Categories
စကားလက်ဆောင် နိုင်ငံရေး

လူကောင်းလူတော်ရွေးယူဖို့

အထွေထွေရွေးကောက်ပွဲနီးလာတော့ နိုင်ငံရေးလူလည်ကြီးတွေက နေရာပြန်ရဖို့ ပြည်သူတွေကို အမျိုးမျိုးနဲ့ချည်းကပ်နေတာတွေ့ရတော့ စိတ်ပျက်စရာပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ လူကောင်းလူတော်ရွေးယူဖို့ ကြိုးစားကြဖို့ တိုက်တွန်းပါတယ်။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

စိတ်ကုန်နေအောင်လုပ်ပြနေကြ

မြန်မာ့နိုင်ငံရေးဟာ တဖြည်းဖြည်းနဲ့လူတွေစိတ်ကုန်စရာကြီးဖြစ်လာတယ်။ ဘာကြောင့်လဲဆိုရင် စိတ်ကုန်နေအောင်လုပ်ပြနေလို့ပါပဲ။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

အတွေ့အကြုံတွေနဲ့သာ ကြိုးစားကြဖို့ပါပဲ။

ယနေ့ မြန်မာပြည်မှာ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ပျက်နေကြတယ်လို့ ပြောဆိုနေကြပါတယ်။ တကယ်တော့ နိုင်ငံရေးဟာ စိတ်ကူးသလိုတော့ မဖြစ်နိုင်ပါဘူး။ စိတ်ထိခိုက်စရာလည်း မရှိပါဘူး။ အတွေ့အကြုံတွေနဲ့သာ ကြိုးစားကြဖို့ပါပဲ။

Loading

Categories
စကားလက်ဆောင်

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ ဆင်းရဲနွမ်းပါးဖြစ်ပါစေ၊စိတ်ထားမပေနှင့်။
။ ဉာဏ်ပညာမထက်မြက်လည်းနေပါစေ၊ အကျင့်သိက္ခာမပေနှင့်။
။ ညံ့ဖျင်းမှုအမျိုးမျိုးဖြစ်ရပါစေ၊ ပျင်းရိပေပေမနေနှင့်။
။ သူတစ်ပါးအစေအပါးဖြစ်နေရပါစေ၊ စိတ်အားငယ်ငယ်မဖြစ်နှင့်။
။ စည်းစိမ်အကျော်အစောမရှိလည်း နေပါစေ၊ အစော်ကားတော့ မခံနှင့်။
။ အခြွေအရံတွေ မရှိလည်းဖြစ်ပါစေ၊ မိမိကိုယ်ကို မလိမ်ပါနှင့်။
။ သဒ္ဓါတရားပြည့်အောင်နေ။
။ စိတ်ထားလှအောင်နေ။
။ မပြိုင်ဆိုင်ဘဲ အမြဲတစေနေပါစေ။

တောင်ကလေးဆရာတော်
(၁၃.၆. ၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် ဘာသာရေး အလှူဒါန

အလှူရှင် အလိုရှိသည်

။ အလှူရှင်အလိုရှိပါသည် ။
~~~~~~
။ ကာလတစ်ခုတုန်းက တည်ရှိခဲ့သော ဤစေတီတော်မြတ်သည် မှုန်ဝါးဝါးအလင်းရောင်အဖြစ်တည်ရှိခဲ့ရသည်မှာ အချိန်ကြာမြင့်ခဲ့သည်။ ဤသည့်နောက်ပိုင်းတွင် ဤသို့စည်ကားသိုက်မြိုက်စွာရှိလာရာမှ စေတီရင်ပြင်ပေါ်တွင် ပေါက်ရောက်ခဲ့သည့် သမိုင်းဝင် ထန်းပင်သည် သဘာဝဘေးဒဏ်ကြောင့် ဤကဲ့သို့ဖြစ်နေခဲ့သည်။ ထို့ကြောင့် ” ထန်းပင်လှူဒါန်းရန်” သတင်းပေးရခြင်းဖြစ်ပါသည်။

။ လှူဒါန်းစိုက်ထားနိုင်သည့် နေရာမှာ ဤမြင်တွေ့ရသည့်နေရာတွင်ဖြစ်သည်။

တိုက်တွန်းခြင်းပြုသူ
~~~~~~
တောင်ကလေးဆရာတော်
(၁၀.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် အလှူဒါန

မြရတနာရေကန်တော်

မြရတနာ ရေကန်တူးဖော်ခြင်း
~~~~~~~~

မိမိသဘောကို ဆောင်နိုင်သော
(မိမိသဘောအတိုင်း ထင်ရှားသော)
အရာကို ” ဓာတု= ဓာတ်” ဟု ခေါ်၏။

ပထဝီ = မြေဓာတ်၊
အာပေါ = ရေဓာတ်၊
တေဇော = အငွေ့ဓာတ်(မီးဓာတ်)၊
ဝါယော = လေဓာတ် ဟု
ဓာတ်ကြီးလေးပါးရှိရာတွင်
လေးပါးစလုံးညီညွတ်မျှတမှသာ
သက်ရှိရော သက်မဲ့ပါ
ရှည်ကြာစွာတည်တံ့နိုင်ရာ၏။

ယခုနှစ်နွေရာသီတွင်
မိမိတို့ဒေသ(ကရင်ပြည်နယ်မှာ)
ရေအရင်းအမြစ် အတော်နည်းပါးလာခဲ့သည်။
ရပ်ရွာအတော်များများရှိ
မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်တွေ
အတော်များများ ခမ်းခြောက်၍
ရေအခက်အခဲများဖြစ်နေကြကြောင်း
အင်တာနက်စာမျက်ပေါ်တွင်
လေ့လာဖတ်ရှုရပါသည်။

နောင်လာမည့်နှစ်များတွင်
ဒီထက်ပို၍သာ အခြေအနေဆိုးရွားလာဖွယ်ရှိ၏။
အဘယ်ကြောင့်ဆိုသော်
ကရင်ပြည်နယ်သည်
သစ်ပင်၊ သစ်တောများ၊ ထုံးကျောက်တောင်များ
တစ်နှစ်ထက်တစ်နှစ်ပို၍
ပြုန်းတီးမှုများလာသောကြောင့်ပင်။

ရေအခက်အခဲကို
တစ်ဖက်တစ်လမ်းက
အထောက်အကူဖြစ်စေရန့်
(ဖြေရှင်းပေးနိုင်ရန်)
တောင်ကလေးဆရာတော်၏
သြဝါဒကိုဦးထိပ်ပန်ဆင်ကာ
အလျားပေ ၄၀၀၊ အကျယ်ပေ ၁၀၀၊ အနက်ပေ ၃၀ ရှိ
မြရတနာရေကန်တော်ကြီးကို
တူးဖော်ခဲ့ရာတွင်
ယနေ့ ( 30 – 5 – 2020 ) မှာဆို
ရက်ပေါင်း ၆၀ ပြည့်၍
ရေကန်တော်ကြီးလည်း အောင်မြင်စွာ
ဖြစ်ပေါ်လာခဲ့ပါပြီ။

ရေကန်အလှူရှင် ၇ ရက်သားသမီးများနှင့်အတူ
မိမိတို့တစ်ထွေလည်း
လုပ်အားဒါနပါဝင်ခွင့်ရကြ၍
အထူးပင် ဝမ်းမြောက်လှပါကြောင်း
သာနုံး+ယသဝေါ်ရွာသူ/သားများကိုယ်စား
မှတ်တမ်းပြုပါ၏။

( 30 – 5 – 2020 )

Loading

Categories
စကားလက်ဆောင်

လူ့ဘဝမှာ ခက်ခဲပင်ပန်းပါစေ။ စိတ်ကူးမပျက်ဖို့ အရေးကြီးပါတယ်။

စိတ်လူ့ဘဝမှာ ခက်ခဲပင်ပန်းပါစေ။

စိတ်ကူးမပျက်ဖို့ အရေးကြီးပါတယ်။

စိတ်ကူးစိတ်သန်းပျက်ရင် လူဟာအလိုလိုနဲ့အားငယ်သွားတတ်ပါတယ်။

လူဟာ အသိအားကောင်းရမယ်။

အသိဉာဏ်အဆင့်အတန်းမြင့်မားအောင်လည်း အကျင့်စရိုက်တွေကောင်းရမယ်။

အကျင့်စာရိတ္တမကောင်းရင် လူဘဝမှာ လူလာဖြစ်လည်း အကျိုးမများပါဘူး။

အကျိုးမဲ့တဲ့လူဟာ လောကအတွက်လေးလံစရာပါပဲ။

လောကကြီးကို ကိုယ်ဘာပေးမလဲ အမြဲတမ်းစိန်ကူးရှိရင် လောကိုမနာအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါ။

လောကကြီးသာယာလှပနေမှ လူသားအားလုံး အေးချမ်းသာယာနေမယ်။

ကြိုးစားအားထုတ်ကြပါစို့။

Loading

Categories
စကားလက်ဆောင်

။ မေလပြီးရင် ။

အတန်းပညာကိုသင်ခဲ့ဖူးကြတဲ့သူတွေမှတ်မိကြမယ်။ မေလပြီးရင် …….?။ ဧပြီလကုန်ခါနီးမှာ စိန်ပန်းနီနီ၊ ငုပန်းဝါဝါ၊ပိတောက်ဝါရွှေ ကောင်းကင်သစ်သစ်မြင်ရတဲ့အချိန်ပါပဲ။ ဒီအချိန်မှာ ငယ်ငယ်ကလေးက ကျောင်းနေဘက်သူငယ်ချင်းတွေကို အထူးကိုသတိရမိပါလေရဲ့။။ မေလရက်တွေမှာ ပျော်စရာကောင်းသောလအဖြစ်မျိုးနဲ့ဘုရားဖူးသွားတာ၊ အလည်သွားကြတာပေါ့။ ကျောင်းလည်းပိတ်ထားတော့ ရပ်ဝေးသူငယ်ချင်းများနေတဲ့ရွာတွေကို လည်လည်သွားကြလို့ ပျော်စရာကြီးပါပဲ။ သရက်သီးခူး၊ ကနစိုးသီးခူး၊ သစ်တိုသီး၊ မရမ်းသီးများ ပင်လုံးကျွတ်မှည့်ကြလို့ ခူးစားနေကြတဲ့အရသာကို မမေ့မမေ့နိုင်တော့ဘူးလေ။။ သင်္ကြန်အပြီးဆိုပေမယ့် သင်္ကြန်နှုတ်ဆက်တဲ့ပိတောက်ပန်းတွေလည်း တစ်ပင်လုံးဝါဝါဝင်းရွှေပါပဲ။ သင်းပျံ့ပျံ့မွှေးနေသည်ဆိုတဲ့အတိုင်း ပန်းပိတောက်တွေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း သတိရပေါ့။ လှည့်လည်ကြည့်ရှုခဲ့တဲ့ ဘုရားပွဲတော်တွေလည်း သတိရမှရနေပါပဲ။။ ဇွန်လ(၁)ရက်ဆိုရင် တစ်နိုင်ငံလုံးမှာကျောင်းဖွင့်ပြီးလေ။ ကျောင်းမဖွင့်မီ လည်ရတဲ့ရက်တွေကို သတိတရဖြစ်မိတာက သင်္ကြန်ဘုရားပွဲပဲ။ ညိုရယ်၊ မြရယ်၊ သူရယ်ဆိုပြီး သူတို့ကို အထူးတလည်သတိရအောက်မေ့မိပါလေရဲ့။ သူတို့ဆီကို လှမ်းစာရေးရင် ” ဟေ့ ကိုသူလေးတဲ့ ၊ အလွမ်းအဆွေးကလေးလေးမဟုတ်တော့ပါဘူးတဲ့” ။။ မှန်ပါတယ်။ ဒီချိန်မှာလည်း သူတို့လည်း ကပ်ဘေးပုန်းရှောင်နေရသူမဟုတ်လား။ လွမ်းဖို့နေနေသာသာ ကပ်ဘေးကင်းရာအရပ်မှာ ရှောင်နေကြသူတွေဖြစ်လို့ ငုဝါပိတောက် စိန်ပန်းနီပြာအောက်ကို သတိမရနိုင်အားကြပါဘူး။ ထူးတာက ကိုသူလေးတစ်ယောက်သာပါပဲလေ။။ ဒီအချိန်မှာ နွေအကြောင်းကို ဥဩလေးတွေသိသလို၊ ပန်းအကြောင်းကိုပိတုံးလေးတွေသိတယ်မဟုတ်လား။ ငယ်ငယ်ကလေးကတည်းကဝါသနာရှိတဲ့ ကိုသူလေးရဲ့အကြောင်းကို သူတို့တွေ သိနေသိနေတော့ မလှုပ်ရဲလောက်အောင်ပါပဲ။ ဒါက ငယ်သူငယ်ချင်းတွေရဲ့ တစ်ယောက်အကြောင်းတစ်ယောက်ကသိနေကြတဲ့အကြောင်းတွေပေါ့။။ ပြောပြောဆိုဆိုနဲ့ ကျောင်းရှေ့မှာရှိနေတဲ့ပိတောက်ပင်က မပွင့်ရဲဘဲဖြစ်နေတာလားမသိပါ။ ဒီနှစ်မှာ ပွင့်ကိုမပွင့်သေးတာ။ နောက်ကျမှ စဉ်းစားပြီးမှပွင့်ရင်လည်း ပွင့်ပါစေတော့။ မကြာမီ ကျောင်းပြန်ဖွင့်တော့မယ်ဆိုတာကိုပဲ ကြိုပြီးလွမ်းနေတာ။။ “ ကဲ တပည့်တို့ရေသင်းတို့တစ်တွေကသင်းတို့ရဲ့ဆရာကြီးကိုသတိမရကြဘူးလားမအောက်မေ့ကြဘူးလားမလွမ်းကြဘူးလား” ဆိုတဲ့ ဆရာ့ဆရာတွေရဲ့ ကျောင်းဖွင့်ရက်နေ့နံနက် ပြန်မိတ်ဆက်ပြီးပြောတဲ့စကားကို မမေ့နိုင်ပါဘူး မဟုတ်ဘူးလား သူငယ်ချင်းတို့ရယ်။။ ကိုသူလေးကတော့မေလပြီးရင်လေ …… ?(၂၆.၄. ၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ ဘေးအန္တရာယ်ကင်းပါစေ ။

မေလတစ်ရက်နေ့အလုပ်သမားနေ့ပေါ့။။ မေလ နှစ်ရက်နေ့တော့နာဂစ်နေ့လို့ပဲဆိုပါရစေ။။၂၀၀၈ ခုနှစ်မေ(၂) ရက်နေ့တို့မြန်မာပြည်မှာသဘာဝဘေးကျရောက်ခဲ့လို့ဒီနေ့အချိန်ပါပဲ။။ ဒီဘေးပြီးလို့နှစ်ပေါင်း ၁၂ အကွာမှာတစ်ကမ္ဘာလုံးကလူကပ်ဘေးကြီးကျရောက်လာပြန်။။ နာဂစ်ဘေးကတို့မြန်မာလူမျိုးတွေအသက် များစွာပေးခဲ့ရလက်ရှိဘဝCOVID-19ဘေးမှာငါတို့တွေ သတိထားကြ။။ ဒါကြောင့် နာဂစ်မျက်ရည်မခန်းနိုင်သေးကိုဗစ်မျက်ရည်မဝေရဖို့တို့တွေ ဒီနေ့ ဘာလုပ်ဖို့။။ နာဂစ်လွန်ပြီးကိုဗစ်အလွန်ဖြစ်ချင်ပြီကိုချစ်အမွန်ဖြစ်ချင်ပြီ။( နာဂစ်+ကိုဗစ် အမှတ်တရနေ့)ရွှေအောင်လေး(၂.၅. ၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

သူ့ကိုချစ်တတ်ရင် ကိုယ့်မာနကို လျှော့ချပါ။။သူ့ကိုမုန်းတီးရွံရှာရင် ကိုယ့်ဒေါသကို ချုပ်တည်းထားပါ။။ သူ့ကို ကြင်နာတတ်ရင် ကိုယ့်ကိုယ်ကို မနာလိုဝန်တိုစိတ် လျှော့ပါ။။ သူ့အတွက်ကို ကိုယ်ကျိုးစွန့်တတ်ပါစေ။။ အများအတွက်ကို အမြဲသတ္တိရှိပါစေ။။ ပေးအပ်မှုကို ပေးဆပ်တတ်ပါစေ။။ အမြတ်ထုတ်မှုကို ရန်သူလို မမြင်ပါစေနှင့်။။ ရန်သူမရှိအောင် ရန်ထောင်ခြင်းကို ရှောင်ကြဉ်စေ။။ ဘေးအန္တရာယ်မဖြစ်အောင် ဘေးဖြစ်စေမယ့်အရာကို ရှောင်ကြဉ်စေ။။ လိုအပ်ချက်နှင့် အံဝင်ခွင်ကျစီမံထားတတ်ပါစေ။တောင်ကလေးဆရာတော်( ၉.၅. ၂၀၂၀ ) ရက်နေ့နံနက်။

Loading