Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အသက်တစ်ရာ မနေရဘူး၊
တရားထူးတော့ရသင့်တယ်။

။ နှစ်ပေါင်းကြာကြာ မအိုရဘူး၊
ဘာဝနာတော့ ပွားသင့်တယ်။

။ အချိန်ကြာကြာ မနာရဘူး၊
ကမ္မဋ္ဌာန်းတော့ကျင့်သင့်တယ်။

။ အဆက်မပြတ် မသေရဘူး၊
ကိလေသာတရားတော့ ပယ်သင့်တယ်။

။ အရာရာတိုင်းမှာ မမြဲပါဘူး၊
မေတ္တာတရားတော့ ပွားသင့်တယ်။

။ မဆင်းရဲတာ မရှိပါဘူး၊
ကရုဏာတရားတော့ ပွားသင့်တယ်။

။ အရာရာမှာ အစိုးမရပါဘူး၊
မုဒိတာတရားတော့ ထားသင့်တယ်။

။ အရာရာမှာ မသေချာဘူး၊
ပေးကမ်းလှူဒါန်း ပြုသင့်တယ်။

။ အရာရာမှာ စိတ်မချဘူး၊
သီလကိုယ်ကျင့် မြတ်သင့်တယ်။

။ အရာရာမှာ မငြိမ်းချမ်းဘူး၊
ဝိိပဿနာတရား ပွားသင့်တယ်။

။ သည်နေ့ နက်ဖြန် မသေချာဘူး၊
သေချာတာတစ်ခုခု ပြုသင့်တယ်။

။ ( ၆၃) နှစ်မြောက်မွေးနေ့အကြိုဩဝါဒကထာ( စကား) ။

တောင်ကလေးဆရာတော်
(၁၄.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
( ဓာတ်ပုံကို ယူသုံးပါသည်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.