Categories
စကားလက်ဆောင်

။ ကိုယ့်ကျိုးသူဖျက် သူ့ကျိုးသူမက် ။

။ သူ့အတွက်
ထိခိုက်ရင်
ဘယ်တော့မှ မကျေနပ်။

။ သူ့အတွက်
ပျက်စီးရင်
ဘယ်တော့မှ ခွင့်မလွှတ်။

။ သူ့အတွက်
ဆုတ်ယုတ်ရင်
ဘယ်တော့မှ လက်မခံ။

။ သူ့အတွက်
မပါရင်
ဘယ်တော့မှ သည်းမခံ။

။ သူ့အတွက်
နစ်နာရင်
ဘယ်တော့မှ နားမလည်။

။ သူ့အတွက်
အကျိုးပျက်ရင်
ဘယ်တော့မှ နောက်မဆုတ်။

။ သူ့အတွက်
မေ့မိရင်
ဘယ်တော့မှ
အရုပ်လိုမနေတတ်
မနေကြတဲ့သူဟာ
ကြည့်ပေါင်း
ကြည့်ကပ်
ကြည့်ခွာ
ကြည့်နေပါလို့
တပည့်တို့ရေ။

။ အဲဒီသူဟာ
ကိုယ့်အကျိုးကိုဖျက်ဖို့
ဝန်မလေးသလို
သူ့အကျိုးကိုပျက်မိရင်
တစ်သက်လုံး
အမုန်းပွားလို့
မဆုံးတဲ့သူပါပဲဆိုတာ
(ဂဏှာထ ) မှတ်ပါလေ။

တောင်ကလေးဆရာတော်
(၁၈.၅.၂၀၂၄)ရက်နေ့။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး