ရှိသည့်ပြည်သူများ

(၂) ဝတ္တရားရှိသည့်ပြည်သူများ ဘယ်လိုမျိုး အခြေခံဥပဒေကို ပြင်ဆင်, ဖျက်သိမ်းနိုင်ကြမလဲ။ အများကောင်းကျိုး ဥပဒေက ဘယ်လို ဥပဒေမျိုးပါလဲ? လေ့လာသိမြင်သင့်ပါပေတယ်။

ရင်ကိုအေးမြပါစေသား (အဲးခိုး)

Featured image: Compare and Contrast Duty and Responsibility – ppt video online download (slideplayer.com) by Kallie Dryden

Loading

Categories
နိုင်ငံရေး အခြား

ဥပဒေအရည်အသွေး – အဲးခိုး

ဥပဒေအရည်အသွေး –တောမှီရဟန်း

 တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိ သည်”” ဟူသော အဓိက ပိုင်ရှင်ကဲ့သို့ ဆိုထားသည်ကြောင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် တပ် မတော် တာဝန်ရှိသူများ လက်ခံခြင်းမရှိပါက ပုဒ်မ ၄၃၆(က) (ခ) တွင် မည်သို့ပင်ဆိုစေ ပြင်ဆင်ရန် ရနိုင်မည်မဟုတ်…

နိဒါန်းအရည်အချင်းပြည့်မီသော နိုင်ငံရေးစနစ်များတွင် ဥပဒေစိုးမိုးရေး၌ ပါဝင်သည်။ နိုင်ငံရေးဆိုင်ရာ အခွင့် အရေး၊ ပြည်သူ့ လွတ်လပ်ရေးနှင့် နိုင်ငံရေး တန်းတူညီမျှမှုရှိရန် နိုင်ငံတော်အာဏာကို အလွဲသုံးမှု အန္တရာယ်များ မရှိ စေရန် ဥပဒေစိုးမိုးရေးသည် နိုင်ငံရေးစနစ်၏အရည်အသွေးဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်”” ဟူသော

အဓိက ပိုင်ရှင်ကဲ့သို့ ဆိုထားသည်ကြောင့်

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်

တပ်မတော်တာဝန်ရှိသူများ

လက်ခံခြင်းမရှိပါက

ပုဒ်မ ၄၃၆(က) (ခ) တွင် မည်သို့ပင်ဆိုစေ ပြင်ဆင်ရန် ရနိုင်မည်မဟုတ်…

ဥပဒေပြုခြင်းစနစ်

နိုင်ငံတစ်ခု၌ ပိုင်ဆိုင်ကြသော အချုပ်အခြာအာဏာကို

(၁) ဥပဒေပြုရေးအာဏာ၊

(၂) အုပ်ချုပ်ရေးအာဏာနှင့်

(၃) တရားစီရင်ရေးအာဏာဟူ၍ ခွဲခြား(ခွဲခြမ်း)ထားသည်။ ဥပဒေပြုရေးသို့ မဟုတ် ဥပဒေပြုခြင်းကို နိုင်ငံရေး အာဏာ ၏ပင်စည်မူလရေသောက်မြစ်ဖြစ်၏။ အာဏာကြီးသုံးရပ်တို့တွင် ဥပဒေပြုရေးအာ ဏာကိုကျင့်သုံးရန် လွှတ်တော်ကို အပ်နှင်း ထားသည်။ မြန်မာပြည်နိုင်ငံရေးစနစ်အရ ဥပဒေပြုခြင်းစနစ်ကို ပြည်ထောင်စု လွှတ် တော်ကို အပ်နှင်းထားသည်။ ဥပဒေပြုခြင်းတွင် ဥပဒေသစ်များတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြု ခြင်း၊ ပြဋ္ဌာန်းခြင်း၊ ပယ်ဖျက်ခြင်းစသည်တို့ဖြင့် ပါဝင်သည်။

တစ်နည်း – အပြန်အလှန်ထိန်း ကျောင်းသောစနစ်အရ

(က) အုပ်ချုပ်ရေးတာဝန်ခံ- သမ္မတ။

(ခ) ဥပဒေပြုရေးတာဝန်ခံ-လွှတ်တော်။

(ဂ)တရားစီရင်ရေးတာဝန်ခံ- ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ကို ခွဲဝေအပ်နှင်း၍ ကျင့်သုံးသည်။ နိုင်ငံရေး သုံးသပ် သူတို့က ယင်းတို့သည် အာဏာရှင်သုံး ယောက်ဖြစ်မလာနိုင်။ တစ်ဦးတည်း အာ ဏာရှင်စနစ်ကိုလည်း တားမြစ်ပြီးဖြစ် သည်။ သမ်္မတဦးဆောင်သောပြည်ထောင် စုအစိုးရနှင့် ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ် တိုင်းအစိုးရအဖွဲ့ ထားရှိခြင်းဖြင့် ပြည်ထောင်စုစနစ် ပီပြင်မှုရှိသည်ဟု နိုင်ငံ ရေးလေ့လာသူတို့ကဆိုသည်။

အလေးထားဆောင်ရွက်ရမည်

ခေတ်အချိန်အခါပြောင်းလဲနေ၍ ဥပဒေအရပ်ရပ်သည်လည်း ခေတ်ချိန်ခါနှင့် မလျော်ညီသော ဥပဒေများဖြစ်လာ တတ် သည်။ ဤသို့ဖြစ်လာသောအခါ ပြင်ဆင် လိုခြင်း၊ ဖြည့်စွက်လိုခြင်း၊ ဖျက်သိမ်းလို ခြင်းများဖြစ်လာ တတ် သည်။ ခေတ်ပြောင်းခြင်းသည် ဥပဒေအရာ၌လည်း ပြောင်းပေးရသော သဘောရှိသည်ကြောင့် ပြည်ထောင် စုစနစ်ဖြင့် တည်ထောင်ထားသော တိုင်း ပြည်များအလေးထားရမည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်အရ မိမိတစ်မျိုး သားလုံးအရေးကို (သို့မဟုတ်) အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်သတိ ပြုရမည်။ ဥပဒေဟောင်းများ ပြင်ဆင်ခြင်း၊ ဥပဒေသစ် များ ပြဋ္ဌာန်းခြင်း သည် ပြည် ထောင်စုစနစ် တည်ထောင်သော တိုင်းပြည်များ အလေးထားဆောင် ရွက်ရမည့် နိုင်ငံရေး ကျင့်သုံးမှုဖြစ်သည်။

မြင်နိုင်သည်

ဥပဒေပြုခြင်းစနစ်သည် မြန်မာပြည်တွင် လွှတ်တော်နှစ်ရပ်ဖြင့်ဦးဆောင်သော (ပြည်ထောင်စုလွှတ်တော်) ဥပ ဒေပြုခြင်း စနစ်ကိုကျင့်သုံးသည်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးကို တာဝန်ယူ၊ တာဝန်ခံ ရသည်။ ပြည်ထောင်စုလွှတ်တော်က အကြွင်းမဲ့ ဥပဒေပြုရေးကို တာဝန်ယူ၊တာဝန်ခံရသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားစီရင်ရေးကို တာဝန်ယူ၊ တာဝန်ခံရသည်။ နိုင်ငံရေးစနစ်အရ အချုပ်အခြာ အာဏာ သုံးရပ်လုံးကို တစ်ဦးတစ်ယောက်တည်းဖြင့် ချုပ်ကိုင်မှုပြုထားလျှင် အာဏာရှင်စနစ်ဘက် သို့ ရှေးရှု ရောက် သွားနိုင်သည်ကြောင့် အာဏာယစ် မူးခြင်း၊ အာဏာတည်မြဲခြင်းရန်မှ လွတ်ကင်းရန်(တားမြစ်ရန်) အာဏာကြီး သုံးရပ်ကို တစ်ဌာနစီ အလျားလိုက် ပိုင်းခြားသတ် မှတ်ထားရသည်။ ဤသို့သာ မရှေးရှုနိုင် သော နိုင်ငံရေးသည် တိုင်းပြည်အတွက် အန္တရာယ်များသည် မြန်မာနိုင်ငံရေး အ ကြောင်းကိုလေ့လာပါက ဖြစ်ရပ်မှန် များမြင် နိုင်သည်။

၂၀၀၈ခုနှစ် အခြေခံဥပဒေကပြသည်

မြန်မာပြည် ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ဥပဒေပြုမှုအာဏာကို

၁။ အမျိုးသားလွှတ်တော်၊

၂။ ပြည်သူ့လွှတ်တော်၊

၃။ ပြည်နယ်လွှတ်တော်၊

၄။ တိုင်းဒေသကြီးလွှတ်တော်၊

၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင် ဥပဒေပြုရေး အာဏာခွဲဝေအပ်နှင်း ထားသည်ကို တွေ့ရသည်။ ဤသို့ ဥပဒေ ပြုခွင့် အာဏာရပ်ပေးထားမှု (ခွဲဝေမှု)ပြု ထားသည်ဆိုသော်လည်းကျင့်သုံးဆောက် တည်နိုင်မည့် ဥပဒေ တစ်ရပ်ဖြစ်လာနိုင်ရန်။ ပြည်ထောင်စုလွှတ်တော်က ချုပ်ထိန်းထားသည်ကို တွေ့ရသည်။ မြန်မာပြည်တွင် တိုင်း ရင်းသားလူမျိုးများဖြင့် တည်ထောင်သော ပြည်ထောင်စုတိုင်းပြည် ဖြစ်သည်ကြောင့် တိုင်းရင်းသား လူမျိုးများ အချုပ်အခြာအာဏာကို ကိုယ်ပိုင်ပြဋ္ဌာန်း နိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်သော ဥပဒေ တစ်ရပ်အဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် (အခြေခံဥပဒေက)ပြသည်။

ပြင်ဆင်ရန် ရနိုင်မည်မဟုတ်

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ခွင့်ရှိသော အခွင့်အရေးနှင့် ပတ်သက်၍ ယင်း၏ အခန်း(၁၂)၊ ပုဒ်မ ၄၃၆ -ပုဒ်မခွဲ(က)အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ““ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ”” ဟူသော စကားရပ်ဖြင့်လည်းကောင်း၊

(ခ) အရ““ထောက်ခံဆန္ဒမဲဖြင့်သာ”” ဟူသော စကားရပ်ဖြင့်လည်းကောင်းဥပဒေ ပြင်ဆင်နိုင်ခွင့်စကားရပ်၌ လုပ်ထုံး လုပ်နည်းအကျိုးမဲ့စေသော သို့မဟုတ် တားမြစ်ခြင်းစကားရပ် အကြွင်းမဲ့ပါရှိခြင်းကြောင့် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေများ ပြင်ဆင်နိုင်ခွင့် အလားအလာမရှိပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲ ဥပဒေ များကို ပါတီများလိုက်နာကြရမည် ဖြစ်ခြင်း။ တစ်နည်းပါတီများသည် နိုင်ငံတော်၏ ကျေးဇူး သစ္စာတော်ကို စောင့် သိရိုသေရန်တာဝန်ရှိခြင်း၊တစ်နည်းပါတီများသည် တာဝန်ကြီးသုံးပါးဖြစ်သော

(က) ပြည်ထောင်စုမပြိုကွဲရေး၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊

(ဂ) အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရ မည် ဖြစ်သည်ကြောင့် ၂၀၀၈ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေများ ပြင်ဆင်နိုင်ရန် တရား ဝင်ဖွဲ့စည်းထားသောပါတီများလည်းအခြေ ခံဥပဒေပါမူကို လွတ်လပ်စွာပြင်ဆင်နိုင်ခွင့် ရရန်မလွယ်ကူပေ။ ပြည်သူပြည်သားများက ““နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦး ဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”” ဟူသောပုဒ်မ၆၊ ပုဒ်မ ခွဲ(စ)ကို အမြဲတစေ သိထားကြသည်ကြောင့် တပ်မတော်၏ အစဉ်အလာလုပ်ရပ် များကို ကြောက်ရွံ့နေကြသည်။ အမျိုးသားနိုင်ငံ ရေး၌ တပ်မတော်အစဉ်တစိုက် ဦးတည် ပါဝင်ရေးဖြစ် သည် ကြောင့် ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ)အရ ““တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက် ရန် အဓိကတာဝန်ရှိသည်””ဟူသော အဓိက ပိုင်ရှင်ကဲ့သို့ ဆိုထားသည်ကြောင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရန်တပ်မတော်တာဝန်ရှိသူများ လက်ခံခြင်းမရှိပါက ပုဒ်မ ၄၃၆(က) (ခ) တွင် မည်သို့ပင်ဆိုစေ ပြင်ဆင်ရန် ရနိုင်မည် မဟုတ်။

လေးစားတန်ဖိုးမြတ်နိုးသင့်

၂၀၀၈ခုနှစ်၊ မေလ ၁၀ရက်နှင့် ၁၄ရက်တို့တွင် မြန်မာပြည်တစ်ဝန်းလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၇၂၈၈၈၂၇)ဦး အနက်ဆန္ဒမဲပေးသူဦးရေ (၂၆၇၇၆၆၇၅)ဦး (၉၈ ဒသမ၁၂)ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ထောက်ခံဆန္ဒမဲ ပေးသူ ၂၄၇၆၄၁၂၄ဦး (၉၂ဒသမ၄၈)ရာခိုင်နှုန်းအရ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို (၂၉၊၅၊၂၀၀၈)ရက်နေ့တွင် အတည်ပြု ထားသော ပြည်သူ့ဥပဒေသည် ယခုအချိန်တွင် ပြင်ဆင်နိုင်ရန် နည်းအမျိုးမျိုးစီစဉ် သုံးသပ်နေကြပါ သော်လည်း အဓိက တာဝန်ထားရှိကြသော တပ်မတော်က လက်ခံနိုင်ခွင့်မရှိ လျှင် ပြည်သူ့ဥပဒေ သို့ မဟုတ် ပြည်ထောင်စုနို င်ငံရေးစနစ် ဥပဒေ ဖြစ်လာမည်မဟုတ်။ စစ်ဥပဒေသာတည် ရှိနေဦးမည်။ ဤသဘောတရားကို တိုင်း ကျိုးပြည် ဝန်များထမ်းဆောင်နေကြသော လွှတ်တော်အမတ်မင်းများသည် မည်ကဲ့သို့ ထိတွေ့ ဆက်ဆံ အား ထုတ်ကြရမည်ကို ပြည်သူတို့၏ ဆန္ဒကိုလေးစား တန်ဖိုးထားသင့် သည်။ ပြည်သူ့ကိုယ်စားလှယ်အစစ် အမှန်ဖြင့် ပြင်ဆင်သော ဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် ပြည်သူ့ကောင်းကျိုးတို့ကို လိုလား နှစ်သက် ကြသော ပြည်သူ့ကိုယ်စားလှယ်အမတ်မင်းများ အခြေခံ ဥပဒေပုဒ်မ(၈)ကို လေးစားတန်ဖိုးမြတ်နိုး သင့်ကြ သည်။

ရွေးချယ်အသုံးချမှုပြုထား

လွတ်လပ်သော ဥပဒေတစ်ရပ် (ဥပဒေတစ်ခု) တည်ထွန်းနိုင်ရန်အတွက် နိုင်ငံရေးပါတီများကိုင် စွဲထား သောအာဏာများဖြင့် ဥပဒေပြုခွင့်ကိစ္စရပ်များကို ဝင်ရောက် မခြယ်လှယ်သင့်။ ပြည်သူ့ အကျိုးစီးပွားကို ဦးတည်၍ ဆောင်ရွက်သင့်၏။ သြဇာအရှိန်အဝါ၊ အရေးအရာရပိုင်ခွင့်တို့ဖြင့် ပြည်သူ များမျှော်လင့်သော ဥပဒေများ ပြင်ဆင်နိုင် မည်မဟုတ်။ ပြည်ထောင်စုအရေးဟု ဆိုပေငြားလည်း တစ်ဦးတစ်ယောက် စိုးမိုး နိုင်ရန်ပြည်သူ့ဆန္ဒဖြင့် ရေးဆွဲတည်ဆောက်မည့် ဥပဒေဖြစ်ပေါ်နိုင်မည်မဟုတ်။ အုပ်စိုးလိုသူ တစ်ဦး တစ်ယောက်၏ ဆန္ဒဖြင့်လည်း တိုင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲ၊ပြင်ဆင်နိုင်မည်မဟုတ်။ ပြည်သူ့ ရပိုင်ခွင့်သို့မဟုတ် ပြည်သူတို့၏အခွင့်အရေး ဖြစ်သော ဥပဒေတစ်ခုတွင် ဒီမိုကရေစီအစိုး ရများရှိနေလျှင်လည်း လွယ်လင့်တကူ ပြင်ဆင်ရေးဆွဲနိုင်ကြမည် မဟုတ်။ ထို့ အတူ အာဏာရှင်များ၏ ရေးဆွဲထားသော ဥပဒေသည် ထင်တိုင်း ရေးဆွဲထားသည်ေ ကြာင့် ပြင်ဆင် ရန်(ရေးဆွဲရန်)ခက်ခဲမည် မမဖြစ်၏။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာကြည့်ပါက မည်မျှပြု ပြင်ရန် ခက်ခဲနေသည်ဆိုသည်မှာ ထင်ရှား စွာမြင်နိုင်ပါသည်။ အခြေခံ ဥပဒေများရေး ဆွဲ(ရေးသွင်း)ထားမှုအားလုံးလိုလိုပင် ဆန့်ကျင်ဥပဒေစကားရပ်များ ရွေးချယ်အသုံး ချမှုပြုထား ကြသည်ကို တွေ့မြင်နိုင်သည်။

ရန်သူအတွက်ဥပဒေ

ပြည်သူ့ကိုယ်စားပြုသော ဥပဒေမှန် လျှင် –

၁။ ရှေ့သို့မျှော်မှန်းကြည့်နိုင်ရမည်။ ပွင့်လင်းရမည်။ ရှင်းလင်းရမည်။

၂။ အနှိုင်းယှဉ်ခံနိုင်ရမည်။ တည်ငြိမ် ရမည်။

၃။ တည်ငြိမ်သောဥပဒေမှ စီးဆင်းမှု ဖြစ်ရမည်။

၄။ တရားစီရင်ရေးလွတ်လပ်မှုကို အာမခံပေးနိုင်ရမည်။

၅။ တရားစီရင်ရေးမူများကို ထိန်းနိုင် ရမည်။

၆။ တရားဥပဒေအခွင့်အာဏာများ ကို ထိန်းသိမ်းပေးရမည်။

၇။ ဥပဒေကြောင်းမှ သွေဖည်ခြင်းကို ထိန်းကျောင်းနိုင်ရမည်ဟု ဆိုထားသည်။ ပြည်သူ့ဥပဒေ ဟု ပေါ်ထွက်လာသော-

(က) ၁၉၄၇ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊

(ခ) ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊

(ဂ) ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟူသော မြန်မာပြည်အုပ်ချုပ်မှုအခြေ ခံဥပဒေတို့တွင်

(၁) မြန်မာပြည်နိုင်ငံရေးဆိုင်ရာ အခွင့် အရေး၊ လွတ်လပ်မှုများနှင့်အစိုးရ တစ်ရပ်ကို အာမခံမပေးနိုင်ခြင်း၊

(၂) လူဦးရေအားလုံး၏ပြည်သူ့ အခွင့်အရေးတို့ကို ကိုင်စွဲထားရန်အခွင့်အလမ်း မပြည့်ဝခြင်းနှင့်၊

(၃) အစိုးရနှင့် ပြည်သူတာဝန်ခံမှုနှင့် တာဝန်ယူမှုဆိုင်ရာ ထိန်းချုပ်မှုမရှိနိုင်ခြင်း တို့ကြောင့် အဟောသိကံ ဖြစ် ရသော ဥပဒေများဖြစ်သည်။

““ငါနှင့် ငါ့မိသားစုများအတွက် လိုချင်မှု ဟူသမျှ အကုန်ရစေ။ ငါ့ရန်သူအတွက် ကိုတော့ဖြင့် ဥပဒေအတိုင်းပေး ရမည်”” ဟူသောစကား မကြားရပါလို၏ ပြည်သူတို့ရဲ့။

Photo by Wesley Tingey on Unsplash

Loading

Categories
နိုင်ငံရေး အခြား

အဲးခိုး၏ ဘားအံမှရန်ကုန်သို့ ဆောင်းပါး (၂၂.၅.၂၀၁၅)

အင်းအလယ်ထဲကိုဝင်ရောက်ပြီး ငါးကန်တူး၊ မြေပြင်လွှာပြောင်းအောင် လုပ်ထားကြလို့ အလွန်လှပတဲ့ ရွှေရောင် ပြ သဘာဝမိုးကာလ ပန်းချီကားအလှကတော့ သွားပေါ့ ပြည်သူတို့ရယ်။ အလွန်လှပတဲ့ စိတ်သရုပ်ကို အေးမြစေ တဲ့နေရာတွေကို ပုံပြောင်းအောင် နေရာ တိုင်းမှာလုပ်ရင် လူသားတွေ အသက်ရှည်စွာ အနာမဲ့ရေး၊ ရန်ဘေးတွေ ကင်းနိုင်ကြမှာ မဟုတ်ကြောင်း စီးပွားရေးသောင်းကျန်းတဲ့ သူတွေ သိထားဖို့လို …

● ယခင်တစ်ပတ်မှအဆက်

● ရွှေရောင်ပြတောင်တန်း သိပါတယ်

ကျိုက်က္ကော်အလွန် ဘီးလင်းမြို့အစ ကုန်းအဆင်း ကင်းစခန်းရှေ့မှာ စည်းကမ်း မဲ့စွာအတင်းမောင်း (အပြင်း) နှင်လာတဲ့ အဖွဲ့အစည်း(တစ်ခု) ကားတစ်စီးနဲ့ ဆုံပြန်တယ်။ ကားမောင်းတာ မကျွမ်းကျင်လို့ ကားလမ်း အလယ် မှာ ခွမောင်းနေပြီး အရှင်တို့ကားကို ဝင်ရောက်ပြီးအောင်းတော့ မလိုပါပဲ။ လမ်းဘေးမှာရပ်လိုက်ပြီး သူတို့ကား ကို ဦးစားပေးလိုက်ပါတယ်။ ကားပေါ် ကြည့်လိုက်ရင်ပဲ ပြောက်ကျားအဝတ်အစားနဲ့ လက်နက်ကြီးငယ် အပြည့် အစုံပါပဲ။ ပြည်သူတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကြောက်ရတဲ့အထဲ အခုလိုမျိုး မကြာမကြာမြင်ရ ရင် ထိတ်လန့်ကြလေမှာပဲ။ အရင်တုန်းက ပေါ်တာဖမ်း ဖြတ်လေးဖြတ်နဲ့ ရွာပျက်ရ၊ ပြောင်းရတဲ့အဖြစ်ကို ရွှေ ရောင်ပြတောင် တန်းတစ်လျှောက်က ပြည်သူတွေ (တိုင်းရင်းသားတွေ) စစ်အနိဋ္ဌာရုံ ခံစားခဲ့ရတာကို ရွှေရောင် ပြတောင်တန်းဟာ သိပါတယ်။ ဒါတွေပဲလားမက ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ မဆလနိုင်ငံရေး အညှဉ်း တွေကြောင့် ရက်စက်စွာ ကွယ်လွန်သေဆုံးခဲ့ကြရတဲ့ အရှင်တို့ပြည်သူတွေရဲ့ဘဝကို ပြန်မြင်ယောင်မိပါလေရဲ့။ တစ်ပြည်တည်းနေ၊ တစ်ရေတည်းသောက်၊ တစ်စိတ်တည်း မထားနိုင်ကြတဲ့ မဆလနိုင်ငံရေးလမ်းစဉ်ဟာ အထူးသဖြင့် ဆင်းရဲတဲ့ပြည်သူတွေ အခံရဆုံးပါပဲ။ ဒီစကားမှားရင် အရှင့်ကို ကြိုက်သလို စီရင်နိုင်ပါတယ်။…

● သွားပြန်ပြီ

ဘီးလင်းမြို့အစကို ဝင်လာလိုက်တာနဲ့ ကြည်လင်အေးမြတဲ့ ရွှေရောင်ပြတောင်ညိုတန်းကို လှပစွာမြင်ရတယ်။ နွေ၊ မိုး၊ ဆောင်း၊ သုံးပန်လှလှပနေတဲ့ ဒီသဘာဝရှုခင်းဟာ ခုတော့အရုပ်ဆိုးတဲ့ ပုံတွေ တွေ့မြင်လာခဲ့ရလေပြီ။ အထူးသဖြင့် မိုးဥတု (မိုးရာသီ)ဆိုရင် ရွှေရောင်ပြတောင်တန်း (တောင်ညိုတန်း)ပေါ်ကစီးကျလာတဲ့ စမ်း ရေပြင် ဟာ အင်းပြင်ရေဖြစ်လာပြီး စစ်တောင်းမြစ်ကတစ်ဆင့် မုတ္တမပင်လယ်ကွေ့ထဲကို စီးဆင်းသွားကြတဲ့ စိမ်းရေ သန့် ရေချိုချောင်းရေပြင်ဟာ မြန်မာ့ပင်လယ်ပြင်ကို သာယာလှပအေးချမ်းစေတာ အမှန်ပါပဲ။ အခုတော့ အရုပ် ဆိုးတဲ့ ပုံတွေမြင်လာခဲ့ရလို့ စိတ်ပျက်စရာပေါ့ ပြည်သူတို့ရယ်။ အင်းအလယ်ထဲကိုဝင်ရောက်ပြီး ငါးကန်တူး၊ မြေပြင်လွှာပြောင်းအောင် လုပ်ထားကြလို့ အလွန်လှပတဲ့ ရွှေရောင်ပြသဘာ၀ မိုးကာလပန်းချီကား အလှက တော့သွားပေါ့ ပြည်သူတို့ရယ်။ အလွန်လှပတဲ့ စိတ်သရုပ်ကိုအေးမြစေတဲ့ နေရာတွေကို ပုံပြောင်းအောင် နေရာ တိုင်းမှာလုပ်ရင် လူသားတွေ အသက်ရှည်စွာ အနာမဲ့ရေး၊ ရန်ဘေးတွေ ကင်းနိုင်ကြမှာ မဟုတ်ကြောင်း စီးပွား ရေး သောင်းကျန်းတဲ့သူတွေ သိထားဖို့လိုပါတယ်။ ပြည်နယ်အစိုးရ အဖွဲ့အစည်းတွေလည်း တာဝန်ရှိကြလို့ ပြည်သူ့အပန်းဖြေနေရာတွေ မပျက်စီးအောင် ထိန်းသိမ်းပေးနိုင်ဖို့ တိုက်တွန်းပါတယ်။

● ရွှေရောင်ပြကို သွားကြည့်ပါ

ရွှေရောင်ပြတောင်ဆိုလို့ ရွှေရောင်ဆရာတော်ကြီးကို မြင်ဖူး၊ ဖူးဖူးကြပါသလား။ သထုံမြို့နယ်အဆုံး ဘီးလင်းမြို့ နယ်အဝင် (ဘားအံလာရင်) ရွှေရောင်ပြတောင် ခြေမှာရှိပါတယ်။ မြေနီလမ်းနဲ့ ဖောက်ထားလို့ တောင်ခြေအထိ ကားရောက်တယ်။ ဝင်ဝင်ချင်းဝင်းကြီးရွာ (အဝင်းကြီးရွာ) ရောက်ပါတယ်။ အဝင်းကြီးရွာ ဆရာတော်ဘုရားကြီး ဟာ ရွှေရောင်ပြ ဆရာတော်ကြီးရဲ့တပည့် ရဟန်းတော်တစ်ပါးပါ။ သက်တော် ၉၀ ကျော်ပါပြီ။ ဆရာတော်ကြီး ကို ဖူးလိုက်ရရင်ပဲ ရင်ထဲစိတ်ထဲ အေးမြသွားတယ်။ ခမာ-သည်းခံခြင်း ဂုဏ်ရှိလှလွန်းလို့ မျက်နှာ တော်အေးမြ လှပါတယ်။ သီလဝန္တ သီလတော်မြတ်လည်း ပြည့်စုံလှလို့ ရုပ်အဆင်းလည်း စင်ကြယ်အေးမြတယ်။

အဝင်းကြီးရွာကိုလွန်ရင် ရွှေရောင်ပြတောင်ခြေကို သွားနိုင်ပါတယ်။ တောင်ခြေမရောက်ခင် လမ်းမဝဲယာမှာ ရှေး ခေတ်က စိုက်ထားတဲ့ ကံ့ကော်ပင်၊ ပိန္နဲပင်၊ သရက်ပင်၊ အနမ်းပင်ကြီးတွေဟာ တစ်ပင်စနှစ်ပင်စသာ မြင်ရ တော့တယ်။ သစ်ပင်လည်းအို လမ်းလည်းပြိုတော့ အဝေးကမြင်ရတဲ့ ရှုခင်းနဲ့တော့ မတူဘူးပေါ့။ တောလမ်းမို့ တောလိုပဲပေ့ါ။ မဆင်မခြင်တတ်တဲ့ စီးပွားရေးသမားတွေရဲ့ ပြုမူမှုကြောင့် တောရအထွေထွေမှ တလင်းမြေပြင် များသဖွယ် ဖြစ်လာကြပြီး သစ်ပင်ကြီးဆိုလို့ မရှိသလောက်ပါပဲ။

မြေဆီမြေနှစ်တွေလည်း ပျက်ပြုန်းလာလို့ မြေဆီလွှာပျက်စီးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေတာ ကို တွေ့ရတယ်။ အရှင်ရောက်တဲ့အချိန်က လမ်းဘေးဝဲယာ နှစ်ဖက်စလုံးမှာတော့ စားပင်၊ သီးပင်၊ အရိပ်ရတဲ့ အပင်တွေ ကျိုးတိုးကျဲတဲ လေးသာရှိတော့ စိတ်မကောင်းစရာပေါ့ ပြည်သူတို့ရယ်။

● လှူဒါန်းဖို့ မမေ့ပါနှင့်ဦး

ရွှေရောင်ပြတောရ ကျောင်းရောက်ရင် မိုးကာလအချိန်မှာ ကြည်လဲ့အေးမြတဲ့ စမ်းချောင်းလေးမြင်ရမယ်။ တိတ် ဆိတ်ငြိမ်သက် သာယာအေးမြတဲ့နေရာပါ။ စမ်းချောင်းကူးတဲ့ တံတားလေးထိုးထားလို့ တံတားလေးပေါ်ကို တက်လိုက်ရင် အနီးအနားက သစ်ပင်ဝါးပင်ကိုကြည့်လိုက်ရင်ပဲ အေးမြစရာတွေခံစားရပေ့ါ။ တိတ်ဆိတ်ငြိမ် သက်လှတဲ့ တောရကျောင်းရှေ့မှာ မတ်တတ်ရပ် ကြည့်နေရင်းနဲ့ ငယ်ရွယ်တဲ့ ရဟန်းဘဝကို (ရဟန်းငယ် ဘ၀ ကို) သတိရ မဆုံးပါပဲ။ တောရ ဆောက်တည်ခဲ့တဲ့ဘဝကို အောက်မေ့မိတာအမှန်ပါပဲ။ ကုန်းတက်အဆင့်ဆင့် မှာတည်ဆောက်ထားတဲ့ တန်ဆောင်းအတိုင်းတက်သွားရင် ဆရာတော်သီတင်းသုံးတဲ့ ကျောင်းရောက်ပါတယ်။ တန်ဆောင်းရဲ့ ဘယ်ညာနှစ်ဖက်မှာရှိတဲ့ သာသနိကအဆောက်အအုံတွေကိုကြည့်လိုက်ရင်တည်ငြိမ်စွာပျက်စုတွေ ပြနေကြတာကို တွေ့ရမယ်။

တောရဂနိုင်မို့ မှောင်မှောင်မည်းမည်း ယိုင်ယိုင်လဲှလှဲ တောရကျောင်း သင်္ခမ်းငယ် တွေဟာပြုပြင်ကြသူတွေ မရှိကြပါ။ သင်္ခါရပြယုဂ်က ပြညွှန်းနေလေပြီ။ ချမ်းသာကြွယ် ဝတဲ့ခေတ် သူဌေးတွေ ပြုပြင်လှူဒါန်းဖို့ မမေ့ကြပါနဲ့ဦး။

● သတိပဋ္ဌာန်အကျိုး

ဆရာတော်ကြီး သီတင်းသုံးနေတဲ့ ကျောင်းကိုရောက်ရင် ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိနေတော် မူစဉ်အတိုင်း ကလိုပါပဲ။ တည်ငြိမ်အေးချမ်းတဲ့ ကျောင်းသင်္ခမ်းမြကိုတွေ့ရမယ်။ သတိပဌာန်းကျောင်း လေးပါ။ ကျောင်းသင်္ခမ်းဘေးမှာတော့ နွေမိုးဆောင်းကာလသုံးပါး စီးဆင်းဖြတ်သန်းလာတဲ့ စမ်းချောင်းလေးရှိပါတယ်။ နွေဆိုရင်တော့ ရေများများမစီးတော့ပါ။ မင်းကွတ်ပင်၊ ဒူးရင်းပင်၊ တညင်းပင်ကြီးတွေ စိုက် ထားလို့ရိပ်နေတာ ပါပဲ။ ၂၀၀၈ ခုနှစ်၊ မေလ အတွင်း “နာဂစ်”လေပြင်း မုန်တိုင်းကျရောက်တဲ့အချိန်က စားပင်သီးပင်တွေဖြစ်တဲ့ ဒီသစ်ပင်တွေဟာ လဲကျသွားတာ မနည်းပါဘူး။ ကျောင်းဒါယကာတစ်ဦး က လေပြင်းမကျခင်က ကျောင်းဝင်း တစ်ခုလုံးဟာ နေပြောက်ထိုးကျလို့ မရောက်ဘူးလို့ ပြောပြခဲ့တယ်။

ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ သတိပဋ္ဌာန်ကျောင်းသင်္ခမ်းဟာ ဘုန်းတော်ကြီးဦးသီလ သီတင်းသုံး တော်မူတဲ့ တောရ ကျောင်းသင်္ခမ်းငယ်နဲ့ တစ်ပုံစံတည်းပါပဲ။ အနံ ၁၅ပေ၊ အလျား ပေ ၅၀ ကျော်လိမ့် မယ်ထင် ပါလေရဲ့။ ခြေတိုင်ရှည်တဲ့ကျောင်း သင်္ခမ်းလေးပါ။ ဆရာတော်ရှိတော်မူစဉ်က အတိုင်းပါပဲ။ ကျောင်းဆောင်ရဲ့ နောက်ဆက်တွဲ အင်္ဂတေအဆောင်ကတော့ အသုဘကမ္မဋ္ဌာန်းရှုမှတ်တဲ့ အဆောင်ပါပဲ။ ဆရာ တော်ကြီးရဲ့ ကျောင်း သင်္ခမ်းငယ်ကို ရှုမြင်သုံးသပ်မိပါတယ်။ ဆရာတော်ကြီးဟာ တောရအရပ် ဆိတ်ငြိမ်တဲ့တောတောင်ကို ဘယ်လောက်မြတ်နိုးစွာရှိတော် မူသလဲဆိုတာသိ နိုင်ပါတယ်။ သူတော်ကောင်း ပုဂ္ဂိုလ်ကိုး။ ရဟန်းမြတ်ဘဝကို ဘယ်လောက်(မည်မျှ) ကျင့်ကြံပြီး ရောင့်ရဲနိုင်ခဲ့သလဲဆိုတာ ကျောင်းကိုကြည့်ရင်သိနိုင်တယ်။ ကျောင်းထဲမှာ အသုံးအဆောင်ပစ္စည်းဆိုတာ ဘာတစ်ခုမှ မရှိပါ။ ခုခေတ်အရှင်တို့လို ရဟန်းမျိုး မဟုတ်တာတော့ အမှန်ပါပဲ။ ဒါကြောင့်

(၁) သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်

(၂) စိုးရိမ်ပူပန်ခြင်း၊ ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်

(၃) ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲတို့ကို ချုပ်ငြိမ်းရန်

(၄) အရိယာမဂ် (ကိလေသာကုန်ခန်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်းလမ်း)ကို ရရန် ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မဆိုတဲ့ သတိပဋ္ဌာန်း ၄ပါးအကျင့်နဲ့နေဖို့ အရှင်တို့ ရဟန်းတော်တွေမှာ ဆင်ခြင်သုံးသပ် ကျင့်ကြံပွားများ အားထုတ်ရ မယ်မဟုတ်လား။ (အသေးစိတ်ဖတ်ရှုလိုလျှင် တောမှီရဟန်း၏ ရွှေရောင်ပြတောရခရီးစာအုပ်ကို ဖတ်ပါ)။

● ပြည်သူအတွက် လုပ်ပေး

ဘီးလင်းမြို့မဝင်ခင် တောင်ကလေး ရွာမရောက်ခင် သီဟိုကုန်းကို ရောက်ပါတယ်။ ဒီနေရာဟာ လမ်းကွေ့ပုံစံ မကျတော့ အသွားအလာကားတွေ ရုတ်တရက်မမြင်ကြဘဲ ယာဉ်တိုက်မှု မကြာခဏဖြစ်တယ်။ လမ်းဘေး သစ်ပင်ရယ်၊ အတက်အဆင်း ထောင့်ချိုးပုံမှန် မဖြစ်တာကြောင့် အန္တရာယ်များပါတယ်။ ခရီးသွားတဲ့သူတွေ သတိထားပေါ့။ မိုးဦးကာလဆိုရင်လည်း ဒီလမ်းဟာ မိုးများရင် မြုပ်တယ်။ တောင်ကျရေဖြစ်လို့ ရေစီးကြမ်းပါ တယ်။ တကယ်တော့ တာတမံ လမ်းမလုပ်ဘဲ တံတားရှည်ရှည်သာထိုးရင် ရေကြီးရေလျှံစရာ မရှိပါဘူး။ လက်ရှိ ရှိတဲ့ လမ်းဟာ စီးရေလမ်းကို ကာပိတ်ထားသလို ဖြစ်တယ်။ တံတား ၂ ပေါက်လောက်နဲ့ မလုံလောက်ပါ။ အရင့် အရင်လည်း ရေစီးရေ လျှံကြောင့် ဖြတ်ကူးကြသူတွေ အသက်ဆုံးပါးရတာရှိတယ်။ မွန်ပြည်နယ်အစိုးရ ချမ်းသာ တဲ့ အစိုးရပဲ။ ပြည်သူအတွက် လုပ်ပေးနိုင်ပါစေ။

● လူသားအန္တရာယ် သတိပြု

တောင်ကလေးရွာကို ကျော်လာပြီးရင် ဘီးလင်းချောင်း တံတားကြီးမရောက်ခင် တိုးဂိတ်ရောက်ပါတယ်။ ဘီး လင်းချောင်းကို ဖြတ်ကူးတဲ့တံတားဟာ နှစ်ကြာလာတော့ အချို့အက်ကြောင်းတွေ ထလာတယ်။ တံတား အောက်ကိုလည်း ဆောက်လုပ်ရေးက ဘာမှကြိုတင်ပြင်ဆင်ထားတာမရှိတော့ ပျက်စီးရန်အတွက် စိုးရိမ်ရတဲ့ အန္တရာယ်တွေ ရှိလာတယ်။ တံတားအနီးမှာ စီးဆင်းလာတဲ့ တောင်ကျသဲတွေကို တူးထုတ်နေကြလို့ တံတား အတွက် ရေစီးရေလာမကောင်းဘဲ ဖြစ်နေတာကိုတွေ့ရတယ်။ (နွေရာသီ) ဘီးလင်းချောင်းဟာ မတော်မတရား တဲ့ ရွှေတူးတဲ့သူတွေ လက်ချက်နဲ့ ချောင်းရေဟာ နီကြင်ကြင်(နီကြင့်ကြင့်)ဖြစ်လာတယ်။ ရွှေ တူးတဲ့သူတွေက ဓာတုဗေဒဆေးရည်တွေသုံးပြီး ဒီချောင်းရေနဲ့သုံးပြီး ဆေးကြောနေပါတယ်။ သက်ဆိုင်ရာ အစိုးရတွေက မတား ဆီးကြဘဲ လွှတ်ထားတာကို တွေ့ရတယ်။ အရှင်ပြောတာ ဟုတ်၊ မဟုတ်သိချင်ရင် မဲလံတောင်ထိပ်ပေါ်ကို တက်လိုက်ပါ။ အောက်မှာရှိတဲ့ ဘီးလင်းချောင်းကို ကြည့်လိုက်ပါ။ ရေအရောင်နီကြင်ကြင် မမြင်ရရင် အရှင့်ကို ကြိုက်သလိုပြောပါ။ ဒါကြောင့် စီးပွားရေးသမားတွေရဲ့ လောဘကြောင့် မြစ်ချောင်းအင်းအိုင် မပျက်စီးပါစေနဲ့။ လူသားအန္တရာယ် ဖြစ်တတ်တယ်။

● အလေးထားတဲ့ဒေသ

ဘီးလင်းမြို့ထဲ ရောက်ပါပြီ။ ဘီးလင်းမြို့ဟာ နေချင်စရာမြို့လေးပါ။ သဘာ၀ ရေမြေတောတောင် ကောင်းပါ တယ်။ အနီးအနား ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်ပဲ စိမ်းစိုအေးမြနေပါလေရဲ့။ မြန်မာပြည်အောက်ပိုင်း ဗုဒ္ဓ ဘာသာ သာသနာတော် ထွန်းကားတဲ့ဒေသပါ။ ရှေးဟောင်း သုဝဏ္ဏဘူမိလို့ တင်စားထားတဲ့ ဒေသပါ။

(၁) ကျိုက်ဒေးယျုံ စေတီတော်

(၂) ကျိုက်ကေလာသ စေတီတော်

(၃) ကျိုက်ဒေးအပ် စေတီတော်

(၄) ကျိုက်ကုသိနာရုံ စေတီတော်

(၅) ကျိုက်မဲလံ စေတီတော်

(၆) ကျိုက်ထီးဆောင်း စေတီတော် မြတ်တွေဟာ ဒီဒေသမှာ ဖူးမြော်ကြည်ညိုနိုင်ပါတယ်။ ရှေးခေတ်မွန် လူမျိုး တွေရဲ့ အားထုတ်ကြိုးစားဆောင်ရွက်ခဲ့တဲ့ ဘဝသမိုင်းပြနေရာဖြစ်သလို ရှေးဟောင်းသုတေသန ပုဂ္ဂိုလ်တွေက အလွန်စိတ်ဝင်စားကြတဲ့ ဒေသပါပဲ။ မြန်မာပြည်မှာ ရွှေအများဆုံးထွက်တဲ့ ဒေသကတော့

(၁) ရွှေမင်းဘုန်းဒေသ (သာစည်)

(၂) ပျဉ်းမနားဒေသ (မန္တလေး)

(၃) ဘီးလင်း(မွန်ပြည်နယ်) ဒေသတွေပါပဲ။ ဒါကြောင့် ဘီးလင်းချောင်း၊ စစ်တောင်းမြစ်၊ မုတ္တမပင်လယ်ကွေ့ ဒေသဟာ တစ်မူထူးခြားပါတယ်။ မြန်မာပြည် အစိုးရအစဉ်အဆက်ရဲ့ အလေးထားတဲ့ ဒေသဖြစ်တယ်။

● ကံပါ၊ မပါ ဆုံးဖြတ်ချင်ရင်

ဘီးလင်းမြို့နယ် ကျော်လာလို့ ကျိုက်ထိုမြို့နယ်ထဲကို ရောက်ပါတယ်။ ကျိုက်ထို မြို့နယ်လည်း ရွှေထွက်တဲ့ ဒေသပါပဲ။ လက်လုပ်လက်စား (တစ်နိုင်တစ်ပိုင်) အနေနဲ့ လုပ်ကိုင်ကြည့်ပါ။ အဆင်ပြေကြပါတယ်။ ဒီကထွက် တဲ့ရွှေက အမိုက်ရွှေပါ။ ရွှေမင်းဘုန်းဒေသ၊ ပျဉ်းမနားဒေသက ရွှေလိုမျိုးတော့ မဟုတ်ပါ။ အတုံး၊ အခဲ၊ အမှုန့် ရွှေတွေပါ။ အတုံးဆိုရင် ၅ကျပ်သား၊ အနည်းဆုံး ၁၀သား၊ ၂၅ ကျပ်သားအထိ ထွက်ရှိပါတယ်။ မယုံရင်ရခဲ့ဖူးတဲ့ ကုမ္ပဏီတွေကို မေးကြည့်ပါ။ ရွှေရောင်ပြမှ ကျိုက်ထီးရိုးတောင်တန်း ဒေသတစ်လျှောက်မှာ ရွှေစင်တောင်တန်း ပါပဲ။ ရွှေအများဆုံး ထွက်တာက“မဲလံဒေသ” ပါပဲ။ အဲဒီနေရာကို ရောက်အောင်သွားပါ။ ဝါသနာပါရင် တူးကြည့် ပါ။ ကံပါရင်တော့ ရွှေသူဌေးကြီး ဖြစ်မှာပါပဲ။ ကံနည်းသူတွေ ဖြစ်ရင်တော့ …။

● စဉ်းစားပေတော့လေ

ကျိုက်ထိုမြို့အဝင် ကျိုက်ထီးရိုးစေတီ အသွားလမ်းဆုံ ရောက်ပါတယ်။ လမ်းဆုံမို့လမ်းဘေးမှာ ကား၊ ဆိုင်ကယ် တွေများလွန်းပါတယ်။ စည်းကမ်းမဲ့တဲ့ သူတွေက ကားကိုပစ်စလက်ခတ် ရပ်ထားကြလို့ ရပ်ဝေးခရီး သွားလာကြ တဲ့သူတွေ စိတ်အနှောင့်အယှက်ဖြစ်တယ်။

ရထားလမ်းကိုကျော်ပြီး မြို့ထဲဈေးကြီး ရှေ့ရောက်တဲ့အခါ သူသူငါငါ တိုးဝင်တိုး ထွက်ကြလို့ ခရီးဝေးသွားကြတဲ့ သူတွေအတွက် ကားကိုထိန်းမောင်းဖို့ မမေ့ပါနဲ့။ စည်းကမ်းမဲ့တဲ့ လိုင်စင်မဲ့ ဆိုင်ကယ်သမားတွေက ခပ်တည် တည်နဲ့ပဲ ဖြတ်မောင်း၊ ဖြတ်ကူးလုပ်နေတာရှိလို့ သတိထားဖို့မှာပါရစေ။ လူဦးရေတိုးလို့ ဈေးလာဝယ်ကြတဲ့ သူ တွေများလာပြီ။ အဝေးပြေးလမ်းမဘေးမှာ ဈေးကြီးထားလို့ အန္တရာယ်များ၊ မများလေ့လာ သုံးသပ်ဖို့လိုလာပါပြီ။ လမ်းဖြတ်ကူးရတဲ့ အခက်အခဲလည်း တွေ့ရတယ်။ ကားအချင်းချင်း တိုက်ကြလို့ ဖြေရှင်းရတဲ့ ပြဿနာလည်း မြင်ဖူးတယ်။ ခန္ဓာကိုယ်ပြားဝပ်သွားအောင် ယာဉ်ကြီးတိုက်ထားလို့ တစ်ဈေးလုံးထပြီး ဝိုင်းအုံနေကြတာ လည်း မြင်ဖူးတယ်။ ဒီနေရာကို ခုလိုဒီလိုမဖြစ်အောင် ဈေးရွှေ့မလား။ ဒါမှ ကားလမ်းကို မြို့ရှောင်လုပ်ပြီး ဖြတ်သွား မလား။ စဉ်းစားပေတော့ မွန်ပြည်နယ်အစိုးရရယ်။

● ရှုခင်းသာ ပျောက်ပြီ

ကျိုက်ထိုမြို့အထွက် လက်ပြကျေးရွာ မရောက်ခင် မြို့ကွက်သစ်မှာ အခုဆိုရင် ဓာတ်ဆီဆိုင်၊ ထမင်းဆိုင်၊ အိမ် သစ်အိမ်ကောင်းတွေ ဆောက်လုပ်ကြလို့ ထည်ဝါနေတာပါပဲ။ ဒီမြေဟာ လယ်ယာမြေပါ။ လယ်မြေဖြစ်လို့ စပါး စိုက်ရင် အလွန်စပါးကောင်းတဲ့ မြေပါပဲ။ ကွင်းပြကြီးက ကျယ်ပြန့်လွန်းလို့ ရှုခင်းလည်းလှပါတယ်။ အရှေ့ဘက် မှာ ကျိုက်ထီးရိုးတောင်တန်းနဲ့ သေက္ချတောင်ဆရာတော် သီတင်းသုံးတော်မူတဲ့ တောတိုက် တောင်ကုန်းလေး နဲ့ အင်မတန် သာယာလှပတဲ့ နေရာပါပဲ။ အနောက်ဘက်မှာ လယ်ပြင်ကျယ်ကြီးမို့ နွေစပါးစိုက်ပျိုးတဲ့ အချိန်မှာ နိုင်ငံခြားခရီးသွားတဲ့ သူတွေက အုပ်စုလိုက်ဆင်းပြီး ဓာတ်ပုံမှတ်တမ်း အမှတ်တရ ရိုက်သွားကြတဲ့နေရာပါ။ အခု တော့ လယ်မြေထဲမှာ ဂဝံမြေတွေဖို့ချ ရုံးအဆောက်အအုံလား၊ ဖွံ့ဖြိုးရေးအဆောက်အအုံလား မပြောနိုင်ပါ။ မြေ နေရာကို တန်ဖိုးမထားတဲ့ အရှင်တို့အစိုးရဟာ လယ်မြေပြဿနာဖြစ် ပေါ်လာရခြင်းအကြောင်းက ဒီပြဿနာပါ ပဲ။ မယုံရင် ဒီနေရာလာကြည့်ပါ။ ဆောက်လက်စ အဆောက်အအုံ မပြီးပြတ်သေးပါ။ ပြောမှသိ၊ ထိမှနာတတ်တဲ့ ဒီခေတ်ကာလ အစိုးရကို ပြည်သူတွေ ကြွယ်ဝမှုမထိန်းနိုင်တဲ့အပြင် ပြည်သူချစ်သော (နှစ်သက်သော) အစိုးရ ဖြစ်ဖို့ ဝေးနေပါဦးမယ်။

● စိတ်ကူးထဲက ပုံရိပ်လွှာ

လက်ပြရွာအလွန် ရှေ့ဆက်ရင် ကျိုက်ထီးရိုးလေးစေတီကို သွားတဲ့လမ်းဆုံ ရောက်ပါတယ်။ ဒီနေရာမှာ ဥတု သာယာရင် ကျိုက်ထီးရိုးတောင်တန်းကို ထင်ထင်ရှားရှား မြင်ရတယ်။ ဒီနေရာကနေ ကျိုက်ထီးရိုးတောင် ပေါ်ကို လျှပ်စစ်ဓာတ်အား ကြိုးပုခက်ကားနဲ့ (စက်တပ်ကြိုး ပုခက်ကားနဲ့) တက်မယ်ဆိုရင် အလွန်ပျော်စရာ ကောင်း မယ်လို့ ထင်တယ်။ တောင်တန်းအနိမ့်အမြင်ကို လှည့်ပြီးကြည့်နေရင်းနဲ့ တောင်ပေါ်ကို တဖြည်းဖြည်းတက် သွားလို့ အဲဒီအစီအစဉ်မျိုး လုပ်နိုင်ရင် ကျိုက်ထီးရိုးစေတီတော်မြတ်ကိုလာ ရောက်ဖူးမြော်ကြည်ညိုကြတဲ့ သူ တွေ ပျော်ရွှင်ကြည်နူးကြမယ်လို့ထင်ပါတယ်။ ကြိုးပုခက်ကား ယာဉ်ရပ်နားတဲ့ နေရာမှာလည်း တည်းခိုစရာ ရိုးရာအိမ်တွေ၊ စားသောက်စရာ ရိုးရာစားသောက်ဆိုင်လေးတွေ နေ့နေ့ညည ဖွင့်ထားပေးရင် စည်ကားကြမှာပါ ပဲ။ ဒီကနေ့စပြီး တောင်တန်းတစ်လျှောက် လုံးမှာ သဘာဝစိမ်းစိုတဲ့ သစ်တောကြိုးဝိုင်းကြီးတွေထားပြီး ဒီတောင် တန်းကြီးကိုကြည့်နေရင်းနဲ့ပဲ မိသားစုတွေ ဘယ်လောက်များ ပျော်ရွှင်ကြလေမလဲဆိုတာ စိတ်ကူးယဉ် ကြည့် လိုက်ပါ။ ပျော်စရာဖြစ်သွားမယ်။ တကယ်လုပ်ဖြစ်မယ်ဆိုရင် အရှင်ပေးတဲ့ အကြံဉာဏ်အတိုင်းလုပ်ပါ။ တိုင်း ပြည် အတွက် အကျိုးမယုတ်ပါဘူး။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးလုပ်ကြပါ။

● ရင်မောစရာ

ခရီးပြန်ဆက်ရင် မုပ္ပလင်ရောက်ပါတယ်။ မုပ္ပလင်လမ်းဟောင်းနဲ့ လမ်းသစ်ဆုံရောက်တဲ့အခါ ထုံးစံအတိုင်းပါပဲ။ တာဝန်ယူ စောင့်ကြပ်တဲ့သူတွေက ကားလမ်းမပေါ်ကို တက်လာပြီး လက်တားတော့တာပဲ။ ကားရပ်ပြီး ဟို ကြည့်သည်ကြည့်လုပ်ပြီး သွားလို့ရပြီဆိုပြီးတော့ လမ်းသစ်အတိုင်း ထွက်လာတယ်။ လမ်းတစ်ဝက်ရတဲ့အခါ ဘယ်ဘက်ခြမ်း ကုန်းမြေကို ကြည့်လိုက်တော့ မြေကြီးတွေဝင်တူးထားလို့ အစိုးရလျှပ်စစ် မီးတိုင်ကြီး လဲကျဖို့ စိုးရိမ်ရတယ်။ အထဲမှာလည်း ကလိုင်ကြီးဖြစ်လို့ ခြံစည်းရိုးတိုင် တောင်ဝင်ပြီး ခတ်ထားတာကို တွေ့ရတယ်။ သဘာဝလှပမှု ဆုတ်ယုတ်ရတဲ့ကြား သဘာဝအန္တရာယ်ပါ ထပ်တိုးလာတဲ့ ဒီနေရာလေးကိုတော့ သက်ဆိုင်ရာ က တားဆီးပေးဖို့ သင့်ပါတယ်။ အိမ်အဆောက်အအုံ ဆောက်မယ်ဆိုရင်လည်း အန္တရာယ်များတဲ့ နေရာဖြစ်နေ လို့ပါပဲ။ ခေတ်စနစ်က ယှဉ်ပြိုင်ခြင်းခေတ်လား၊ ရင်ဆိုင်ခြင်းခေတ်လား မပြောတတ်တော့ပါ။ တွေ့ရ၊ မြင်ရ၊ ကြားရတာတွေ အားလုံးလိုလိုက စိတ်ကုန်စရာ ရင်မောစရာတွေပါပဲ။

● ရှောင်ကြဉ်ရမယ်

ဒီနေရာလွန်လာလို့ ယခင်တံတားဟောင်း ယခုတံတားသစ် ပြန်လည် တည်ဆောက်ထားတဲ့ တံတားကြီးရှေ့ မ ရောက်ခင် (စစ်တောင်းမြစ်ကူး တံတားကြီး မရောက်ခင်) စားသောက်ဆိုင်ကြီးတွေ ဝင်ရောက်လာတာကိုတွေ့ ရတယ်။ သာသနာ့မြေပေါ်မှာလား၊ ခြံမြေပေါ်မှာလားမသိပါ။ ရောင်းတာတောင်မှ နိုင်ငံခြားသားစားသောက် စရာ သီးသန့်ပဲတဲ့။ စေတီရှေ့၊ ဘုရားရှေ့မှာ အရက်တွေ၊ ဘီယာတွေ ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ပြီး ဘာ သာရေးအမြင်တွေကိုတောင်မှ နားမလည်ကြတဲ့ စီးပွားရေး သမားတွေဟာ နိုင်ငံတကာက လာတဲ့သူတွေက တွေ့သွားရင် ရှက်စရာပေ့ါ ပြည်သူတို့ရယ်။ တကယ်တော့ အရက်သေစာဆိုတာ သောက်သုံးတတ်တောင်မှ အများသူ ငါရှေ့မှောက်မှာ မသောက်စားသင့်တဲ့ အရာပါ။ မူးယစ်တတ်တဲ့အရာ ခန္ဓာကိုယ်ကို ကောင်းကျိုး ပေးတာ မရှိပါ။ ထိုးထွင်းသိမြင်တဲ့ ဉာဏ်အလင်းတွေကိုတောင် နောက်ကျူ(နောက်ကျိ) စေတာပါ။ ဒါကြောင့် ဘာသာရေးအခမ်းအနား သို့မဟုတ် စီးပွားရေး အခမ်းအနားတွေမှာ အရက်သေစာသောက် သုံးမှုပါလာရင် ပျော်မှုပါးမှု ပါလာစမြဲပါပဲ။ မလျော်ကန်တဲ့အကျင့် ပဋိပတ်ပျက်စီးမှုတွေဟာ မပြုလေကောင်းလေ။ ရှောင်ကြဉ် နိုင်လေ မြတ်လေပါပဲ။

● ဘာလိုသေးလဲ

တံတားထိပ်ရောက်တာနဲ့ ကားကိုချက်ချင်း ရပ်ခိုင်းပြန်ပြီ။ တာဝန်ကျတဲ့ သူတွေက ကားကိုယ်ထည်ကို ဖွင့်လှစ် ခိုင်းပါတယ်။ လက်ထဲမှာ လက်နက်နဲ့ ကိုင်ထားတော့ ရွံ့မိသလိုလိုပါပဲ။ စစ်ဆေးသူရဲ့မျက်နှာကို ကြည့်လိုက် တော့ ရင့်မာလို့တင်းလို့ပါပဲ။ ကွမ်းကလည်း ဝါးနေတော့ သွားတွေက တစ်ချောင်းမှမမြင်ရဘဲ ဝမ်းဗိုက်ကိုကြည့် လိုက်ရင် ဘီယာဗိုက်ကြီးဖြစ်တော့ အီကွေမန့်(ခါးပတ်)တောင်မှ မနိုင်သလိုဖြစ်နေတယ်။ ကွမ်းအနံ့၊ အရက် ဘီယာ အနံ့၊ ချွေးအနံ့တွေက ကားထဲဝင်လာပြီး စိတ်ပျက်လောက်ပါ ပေရဲ့။ ဆံပင်က မညှပ်ထားတော့ သပ် သပ်ရပ်ရပ်လည်း မရှိပါ။ ချွေးစေးကလည်းတစ် ကိုယ်လုံးစီးသေး။ တင်ပါးဘက်ကို ကြည့်လိုက်ရင် မြှီးညှောင့် မပေါ့်တပေါ်။ ““သြော် စစ်သားဆိုတာ ဒီလိုကိုး””ဆိုပြီးတော့ စိတ်ထဲက အထင်သေးမိပါလေရဲ့။ ဟုတ်ပါတယ်။ တကယ်တော့ သူတို့ရဲ့အခြေအနေဟာ အုပ်ချုပ်အုပ်ထိန်းသူတွေက လိုတာပါ။ ဒီအပြုအမူဟာ ဘယ်သူ့မှာ တာဝန်ရှိ သလဲဆိုတာ ပြည်သူတွေ စဉ်းစားသာကြ ပေ့ါ။ ခုတော့ အဲးခိုးတော့ လက်တွေ့မြင်ရ ပြီလေ။ ခေတ်မီတဲ့ မြန်မာ့ … ဖြစ်ဖို့ ဘာလိုသေးလဲလေ။

● ရယ်စရာများ ဖြစ်လေမလား

စစ်တောင်းတံတား (သစ်)ထိပ်၊ ပဲခူးတိုင်းဒေသကြီးထဲကို ဝင်လာပြီ။ အရင်က ဒီဘက်ထိပ်မှာ စစ်ဆေးရေးဂိတ် (စခန်း) ရှိပါတယ်။ ဘာပဲပါလာလာ အကုန်စစ်ဆေးလို့ ““ပါတိတ်ပါသလား””မေးတဲ့ဂိတ်မေးရင် ““ပါတိတ် ဂိတ်”” ပါပဲလို့ ပြည်သူတွေက ခေါ်ကြတာပေ့ါ။ ခုတော့ ပါတိတ်ဂိတ်တွေ ပျောက်လို့ ရှေ့ဂိတ်လမ်းဆုံကို ရောက် သွား တယ်လို့ပြောတယ်။ တိုးဂိတ် ကျော်လာပြီးတဲ့အခါ လမ်းဟောင်း လမ်းသစ်ဆုံရာကို ရောက်တဲ့အခါ ထုံးစံ အတိုင်း ကားကိုရပ်ခိုင်းထားပြီး စစ်ဆေးပြန်ပါတယ်။ အရှင်တို့ ကားရှေ့မှာလည်း အရှင်တို့လိုပဲ စစ်ဆေး၊ မေး မြန်းပါတယ်။ လမ်းဟောင်း၊ လမ်းသစ်လာတဲ့ ကုန်တင်ကားတွေကတော့ အားလုံး တန်းစီပြီး စစ်ဆေးခံရတယ်။ ကုန်စစ်ဆေးတာလား၊ အပိုကုန် စစ်ဆေးတာလား မပြောတတ်ပါ။ မော်တော်ယာဉ်ကား တစ်ခုလုံး အကုန်လုံး ဖွင့်ပြရတယ်။ တကယ်တော့ ဒီကုန်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံနယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးက အခွန်ဆောင်ပြီးဝင်လာတဲ့ ကုန်တင်ကားတွေပါ။ အခွန်ဆောင်တဲ့ ပြေစာ(စာရွက်၊ စာတမ်း) တွေ အထောက် အထား အပြည့်အစုံပါတဲ့ ကုန်တင်ကားတွေပါ။ ဘယ်ကားမဆိုဒီနေ ရာရောက်ရင်တော့ အကုန်လုံးပြန်စစ်ဆေး ကြတယ်။ အိမ်ပြန်လက်ဆောင် အထုပ်က လေးတစ်ထုပ်လောက် ပါမိရင်တော့ အကုန်လုံးပလုံတာပါပဲ။ မယုံ ရင်လာကြည့်ပေ့ါ ပြည်သူတို့ရယ်။

နိုင်ငံတော်ကတော့ ကုန်ဈေးနှုန်းကျ ဆင်းဖို့သွင်းကုန်ထုတ်ကုန်တွေကို အလျင်အမြန် ဝင်ထွက်သွားလာဖို့ အာ ဆီယံစီးပွား ရေးမူဝါဒအတိုင်းလုပ်နေကြပေမယ့် အောက်ခြေဝန်ထမ်းတွေရဲ့ အဂတိ လိုက်စားမှုနှုန်းထားက မြှင့် မားနေတာကြောင့် ၂၀၁၀ မှ ၂၀၁၅ခုနှစ်အထိ ၅ နှစ်နီးပါးကာလမှာ အကျင့်ပျက်ခြစားမှုဟာ လျော့ပါးသွားတာ မရှိဘဲ ပိုပြီးတော့ မြင့်မားလာပါတယ်။ “ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ” ဆိုတဲ့ ဆောင်ပုဒ် ဟာ ရယ်စရာကြီးများဖြစ် လေမလားပဲ။ ကားသွားခွင့်ပေးတဲ့အခါ ဝေါမြို့ကို ထွက်ခွာလာပါတယ်။

● အဗျားရွာ

ဝေါမြို့မရောက်ခင် အဗျားရွာကိုအရင် ရောက်ပါတယ်။ အဗျားရွာဟာ အရင်ကနဲ့ မတူတော့ပါ။ အတော်လေးကို ဖွံ့ဖြိုးစည်ပင်လာပါတယ်။ စေတီ၊ တန်ဆောင်း၊ သိမ်ကျောင်းဖြစ်တဲ့ ဘာသာရေးအဆောက် အအုံတွေလည်း ထည်ဝါလို့ သပ္ပာယ်နေတယ်။ နိုင်ငံခြားခရီးသည်တွေက ဒီရွာကို ရောက်ရင် ခေတ္တကားရပ်နားထားကြပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။ သူတို့ရိုက်ယူတဲ့ အမှတ်တရပုံတွေက အခြား မဟုတ်ပါ။ ဒီရွာမှာ တည်ခင်းတဲ့ ငါးရံ့ခြောက်တွေပါပဲ။ ငါးရံံ့ခြောက်တွေ နေပူလှမ်းတဲ့ပုံ၊ ဈေးထိုင်ရောင်းတဲ့ပုံ၊ ရွာသူရွာသားတွေရဲ့ သူတို့အပေါ်မှာ ဖော်ရွေတတ်တဲ့ ပုံတွေ လက်တွေ့ခံစားကြရလို့ ကျိုက်ထီးရိုးအပြန် ဧည့်သည်တိုင်းဆင်းကြပြီး လေ့လာကြတယ်။ ချောင်းဘေးက အဗျားလေးရွာဟာ ခုဆိုရင် သန့်ရှင်းရေးကောင်းမွန်လာလို့ ဖြတ်သွား တိုင်း ငေးကြည့်မိပါတယ်။ အရင်ကရွာဦး (ရန်ကုန်အလာ)ထိပ်က အ.မ.ကကျောင်းလေးလည်း သာယာလို့လှပလာ ပါပြီ။ ချောင်းရဲ့အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းမှာရှိကြတဲ့ ““ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ဒီဘက်ကမ်း က မီးထိန်ထိန်””ပါပဲ။ ဒါနဲ့ စာဆိုလေးတစ်ခုကိုတော့ အမှတ်ရလိုက်မိ ပါလေရဲ့။ ““နွားမှာ အဗျား””တဲ့။ အရင်က အဗျားရွာက နွားတွေမွေးလို့ လမ်းပေါ်မှာ နွားတွေချည်းပါပဲ။ အခုတော့ နွားတွေလည်း မမြင်၊ ဘဲတွေလည်း နည်းပါး၊ ဝက်တွေလည်းမတွေ့ လယ်ခေါင်ခေါင်မှာ နွားခေါင်ခေါင်ပါပဲ။ ရိုးရာအိမ်လေးတွေလည်း တဖြည်းဖြည်း နည်းပါးလာကြပြီလေ။

● ဝေါမြို့အလွန်

အဗျားရွာကျော်ပြီးလို့ ဝေါမြို့ထဲကို ရောက်လာပါတယ်။ မြို့ဝင်လမ်းဟာ လမ်းလည်းကျဉ်း၊ တံတားလည်း ကျဉ်း တော့ ကားတွေ လွတ်ကင်းကင်း သွားလာလို့ မရပါ။ ဆိုက်ကား၊ ဆိုင်ကယ်တွေက သြတိုက်ပါပဲ။ တံတား ကျော် ပြီး ဈေးရှေ့ရောက်ရင် လူတွေကြိတ်ကြိတ်တိုး ကူးဖြတ်ကြလေတော့ ကားကိုအရှိန်လျှော့ပြီးသွားရတယ်။ ဆိုက် ကား၊ ဆိုင်ကယ်တွေကတော့ လာတဲ့ကားတွေကို မရှောင်ဘဲ လမ်းလယ်ကောင်မှာပဲ သွားလာနေတယ်။ ဈေး ဝယ်တဲ့သူတွေဟာ ကားလမ်းမပေါ်မှာ ကြိုက်သလို ဝင်ထွက်သွားလာနေကြလို့ ကားမောင်းတဲ့သူတွေ သတိ ထားပြီးမောင်းရတယ်။ နံနက်ကျောင်း တက်ချိန်နဲ့တိုးရင် ပိုပြီးသတိထားမောင်းရတယ်။ မြို့ပြင်ရောက်လို့ ကား ရထားလမ်းဆုံ မရောက်ခင် လမ်းဘေးလယ်ယာမြေပေါ်မှာ တော့ ဓာတ်ဆီဆိုင်တွေတည်ဖို့ မြေတွေဖို့ တင်ထား တာကိုတွေ့ရတယ်။ လယ်မြေကို ခုလိုဒီလို လွယ်လင့်တကူနဲ့ ခွင့်ပြုလိုက်ရင် အရှင်တို့ရဲ့ အနာဂတ်ကာလရဲ့ အခြေအနေ ဟာ လယ်ယာကိုင်းကျွန်း ပိုင်ဆိုင်တဲ့သူ မဖြစ်ဘဲဖြစ်နေမယ်။ ခေတ်တိုးတက်မှု ကိုလိုက်ပြီးစီးတဲ့ သူဟာ သတိထားပြီးစီးပါ။ စည်းပြေရင် အတီးခံရမယ်ဆိုတာကို သတိပြုပါစေ။

● လယ်ယာမြေတွေ အားနေကြကုန်ပြီ

လမ်းဆုံမှာ ဧကရာဇ်ရွာမှ ဘုရားကြီး မြေကို နည်းပညာအသစ်နဲ့ စမ်းသပ်နေတာကို တွေ့ရတယ်။ လယ်ယာမြေ ပေါ်မှာ အခြားသော မြေမာတွေချလို့ နည်းပညာ မအောင်မြင်ရင် ဟိုတယ်မော်တယ် အသုံးပြုမယ့်ပုံစံမျိုးနဲ့ လုပ် နေသလားတော့ မပြောတတ်ပါ။ လောလောဆယ်တော့ လယ်ယာမြေကတော့ ဒီတစ်ဝိုက်မှာ အတော်လေး ပျက်စီးနေတာကိုတွေ့ရတယ်။ လယ်ယာ စိုက်ပျိုးရေးသီးသန့်လုပ်ငန်းဆိုရင်တော့ ကြိုဆိုရမယ်။ နွေရာသီစိုက် ပျိုးထားတဲ့ သီးနှံတွေက များများစားစား မရှိပါဘူး။ ရဲနွယ်ရေလှောင်တမံကနေ လွှတ်ချလာတဲ့ ရေဟာ ပဲခူးတိုင်း အလယ်ပိုင်းလောက်မှာ နွေရာသီရေရတယ်။ ဧကပေါင်းများစွာ နွေရာသီ စိုက်ပျိုးနိုင်တာကို သိရတယ်။ ဒါပေမဲ့ စိုက်ပျိုးတဲ့သူတွေ လမ်းဘေးလောက်လေးသာ စိုက်ပျိုးပြတာကြောင့် ရေတွေအလဟဿဖြစ်သွားတာ နှမြော စရာပါပဲ။ တကယ်တော့ ဒီလိုပေါများတဲ့ ရေတွေနဲ့ဆိုရင် နွေရာသီ စိုက်ပျိုးသင့်တာတွေကို ကြီးကြီးကျယ်ကျယ် စိုက်ပျိုးကြဖို့သင့်ပါတယ်။ ပြည်သူအတွက် အစိုးရရည်ရွယ်ချက်က ဟုတ်မှန်ပေ မယ့်အလုပ်လုပ်ကြတဲ့ သူတွေ နည်းပါးနေတာကြောင့် အလုပ်လုပ်ဖို့ ဆုတ်ယုတ်လာတဲ့ ခုခေတ်မှာ လယ်ယာမြေတွေအားနေကုန်ပြီ။

● ပဲခူးမြို့

ရန်ကုန်-မန္တလေး အဖြောင့်လမ်းမဖွင့် ပြီးကတည်းက ပဲခူးမြို့ကို မရောက်ဖြစ်တော့ပါ။ မရောက်တာကြာပြီဖြစ်တဲ့ ပဲခူးမြို့ကို ဘုရားကြီးလမ်းဆုံမှ ပဲခူးမြို့ကိုဝင်ပါတယ်။ ပဲခူးမြို့မရောက်ခင် တစ်လမ်းလုံး ကား၊ ဆိုင်ကယ်၊ လူတွေ သွားလာကြလို့ ကားကို လိုသလိုမမောင်းနိုင်ပါ။ ကားလမ်းမ ညာဘက်ခြမ်းကို တိုးချဲ့ပြီး ကွန်ကရစ် လောင်းနေလို့ သွားလိုက် ရပ်လိုက် စောင့်နေလိုက်နဲ့ပဲ အချိန်မနည်းဘူး ကုန်သွားတယ်။ ပဲခူး မြို့ထဲရောက်တဲ့ အခါ သိတဲ့အတိုင်းပါပဲ။ ကား၊ ဆိုင်ကယ်၊ လူတွေရှောင် သက်သက်ပဲ ရင်မောစရာပါပဲ။ စည်းကမ်းမဲ့တဲ့ ဌာနေ ဆိုင်ကယ်သမားတွေက ဟိုဖြတ်ကူးဒီကူးလုပ်လို့ မျက်စိအတော်လေး နောက်မိတယ်။ ပဲခူးမြို့ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကလိုလိုပါပဲ။ မြစ်ကူးတံတားကြီး တစ်စင်းကနေလွဲရင် အခြားဘာမှ တိုးတက်လာတာ မတွေ့ရပါ။ တိုးတက် လာတာတစ်ခုက လူနဲ့ဆိုင်ကယ်၊ ကားတွေပါပဲ။

● ပူဆွေးမိတာ အမှန်

တံတားကြီးကျော်လို့ ပဲခူးတက္ကသိုလ် မရောက်ခင် ဆောက်လုပ်ကြတဲ့ အိမ်ကြီး အိမ်ကောင်းတွေ တွေ့ရတယ်။ လူတွေကတော့ အရင်အတိုင်းလိုပါပဲ။ ပိုပြီးတော့ ပြည့်စုံလာတာ မတွေ့ရပါ။ ဆင်းရဲတဲ့ သူတွေက ပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုပြီးချမ်းသာနေကြလို့ အလွှာများခြားနား နေကြတာကိုပဲ တွေ့ရတယ်။ အမှတ် ၃ လမ်း ဆုံရောက်တဲ့အခါ အမှတ် ၃လမ်းမ အတိုင်းဝင်ပြီး ရွာသာကြီး စီးပွားရေးတက္ကသိုလ်ကြားမှာ ရှိတဲ့ရွာတွေကို ဖြတ်ကျော်လို့ မြင်ကွင်းကစုံလို့ပါပဲ။ လမ်းဘေးတွေမှာ အမှိုက်တွေဘယ်သူမှ မသိမ်းဘဲ စည်းကမ်းမဲ့စွာ စွန့်ပစ် နေတာကိုတွေ့ရတယ်။ အဟောင်းပစ္စည်း ရောင်းဝယ်တဲ့သူတွေက လမ်းဘေးမှာ ပစ္စည်းတွေစုပုံထားကြလို့ မီးရေးအတွက် စိုးရိမ်စရာပါပဲ။ ကျူးကျော်နေတဲ့သူတွေလား ဒါမှမဟုတ် အိမ်ရာနေရာမဲ့တဲ့သူတွေလား မပြော တတ်ပါ။ လမ်းဘေးဝဲယာတွေမှာတော့ တဲလေးသာသာထိုးနေကြပြီး မိသားစုတွေ နွမ်းနွမ်းပါးပါး နေထိုင်ကြတာ ကိုမြင်ရတဲ့အရှင်ဖို့ မျက်ရည်တဆု့ိဆို့ ခံစားရပါတယ်။ ဒီမိသားစုတွေဟာ အရှင်တို့ရဲ့ မြန်မာပြည် မိသားစုတွေ ပါ။ ခုလိုဒီလိုအတိုင်းနဲ့ ပစ်မထားသင့်ပါ။ သူတို့ရဲ့သားသမီးပညာရေး အတွက်လည်း ပြည့်စုံမှာမဟုတ်ကြလို့ တွေးမိလို့ ပူဆွေးမိတာ အမှန်ပါပဲ။

ရွာသာကြီးစီးပွားရေး တက္ကသိုလ်ကျောင်းကြီး ရှေ့ကိုရောက်တဲ့အခါ စုပုံပစ်ချထားတဲ့ အမှိုက်ပုံကြီးက ဖရိုဖရဲ ဖိတ်စဉ်ကျနေလို့ ကျက်သရေမဲ့လွန်းပါတယ်။ ကားလမ်းက ပြင်ဆင်ထားတာ မလုပ်တော့ လှိုင်းထလို့ပါပဲ။ တောင်မြောက်ဒဂုံ လမ်းဆုံရောက်တဲ့အခါ လမ်းဘေးမှာရပ်ထားတဲ့ ကားတွေက ထပ်နေလို့ပါပဲ။ ဒီကြားထဲ အချက်ပြတဲ့မီးက ပျက်နေလိုက်သေးရဲ့။ အဆင်ပြေသလို ရှောင်ကြသွားနေကြရင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ်ထဲ ကို ရောက်ပါတယ်။ စီမံကိန်းလုပ်မယ့်နေရာတွေမှာ ကျူးကျော်ဝင်ရောက်တဲ့ သူတွေက တဲအိမ်တွေ ဝင်ရောက် ဆောက် ထားကြလု့ိ ကြိတ်ကြိတ်တိုးနေတာပဲ။ ဒီမြင်ကွင်းကို ကိုယ်တွေ့မြင်ရတော့ ဒီလိုအဖြစ်မျိုးကို အစိုးရဖြစ် တဲ့သူတွေက ဘယ်လိုနည်းတွေနဲ့ ဖြေရှင်းပေးနိုင်ကြမလဲ။ တွေးမိပါလေရဲ့။ ပြည်သူကို အစိုးရကကူညီပေး မလား။ ပြည်သူက အစိုးရကို ကူညီပေးရမလား။ စဉ်းစားမိပါလေရဲ့။ နောက်ဆုံးတော့ ပြည်သူက အခရာပါပဲ။ ပြည်သူဆိုးရင် အစိုးရလည်း မတတ်နိုင်သလို ပြည်သူယဉ်ကျေးရင် အစိုးရလည်း သက်သာပါတယ်။ ကိုင်း … ရန်ကုန်တိုင်းအစိုးရအဖွဲ့ရယ် ““စိတ်ဓာတ်ကြံ့ခိုင်၊ စွဲပိုင်ပိုင်၊ ကျင့်ကြံအားထုတ် သင့်အလုပ်””” ဖြစ်ပါပြီ။

● အခွန်လွတ် သာသနာ့မြေလည်း မရှောင်သာ

အရှင်ရောက်ချင်တဲ့ နေရာကိုရောက်ပါပြီ။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံသီရိလမ်း၊ အမှတ် ၉၀ ရပ်ကွက်၊ မြေကွက် အမှတ်နေရာဟာ ၂၀၀၀ ပြည့်နှစ်အကျော်က အခွန်လွတ်သာသနာ့မြေ လျှောက်ထားလို့ အခွန်လွတ်ဂရမ် ပတ္တားကျထားတဲ့ ကျောင်းမြေနေရာပါပဲ။ ဝတ္တကမြေနဲ့ အခွန်လွတ် သာသနာ့မြေပြင်ပေါ်မှာ တိုက်အိမ်တွေ ဆောက်ထားကြလို့ ကျောင်းမြေမျက်နှာစာ ပေ ၁၀၀ကျော်ကျော်လေးသာ ကျန်ပါတော့ တယ်။ ကျန်တဲ့မြေ မျက်နှာစာ ၁၀၀ကျော်ကျော်လေးကိုလည်း အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကလည်း ““ဘုန်း တော်ကြီးသင် ပညာရေးကျောင်းမြေနေရာ””ဆိုပြီး ဆိုင်းဘုတ်တောင် လာရောက်ပြီး တင်ထားကြပါလေရဲ့။ ကဲ … စာဖတ်ပရိသတ်တွေ မလောက်မငတော့တဲ့ အခွန်လွတ်သာသနာ့မြေကို အစိုးရကိုပြန် အပ်ရမလား၊ ဒါမှမ ဟုတ် ပြည်သူတွေကို စွန့်ကြဲလိုက်ရင် ကောင်းမလား။ ဘယ်လိုမြင်ကြပါသလဲ။ မရှိဆင်းရဲကြတဲ့ တဲကလေး နဲ့နေကြတဲ့ သူတွေကို စွန့်ပေးလိုက်ရင်တော့ အကောင်းဆုံးပဲပေ့ါ မဟုတ်လား။

● နိဂုံး

ဘားအံမှ ရန်ကုန် ဒီခရီးတစ်ထောက်ကို မြင်ရတွေ့ရတဲ့ အဖြစ်စုံတွေအားလုံးကတော့ ဤမျှပါပဲ။

““မကျေနပ်မှုတွေ မရောင့်ရဲနိုင်မှုတွေ သဘောမတူနိုင်မှုတွေ ငြင်းခုံမှုတွေ အပြစ်တင်မှုတွေ အစွဲအလမ်းကြီး မှုတွေ တစ်ယူသန်မှုတွေ စိတ်ပူပန်မှုတွေ ဆူပူခြင်းတွေ ဆန္ဒပြခြင်းတွေ ”” အားလုံးငြိမ်းချမ်း ညီညွတ်ကြပါစေ။

Photo by Isabel Retamales on Unsplash

Loading

Categories
စီးပွားရေး ဆောင်းပါး တောမှီရဟန်း နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး အမျိုးသားရေး

မြန်မာတွေသတိထားစေ …

တောမှီရဟန်း

ကျောင်းသားထု သွေးနဲ့ရေးတဲ့မော်ကွန်း သူရဲကောင်းတို့ တိုင်းပြည်

မြန်မာသံတော်ဆင့်ဂျာနယ် (The Myanmar Herald)၊ အတွဲ(၂)၊ အမှတ်(၁)၊ စာမျက်နှာ ၂၉/၃၀ ပါ ဆောင်းပါးဖြစ်သည်။

၂ဝ၁၃ ခုနှစ်၊ ဒုတိယပိုင်းကာလတစ်ခုခုတွင် တရုတ်နိုင်ငံ အစိုးရပိုင် တရုတ်အမျိုးသား ရေနံကုမ္ပဏီ (C.N.P.C) က မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်လုပ်ထားသည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော ရေနံပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ အရှေ့အလယ်ပိုင်း ဒေသမှ သင်္ဘောဖြင့် သယ်ဆောင်လာသည့် ရေနံစိမ်းများ ပို့ဆောင်တော့မည်ဖြစ်သည်။ ဤပိုက်လိုင်းမှတစ်ဆင့် တစ်နှစ်လျှင် ရေနံတန်ချိန် သန်း ၂ဝ မျှ တင်ပို့နိုင်မည်ဖြစ်သည်။

ရည်ညွှန်း = (အတွဲ ၂၊ အမှတ်(၂၄)၊ အင်္ဂါနေ့။ မဇ္ဈိမ လွတ်လပ်သော သတင်းဂျာနယ်။ စာမျက်နှာ ၂၀ – ဆောင်းပါး) 

ယနေ့ နိုင်ငံတကာ စီးပွားရေးလောကမှာ အလျင်အမြန် ကြိုးစားအားထုတ်နေကြတယ်။ သူ၊ ငါဦးအောင် နှိုက်ကြ၊ လိုက်ကြလို့ လိုဘတွေများပြီး ကိုးရိုးကားရား ဖြစ်သွားကြတဲ့ တိုင်းပြည်တွေ သနားစရာပါပဲ။ လူဦးရေ သန်းပေါင်းတစ်ထောင် ကျော်ရှိကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့ဟာ အိန္ဒိယသမုဒ္ဒရာထဲက စီးပွားရေးကစားပွဲတွေ လုပ်နေကြတယ်။

ဒါတွေမက တောင်တရုတ်ပင်လယ်ထဲမှာ ရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တူးဖော်မှုလုပ်တော့ တရုတ်နိုင်ငံက ဒေါသတကြီး အမျက်တွေထပြနေတယ်။ ဒီအတွက်ကြောင့်လား မသိ။ တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ထဲ စီးပွားရေးလုပ်နေတဲ့ အိန္ဒိယကို ပထမက ရာဇသံ၊ ဒေါသနဲ့ပေါ့။ နောက်တော့ မြန်မာပြည်၊ ဖြတ်သန်းမယ့် ပိုက်လိုင်းကိစ္စ ပေါ်လာတဲ့အခါ တရုတ်အစိုးရက လေသံတွေ ပျော့ပျောင်းပြီး ပြောင်းလာတယ်။ ဗီယက်နမ် ကမ်းလွန်ပင်လယ်ပြင်နေရာအချို့မှာ အိန္ဒိယအစိုးရပိုင် ကုမ္ပဏီကြီး ရေနံရှာဖွေမှုအပေါ်ကိုလည်း တရုတ်အစိုးရက အလွန်အမင်း မနှစ်သက်ချင်လှပါဘူး။

ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယနှစ်ခုရဲ့ ကြားမှာနေတဲ့ မြန်မာကတော့ အပူအပင်မရှိဘဲ အေးအေးလေး နဲ့ ပြုံးပြုံးလေးလို နေကြတယ်။ အံ့ဩစရာပါ။

မြန်မာနဲ့ တရုတ် သွယ်တန်းတဲ့ ရေနံပိုက်လိုင်းလမ်းကြောင်းဟာ – 

၁။ မြန်မာပြည်ဘက်က

(က) ကျောက်ဖြူ (ရခိုင်ပြည်နယ်)
(ခ) မကွေး 
(ဂ) ကျောက်ပန်းတောင်း
(ဃ) ကျောက်ဆည်
(င) မန္တလေး
( စ ) ပြင်ဦးလွင်
(ဆ) သီပေါ
(ဇ) နမ္မတူ
(စျ) နမ့်ခမ်း
(ည) ရွှေလီ (မြန်မာ)

၂။ တရုတ်ပြည်ဘက်

(က) ရွှေလီ (တရုတ်)
( ခ ) ကူမင်း (တရုတ်)
(ဂ) နမ့်နင်း (တရုတ်) အထိ ဆုံးမယ်။

အားလုံးစုစုပေါင်း ကီလိုမီတာ ၉၀၀ ရှိတယ်။ ကီလိုမီတာ ၉ဝဝ မျှ ရှည်လျားတဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းလုပ်တဲ့အချိန်မှာ (၂၀၁၂ ခုနှစ်အတွင်းက)

(၁) လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ
(၂) မြေယာသိမ်းမှုတွေ
(၃) မလောက်မဝ လျော်ကြေးပေးမှုတွေ
(၄) ဆိပ်ကမ်းအနီး ပြည်သူများ မကျေနပ်မှုတွေ

အမျိုးမျိုးရှိနေ၊ ဖြစ်နေပေမယ့် ယနေ့တိုင် နေ့နေ့ညည လုပ်နေဆဲပါပဲ။

ယနေ့ တရုတ်ပြည်စီးပွားရေးဟာ အပြည်ပြည်ဆိုင်ရာ အားလုံးကို လွှမ်းမိုးနိုင်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ နည်းပညာလုံလောက်မှု မရှိသေးပါဘူး။ စီးပွားရေး အလွန်အမင်း ကြိုးစားနေတာကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အခက်အခဲတော့ ရှိလာနိုင်စရာပါ။ အဲဒီအခက်အခဲက လျှပ်စစ်ပိုင်းဆိုင်ရာ အခက်အခဲပါပဲ။ ဒီအခက်အခဲကို ကြိုတင် တားတဲ့အနေနဲ့ ရေနံတင်သင်္ဘောတွေ ဘင်္ဂလားပင်လယ်အော် လမ်းကြောင်းကို လွှဲပြီး မြန်မာပြည်ကမ်းခြေကနေတစ်ဆင့် တင်ပို့ဖို့အတွက် ဒီရေနံပိုက်လိုင်းကြီးကို အသုံးပြုနေတယ်လို့ ပညာရှင်တွေက ခန့်မှန်းကြတယ်။

အဲဒီခန့်မှန်းချက်ဟာ မလွဲပါဘူး။ မြန်မာပြည်ဟာ တရုတ်နဲ့ အိန္ဒိယ မကင်းနိုင်တာမှန်ပေမယ့် အဲဒီနိုင်ငံတွေရဲ့ ငွေနဲ့ မြန်မာတွေ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်း များများစားစား ရင်းနှီးမှုမလုပ်ရခဲ့ပါဘူး။ ယခု အစိုးရသစ်လက်ထက်မှာတော့ ပူးကပ်လုပ်နေတာ အချို့ တွေ့နေရပါတယ်။ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ စီးပွားရေးအရပဲဖြစ်ဖြစ် အကျိုးတူလုပ်ငန်းတွေလုပ်ဖို့ စဉ်းစားနေကြတာတွေ ရှိနေတာတော့ အမှန်ပါပဲ။

တရုတ်နဲ့ အိန္ဒိယစီးပွားရေးအစီအစဉ်တွေကို လေ့လာကြည့်ရင် အားရစရာဘာတစ်ခုမှ မရှိပါဘူး။ အထောက်အပံ့ ကူညီပေးကြမယ်ဆိုပေမယ့် မလောက်မင ဆိုစလောက်လေးသာ။ ဒါဆိုရင် မြန်မာတွေ ဘယ်တိုင်းပြည်က အကူအညီနဲ့ လက်တွဲလုပ်ဖော်ရကြမလဲ။ စက်မှု ပိုင်ဆိုင်ထားပြီးသား လူတွေနဲ့ပေါင်းလို့ နည်းပညာ ငါတို့ရကြမလား။ အလကားဆို၍ မရှိပါ။ ဥရောပနိုင်ငံတွေနဲ့ပေါင်းပြီး မြန်မာတွေ အလုပ်လုပ်ကြမလား။ အမျိုးမျိုးစဉ်းစားကြည့်ပါ။ ထိုးကွက်၊ လှည့်ကွက်များတဲ့ ခုခေတ် စီးပွားရေးခေတ်ဟာ နောက်ပြန်မဆုတ်တဲ့ စီးပွားရေးလောက ထဲကို ရောက်ဖို့ မြန်မာတွေ ကြိုးစားရဦးမယ်။

တရုတ်ရဲ့ စီးပွားရေးကို အားကိုးရနိုးနိုးနဲ့ မြန်မာတွေ ခါးကျိုးနေကြတာများလှပါပြီ။ အရှေ့မျှော်ဝါဒီသမားနဲ့လည်း ဒီအတိုင်းပါပဲ။ ဒါဆိုရင် တို့မြန်မာတွေ ဘာလုပ်ဖို့ စဉ်စားနေကြသလဲ။ ယနေ့ မြန်မာပြည်သားတွေအားလုံးဟာ မိမိအမြင်ကို ရဲရဲတွေး၊ ရဲရဲလုပ်၊ ရဲရဲစွန့်စားကြရဲ့လား။ လက်ရှိအစိုးရအဖွဲ့ အစည်းကိုလည်း စုပေါင်းဝိုင်းဝန်းဖြည့်ဆည်းပေးကြရဲ့လား။ အားပေးကြရဲ့လား။ ပြည်သူပြည်သား ပါမလာရင် ဒီတိုင်းပြည်ဟာ သာယာလာမယ်လို့ရော ထင်သလား။ အစိုးရချည်း သက်သက် အားကိုးလို့ ရမလား။ ပြည်သူတွေကူညီမှ အစိုးရလည်း သက်သာမှာ ဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။ 

အရှင်တို့တိုင်းပြည်ဟာ သူတစ်ပါးလုပ်ကျွေးတဲ့ တိုင်းပြည်မဖြစ်အောင် ကြိုးစားအားထုတ် ဆောင်ရွက်ကြရမယ်။ နေရာတကာမှာ ပြည်သူတွေ လုပ်ကြရမှာပါ။ အခြားတိုင်းပြည်က လူတွေ ငါတို့တိုင်းပြည်ကို ကြီးပွားတိုးတက်အောင် လုပ်မပေးကြပါဘူး။ စီးပွားရေး လာရောက်တူးဖြို၊ သယ်ဆောင်သွားမယ့် သူတွေပါ။ 

အခုဆိုရင် စီးပွားဖြစ်လုပ်ငန်းတွေ နိုင်ငံတကာက လာရောက်လေ့လာနေကြပါပြီ။ လေ့လာရေး အစီအစဉ်နဲ့ သူတို့ အချိန်ယူနေကြပါပြီ။ သူတို့ လေ့လာနေတဲ့အချိန်မှာ အရှင်တို့ မြန်မာပြည်သားတွေဟာ အရင်းအနှီး များများစားစား ရှိဖို့လိုတယ်။

ဒီတိုင်းပြည်ထဲကို ဝင်ရောက်လုပ်ကိုင်လိုတဲ့သူတွေ အများကြီးပါ။ စီးပွားရေးဆိုတာ မလုပ်မီ (မလုပ်ခင်) အရင်ဦးဆုံး လေ့လာရပါတယ်။ လေ့လာမှုပြုလုပ်ပြီးမှ လုပ်ငန်းကို လုပ်ရပါတယ်။ မလေ့လာဘဲလုပ်ရင် ဘာမှ အဆင်မပြေနိုင်ပါ။

မကြာမီ ၂၀၁၅ ခုနှစ်ရောက်တော့မယ်။ အာဆီယံ အလှည့်ကျလုပ်ငန်းလည်း တာဝန်ယူကြရတော့မယ်။ မြန်မာပြည်ဟာ စီးပွားရေး အခွန်ကြေး၊ အကောက်ကြေးတွေ ပုံစံ ပြောင်းလဲတော့မယ်။ အဲဒီအခါကျရင် မြန်မာပြည်တွင်းထဲမှာ အမျိုးမျိုးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံကြမယ်။ အဲဒီအချိန်ကျရင် မြန်မာတွေ လုပ်ငန်းရှင်ဖြစ်ဖို့ လိုတယ်။ အလုပ်သမားမဖြစ်ဖို့ လိုတယ်။ ဒီသတိပေးတဲ့စကားဟာ နောက်မကြာ မြန်မာတွေ ခံစားကြရတော့မယ်။ အရှင်တို့ အနီးအနားမှာရှိတဲ့ တိုင်းပြည်အချို့ဟာ အဲဒီခံစားရမှုတွေ သူတို့တွေ လက်တွေ့ ခံစားနေကြရပါပြီ။ အစက ကိုယ်တော်သလိုလိုနဲ့ နောက်ဆုံး ကူလီဖြစ်သွားတဲ့သူတွေ အများကြီး တွေ့ ရတယ်။

မြန်မာတွေ အဲဒီလိုမဖြစ်ရအောင် ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းပါ။ မြေယာတွေ အရမ်းကာရော မရောင်းပစ်သွားပါနဲ့။ ငွေရှင်၊ ကြေးရှင်လက်ထဲမှာ မြေယာတွေရောက်သွားရင် တစ်ပြည်လုံး ကျွန်ပြုခြင်းခံရမယ်။ အထူးသဖြင့် မြန်မာတွေ မြေယာကို ငွေကြေးများပြားတဲ့လူတွေလက်ထဲ မရောက်ဖို့ ခြိုးခြံပြီး နေစားကြပါ။ အရှင်တို့ တိုင်းပြည်ဟာ လူ့အရင်းအမြစ် ပြည့်စုံပြီးသားပါ။ စက်မှုပစ္စည်းဆိုင်ရာ အရင်းအမြစ်သာ အားနည်းနေတာပါ။ နည်းပညာတတ်မြောက်လာရင် အဆင်ပြေသွားမှာပါ။ အလွန်တိုးတက်တဲ့ တိုင်းပြည်တွေကို အားမကျပါနဲ့။ အကျနာတတ်တယ်။ ဖြည်းဖြည်းလုပ်ကြပါ။ ယခု လက်ရှိအစိုးရတွေကိုလည်း မပစ်ပယ်ကြပါနဲ့။ 

ပြည်သူတွေ ဖြစ်ချင်တာတွေကို အစိုးရအဖွဲ့အစည်းတွေကလည်း လိုက်ပြီးလုပ်ပေးပါ။ အားပေးပါ။ စောင့်ရှောက်ပေးပါ။ ပြည်သူတွေကလည်း အစိုးရအပေါ်ချည်း သက်သက်အမြင် မစောင်းကြပါနဲ့။ ပြည်သူလိမ္မာမှ အစိုးရသက်သာမယ်။ ပြည်သူတော်မှ အစိုးရတော်မယ်။ အစိုးရ အဖွဲ့အစည်းဆိုတာ ပြည်သူ့ကို အထောက်အပံ့ပြုပေးတဲ့ အဖွဲ့အစည်းပါ။ ပြည်သူသာ အခရာပါပဲ။ 

အကယ်၍ ပြည်သူက မသိ၊ မလိမ္မာရင် အစိုးရက ပြည်သူ့အတွက် ကာကွယ်ထိန်းသိမ်းပေးရမယ်။ အစိုးရအလုပ်ကို ပြည်သူတွေက လိုက်ပြီး လုပ်ဖို့မလို။ ပြည်သူအလုပ်ကို အစိုးရက လိုက်ပြီး လုပ်ပေးရမယ်။ ခေတ်အဆက်ဆက်က အစိုးရဟာ လုပ်ချင်တဲ့အလုပ်ကို လူထုတွေကို ခိုင်းတယ်၊ စေတယ်၊ လုပ်ခိုင်းတယ်။ မအောင်မြင်ရင် လူထုကို ညှဉ်းဆဲတယ်။ ခုခေတ် အစိုးရလုပ်တဲ့သူတွေ ပြည်သူတွေကို အထောက်အပံ့ ပေးဖို့ မမေ့သင့်ပါ။ လူထုတွေကလည်း ဘာလုပ်လုပ် တရားဥပဒေနဲ့ အလုပ်လုပ်ရမယ်။ ကိုယ်၊ စိတ်ဆင်းရဲခြင်း မရောက်အောင်လုပ်ရမယ်။

အရှင်တို့ ပြည်သူတွေဟာ မသင့်၊ မတော်၊ မလျော် တဲ့နေရာတွေမှာ မနေထိုင်ကြဖို့ လိုတယ်။ မြင်မကောင်း၊ ရှု၊ မကောင်းတဲ့နေရာတွေမှာနေရင် ကျန်းမာရေး၊ စိတ်ဓာတ်၊ စရိုက်တွေ ပျက်ပြားလာတတ်တယ်။ အစိုးရဖြစ်တဲ့ အဖွဲ့အစည်းက ပြည်သူတွေနေထိုင်ကြရတဲ့ အခြေအနေတွေကို ကြည့်ပြီး စောင့်ရှောက်၊ ထိန်းသိမ်း၊ ကယ်တင်ပေးဖို့ လုပ်ရမယ်။ လွယ်လွယ်ယူ၊ လွယ်လွယ်ရ၊ လွယ်လွယ်လုပ်တဲ့ အလုပ်တွေကို မလုပ်ကြဘဲ စည်းကမ်းနဲ့လုပ်တဲ့ အလုပ်တွေကို ပြည်သူတွေ လုပ်ဖို့လိုအပ်တယ်။

အရှင်တို့ဟာ ဥပဒေကို အလွန်ရိုသေရမယ်။ လိုက်နာရမယ်။ မိမိတစ်မျိုးသားလုံး အဆင့်အတန်း မြင့်မားလာဖို့ ပညာရေးကို လေးစားမြတ်နိုး တန်ဖိုးထားရမယ်။ လူနဲ့တန်တဲ့နေရာ၊ အစားအစာ၊ အဝတ်အစားတွေကို ပြင်ဆင်၊ နေထိုင်၊ သုံးဆောင်ရမယ်။ သတိတရား အားကောင်းအောင် မမေ့မလျော့ဘဲ နေရမယ်။ ထင်တိုင်းမကြဲရ။ အများ အထင်သေးစရာတွေ မလုပ်ရ။ တကယ်တော့ ပြည်သူဟာ အခရာပါပဲ။ ပြည်သူဆိုးရင် အစိုးရလည်း တတ်နိုင်မှာ မဟုတ်သလို၊ ပြည်သူမိုက်ရင် အစိုးရလည်း မတတ်နိုင်ပါဘူး။

မြန်မာပြည်ဟာ ချမ်းသာကြွယ်ဝတဲ့သူတွေ အများကြီးပါ။ ရိုးရိုးသားသား ကြိုးစားလို့ အောင်မြင်ကြီးပွားတဲ့သူတွေ နည်းပါးပါတယ်။ အလွန်ချမ်းသာတဲ့သူတွေဟာ ဒုစရိုက်တရားနဲ့ ကင်းတဲ့သူတွေ နည်းပါးပါတယ်။ အစိုးရအဖွဲ့အစည်း၊ အခြားသော အစိုးရဦးစားပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ပေါင်းစား၊ လုပ်စားကြလို့သာ ချမ်းသာနေကြတာပါ။ အစိုးရအဖွဲ့အစည်းထဲကို ရောက်တဲ့သူတွေလည်း ရတဲ့လစာနဲ့ မိဘဘိုးဘွားပိုင်ဆိုင်တဲ့ အမွေနဲ့ပေါင်းရင် ငွေကြေးမများပါဘူး။

ဒါပေမဲ့ ရာထူး၊ အာဏာ၊ အရှိန်နဲ့ လုပ်လို့ ပိုင်ဆိုင်မှုတွေကို ကြည့်လိုက်ရင် ပြည်သူတွေကို အားနာဖို့ကောင်းတယ်။ မတော်မတရားနဲ့ ရတဲ့စည်းစိမ်ဟာ မိသားစုကို လုပ်ကျွေးရင်၊ လုပ်ကျွေးသူ၊ စားသုံးသူတွေ အပြစ်မရနိုင်ဘူးလို့ မထင်နဲ့။ သံသရာဝဋ်ကြွေးဟာ လုပ်တဲ့ သူပဲ ခံရမှာပါ။

ယနေ့ မြန်မာတွေဟာ မိသားစုအလိုက် ရုန်းကန်နေကြရပြီး ပညာမတတ်မြောက်ကြလို့ အလုပ်ကို အမျိုးမျိုး လုပ်ကြရတယ်။ “လူမှန်ရင်အလုပ်လုပ်ကြရမယ်” ဆိုပေမယ့် လူနဲ့ တူတန်တဲ့အလုပ်ကိုပဲ လုပ်သင့်တယ်။ တစ်ခါတလေ လူတွေဟာ မလိုအပ်ဘဲနဲ့ ပိုလုပ်တာတွေ လုပ်ကြရတော့ ဒဏ်တွေ ပိလာတယ်။ အဲဒီဒဏ်တွေကြောင့် တဖြည်းဖြည်း ကြောက်လာတယ်။ အလုပ်လုပ်ရမယ်ဆိုရင် ပိုကြောက်လာကြတယ်။

ဒဏ်ကြောက်တဲ့ သတ္တဝါဖြစ်သွားရင် အလုပ်ကိုလုပ်ဖို့ (လုပ်ပါလို့) တောင် မလုပ်ရဲဘဲ ဖြစ်ကြတယ်။ ဒီနေ့ မြန်မာပြည်မှာလည်း နိုင်ငံရေးအလုပ် လုပ်ကိုလုပ်ကြပါ (လုပ်ကြဖို့) လို့ တိုက်တွန်းနေရင်တောင်မှ လုပ်လိုတဲ့သူတွေ ရှားပါးသွားမယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးအလုပ်ဒဏ် ထိထားလို့ပါပဲ။ 

နိုင်ငံရေးကိုလုပ်လို့ နိုင်ငံရေးအလုပ်ဒဏ် ထိသွားတာတော့ ရှားပါးပါတယ်။ နိုင်ငံရေးအလုပ်ထဲက မဟုတ်ဘဲ နိုင်ငံရေးနဲ့ နွှယ်တဲ့၊ အပြစ်ဒဏ်မကင်းတဲ့ အလုပ်နဲ့တွဲမိ လုပ်ကိုင်မိတာကြောင့် နိုင်ငံရေးအလုပ်ဒဏ် ရသွားကြတယ်။ ဒီအဖြစ်မျိုးဟာ ကမ္ဘာပေါ်မှာ ရေတွက်လို့ မကုန်ပါဘူး။ မြန်မာပြည်မှာလည်း နည်းနည်းနောနောလား။ အများကြီးပါပဲ။ ခုချိန်ခါမှာ မြန်မာပြည်နိုင်ငံရေး တံခါးတော့ ပွင့်လာပြီလို့ ဆိုကြပေမယ့် တကယ့်နိုင်ငံရေးအချုပ် တံခါးကတော့ မပွင့်လာသေးပါဘူး။ ရှင်းရှင်းလင်းလင်း ပွင့်လာမှာလည်း မဟုတ်ပါဘူး။

လူထုတွေကတော့ နိုင်ငံရေးတံခါး ပွင့်ပြီလို့ မထင်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးကို အကြောင်းပြပြီး ပါတီပေါင်းစည်းရေး၊ လူထုကို လိုက်လံဖားရေးနဲ့ပဲ လုပ်နေကြတာပါ။

တကယ်လူထုနားလည်တဲ့ နိုင်ငံရေးကို မြန်မာ့နိုင်ငံရေးမှာ လူထုတွေ တွေ့ချင်နေပြီဆိုကြပေမယ့် နိုင်ငံရေးကိုလုပ်တဲ့ နိုင်ငံရေးဆရာတွေဟာ အိုမင်းရင့်ရော်နေကြပြီး အဆုံးအမ သြဝါဒလေးတောင်မှ မပေးနိုင်တော့တဲ့အဖြစ်ကို ရောက်သွားကြပါပြီ။ ယိုင်လဲနေတဲ့ မြန်မာ့နိုင်ငံရေးကို ကလေးတွေကို လက်ဆင့်ကမ်းဖို့ နိုင်ငံရေးကျောင်းကလေး တစ်ကျောင်းတောင်မှ မဖွင့်လှစ်ပေးနိုင်ကြတဲ့ အစိုးရတွေက သတိလေးထားမိကြမယ် မထင်ပါဘူး။

အိမ်နီးနားချင်း တိုင်းပြည်တွေက ကျောင်းဆိုရင် အမျိုးမျိုးပါပဲ။ ဝါသနာရှိသလို (ကြိုက်သလို) ဘယ်ပညာကြိုက်ကြိုက် သင်ယူလေ့လာ နိုင်ကြပါပြီ။ အဲဒီလို သူတို့တွေ ပညာအမျိုးမျိုး သင်ယူနိုင်ကြတာကို ကြည့်လိုက်ရင် အရှင်တို့မြန်မာပြည်မှာ “ပုရွက်ဆိတ်ညို ကိုက်လို့ လမ်းမှာ ထိုင်ငိုရတဲ့အဖြစ်တွေ မဖြစ်ချင်ကြတော့ပါဘူး။ မြန်မာပြည်ထောင်စု တိုင်းပြည်မှာ ပညာတတ်၊ ထူးချွန်ထက်မြတ်တဲ့ ပုဂ္ဂိုလ်တွေ အထင်အရှား ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာကသူတွေ လေးမြတ်ကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့တဲ့ ဒီတိုင်းပြည်ကို မြန်မာတွေ ပိုမိုနားလည်ထားသင့်ပါတယ်။

ခေတ်စနစ်အဆက်ဆက်က နိုင်ငံရေးအမည်းစက်တွေကြောင့် ရှည်လျားခဲ့တဲ့ အာဏာရှင်စနစ်ကြီးက ဒီတိုင်းပြည်ကြီးကို နည်းပေါင်းစုံ အုပ်ချုပ်လာခဲ့ပေမယ့် မကြောက်တတ် မရွံ့တတ်တဲ့ မြန်မာပြည်သူတွေရဲ့ သတ္တိလုံ့လအားဟာ ထူးခြားလှပါတယ်။ ဒီထူးခြားမှုကို မြန်မာက ပို၍နားလည်ကြပါတယ်။

မှန်ပါပြီ။ အရှင်တို့ဟာ ရှေ့ဆက်ပြီး နိုင်ငံအကျိုးကို ဘယ်လိုသယ်ပိုးအားထုတ်ကြိုးစားကြမလဲ။ နေခါးခါးကြားက ကြိုးစားရုန်းထွက်လာကြလို့ အေးမြတဲ့ ဘဝရောင်ခြည်အအေးက သတ္တိဓာတ်တွေ ရလာကြတဲ့ အရှင်တို့ မြန်မာတွေ အားလုံး ဟာ အစေးဓာတ်အားကောင်းတဲ့ နိုင်ငံနှစ်ခုရဲ့ကြားက (မှာ) စုပေါင်းပြီးတော့ လွတ်လွတ်လပ်လပ် ရုန်းထွက်ကြရမယ်။ လွတ်လပ်တဲ့ မြန်မာပြည်၊ ထူးမြတ်တဲ့ မိဘဘိုးဘွားတွေရဲ့ တည်ထောင်ဖန်ဆင်းပေးထားကြတဲ့ အရှင်တို့ တိုင်းပြည်ကြီးကို အမှားလမ်း ဖယ်ရှားပေးထားတဲ့ မိမိကိုယ်ပိုင်ဉာဏ်နဲ့ မြန်မာ့ နိုင်ငံရေးလမ်းစဉ်ကို ခင်းထားပေးကြရမယ်။ နိုင်ငံရေး မရင့်ကျက်လို့ မကောင်းသတင်း ထွက်ထားကြပေမယ့် အနာဂတ် မြန်မာ့နိုင်ငံရေး အတွေးအခေါ်ရှင်တွေ ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ကြရမယ်။ အရှင်တို့ တိုင်းပြည်မှာ အမျိုးကောင်းသား များစွာပေါ်ထွက်ဖို့လိုတယ်။ အမျိုးကောင်းသားများများ ဖြစ်ထွန်းပေါ်ပေါက်ရင် 

(၁) လူအားလုံးတို့၏ အကျိုးစီးပွား
(၂) မိဘတို့၏ အကျိုးစီးပွား
(၃) သား၊ မယားတို့၏ အကျိုးစီးပွား
(၄) အလုပ်သမားတို့၏ အကျိုးစီးပွား
(၅) မိတ်ဆွေတို့၏ အကျိုးစီးပွား

စတဲ့ အကျိုးစီးပွားချမ်းသာခြင်းအတွက် ဖြစ်တယ်ဆိုတဲ့ အဆုံးအမစကားတွေ လမ်းညွှန်ချက်ရှိခဲ့တယ်။ 

ဒီ အဆိုစကားဟာ အရှင်တို့ မေ့ပစ်လို့ မရပါ။

အရှင်တို့ရဲ့ ဘဝဖြစ်စဉ် (တိုင်းပြည်ဖြစ်စဉ်) ဟာ အလွန်ကြမ်းတမ်းလှပါတယ်။ ကြမ်းတမ်းခက်မာတဲ့ လူမှုဘဝဖြစ်စဉ်ကို တွေးမိလိုက်ရင် အခြေခံဒီလိုဖြစ်လာခဲ့ရတဲ့ တရားခံက အရင်းစစ်ရင် အရှင်တို့ရဲ့ အားနည်းချက်ကြောင့်ပါပဲ။ ဒီအားနည်းချက်ကို အကြောင်းပြပြီး တိုင်းပြည်ထဲမှာ ထွက်တဲ့ သယံဇာတတွေ၊ အဖိုးတန်ပစ္စည်းတွေ အမျိုးမျိုးကို ပတ်ကွက်၊ လှည့်ကွက် အမျိုးမျိုးနဲ့ ရောင်းသွားကြရတဲ့ ပစ္စည်းတွေ နှစ်ပေါင်းနှစ်ရာ ကျော်တိုင်ခဲ့ပါပြီ။

မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ ကောင်းကင်ပါမကျန် နှိုက်စား၊ လှိုက်စား၊ ဝှိုက်စား၊ ဖက်စားခြင်း ခံရတဲ့ မြန်မာ့သယံဇာတ ပစ္စည်းတွေဟာ အရင်းစစ်ရင် (ဒုတိယအရင်းစစ်ရင်) အရှင်တို့တွေ ဆင်းရဲနေလို့ပါပဲ။ 

ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရေနံဓာတုပစ္စည်းတွေ ကုန်လောက်ပြီလို့ ထင်ပါရဲ့။ မြန်မာပြည်မြေပုံကို ကြည့်ရင် ဖြတ်ကျော်တဲ့ ပိုက်လိုင်းဟာ (မြန်မာ့မြေပုံဟာ) အပိုင်းနှစ်ပိုင်း ဖြစ်သွားသလိုပါပဲ။ မြန်မာတွေ သတိထားစေ။

တောမှီရဟန်း

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၄)

ချစ်ကြည်ရင်းနှီးတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ မေတ္တာတရား ရှိရမယ်။ နောက်ကြောင်းတွေးတဲ့ နိုင်ငံရေးလူ့အဖွဲ့အစည်းတစ်ခုမှာ – 

(၁) အမှန်တရား (Truth) 
(၂) အကြမ်းမဖက်မှု (Non – Violence) ရှိရမယ်။

မြန်မာပြည်ကို စည်းကမ်းသေဝပ်ပြီး ကျင့်ဝတ်သိက္ခာ တရားကောင်းနဲ့ တည် ဆောက်သွားကြဖို့ လိုအပ်တယ်။ မြန်မာ့နိုင်ငံရေးအတတ်ပညာဟာ ရဲရင့်မှု အားနည်းတယ်။ ခေတ်ဟောင်းက ပါလာတဲ့ အမူအကျင့်တွေကြောင့် နောက်ကြောင်းတွေးတဲ့ နိုင်ငံရေးတွေ လုပ်နေကြတယ်။ ရှုပ်ထွေးတဲ့ အမူအကျင့်ပါတဲ့ အတွေးမျိုးတွေ တွေးပြီး ကောင်းတဲ့အာရုံတွေ ဖျက်ဆီးပစ်ကြတယ်။

အရှင်တို့ဟာ နိုင်ငံရေးကို မတွေးဘဲ နေလို့မရပါ။ အဘက်ဘက်မှ ပါဝင်တဲ့ ပညာရေးဟာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးကို ကြောက်လို့ ဘေးမှာထိုင်နေလို့ မရပါ။ နေ့စဉ် နေ့တိုင်း ကြံစည်စိတ်ကူးမှုတွေအားလုံးဟာ နိုင်ငံရေးပါ။ အရှင်တို့ဟာ ဘယ်လိုစိတ်ထားမျိုးကို ထားပြီး ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေပါတယ်။ လိမ်လို့မရပါ။ စိတ်ဆိုတဲ့ (သဘာဝ)သဘောဟာ အကောင်းဘက်ကို ပြောင်းပေးနိုင်ပါတယ်။ (ဘာဝနာ ပွားပြီး ပြောင်းလဲခြင်း) မေတ္တာစိတ်၊ ဒေါသစိတ် စတဲ့စိတ်တွေကို ဘယ်လိုအကျိုးမျိုးတွေ ပေးတတ်သလဲ ဆိုတာလည်း သိကြပါတယ်။ အသိတရားဆိုတာ ယေဘုယျအားဖြင့် အကောင်း၊ အဆိုးတရားတွေနဲ့ အမြဲ ထိတွေ့ခံစားရတယ်။ ခံစားမှုဆိုတာ ဖျက်ဆီးပစ်လို့ ရပါတယ်။

လွှတ်တော်အသံ

အရှင်တို့ရဲ့ တိုင်းပြည်ဟာ နိုင်ငံရေး ရည်ရွယ်ချက်ပန်းတိုင် ရှိပါသလား။ ရှိရင် ဘယ်ပန်းတိုင်ကို ရည်ရွယ်ချက်ထားတယ် ဆိုတာကိုကော ပြည်သူတွေ သိကြရဲ့လား။ စံထား၊ စံနှုန်း ဘယ်လိုထားခဲ့တယ် ဆိုတာကော ပြည်သူတွေသိရဲ့လား။ ငါတို့ပြည်သူတွေဟာ ခံစားတတ်တဲ့ ပြည်သူဖြစ်တယ် ဆိုတာ သိထားရမယ်။ နိုင်ငံရေးအာဏာကို လုပ်ချင်တိုင်း လုပ်လို့မရပါ။ ပြည်သူရဲ့ အကျိုးကောင်းမပါဘဲ ဥပဒေ ပြဋ္ဌာန်းပိုင်ခွင့် မရှိပါ။ မြန်မာ့နိုင်ငံရေး မြင်ကွင်းဟာ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ လွှတ်တော်မှာ များသောအားဖြင့် ရေငုံနှုတ်ပိတ်နေကြတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ ဖွင့်ထားတာ ကြောင့် လွှတ်တော်မှာ ထွက်လာတဲ့အသံဟာ ပြည်သူ့အတွက် အကျိုးကျေးဇူးများဖို့ လိုတယ်။ 

ဟုတ်မှန်မှုတွေကို ဖော်ထုတ်ပြသတဲ့နေရာ

လွှတ်တော်ရောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ ပြည်သူတွေ ခံယူထားကြတဲ့ အမှန်တရားကို ဖျောက်ဖျက်ပစ်လို့ မရပါ။ နိုင်ငံရေးဇာတ်ခုံပေါ်မှာ အနှစ်အသားပါတဲ့ အမှန်တရားထားတဲ့ နိုင်ငံရေးအကြောင်းကို မပြောရင်၊ သို့မဟုတ် မသုံးသပ်ရင် အမှန်တရား ကို ထိပါးမယ့် နှစ်နာချက်များတဲ့ မြန်မာနိုင်ငံရေးဇာတ်ခုံ ပေါ်လာမယ်။ နိုင်ငံရေးဆိုတာ လိမ်ညာယောင်ဆောင်မှု ကင်းရမယ်၊ ရဲရင့်ရမယ်၊ တည်ကြည်ရမယ်၊ ဖြောင့်မတ်ရမယ်၊ ကိုယ်စိတ်တွေ သန့်ရှင်းရမယ်။ ဟုတ်မှန်မှုတွေကို ဖော်ထုတ်ပြသတဲ့နေရာ ဆိုတာ (နိုင်ငံရေး ပါ) လွှတ်တော်ပါ။ 

စွန့်လွှတ်မှုကို ကြောက်ကြလို့

ပြည်သူတွေက လွှတ်တော်အမတ်တွေကို အားကိုးပြီး လွှတ်တော်ကို ရောက်အောင် ထင်ရှားတဲ့ ပြည်သူ့ဆန္ဒကို ရဲရဲကြီး မဲပြားနဲ့ မိမိရဲ့ ကိုယ်စားလှယ်တွေကို ရွေးယူခဲ့ပြီလေ။ အရွေးခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့အကျိုးပြုမပါတဲ့၊ အမှန်တရား ကင်းမဲ့တဲ့ နိုင်ငံရေးပြဋ္ဌာန်းချက်တွေကို လုပ်ရင် ပြည်သူ့အပေါ်မှာ အမှန်တရားကို ဖောက်ဖျက် တာနဲ့တူ။ ပြည်သူ့အလုပ်အကျွေးကို မလုပ်ဘဲ ရန်သူ၊ မိတ်ဆွေ မခွဲခြားတတ်တဲ့ အမတ် ဖြစ်ရင်တော့ နစ်နာမှုမဆုံး ဖြစ်မှာသေချာတယ်။ အကြမ်းဖက်မှုလည်း တားနိုင်မယ်မဟုတ်ပါ။ 

အရှင်တို့တိုင်းပြည်ဟာ ပြည်တွင်းဖြစ် ပညာတွေကို လက်တွေ့ကျင့်သုံးမှု အားနည်း (ဖြစ်) နေကြတယ်။ ဒီလို အားနည်းရတာဟာ စွန့်လွှတ်မှုကို ကြောက်ကြလို့ပါ။ တကယ်တော့ အရှင်တို့ ရယူထားတဲ့ လွတ်လပ်ရေးဟာ လွတ်လပ်မှုအတွက်၊ ငြိမ်းချမ်းမှုအတွက် ခံစားဖို့ရယူ ခဲ့တာပါ။ အဆင်မပြေမှုကို ခံစားဖို့ မဟုတ်ပါ။ ဒါကြောင့် လွတ်လပ်ရေးကို ရယူခဲ့တဲ့ မြန်မာ့ခေါင်းဆောင်ကြီးတွေရဲ့ မြင်တွေ့လိုတဲ့ နိုင်ငံရေးလမ်းစဉ်ဟာ ပေးဆပ်နေမှုလမ်းစဉ် မဟုတ်ပါ။ ပေးဆပ်မှုစနစ်ကို ကျော်၍ ကျစ်လျစ်ခိုင်မာတဲ့ စိတ်ဆန္ဒအတိုင်း ထားပြီးမယိမ်းမယိုင်တဲ့ သူတော်ကောင်းတိုင်းပြည်ဖြစ်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အရှင်တို့တွေဟာ တိုင်းပြည်ရဲ့ အခက်အခဲကို ကျော်ဖြတ်ပြီး အားထုတ်ကြရမယ့်သူတွေပါ။ တစ်ကမ္ဘာလုံးသိအောင် ကြိုးစားရမှာပါ။ အရှင်တို့ရဲ့အဖြေကို လူတိုင်းကို ပေးသိဖို့ မလို ပါ။ ပေးသိရန် အချိန်မတန်သေးပါ။ 

သိထားရမယ့် အကြောင်းတရား

အရှင်တို့ရဲ့ နိုင်ငံရေးမူဝါဒလမ်းစဉ်ကို မုန်းတီးမှု၊ တိုက်ခိုက်မှု မရနိုင်ပါ။ အရှင်တို့ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေဟာ နိုင်သွားတဲ့လူ မရှိပါ။ အကျိုးမများတဲ့၊ နိုင်ခဲ့တဲ့ အနိုင်မျိုးဟာ မြန်မာတိုင်းပြည်မှာ မရှိပါ။ ချမ်းသာသုခတရားမပါတဲ့ အနိုင်မျိုးဟာ လူ့သိက္ခာကို မမြှင့်တင် နိုင်ပါ။ အဲဒီလို အနိုင်မျိုးဟာ အကြမ်းဖက်မှုကို ထုတ်လုပ်တဲ့အနိုင်ပါ။ တစ်ကမ္ဘာလုံး သင်ခန်းစာယူကြရမယ့် အနိုင်ပါ။ အရှင်တို့ရဲ့ နိုင်ငံရေးကြိုးစားမှုဟာ ကွဲပြားနေတဲ့အရာကို တူညီတဲ့ အသိစိတ်ဓာတ်နဲ့ ဖန်တီးထားတဲ့ နိုင်ငံရေးပါ။ နောက်ဆုံး လူ့ကမ္ဘာဟာ ချမ်းသာသုခ အေးမြမှ ဖြစ်မယ်။ လူတိုင်းသိထားရမယ့် အကြောင်းတရားတစ်ပါး ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေးအားလုံးရဲ့ အခြေအနေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အချင်းချင်း မှီခိုအားထားကြတဲ့စနစ်ပါ။ ဒီစနစ်ဟာ ခေတ်ဟောင်းစနစ်မဟုတ်ပါ။ အဆင့်အတန်းပြောင်းလဲ လာတဲ့ လူသားအချင်းချင်း အဆင့်ဆင့် နားလည်လာတဲ့စနစ်ပါ။ နိုင်ငံနယ်မြေဟု မခွဲခြားဘဲ ကမ္ဘာတစ်စု၊ မိသားစုတစ်စု ဖြစ်အောင် လုပ်ကြမယ့် နိုင်ငံရေးအစီအစဉ်ဖြစ်လို့ ပြောင်းလဲ ဆက်ဆံမှုကို မကျေနပ်ဘဲ နေလို့မရပါ။ အများက သဘောကျတဲ့အရာကို တစ်ယောက် (တစ်ဦး)တည်းက တားဆီးမရနိုင်တာကြောင့် အများရဲ့လိုအင်ကို စုပေါင်းပြီး အသိအမှတ်ပြု ရမှာပဲ။

ဒါပေမဲ့ ခေတ်ကာလအပြောင်းအလဲ တူညီမှုမရှိ၊ မျှတမှု မရှိတော့တဲ့အခါကျမှ ပြင်သူက ပြင်၊ ဆင်သူက ဆင်၊ နှင်သူကနှင်မှု ပြုကြမယ့် အဝေးပြေးနိုင်ငံရေးမြင်ကွင်းကြီးကို မြန်မာနိုင်ငံရေး ရှုမြင်တတ်တဲ့သူတွေ သိထားဖို့ လိုပါလိမ့်မယ်။ 

မစစ်မမှန်တဲ့ အကူအညီ

နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ ယနေ့ ဘာတွေများ နိုင်ငံရေးစနစ်ကို ဖက်တွယ် ထားကြပါသလဲ။ ရာဇဝင်တည်မယ့် ကြေညာချက်တွေ ထုတ်ပြီး လူတွေအစုလိုက်အပုံလိုက် တောင်းပွဲ၊ တိုက်ပွဲဖြစ်အောင် (ဆူပူအောင်) လုပ်ဆောင်နိုင်မယ့် နိုင်ငံရေးကျင့်စဉ် အစီအစဉ် ကို ဖန်တီးလုပ်ကြံနေသလား။ အမျိုးမျိုးသော တစ်ခုတည်းသော အာဏာရယူမှုစနစ်ကို တီထွင်ဖန်တီးနေကြတာလား။ ခေတ်သစ်နိုင်ငံရေးသိပ္ပံစနစ်က အဲဒီအကြောင်းတွေကို မတွေးတောတော့တာ ကြာမြင့်ခဲ့လေပြီ။ ယနေ့ ကမ္ဘာ့ပြဿနာမှာ လူသားအချင်းချင်း မှန်ကန်တဲ့ ထောက်ပံ့ကူညီကြမှု မလုပ်နိုင်ကြသေးပါ။ ယုံကြည်မှု မရှိကြသေးပါ။ တရားမျှတမှုသဘော လည်း ညီမှုရှိအောင် မရှုနိုင်ကြသေးပါ။ ဒီသဘောတရားဟာ တစ်နေ့တခြား ပိုမိုများပြား လာတာကို မြင်ရလိမ့်မယ်။

အရှင်တို့ဟာ အထောက်အပံ့အကူအညီကို လက်ဖြန့်၍ မတောင်းဆိုပါ။ အင်အား သုံးလို့၊ ကြောက်ရလို့ ကူညီမယ့်အကူအညီ အထောက်အပံ့မျိုးလည်း ရယူရန် အကြောင်း မရှိပါ။ အဲဒီလို မစစ်မမှန်တဲ့ အကူအညီမျိုးကို မြန်မာ့မြင်ကွင်းအလယ်မှာ ဘယ်တော့မှ မရှိရပါ။ အရှင်တို့မှာရှိတဲ့ အခက်အခဲဟာ လူသားနဲ့ဆိုင်တဲ့ အခက်အခဲပဲ ရှိပါတယ်။ သီးခြား အခက်အခဲမျိုး (အခွင့်အရေးရယူမှု အခက်အခဲအမျိုးမျိုး) မရှိပါ။ ယနေ့ လူမှုအဖွဲ့ အစည်းတိုင်းမှာ နေထိုင်တဲ့ဘဝကို ကိုယ်စိတ်ချမ်းသာစွာ နေထိုင်တဲ့ အခွင့်ရှိတဲ့ စနစ်ကို လိုချင်ကြတယ်။

လကမ္ဘာပေါ်မှာ သီးခြားနေထိုင်မည့် စနစ်မျိုး မဟုတ်ပါ။ တသီးတခြား မနေလို တာကြောင့် မြန်မာ့လူမှုရေး၊ နိုင်ငံရေးဟာ စနစ်ကွဲပြားတဲ့ လူမှုဘဝနိုင်ငံရေးကို မလိုချင်ကြပါ။

ခွင့်လွှတ်မှု အများဆုံးထားတဲ့ သည်းခံမှု

အရှင်တို့တိုင်းပြည်ဟာ အစုအဖွဲ့၊ အသေးငယ်ဆုံး တိုင်းပြည်တစ်ပြည် မဟုတ်ပါ။ အရာခပ်သိမ်းကို လုံခြုံမှု၊ ချမ်းသာခွင့်ရှိတဲ့ တိုင်းပြည်ပါ။ နိုင်ငံတော်အုပ်ချုပ်မှုစနစ်ကိုလည်း လူ့အဖွဲ့အစည်းများနဲ့ ကိုက်ညီတဲ့စနစ်ကို တည်ထောင်ထားတဲ့ တိုင်းပြည်ပါ။ စစ်မှန်တဲ့ သတ္တိထူးကို စစ်မှန်တဲ့အတိုင်း ဖွင့်ဟရတဲ့ တိုင်းပြည်တစ်ပြည် ဖြစ်ကြောင်း သိစေချင်ပါ တယ်။ အရှင်တို့ဟာ ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ် အကျိုးယုတ်မာမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါ။ တိုင်းပြည်ကို လက်နက်ဆင်ပြီး မကာကွယ်ပါ။ ဒုက္ခဝမ်းနည်း ကြေကွဲရမယ့်အလုပ် မျိုး မရှိရပါ။

အမှန်တရားဟာ အမှိုက်ပုံကြီးနဲ့ တူပါတယ်။ အမှိုက်ပုံကြီးလောင်ကျွမ်းဖို့ လူတွေကို လောင်စာအဖြစ် ဘယ်တော့မှ မဖြစ်စေရပါ။ မြန်မာ့နိုင်ငံရေးကြောင့် လူ့အခွင့်ရေးအားလုံး ချိုးဖောက်မှု မဖြစ်စေရပါ။ အင်အားကြီးမားတဲ့သူတွေရဲ့ အခွင့်အရေး၊ အခွင့်အလမ်းတွေကို မတားဆီး၊ မပိတ်ပင်သလို အင်အားရှိတဲ့သူတိုင်းရဲ့ အခွင့်အရေးတွေကိုလည်း လေးစားတန်ဖိုး ထားတဲ့ တိုင်းပြည် ဖြစ်ရမယ်။ အရှင်တို့မှာ အာဏာရှင်စနစ်အောက်က မွေးဖွားလာကြတဲ့ သူတွေ မဟုတ်ပါ။ တိုင်းပြည်နဲ့ လူမျိုးကို အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်လို့ရတဲ့ စနစ်မျိုးကို လက်ခံကြတဲ့သူတွေ မဟုတ်ပါ။ လူသားတွေရဲ့ တန်ဖိုး၊ သို့မဟုတ် စွမ်းအင်ကို ဖြုန်းတီး ပစ်ကြတဲ့ စနစ်မျိုးလည်း လိုချင်ကြသူ မဟုတ်ပါ။ အရှင်တို့ဟာ အရာခပ်သိမ်းကို သည်းခံ နိုင်ပါတယ်။ သည်းခံခြင်းကြောင့် အောင်မြင်မှုထိပ်ဆုံးသို့ ရောက်မယ် ဆိုတာကို ယုံကြည်ပါတယ်။

အရှင်တို့တိုင်းပြည်ဟာ ချို့ယွင်းချက် အပြစ်အနာအဆာများပြီး သိက္ခာမဲ့တဲ့သူ ကို ခေါင်းဆောင်တင်ထားတာ မဟုတ်ပါ။ မယုံကြည်လို့ လက်မခံနိုင်တာပါ။ အရှင်တို့ရဲ့ သည်းခံခြင်းဟာ လာဘ်ထိုးပြီး ကြောက်စရာတွေကို လွဲသွားစေတဲ့ သည်းခံခြင်းမျိုး မဟုတ် ပါ။ သတ္တိအရှိဆုံး သည်းခံခြင်းပါ။ အရှင်တို့ရဲ့ သည်းခံခြင်းဟာ စွမ်းအင် ဖြစ်ရမယ်။ အားနုပ်ခြင်းမဟုတ်ပါ။ အရှင်တို့ရဲ့ဘဝကို ဖိစီးနှိပ်စက်တဲ့သူတွေကို သဘောထားမကောင်း ခြင်းနဲ့ မတုံ့ပြန်ပါ။ တစ်နေ့ သူတို့တွေ ငါတို့ရဲ့ သည်းခံခြင်းအကျိုးတရား အကြောင်းတွေ သိလာစေရပါမယ်။ ကြမ်းတမ်းပြစ်မှားတဲ့ တုံ့ပြန်မှုဟာ ခွင့်လွှတ်တဲ့သည်းခံခြင်း မဟုတ်ပါ။ ခွင့်လွှတ်မှု အများဆုံးထားတဲ့ သည်းခံမှုကသာ မိမိလူမျိုးကို ပေးကမ်းသွားရမှာ ဖြစ်ပါတယ်။ မြန်မာတိုင်းပြည်ဟာ မေတ္တာတရားရဲ့ ချစ်ခြင်းသဘောတရားကို တက်ကြွစွာ လက်ခံကျင့်သုံး နိုင်ကြပြီဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မည့်သူတွေ ရှိမှာမဟုတ်ပါ။ ပျက်သုဉ်းမှု အမျိုးမျိုးလည်း ကြုံတွေ့ရမှာ မဟုတ်ပါ။

ပြည်သူတွေက လွှတ်တော်အမတ်တွေကို အားကိုးပြီး လွှတ်တော်ကို ရောက်အောင် ထင်ရှားတဲ့ ပြည်သူ့ဆန္ဒကို ရဲရဲကြီးနဲ့ မဲပြားနဲ့ မိမိရဲ့ကိုယ်စားလှယ်တွေကို ရွေးယူခဲ့ပြီလေ။ အရွေးခံရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူအကျိုးပြုမပါတဲ့၊ အမှန်တရားကင်းမဲ့တဲ့ နိုင်ငံရေးပြဋ္ဌာန်းချက်တွေ လုပ်ရင် ပြည်သူ့အပေါ်မှာ အမှန်တရားကို ဖောက်ဖျက်တာနဲ့ တူ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၉၆-၁၀၀၊ အဝိဟိံသာနိုင်ငံရေး (၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၅)

အမျက်မပါတဲ့ တုံ့ပြန်မှု 

နိုင်ငံရေးလောကမှာ (လူမှုရေးလောကမှာ) ဖိစီးနှိပ်စက်ကြမှုကို မကောင်းမှုဖြင့် မတုံ့ပြန်ရပါ။ ခွင့်လွှတ်ပါ၊ သည်းခံပါ။ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပါ၊ တုံ့ပြန်ပါ။ ဖိစီးတဲ့ သူက ပြောင်းလဲမှု မဖြစ်လာဘဲ ပိုပြီးတော့ မိုက်ကန်းလာရင် အခြေအနေကို ကြည့်ပြီး တုံ့ပြန်မှုပြုပါ။ သဘောထားကောင်းကောင်းနဲ့ တုံ့ပြန်ပါ။ ဒေါသပါတဲ့ တောင်းဆိုမှုများ လုပ်လာခဲ့ရင် အမျက်မပါတဲ့ တုံ့ပြန်မှုနဲ့ လုပ်ပေးသွားပါ။ ဖိစီးနှိပ်စက်မှုကို ရဲရဲရင့်ရင့် ခိုင်ခိုင်မြဲမြဲ ရင်ဆိုင်ပါ။ ဒုက္ခဆင်းရဲမှုဟာ ထာဝရမဟုတ်တာကြောင့် ဖိစီးနှိပ်စက်ကလူပြုတဲ့ အလုပ်ဟာ ထာဝရ မဟုတ်ကြောင်း မြင်ရမယ်။

မြန်မာ့နိုင်ငံရေးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ တည်ထောင်ထားတဲ့ နိုင်ငံရေးဖြစ်အောင် ကြိုးစားရမှာပါ။ အကြမ်းမဖက်မှုကို သွန်သင်တဲ့နိုင်ငံရေးမျိုး အမွေပေးခဲ့တဲ့နိုင်ငံရေးပါ။ အကြမ်းဖက်မှုကို ဖွဲ့စည်းတဲ့နိုင်ငံရေးဟာ ချီးကျူးထောမနာမှု မရှိပါ။ သူတို့ရဲ့ ရဲစွမ်းသတ္တိကို လည်း မချီးမွမ်းနိုင်ပါ။ နိုင်ငံရေးလမ်းပြမှုအမှားဟာ မြန်မာပြည်မှာ မရှိပါ။ မြန်မာပြည်မှာ သေဆေးနိုင်ငံရေး မရှိပါ။ 

စုပေါင်းထိန်းသိမ်း

အရှင်တို့ဟာ မုန်းတီးမှုကို သွန်သင်ပေးတဲ့ အဆုံးအမမျိုးကို နားထောင်ရန် အသင့် ရှိပါတယ်။ နာခံရန်အတွက် ကောင်းတဲ့ အဆုံးအမမှအပ အခြားသီးခြားနာခံရန် အကြောင်း မရှိပါ။ အရှင်တို့ရဲ့ နှလုံးသားဟာ စွမ်းအင်အပြည့်ပါ။ ကြမ်းတမ်းတဲ့အင်အားတွေကို ရင်ဆိုင် နိုင်တဲ့ စွမ်းအင်အပြည့် ရှိပါတယ်။ အရှင်တို့ဟာ ခေတ်သစ်နိုင်ငံရေးစနစ်ကို မတီထွင်ပါ။ခေတ်ဟောင်းနိုင်ငံရေးစနစ်ကိုလည်း မပစ်ပယ်ပါ။ နိုင်ငံရေးဟာ ယဉ်ကျေးမှုတရားနဲ့ ဆန့်ကျင် လာရင်တော့ ကိုယ်ပိုင်စွန့်လွှတ်မှု အပြည့်အဝထားပြီး လူမျိုးနဲ့တိုင်းပြည်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ပြင်စရာမလိုတဲ့သူပါ။

အရှင်တို့ရဲ့ မြန်မာပြည်နိုင်ငံရေးဟာ မရင့်ကျက် မမှည့်သေးတဲ့ နိုင်ငံရေးပါ။ ဖျက်မယ်ဆိုရင် ပျက်လွယ်တဲ့နိုင်ငံရေးပါ။ ဒီအကြောင်းကို ဒီလိုပြောမိလို့ အချို့က နှစ်သက် ကြမှာ မဟုတ်ပါ။ မရင့်ကျက်သေးတဲ့ ကျင့်ဝတ်တရားဟာ အပေါင်းလက္ခဏာ မဖြစ်ပါ။ အရှင်တို့ဟာ မြင့်မြတ်တဲ့၊ ရိုးဖြောင့်တဲ့ လူမျိုး ဖြစ်ဖို့ လိုပါတယ်။ တိုင်းပြည်စည်းကမ်းလည်း မြင့်မြတ်ပြီး ရိုးဖြောင့်တဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေနဲ့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ အရှင်တို့ရဲ့စည်းကမ်းဟာ ချိုးဖောက်မှု၊ ပျက်သုဉ်းမှု မရှိပါ။ ချိုးဖောက်ခြင်းဟာ ပျက်သုဉ်း ခြင်းပါပဲ။ ပျက်သုဉ်းမှုအမျိုးမျိုးဟာ ဆင်းရဲမှုအမျိုးမျိုးပါပဲ။ အရှင်တို့ရဲ့ နေထိုင်တဲ့ မြန်မာပြည် ကို လှပအောင် ပြင်ဆင်ခြင်းအမျိုးမျိုးနဲ့ အလုပ်အကျွေးပြုရမယ်။ ကြည့်ရှုစောင့်ရှောက်မှု ပြုရမယ်။ တာဝန်မဲ့စွာ မနေအပ်ပါ။ ဖျက်ဆီးတဲ့အင်အား အစွမ်းတွေ လုပ်လာရင် ဖျက်ဆီး နိုင်တဲ့ အင်အားနဲ့ ကာကွယ်ထိန်းသိမ်းကြရမယ်။ မြန်မာပြည်ဟာ တစ်ဖက်စောင်း ယိုယွင်းမှု မရှိအောင် စည်းမျဉ်းဘောင်တွေကို ချိုးဖောက်လာမယ့်အရာတွေ ပေါ်လာရင် အကြမ်းဖက်မှု မပါတဲ့တရားနဲ့ စုပေါင်း ထိန်းသိမ်းကြရမယ်။

သူတော်ကောင်းမွေးဖွားတဲ့ တိုင်းပြည်

အရှင်တို့ရဲ့ နိုင်ငံတော်ဟာ အမြိုက်ဝတ်ရည်ကို သောက်သုံးရမယ့် နိုင်ငံတော် ဖြစ်အောင် အလုပ်အကျွေးပြုရမယ်။ အကြမ်းမဖက်သည့်တရား၊ စွန့်လွှတ်မှုတရား၊ မြင့်မြတ် သော တရားနဲ့ ကြောက်ရွံ့ခြင်းတရားအပေါင်းမှ ကင်းဝေးအောင် အားထုတ်ရမယ်။ အရှင် တို့ဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းတဲ့အရသာကို ကိုယ်စီ ခံစားရအောင် မိမိအတွက်ကို ငဲ့ကွက်မှု ကင်းကင်းနဲ့ အကျိုးထူးတရားများ ထွန်းကားအောင် မတွန့်မဆုတ်ဘဲ ကြိုးစားပေးရမယ်။ သူတော်ကောင်း မွေးဖွားတဲ့ တိုင်းပြည်ဖြစ်အောင် ကြိုးစားရမယ်။ သူတော်ကောင်းပုဂ္ဂိုလ်၊ စွမ်းရည်သတ္တိ ထက်မြက်သူများ ထွန်းကားတဲ့တိုင်းပြည် ဖြစ်လာရင် ကြောက်စိတ်ကင်းဝေး လာတဲ့သူတွေ ဖြစ်လာမယ်။ အရှင်တို့ရဲ့ တိုင်းပြည်ဟာ အလွယ်တကူနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည် မဟုတ်လေတော့ အလွယ်တကူနဲ့ နှောင့်ယှက်ကလူ ပြုနိုင်ကြမယ့် တိုင်းပြည် မဟုတ်ပါ။

ဒဏ်ထိတဲ့စိတ်

အရှင်တို့ဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အလွန် တန်ဖိုးထားပါတယ်။တန်ဖိုး မရှိတဲ့ လွယ်ကူမှု အကျင့်တရားတွေ ပြဿနာတွေ မရှိပါ။ မိဘဘိုးဘွားတွေ အစဉ်အဆက် ခံစားလာခဲ့ရတဲ့ အခက်အခဲတွေကို အလွန်နားလည်ပါတယ်။ မမေ့ပါဘူး။ အရှင်တို့ရဲ့စိတ်ကူးမှု ဟာ စိတ်သန့်တွေပါ။ အမျက်မုန်းတဲ့ စိတ်ကူးမျိုးတွေ မရှိပါ။ အရှင်တို့ကို မုန်းတီးကြတဲ့ သူတွေ ရှိမှာပါ။ ပြဿနာရှာတဲ့လူတွေ ရှိမှာပါ။ ဖျက်ဆီးကြမယ့်သူတွေ ရှိကြမှာပါ။ အဲဒီ သူတွေရဲ့ အပေါ်မှာ နွေးထွေးတဲ့ စိတ်ထားနဲ့ ဆက်ဆံသွားမှာပါ။ တစ်ဖက်ရ အနိုင်မျိုး၊ သို့မဟုတ် အသာမျိုးနဲ့ မဆက်ဆံပါ။ မလုပ်ပါ။ လူတိုင်းဟာ ပြောင်းလဲတဲ့အရာကို စိတ်ဝင်စား ကြတယ်။ ဒါပေမဲ့ ပြောင်းလဲမှုကို မတရားတဲ့ ပြောင်းလဲမှုမျိုးကို မလိုလားပါ။ ပြောင်းလဲမှ ဆိုတာ ကောင်းစားရေး လုံခြုံရေးရှိရပါမယ်။ အဲဒီတရားမပါရင် ဆင်းရဲဒုက္ခ မလျော့ပါး နိုင်ပါ။ သက်ရှိအားလုံးဟာ ဆင်းရဲတဲ့ဒဏ်ကို ကြောက်ကြပါတယ်။ သူတို့ရဲ့အတွင်းစိတ်ဟာ အဲဒီဒဏ်ကို ပေးမတွေ့လိုပါ။ ဒဏ်ထိတဲ့စိတ်ဟာ ဒဏ်ရာအမြဲတမ်း စွဲကပ်နေတဲ့အတွက် အားလုံး မလုပ်နိုင်ခြင်းဟာ စိတ်ဒဏ်ရာ ရနေလို့ပါပဲ။

အကျိုးမရှိတဲ့ မျှော်လင့်ခြင်း မဖြစ်အောင်

အရှင်တို့ဟာ လက်ရုံးစွမ်းရည်အားကိုးမှုကို လျှော့ချရမယ်။ စိတ်နှလုံးစွမ်းရည်ကို မြှင့်တင်ရမယ်။ ရိုးဖြောင့်ပြီး အပြစ်အနာဆာ ကင်းစင်ရမယ်။ လူတွေပြုတဲ့အပြစ်ကို နားလည် ရမယ်။ လူတွေစိတ်ကို မနာကြည်းအောင် ပြုပြင်ပေးရမယ်။ နောက်တစ်ခုဆိုတာ မနက်ဖြန် မရှိပါဘူး။ ပြည်သူဘဝကောင်းစားရေးကို ခုချက်ချင်းပဲ လုပ်ကျွေးပါ။ မျှော်လင့်ချက်နဲ့ အသက်ရှင်ခြင်းလို့ ဆိုပေမယ့် အကျိုးမရှိတဲ့မျှော်လင့်ခြင်း မဖြစ်အောင် မျှော်လင့်ကြသူတွေ အတွက်ကိုလည်း စဉ်းစားပေးရမယ်။ အရှင်တို့ဟာ ချမ်းသာကြွယ်ဝတဲ့သူတွေ မဟုတ်ကြပေမယ့် ချမ်းသာကြွယ်ဝတဲ့သူကို မဖျက်ဆီးပါ။ အကယ်၍ ချမ်းသာကြွယ်ဝမှုကြောင့် အများ သူငါ ဒုက္ခပွားမှုဖြစ်ခဲ့ရင်တောင် ကျေနပ်မှုအမျိုးမျိုးနဲ့ ပိုင်ဆိုင်မှုကို မပျက်အောင် စုပေါင်း ၂ ထိန်းသိမ်းပေးဖို့ ဆန္ဒအပြည့်အဝ ရှိပါတယ်။ လူ့ကျင့်ဝတ်နဲ့ ညီညွတ်မှုမရှိတဲ့ ကြွယ်ဝမှုဟာ တိုင်းပြည်မှာ မိုးလိုတောင်လို ပုံလာသည့်တိုင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းသွားမယ်။ စိုးရိမ်မှ အမျိုးမျိုး မဖြစ်စေရပါ

အဓိပ္ပာယ်တစ်ခုနဲ့ နေကြတဲ့သူတွေ

အရှင်တို့ရဲ့စိတ်ဟာ ခိုင်မြဲပါတယ်။ တည်ကြည်ပါတယ်။ သန့်ရှင်းပါတယ်။ စင်ကြယ် ပါတယ်။ ယုံကြည်ချက်လည်း မပျက်ပါဘူး။ ကြောက်တဲ့ ကြောက်စိတ်တွေ မရှိပါဘူး။ သည်းခံခြင်း၊ စိတ်ရှည်ခြင်း အမြဲတမ်းထားပါတယ်။ သင့်တော်တဲ့အချိန်တိုင်းမှာ သုံးပါတယ်။ အရှင်တို့ရဲ့စိတ်ဟာ အရာတိုင်းကို မတုံ့ပြန်ပါဘူး။ အရှုံးလည်း မပေးပါဘူး။ ညီမျှပါတယ်။

အရှင်တို့ဟာ အရေးနိမ့်သူ၊ ရှုံးတဲ့သူ မဟုတ်ပါ။ အဓိပ္ပာယ်တစ်ခုနဲ့ နေကြတဲ့သူတွေပါ။ အရှင်တို့ဟာ ဒီတိုင်းပြည်ရဲ့ အကျိုးကို မလုပ်ခဲ့ရလို့ နောင်တကြီးစွာ မျက်စိမှိတ်ရတာမျိုး မဖြစ်ချင်ပါ။ နောင်တ တသသနဲ့ (မသေသွားချင်ပါ) နေနေတဲ့သူ မဟုတ်ပါ။

အထွက်တံခါး မဖြစ်အောင် သတိထား

အရှင်တို့ဟာ အရာရာကို ပေးနိုင်စွမ်းရှိသူ ဖြစ်အောင် စွမ်းနိုင်သူအဖြစ် ခံယူထား ပါတယ်။ သနားကြင်နာမှု၊ ချစ်ခင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ မှန်ကန်မှု၊ တရားမျှတမှုရှိတဲ့ သူတွေပါ။ ကိုယ့်စိတ်နဲ့ အတူတူ ထားတဲ့သူတွေပါ။ အမှန်ကို ရှောင်တဲ့သူ မဟုတ်ပါ။ အသေးအဖွဲကိစ္စနဲ့ ရှုပ်ထွေးအောင် မလုပ်ပါ။ ရတဲ့အခွင့်ကောင်းနဲ့ အခွင့်အရေးတွေကို မပျောက် ပျက်သွားစေချင်ပါ။ အဖိုးတန်တဲ့ဂုဏ်ရည်ကို ကိုယ်ပိုင်ရဖို့ အားထုတ်ကြတဲ့သူတွေပါ။

အရှင်တို့ဟာ ခက်ခဲတဲ့ (နက်နဲတဲ့) နိုင်ငံရေးအတွေးတွေ ရှိကြပါတယ်။ ခက်နေတဲ့ အကြောင်းအရာတွေကို နားမလည်နိုင်လောက်အောင် မရှိပါဘူး။ မှားယွင်းမှုဆိုတာ အခွင့် အရေး မပေးရပါ။ အသေးအဖွဲတောင် မရှိရပါ။ ရှိတဲ့ အခွင့်အရေးကို အလကားအဆုံးရှုံး မခံပါ။ နောက်ဆုံး အရှင်တို့ဟာ ဘယ်လို ပိုင်ဆိုင်မှုမျိုးမဆို အထွက်တံခါး မဖြစ်အောင် သတိထားရမယ်။ 

လောက၌အားကိုးရာမဲ့ လမ်းပြပေးသူ၊
ကူးဖြတ်သူအတွက် တံတားခင်းသူ၊
အသက်အန္တရာယ်အတွက် ဘေးမဲ့ပေးသူ၊
အမှောင်ထုအတွက် အလင်း ပေးသူ၊
လူသားထုအတွက် အလုပ်အကျွေးပြုသူ
ဖြစ်ရမည် မဟုတ်ပါလား။

အဝိဟိံသာနိုင်ငံရေး (၆) – မဟာပညာ (mahar.asia)

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁) 

အကြမ်းဖက်မှုမပါဘဲ (နှလုံးရည်သက်သက်) တရားဥပဒေဘောင် အတွင်းသက်သက်နဲ့ အောင်မြင်လာတဲ့ နိုင်ငံရေးဟာ အဟိံသာ၊ သို့မဟုတ် အဝိဟိံသာ၊ သို့မဟုတ် သစ္စာဂရဟ၊ သို့မဟုတ် အကြမ်းမဖက်တဲ့ မေတ္တာတရား အောင်နည်း နိုင်ငံရေးလို့ ပဏာမနိဒါန်းအဖြစ် ဖွင့်ဆိုပြလိုက်ချင်ပါတယ်။ 

အကင်းပါးတဲ့ ပြုပြင်ပြောင်းလဲရေး 

ထင်ရှားပေါ်လွင်တဲ့ အဖြေတစ်ခုရဖို့ (ဘယ်သူမဆို မိမိ) အလုပ်နဲ့ သက်သေပြရတယ်။ ကိုယ်တိုင်လည်း ဆုံးဖြတ်ရတယ်။ စောင့်ကြည့်တဲ့သူတွေကတော့ ဖြစ်ပျက်မှုအပြီးမှာ ဆုံးဖြတ်ပေးကြမှာပဲ။ စိတ်တိုင်းကျ၊ မကျတော့ မဆိုနိုင်ပါ။ အကြမ်းဖက်မှုမပါတဲ့ နှလုံးရည် သက်သက် လုပ်တဲ့ အလုပ်တွေအားလုံးဟာ ဘယ်သူမှတော့ အားရကျေနပ်ကြမယ် မထင်ပါ။ ဉာဏ်နီဉာဏ်နက်များတဲ့သူတွေဆိုရင် ပိုဆိုးတာပေါ့။ အကြမ်းမဖက် (မပါ) တဲ့ အလုပ်ဟာ ဟန့်တားလို့လည်း မရနိုင်ပါ။ ပိတ်ပင်တားဆီးလို့လည်း မရပါ။ အကြမ်းမဖက်တဲ့ အလုပ်ဟာ သင်္ချာနည်းပုံစံလိုမျိုးလည်း သေချာပေါက် တွက်ချဲ့ (တွက်ချက်) ထားလို့လည်း မရပါ။ 

အဖြစ်အပျက်တစ်ခု၊ သို့မဟုတ် အခြေအနေတစ်ရပ်ကို (ပြုပြင်) ပြောင်းလဲဖို့ဟာ အကြမ်းဖက်မှုမပါတဲ့နည်းနဲ့ ပြုပြင်ပြောင်းလဲမှုပြုမယ်ဆိုရင် အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ မပြောနိုင်ပါ။ အခွင့်အလမ်းကို ကြည့်ပြီး လုပ်စရာရှိသမျှကို လုပ်ဖို့ပဲ အရေးကြီး ပါတယ်။ အကင်းပါးတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်အောင်တော့ လုပ်ရမယ်။

အများကြိုက်တဲ့ ငြိမ်းချမ်းရေး 

ဉာဏ်ထက်မြက်တဲ့သူ၊ ပညာရှိတဲ့သူ၊ လူရည်လူသွေးသွက်လက်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် ဒီအကြမ်းမဖက်တဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ကိုင်နိုင်ဖို့ဟာ အရေးကြီးတယ်။ အကြမ်းမဖက်တဲ့ နိုင်ငံရေးသဘောတရားဟာ ရေရှည်လုပ်ဆောင်ကြတဲ့ နိုင်ငံရေးသိပ္ပံ နည်းလမ်း မဟုတ်ပေမယ့် မိမိခံယူချက်နဲ့ ညီညွတ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို အများပြည်သူ လက်ခံကျင့်သုံးနိုင်တဲ့ နည်းစနစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှု လုပ်ပေးနိုင်မယ် ဆိုရင်၊ တစ်နည်း ပြည်သူ့သဘောရှိတဲ့ (သဘောထား) အတိုင်း နိုင်ငံရေးလမ်းစဉ်များကို ပြုလုပ်ပေး နိုင်မယ်ဆိုရင် လက်နက်မပါတဲ့ ပြုပြင်ပြောင်းလဲမှ နိုင်ငံရေးသမိုင်းဟာ အများကြိုက်တဲ့ ငြိမ်းချမ်းရေးပြုပြင်ပြောင်းလဲမှ ဖြစ်မှာပါပဲ။

ဒီနေရာမှာ –
(၁) လက်နက်ကိုင်တဲ့ နိုင်ငံရေးခံယူချက်နဲ့
(၂) လက်နက်ကိုင်ခြင်းမရှိတဲ့ နိုင်ငံရေးလမ်းစဉ် 
နှစ်မျိုးကို လေ့လာကြည့်ရှုနိုင်ပါတယ်။

လူတွေဟာ အကြမ်းမဖက်တဲ့၊ လက်နက်မကိုင်တဲ့ နိုင်ငံရေးလမ်းစဉ်ကို ကိုယ်စီ ကိုယ်င နားလည်ကြမယ် ဆိုရင်၊ သို့မဟုတ် ကျင့်သုံးကြမယ် ဆိုရင် အသက်သေကျေမှု ကင်းမဲ့တဲ့ နိုင်ငံရေးမူဝါဒကောင်းတွေ ဖြစ်လာမှာပါပဲ။ လူသားတို့ရဲ့ အရင်းအမြစ် နိုင်ငံရေး လမ်းစဉ်ဟာ အကြမ်းမဖက်တဲ့ နိုင်ငံရေးလမ်းစဉ်မှအပ အခြားသော နိုင်ငံရေးလမ်းစဉ်ဟာ အဆုံးအဖြတ်ပေးခြင်း မကောင်းတာ အမှန်ပါပဲ။

လူမှုဘဝနိုင်ငံရေးမူဝါဒ

အဆုံးအဖြတ်ပေးခြင်းမကောင်းတဲ့ လူမှုဘဝနိုင်ငံရေးလမ်းစဉ်ဟာ ဒီမိုကရေစီ လမ်းစဉ် မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ် ဆိုတာလည်း အကြမ်းဖက်မှုကင်းမဲ့တဲ့ နိုင်ငံရေးလမ်းစဉ် မဟုတ်လေတော့ လူမှုဘဝနိုင်ငံရေးလမ်းစဉ်၊ သို့မဟုတ် လူမှုဘဝနိုင်ငံရေး မူဝါဒ မဟုတ်သေးကြောင်း တွေ့မြင်နိုင်တယ်။ နိုင်ငံရေးကို အများအားဖြင့် တောင်းပွဲ၊ တိုက်ပွဲလုပ်လို့ရတဲ့ အနိုင်ရခြင်းကို နိုင်ငံရေးလို့ ဂုဏ်တင်ချင်ကြတယ်။ နိုင်ငံရေးဆိုတာ တောင်းပွဲ၊ တိုက်ပွဲမပါဘဲ အကြမ်းဖက်မှုမပါတဲ့ ညင်ညင်သာသာ လှလှပပ ပြုပြင်ပြောင်းလဲ တတ်တဲ့ နိုင်ငံရေးသည်သာ လူမှုဘဝကို အထောက်အကူပြုတဲ့ နိုင်ငံရေးလို့ ဆိုရမှာ ဖြစ်ပါတယ်။

လှည့်ကွက်

ခေတ်ကာလအခြေအနေကို သုံးသပ်ကြည့်တဲ့အခါ အခြားသော နိုင်ငံရေး လမ်းပြ မြေပုံတွေဟာ စုပေါင်း ပူးပေါင်း လုပ်ဆောင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံအနေနဲ့ ရေးဆွဲတင်ပြလက်ခံကြတယ်။ ဒီနည်းဟာ နိုင်ငံရေးနည်းလမ်း မှန် မမှန်၊ ဟုတ် မဟုတ် သေချာစွာ မစဉ်းစားကြဘဲ ကြားခံလိုက်လံဆောင်ရွက်လုပ်ကိုင်တဲ့ နိုင်ငံရေးပါ။ အကျိုးအမြတ် ရယူ လိုကြတဲ့သူတွေရဲ့ လုပ်ကွက်၊ လှည့်ကွက် နိုင်ငံရေးပါပဲ။ အဲဒီလို နိုင်ငံရေးမျိုးဟာ အစိုးရနဲ့ ပြည်သူများ ခံစားရတဲ့ နိုင်ငံရေးပါ။ နိုင်ငံရေးပေါင်း တော်တော်များများ ခံစားခဲ့ကြရတယ်။ ဒီအပြောင်းအလဲဟာ တကယ့်ဒီမိုကရေစီကျင့်သုံးတဲ့ တိုင်းပြည်ကြီးတောင်မှ အလူးအလဲ ခံစားကြရတယ်။ ဒီလို ခံစားနေကြရတာကို လူတိုင်း နားလည်အောင်၊ သိအောင် အကင်း ပါးပါးလေးနဲ့ ပြုပြင်ပြောင်းလဲပေးရတာကြောင့် လူမှုဘဝနိုင်ငံရေးလမ်းစဉ်ဟာ အလွန် ခက်ခဲပြီး အလွန်သိမ်မွေ့အောင် ဆောင်ရွက်ရပါတယ်။

အခြေခံဥပဒေအစစ်

များသောအားဖြင့် ယနေ့ကျင့်သုံးနေကြတဲ့ နိုင်ငံရေးလမ်းစဉ်ဟာ စံနှုန်းမပါတဲ့ နိုင်ငံရေးလမ်းစဉ်တွေ တွေ့ရတယ်။ မူရင်း မိမိတိုင်းပြည်ရဲ့ အခြေခံဥပဒေကို အားထားရမှာကို မတွေ့မမြင်ကြဘဲ အပြည်ပြည်ဆိုင်ရာက အခွင့်အရေးဥပဒေကို ပိုမိုပြီး လေးစားလိုက်နာရခြင်းမျိုး လုပ်နေကြရတယ်။ အဲဒီလို တက်လာမည့် နိုင်ငံရေးလမ်းစဉ်မျိုးဟာ မိမိတိုင်းပြည်အတွက် နိုင်ငံရေးလမ်းစဉ်မူဝါဒ အားနည်းပြီး တစ်ယောက်လာတစ်မျိုး၊ တစ်ဖွဲ့လာတစ်မျိုးနဲ့ လိုက်လံပြုပြင်ရေးဆွဲရတဲ့ ဥပဒေတွေ အမျိုးမျိုးဖြစ်လာပြီး အခြေအမြစ် မပိုင်တဲ့ အခြေခံတိုင်းပြည်အတွက် အခြေခံဥပဒေအစစ်တွေ ပျောက်သွားတတ်တယ်။

အခြေခံဥပဒေအစစ် ဆိုသည်မှာ မိမိလူမျိုးစရိုက်၊ အလေ့အကျင့်၊ တရားနဲ့ လျော်ကန်တဲ့ ဥပဒေပဲ ဖြစ်ရမယ်။ မိမိလူမျိုး အကျင့်စရိုက်နဲ့ မလျော်ညီတဲ့ အခြေခံဥပဒေ များကို ပြဋ္ဌာန်းကျင့်သုံးကြမည်ဆိုလျှင် ထိုဥပဒေကြောင့် နည်းလမ်းတွေ ပျက်စီးပြီး ပြည်သူ တွေပါ အမူအကျင့်တွေ ပျက်စီးကြကုန်တယ်။ လူတွေကို အုပ်ချုပ်တဲ့ပညာရေးဟာ နည်းဗျူဟာပညာရေးစနစ် ဖြစ်သည်ကြောင့် နိုင်ငံရေးနည်းဗျူဟာစနစ်ကို လိုက်နာခြင်း နည်းပညာဖြစ်အောင် နိုင်ငံတော် အခြေခံဥပဒေ ရေးဆွဲသည့်အချိန်မှာ စေ့စေ့စပ်စပ် သေသေချာချာ ရေးဆွဲရမှာ ဖြစ်ပါတယ်။

နည်းပညာ

ဒီနေရာမှာ ဒီလို စကားကို ဆိုချင်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ လွတ်လပ်ရေးဟာ မှန်ကန်တဲ့ အဓိပ္ပာယ်ရှိတဲ့ လွတ်လပ်ရေးလိုပဲ တန်ဖိုးထားရင် မိမိရဲ့ အမျိုးသားနိုင်ငံရေး မူဝါဒကိုလည်း မိမိရဲ့ လွတ်လပ်ရေးလိုပဲ၊ သို့မဟုတ် မိမိ တိုင်းပြည်လွတ်လပ်ရေးနေ့လိုပဲ တန်ဖိုးထားရမယ်။ နိုင်ငံရေးနည်းပညာဟာ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ နိုင်ငံပေါင်းစုံအသင်းကြီး မပေါ်ပေါက်မီက နိုင်ငံရေးအတွေ့အကြုံရှိတဲ့ နိုင်ငံရေးခေါင်းဆောင်အချို့က ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်းကို မိမိ တွေးခေါ်ထားတဲ့ နိုင်ငံရေးမူဝါဒလမ်းစဉ်ကို လိုက်နာကျင့်သုံးနေထိုင် ကြအောင် ပြည်သူလူထုတွေကို သင်ကြားမှုပြုခဲ့တယ်။ သင်ကြားပေးထားတဲ့ နိုင်ငံရေးမူဝါဒ လမ်းစဉ်ဟာ လူမှုဘဝပြောင်းလဲမှု၊ ရပ်တည်မှု ဖွံ့ဖြိုးမှု၊ တိုးတက်မှုမပါတဲ့ နိုင်ငံရေးပညာ ဖြစ်သည့်အတွက်ကြောင့် အချို့နိုင်ငံရေးလမ်းစဉ်ဟာ အသုံးမဝင်တော့ဘဲ လူဘုံအလယ်မှာ ပျောက်ကွယ်သွားကြရတယ်။

တာဝန်မဲ့လွန်းတာကြောင့်

ယနေ့တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ လူတိုင်းနှုတ်ဖျားက ဒီမိုကရေစီသက်သက်ပဲ ဆိုကြပြောကြတယ်။ ဒီမိုကရေစီ ခေတ်ရေစီးကြောင်းအရ ဒီနိုင်ငံရေး မူဝါဒဟာ လူသားဆန်တဲ့ နိုင်ငံရေးလို့၊ ဒါမှမဟုတ် လူသားအားလုံးကို အခွင့်အလမ်းနည်း ကောင်း နည်းမှန်ပေးတဲ့ နိုင်ငံရေးလို့ ဆိုလို့ ဖြစ်၊ မဖြစ် လေ့လာရမယ်။ များသောအားဖြင့် မြန်မာပြည်သူတွေဟာ တစိုက်မတ်မတ် လေ့လာရမယ့် နိုင်ငံရေးအကြောင်းကို နှစ်ပေါင်း များစွာက သင်ကြားရမယ် ဆိုတာကို အလေးမမူ ဂရုမထားဘဲ ခေတ်ရေစီးအတိုင်း သူထ ကိုယ်ထ၊ သူထိုင်ကိုယ်ထိုင် ပုံစံမျိုးနဲ့ နိုင်ငံရေးကို အကင်းမပါးကြတာကြောင့် နိုင်ငံတကာ နိုင်ငံရေး အပြောင်းအလဲကြောင့် အလူးအလဲနဲ့ ခံကြရတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးအကြောင်းကို ကောင်းကောင်းသိတဲ့ ရှေးခေတ် အဆက်ဆက်က မြန်မာနိုင်ငံရေးပညာကို နားလည်တဲ့ နိုင်ငံရေးပညာရှင်တွေဟာ လူးလူး လွန့်လွန့် နိုင်ငံရေးအတွေးအခေါ်တွေ မသင်၊ မပြပေးတာကြောင့် ယနေ့ မြန်မာလူထုတွေဟာ နိုင်ငံရေးအတွေးအမြင်တွေ အားနည်းကြပြီး ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းကျယ်အလယ်မှာ မျက်နှာ ငယ်ရတယ်။ ဒီလို မျက်နှာငယ်ရလို့ အပြစ်တင်စောဒကတက်တာ မဟုတ်ပါ။ တာဝန်ရှိတဲ့ သူတွေဟာ တာဝန်မဲ့လွန်းတာကြောင့် ပြောရခြင်း ဖြစ်ပါတယ်။

သမိုင်းပြသောစကား

ယနေ့လည်း အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ မြန်မာ့လူငယ်တွေဟာ နိုင်ငံရေးအတွေး အမြင် အားနည်းနေကြတာကို တွေ့ရတယ်။ နိုင်ငံရေး အလျင်အမြန် ပြန်လည်နိုးကြားလာ အောင် စည်းရုံးဟောပြောပြရသော လူငယ်အချို့ရဲ့ စကားတွေချည်း ကြားရတော့ အကြမ်း ဖက်မှုမပါတဲ့ နိုင်ငံရေးနည်း၊ သို့မဟုတ် မြန်မာလူမှုဘဝ နိုင်ငံရေးနည်းလမ်းကို ညွှန်ပြနိုင်တဲ့ နိုင်ငံရေးစကားတွေ မပြောတတ် မဆိုတတ် ဖြစ်နေတာကို တွေ့ရတယ်။

ဝေဖန်ရေးအတိုင်းသာ ပြောရမယ်ဆိုရင် 
(၁) အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ အားနည်းခြင်း။ 
(၂) စာပေ၊ ဗဟုသုတ ဆည်းပူးမှု အားနည်းခြင်းကြောင့်
ပြောစကား ဆိုစကားတွေမှာ အညာအဖျင်းတွေပါတယ်။ အတည်စကားကို ဆိုတတ် ခြင်းကြောင့် နိုင်ငံရေးစကားကို ဆိုနိုင်မယ်။ နိုင်ငံရေးစကားဟာ သမိုင်းပြသောစကား ဖြစ်ရမယ်။ အဆင့်ကျော်ပြီး စိတ်လောလောလားလား ပြောဟောတဲ့ စကားဟာ နိုင်ငံရေး မဟုတ်ပါ။ 

ခနော်ခနဲ့နိုင်ငံရေး

နိုင်ငံရေးအမြင်ဟာ လူတိုင်းမှာ ရှိဖို့လိုပေမယ့် လူတိုင်း နိုင်ငံရေးကို စိတ်မဝင်စား ပါ။ နိုင်ငံရေးပညာ ဆိုတာ မိမိ နေထိုင်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အဓိကပညာရေးပါပဲ။ မိမိတိုင်းပြည်ကို ခနော်ခနဲ့နိုင်ငံရေးပညာနဲ့ အုပ်ချုပ်ပြီးနေရင် နိုင်ငံရေးဝါးဝတဲ့သူတွေရဲ့ လက်ချက်ကြောင့်နဲ့ လူမျိုးရော၊ တိုင်းပြည်၊ နိုင်ငံပါ ပျောက်ကွယ်သွားနိုင်တယ်။ အကြိမ်ကြိမ် အခါခါ ကျွန်သက်ရှည်ရတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝသမိုင်းကို ပြန်ကြည့်ရင် မိမိတိုင်းပြည် ကို အုပ်ချုပ်စီမံတဲ့ မြန်မာပြည်နိုင်ငံရေး အုပ်ချုပ်မှုစီမံမှု အားနည်းနေသည်ကြောင့် ဆိုးကျိုးမှု တွေ အမျိုးမျိုး ခံစားနေရတယ်။ ယခုလည်း မြန်မာနိုင်ငံရေး နည်းပညာစွမ်းအင်ကို တိုးမြှင့် နိုင်ရန် မြန်မာနိုင်ငံမှာ နိုင်ငံရေးသင် တက္ကသိုလ်ကျောင်းများ တည်ထောင်ဖန်တီးသင့်လောက် ပြီလို့ မြင်ပါတယ်။ မြန်မာ့နန်းစဉ်အုပ်ချုပ်မှု မြန်မာနိုင်ငံရေး ဗဟုသုတစာပေတွေဟာ ယနေ့တိုင် ထင်ရှားနေဆဲ ရှိပါသေးတယ်။ မြန်မာ့နိုင်ငံရေး ပညာသင်ကျောင်း ဖွင့်လှစ်မယ် ဆိုရင် လုံလောက်မှု အပြည့်အဝ ရှိပါတယ်။ ဘာကြောင့် စိတ်မဝင်စားကြပါသလဲ။ 

မြင့်မြတ်တဲ့ ဦးတည်ချက်

နိုင်ငံရေးဆိုတာ ယုတ်မာမှုရဲ့ စွမ်းအားတစ်မျိုး ဖြစ်တာကြောင့် ယုတ်မာမှု စွမ်းအား တွေ မတိုးတက်မီ လူမှုဘဝအဖွဲ့အစည်းတွေကို မလွှမ်းမိုးနိုင်တဲ့ နိုင်ငံရေးပညာသင်ကျောင်း တစ်ကျောင်း မြန်မာ့လူ့အဖွဲ့အစည်းလောကမှာ တည်ထောင်ဖန်တီးသင့်ပါတယ်။ လူမှုအဖွဲ့ အစည်းဟာ ပုံစံတွေ အမျိုးမျိုး ပြောင်းလဲတတ်တယ်။ နိုင်ငံရေးနည်းလမ်းဟာလည်း ပုံစံ၊ စနစ် ပြောင်းလဲနေတယ်။ ပြောင်းလဲမှုအခြေခံသဘောတရားကို နားမလည်ရင် နားလည် သူတွေက လူတွေရဲ့ ပြုမူမှု အချက်အလက်တွေနဲ့ပဲ ခံစားရမယ်။

ပြည်သူတွေဟာ ခေတ်ပညာတွတ်မြောက်မှု များစွာ ရှိဖို့လိုတယ်။ အမြော်အမြင် ရှိဖို့ လိုတယ်။ ခေတ်ပညာ၊ အမြော်အမြင်အားနည်းရင် အုပ်ချုပ်မှု မူဝါဒတစ်ခုခုနဲ့ ထိတွေ့ လာရင် အုပ်စိုးမှုဒဏ် မခံမရပ်နိုင်ဘဲ တစ်ပါးသော အဖွဲ့အစည်းများ အပြစ်တင်ဖွယ်တွေ၊ ဆန့်ကျင်ဘက်တွေ လုပ်လာတတ်တယ်။ စိတ်ပျက်အားလျော့နေတဲ့ ပြည်သူတွေကို ရဲရင့်မှု၊ တည်ကြည်မှု၊ သတ္တိရှိမှုများ နည်းမျိုးစုံ ပညာပေးရမယ်။

ဘယ်သူမဆို စိတ်ဓာတ်ကြံ့ခိုင်မှု ရှိရမယ်။ မြင့်မြတ်တဲ့ ဦးတည်ချက် ထားရမယ်။ မိမိတိုင်းပြည်ရဲ့ အခြေအနေကို လက်တွေ့အကောင်အထည်ဖော်ရမယ်။ တိုင်းပြည်နဲ့ ပတ်သက် လာရင် ဘယ်လိုပဲ ကိုယ်၊ စိတ်ဆင်းရဲမှုတွေ ခံရခံရ အားလုံးအတွက်ဖြစ်အောင် အဲဒီဒုက္ခမျိုး ကို မငြင်းဆန်ဘဲ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းလမ်းကို ထိုးဖောက်ပြီးတော့ တိုင်းပြည်ရဲ့ ကြမ္မာကောင်းရောက်အောင် စွန့်စားရမယ်။ စတေးရမယ်။

လောကပဓာန

ဦးတည်ချက်နဲ့ ပတ်သက်လို့ –
(၁) မိမိအကျိုးကို ပဓာနထားသူ
(၂) လောကအကျိုးကို ပဓာနထားသူ နှစ်မျိုး ရှိပါတယ်။

ဦးတည်သူက အကျင့်မှားရင် ဒုစရိုက်သို့ရောက်သွားနိုင်တယ်။ ဒုစရိုက်သို့ ရောက် သွားတဲ့ ဦးတည်ချက်မှန်သမျှဟာ မှန်သောအကျင့်ကောင်း မဟုတ်။ အတ္တပဓာန ဖြစ်ပါတယ်။ လောကပဓာန မဟုတ်ပါ။ ဦးတည်ချက်မှန်သမျှဟာ ဝဋ်ချမ်းသာလို့ ဦးမတည်ရ။ (ဦးတည် ခြင်း မဖြစ်ရ)

လူဟာ ပတ်ဝန်းကျင်ချင်း တူညီပေမယ့် အလုပ်လုပ်ချင်း မတူညီပါ။ အလုပ် လုပ်ချင်း တူညီသော်လည်း ဦးတည်ချက်ခြင်း မတူညီပါ။ မြင့်မြတ်သောသူက လောကပဓာန ထားတယ်။ လောကကို မသိမ်းပိုက်၊ လောကကို ခုတုံးမလုပ်၊ မျက်နှာဖုံးမလုပ်။ ငါမပါ၊ ငါမထား။

လောကအကျိုးအတွက် ကိုယ်ကို စွန့်သော သတ္တိ ရှိရမယ်။
(၁) စိုးရိမ်ခြင်း။
(၂) ကြောက်ရွံ့ခြင်းတရား မရှိရ။ (မထားရ)

မိမိဘဝ၊ မိမိစည်းစိမ်ကို အများအတွက်ဖြစ်အောင် စွန့်လွှတ်နိုင်ရမယ်။ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းကြောင့် သတ္တိမဲ့တဲ့ အမှတ်အသားတွေ ဖြစ်လာမယ်။

နိုင်ငံရေးကို လုပ်တဲ့သူဟာ ချစ်စိတ်၊ မုန်းစိတ်၊ တွေဝေစိတ် မထားရ။ မြင့်မြတ် သော အကျိုးတရားကို ဆောင်ရွက်တဲ့သူဟာ (တစ်လမ်း)တစ်ခုတည်းကိုသာ မြင်ရမယ်။ ကြည့်ရမယ်။ ဘောင်ရှိတဲ့သဘော၊ ဘောင်မဲ့တဲ့သဘောကို မြင်ရမယ်။ မြင့်မြတ်တဲ့သူဟာ အရေအတွက် မဟုတ်ပါ။ အရည်အချင်းပါ။ 

“လောကမှာ အချင်းချင်း ကွဲပြားမှု ရှိ၏။ တူသည် ဟူ၍ မရှိ။ ကွဲပြားကြ၏။ ကံ၊ ဉာဏ်ချင်းလည်း ကွဲပြားကြ၏။ အကျိုးပေးချင်း၊ စရိုက်ချင်းများလည်း ကွဲပြား၏။ တူသောအချက်ကား သံသရာခရီးသည်ချင်း တူ၏။ ဝဋ်ဒုက္ခချင်း တူ၏” 

(တောမှီရဟန်း၊ ပါရမီဆယ်ပါး သြဝါဒများ)

စွန့်လွှတ်မှုတရားနဲ့ စိတ်ဓာတ်

သစ္စာဂရဟီ – အကြမ်းမဖက်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ ဘယ်သူ့ကိုမှ မညှဉ်းပန်းဘဲ လုပ်နေတဲ့ နိုင်ငံရေးအလှကိုသာ ဆင်ခြင်ပြီး ဉာဏ်စွမ်းအကုန် ကြိုးစားနေမှာပါ။ မာန်မာန ထောင်လွှားဖို့၊ ဒဏ်ခံရဖို့အကြောင်း မစဉ်းစားပါ။ ကြောက်လို့ မိမိတာဝန်ကို သွေဖည်သွားမှာ မဟုတ်ပါ။ စွန့်လွှတ်မှုတရားနဲ့ စိတ်ဓာတ် တည်မြဲ (ခိုင်တည်)နေမှာပါ။ သူ့မှာ ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို မည်သို့မည်မျှ ပြင်းပြခံစားနေရပါတယ်လို့ ပြောပြမှာ မဟုတ်ပါ။ နက်ရှိုင်းတဲ့ သတ္တိတွေလည်း ဖော်ပြမှာ မဟုတ်ပါ။

အဲဒီလို စွန့်လွှတ်နိုင်တဲ့ မိမိဘဝတစ်ခုလုံးကို အပြီးအပိုင် အပ်နှံလိုက်သော နိုင်ငံရေး သမားကို ပြည်သူတွေ မကူညီလည်း Civil Disobedience ဆိုတဲ့ သူ့ရဲ့အလုပ်က နောက် မဆုတ်ဘဲ လုပ်နေမှာပါပဲ။

နိုင်ငံရေးအမြင်ဟာ လူတိုင်းမှာ ရှိဖို့လိုပေမယ့် လူတိုင်းနိုင်ငံရေးကို စိတ်မဝင်စားပါ။ နိုင်ငံရေးပညာဆိုတာ မိမိ နေထိုင်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အဓိက ပညာရေးပါပဲ။ မိမိတိုင်းပြည်ကို ခနော်ခနဲ့ နိုင်ငံရေးပညာနဲ့ အုပ်ချုပ်ပြီးနေရင် နိုင်ငံရေးပါးဝတဲ့သူတွေရဲ့ လက်ချက်ကြောင့်နဲ့ လူမျိုးရော၊ တိုင်းပြည်၊ နိုင်ငံပါ ပျောက်ကွယ်သွားနိုင်တယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၇၇-၈၃၊ အဝိဟိံသာနိုင်ငံရေး (၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading