။ တောင့်တမှုဆိုတာ
တစ်ထပ်တည်းမဖြစ်နိုင်ပါဘူး။
။ ကြောင့်ကြမှုဆိုတာလည်း
လွယ်လွယ်နဲ့ မငြိမ်းနိုင်ပါဘူး။
။ လိုချင်မှုဆိုတာလည်း
တစ်ထပ်တစ်သားတည်းဖြစ်ဖို့
မလွယ်ကူပါဘူး။
။ တောင့်တမှုများလာရင်
လူဟာ ကြောင့်ကြမှုတွေ
များလာမှာပါပဲ။
ပူမှုတွေ များလာမှာပါပဲ။
။ အဆုံးမသတ်နိုင်တဲ့ဘဝကို
ကြောက်စရာပါဆိုတာကို
မသိနိုင်လေသမျှ
မိုက်နေကြဦးမှာပါပဲ။
။ ဘဝကိုတောင်းတမိရင်
တောင်းတတဲ့အတိုင်း
တောင်းတလို့ကုန်နိုင်မှာ
မဟုတ်ပါဘူး။
။ ဘဝကြောင့်
တပ်မက်မှုတဏှာများခဲ့ရင်
တဏှာစေရာအတိုင်းပါပဲ။
။ တဏှာရဲ့တောင့်တချက်ကို
မကျေနပ်နိုင်ရင်
မကျေနပ်တဲ့အတိုင်းလို
ခံစားရမှာပါပဲ။
။ တဏှာက
မိမိကိုခြယ်လှယ်နေသလောက်
စိတ်မကုန်သေးရင်
စိတ်မကုန်တဲ့အတိုင်း
ဆင်းရဲနေကြရဦးမှာပါပဲ။
။ လူဘဝမှာ
ဆာလောင်တာကို
မထိန်းသိမ်းနိုင်ရင်
မထိန်းတဲ့အတိုင်း
တဏှာဘက်ကို
ယိမ်းယိုင်နေမှာပါပဲ။
။ ရှံစရာအရာကို ( ရွံစရာ)
တပ်မက်နေရင်
တပ်မက်တဲ့အတိုင်းကို
ခံနေရမှာပါပဲ။
။ အနှစ်သာရရှိတဲ့တရားသားကို
အားကိုးအားထားရင်
ကိုယ်စိတ်အေးရမှာပါပဲ။
။ တရားအသား
ရင်ထဲခါးရင်
တိုးပွားချမ်းသာမှု မဲ့နေမှာပါပဲ။
။ တရားအဆီ
မနောကြည်ကို
နားမလည်ရင်
သံသရာရှည်ကြာနေဦးမှာပါပဲ။
(သည်နေ့တော့ ဤရွေ့ဤမျှသာပါပဲ)
တောင်ကလေးဆရာတော်
(၂၁.၄.၂၀၂၂) ရက်နေ့ညနေချိန်။)