Categories
စကားလက်ဆောင်

။ ကျန်းမာ,ရွယ်တင်၊ အသက်ရှည် ။

။ လူတိုင်းမှာ
၁) ကျန်းမာချင်ကြတယ်။
၂) ရွယ်တင်လှပနုပျိုချင်ကြတယ်။
၃) အသက်ရှည်ရှည်နေချင်ကြပါတယ်။ ဒီအချက်သုံးပါးဟာ လူတိုင်းလိုလားတောင့်တကြပါတယ်။

။ ၁) အလောဘော၊အလောဘသည်။
အရောဂျဿ၊ကျန်းမာခြင်း၏။
ပစ္စယော၊အကြောင်းသည်။
ဟောတိ၊ဖြစ်၏။

၂) အဒေါသော၊ အဒေါသသည်။( စိတ်မဆိုး အမျက်မကြီးတတ်ခြင်းသည်။)
ယောဗ္ဗနဿ၊ အရွယ်ကောင်းခြင်း( အရွယ်တင်ခြင်း) ၏။
ပစ္စယော၊အကြောင်းသည်။
ဟောတိ၊ဖြစ်၏။

၃) အမောဟော၊ အမောဟသည်။
ဒီဃာယုကတာယ၊အသက်ရှည်ခြင်း၏။
ပစ္စယော၊အကြောင်းသည်။
ဟောတိ၊ဖြစ်၏။

။ လောဘဟာ မကျန်းမာခြင်းရဲ့အကြောင်း။
။ ဒေါသဟာ အရွယ်အိုလွယ်ခြင်းရဲ့အကြောင်း။
။ မောဟဟာ အသက်တိုခြင်းရဲ့အကြောင်း ဖြစ်ကြောင်း သိနိုင်ပါတယ်။

။ ဒါကြောင့်

> လောဘနည်းရင်၊ ကျန်းမာရွှင်၊ ရွယ်တင်လှပ၊ အဒေါသ။
> သက်ရှည်နေရ၊ အမောဟ၊ သုံးဝမြတ်ဓမ္မလို့ ပြဆိုပါတယ်။ နုပျိုလန်းဆန်း၊ အမြဲတမ်း အရွယ်တင်လှပချင်ရင် ဒေါသနည်းပါးပြီး အဒေါသ( မေတ္တာ) ပြည့်ဝပါစေ။

။ တစ်နည်း
> လောဘကြီးရင် စည်းစိမ်ဥစ္စာပျက်စီးလွယ်တယ်။
> ဒေါသကြီးရင် မိတ်ဆွေပေါင်းသင်းပျက်လွယ်တယ်။
> မောဟကြီးရင် မပြည့်မစုံနဲ့နေရတတ်တယ်လို့ စာမှာပြတယ်။

။ နောက်ပြီးတော့
> လောဘကြီးရင် ပြိတ္တာဘုံ၊
> ဒေါသကြီးရင် ငရံဘုံ၊
> မောဟကြီးရင် တိရစ္ဆာန်ဘုံ ရောက်တတ်ကြောင်း (ဖြစ်တတ်ကြောင်း) လည်း စာမှာ သတိပေးပါတယ်။

။ အရေးကြီးဆုံးက
> အနိစ္စဒဿနေန အလောဘော ဟောတိ။
> ဒုက္ခဒဿနေန အဒေါသော ဟောတိ။
> အနတ္တဒဿနေန အမောဟော ဟောတိ ပါပဲ။
> အနိစ္စမြင်၊ လောဘစင်။
> ဒုက္ခသိမြင်၊ ဒေါသစင်။
> အနတ္တမြင်၊ မောဟစင် ဖို့ဖြစ်ပါတယ်။

နောက်ပိတ်ဆုံး
“ သမာဓိဉာဏ်၊ ရင့်ထက်သန်၊ နိဗ္ဗာန်ရောက်ရခြင်းပါပဲ။

(သည်နေ့တရားလက်ဆောင်မွန်)

တောင်ကလေးဆရာတော်
(၂၁.၄.၂၀၂၃) ရက်နေ့။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.