Categories
စကားလက်ဆောင်

။ သီတင်းကျွတ်လရောက်ပေမယ့် မကျွတ်တတ်တာတွေက အများကြီးပါပဲ ။

၁) အာဇီဝ ပြဿနာ= အသက်မွေးဝမ်းကျောင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပြဿနာ။

၂) အသိလောက ပြဿနာ= ကဲ့ရဲ့ပြစ်တင်ခံကြရတဲ့ပြဿနာ။

၃) ပရိသသာရဇ္ဇပြဿနာ= ပရိသတ်တွေကြားမှာ လူရာဝင်အောင်နေထိုင်တတ်ရတဲ့ပြဿနာ။

၄) မရဏ ပြဿနာ=ငြိမ်သက်စွာဘဝရဲ့အဆုံးကိုရင်ဆိုင်နိုင်ဖို့ပြဿနာ။

၅) ဒုဂ္ဂတိပြဿနာ= မိမိဘဝကိုအဆုံးသတ်ပြီးလို့ နောက်ထပ်ဖြစ်လာနိုင်မယ့်ဘဝနဲ့ဆိုင်တဲ့ပြဿနာ။

။ ဒီပြဿနာငါးပါး (၅ မျိုး) ကို —

၁) ပညာစွမ်းအား (ပညာဗလ)။
၂) ကြိုးစားမှု စွမ်းအား (ဝီရိယဗလ)။
၃) ဖြူစင်ရိုးသားမှု စွမ်းအား (အနဝဇ္ဇဗလ )။
၄) စည်းရုံးရေး စွမ်းအား (သင်္ဂါဟကဗလ)။ လေးပါးနဲ့ ချင့်ချိန်တတ်ပြီး နေထိုင်တတ်ရပါတယ် မဟုတ်လား။

။ အဲဒီလိုမှ မသိထားမိရင် သီတင်းကျွတ်ပေါင်းများနေပြီလို့ပဲမဟုတ်လား။ ကျွတ်တမ်းဝင်ထိုက်ပါလျက်နဲ့ အကျွတ်တရားမရကြတဲ့အရှင်တို့တွေဟာ ဘာနဲ့မှကျွတ်ကြ (မလဲ) မည်လည်းပါပဲ။

တောင်ကလေးဆရာတော်
(၁၄.၁၀.၂၀၂၂) ရက်နေ့ညနေခင်း။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.