Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန်သြဝါဒ (ကထာ)။

။ အဆိုးကို မရင်ဆိုင်ရဲရင် အကောင်းမရ နိုင်ပါဘူး။
။ အကောင်းကြောင့်လည်း အကြံပျက်တတ်တယ်။
။ နေ့စဉ်ပြုမူချက်ကို သတိမူပါစေ။
။ အစဉ်တစိုက် ဦးတည်ချက်မြဲပါစေ။
။ အဖျက်ရန်သူကို အမျက်နဲ့မတုံ့ပြန်ပါနှင့်။
။ အသက်ကို တန်ဖိုးထားတတ်ပါစေ။
။ လေးလွန်းသည့်ဝန်တာကို မနိုင်ဝန်မဖြစ်ပါစေနှင့်။
။ အချင့်ကို အကျင့်နှင့်ယှဉ်ပြီးနေတတ်ပါစေ။
။ မမှန်ကန်မှုကို အလေးသာရာ ကိုယ်မပါပါစေနှင့်။
။ မမှန်ရာဘက်ကိုလည်း အားမပေးပါနှင့်။
။ အကျင့်မြတ်မြတ် နေတတ်ပါစေ။

တောင်ကလေးဆရာတော်(တောမှီရဟန်း)
၂၃-၈-၂၀၁၈ ရက်နေ့။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းစကား ။

။ မေတ္တာဖွေးဖြူ ၊ သင်းလှိုင်ကြူ ၊ ကြည်ဖြူအေးမြစေ, ဆိုတဲ့ မေတ္တာပေးဆုပေးသည့်ကဗျာဆောင်ပုဒ်လေးကို ယနေ့နံနက်ခင်းချိန်မှာ ရွတ်ဖတ်ပူဇော်ပြီး တပည့်ဒါယကာအယောက်တိုင်းဆီကို မေတ္တာဝေငှပေးလိုက်ပါပြီ။

။ မိုးလင်းလာတော့ အလုပ်ကစပြီပေါ့။ အလုပ်နဲ့လူ မအားကြတော့ နိုးတာနဲ့ အလုပ်စတာပါပဲ။ ရှိပြီးအလုပ်လုပ်ရသလို မရှိသေးတဲ့အလုပ်တွေ ကြံစည်စိတ်ကူးနေကြရတာပါပဲ။ အဆင်ပြေသူက အေးအေးချမ်းချမ်း အိပ်ယာထရတာပေါ့။ မပြေသူကတော့ တစ်ညပါတ်လုံး လူးကာလှိမ့်ကာ လှည့်ကာနဲ့ မပျော်ရဘဲအိပ်ကြရတာပေါ့။ အကြွေးများသူဖြစ်ရင် ပိုဆိုးနေပေါ့။

။ အင်းပါလေ…. လူဘဝမှာ တကယ်တမ်းတော့ အဟုတ်အမှန်ရယ်လို့ မမြင်ကြသေးရင် အမှန်ကိုမြင်သိဖို့ မလွယ်ကူပါဘူး။ သူသူငါငါ အခက်အခဲတွေနဲ့မို့ ခက်ခဲသလောက် ခက်ခဲကြတာပါပဲ။ အဲဒါကြောင့် မိုးလင်းလာကြပြီးဆိုရင် သည်နေ့ ဘယ်လိုအခက်အခဲများ မြင်ရတွေ့ရဦးမည်လဲပေါ့။ တွေးမိကြလေမှာပါပဲ။ မတွေ့ပါစေနဲ့လေ။

။ သည်နေ့ ဒါယကာတွေအားလုံးကို ”ဘယ်လိုဘယ်လို ခက်ခဲပိုလည်း စိတ်ကိုစိတ်ကို မတိုနဲ့” ဆိုတဲ့ နံနက်ခင်းစကားလေးကို နှလုံးသွင်းပြီး အေးမြရင်မှာ ပြည့်ပါစေ။ နှလုံးစိတ်ဝမ်းအေးမြကြည်သာကြပါစေ။

တောင်ကလေးဆရာတော်
(၂၅-၁၁-၁၇) ရက်နေ့။

Loading

Categories
နံနက်ခင်းသြဝါဒကထာ ဘာသာရေး

တောင်ကလေးဆရာတော်(တောမှီရဟန်း)၏ နံနက်ခင်းသြဝါဒကထာ

။ ယနေ့နံနက်ခင်းချိန် သြဝါဒကထာ( စကား) ။
~~~~~~~
။ မိသားစုများ ချမ်းသာအောင် သီလအကျင့်ဖြင့် နေထိုင်ပါ။
။ မိမိနေထိုင်သည့် ပတ်ဝန်းကျင်နှင့် သင့်မြတ်အောင်နေတတ်ပါစေ။
။ ရှုပ်ထွေးတဲ့ လူမှုရေးအသိုင်းအဝိုင်းများ မဖြစ်ပါစေနှင့်။
။ လူသားတွေတန်ဖိုးထားတဲ့ ကောင်းကျိုးကို မြှင့်တင်ပေးပါ။
။ ဆင်းရဲမျှတမှုမရှိတဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။
။ မတိုးတက်နိုင်တဲ့ ဆုတ်ယုတ်တဲ့ အသိုင်းအဝိုင်းကို ရှောင်ပါ။
။ မိမိကို မြှောက်ပင့်တတ်တဲ့သူတွေနဲ့ အနေဝေးပါစေ။
။ အကျိုးကောင်းမမြင်တတ်သူကို မချဉ်းကပ်ပါနှင့်။
။ မသိဘဲ အယောင်ဆောင်သူကို သတိပြုပါ။
။ မိမိသီလကို ကြည်ဖြူစွာ ယုံကြည်ပါစေ။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။


။ တည်တည်ငြိမ်ငြိမ် စိတ်သန့်ရှင်းပါစေ။
။ စိတ်ကြောင့် စူးငြောင့်မဖြစ်ပါစေနှင့်။
။ အညစ်အကြေးမဖြစ်ပါစေနှင့်။
။ မိမိကိုယ်ကို တန်ဖိုးထားပါ။
။ မိမိအကျင့်မြတ်သီလကို မပျက်တန်း ထိန်းသိမ်းစောင့်ရှောက်ပါ။
။ မလိုမုန်းသူတို့အပေါ် မေတ္တာမပျက် ဆက်ဆံပါ။
။ မိမိရဲ့ အခက်အခဲကို စိတ်အေးအေးထားပြီး ဖြေရှင်းပါ။
။ စိတ်ဆင်းရဲမှုကြောင့် အပြုအမူမမှားပါစေနှင့်။
။ မက်မောမှုတစ်ခုကြောင့် ဆုံးဖြတ်ချက်မမှားပါစေနှင့်။
။ ရိုသေခြင်းတရားမြဲမြံပါစေ။
။ မိမိကိုယ်ကို မာန်မာနတရား မတက်ကြွပါစေနှင့်။
။ သတိပေါ့လျှော့မှုလည်း မဖြစ်ပါစေနှင့်.။

တောင်ကလေးဆရာတော်
(၁၀.၉.၂၀၁၆) ရက်နေ့နံနက်။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ခေတ်ကာလက အပြစ်ကျူးလွန်သူ များကြသည်။
။ အပြစ်ကို အပြစ်ပါလို့ မသိကြ။ မမြင်ကြတော့။
။ ပို၍မွေ့ပျော်နေကြ၏။
။ အပြန်ပြန်အထပ်ထပ် မှားနေကြသည်။
။ အမှားဟူ၍မသိကြ။
။ မိုက်မဲမှုလည်း ကမ်းကုန်နေကြသည်။
။ အကျင့်ကောင်းသည်ကိုလည်း အလေးမစိုက်ကြ။
။ သူသူငါငါ အရှက်မဲ့နေကြသည်။
။ ရိုသေခြင်း ဂါရဝတရား မထားကြတော့။
။ ကျေးဇူးကန်းနေကြသည်။
။ တရားအမှန်ကို မသိ၍မတရားများဖြင့် စွပ်စွဲပြောဆိုနေကြသည်။
။ အပြစ်ကို မကြောက်တတ်ဘဲ အပြစ်ကို ကိုးကွယ်နေကြသည်။
။ ကောင်းမှုဒါနပြုရာလည်း အကျိုးတောင့်တမှု မှားနေကြသည်။
။ မြင့်မြတ်သည့်အဆုံးအမကိုလည်း လက်မခံကြ။
။ အသိပညာဉာဏ်တရားများ လျော့ပါးနေကြပြီ။
။ လိမ်မာဖို့သာ စိတ်ကိုပြုပြင်သင့်လေသည်။

တောင်ကလေးဆရာတော်
(၅ – ၂ – ၂၀၁၆ ရက်နေ့။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒဂါထာ (စကား) ။

။ မြတ်သောကုသိုလ်ပြုပါ။
။ ဖြူစင်သည့်မေတ္တာဘာဝနာပွားပါ။
။ ကျန်းမာရေးအရ အသားငါးစားခြင်း ရှောင်ပါ။
။ အာဟာရကို ရသတဏှာမဖြစ်ပါစေနှင့်။
။ မိမိကိုယ်ကို ကြည်ညိုပါ။
။ လူတိုင်းအတွက် မေတ္တာမပျက်ပါနှင့်။
။ ကာမဂုဏ်အာရုံ အထုံမများပါစေနှင့်။
။ စားဦးစားဖွယ်တွေကို မိဦးဖမြတ်တို့ကိုမမေ့နှင့်။
။ သင်နှင့်ကောင်းသည့်အရာကို ကျေးဇူးမကန်းပါနှင့်။
။ အချင်းချင်းမေတ္တာ မပျက်ပါနှင့်။
။ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ကူညီဖို့မမေ့နှင့်။
။ မိဘစဉ်လာရိုးရာတွေကို ထိန်းသိမ်းဖို့လည်းမမေ့နှင့်။
။ အကျင့်မမြတ်ဘဲ မနေပါနှင့်။
။ စည်းစိမ်ကို စွန့်ကမ်းပေးလှူမြဲပါစေ။
။ မိမိကျန်းမာရေးကို သိထားပါစေ။
။ အားနေတဲ့ပါးစပ်ကို မေတ္တာပို့ဖို့ မပျင်းပါနှင့်။
။ မိမိဝမ်းဘိုက်ကို သုသာန်မဖြစ်ပါစေနှင့်။
။ အယူအမြင်မမှားပါစေနှင့်။
။ ဘာသာရေးထက် ကိုယ့်အရေးကို တွေးပါ။
။ လောကသံသရာအေးပါစေ ။

တောင်ကလေးဆရာတော်
(၁၀ .၄ .၂၀၁၅) ရက်နေ့။

Loading