။ ခေတ်ဘယ်လိုပြောင်းလဲပြောင်းလဲ
မပြောင်းလဲကြတဲ့ အရာတစ်ခုကတော့
လူတိုင်းမှာ နက်နက်ရှိုင်းရှိုင်းပဲရှိကြတာက
အချစ်ဗိမာန်လို့ပဲဆိုကြပါလေရဲ့။
။ သည်နေ့ နားနားနေနေနဲ့
ဒီအကြောင်းအရာလေးတစ်ခုကိုစဉ်းစားမိလိုက်ပါလေရဲ့။ ” လူတွေဟာ ဘာကြောင့်များ ချစ်ကြရပါသလဲ” ။
။ ကြီးငယ်မဟူ ဘယ်သူမဆို အချစ်နဲ့ကင်းကင်းကြီးမကင်းကြဘဲ ရှင်းရှင်းကြီးလည်းမရှင်းကြပါဘူး။ မကင်းလို့မရှင်းကြလို့ဘဲသံသရာခရီးတွေ မိုင်ရာထောင်သန်းချီမက မလဲမယိုင်ကျဘဲ ခိုင်မြဲတဲ့သစ္စာတရားတွေနဲ့ တည်နေကြမှီနေကြတာကိုပဲ ချစ်စရာ့ဘုံအိမ်ပါပဲလေ။
။ မနေ့ကပါပဲ။ သံသရာအသဲဆိုင်တဲ့မေတ္တာပုလဲခိုင်မြဲကြတဲ့အချစ်ဗိမာန်စုံတွဲလေးတစ်တွဲက အလိုတူကြလို့ရောက်လာကြလေပေါ့။ သူတို့တွေက တစ်ချိန်ကတပည့်ဟောင်းတွေလို့ပဲဆိုပါရစေ။ သူတို့ရဲ့ရာသက်လုံးခိုင်မြဲကြတဲ့သစ္စာပန္နက်တိုင်တွေကြောင့် မကြာမီနှစ်ကိုယ်တူအသဲဖြူဖြူနဲ့ အိမ့်သူသက်မွေးကြပေတော့မယ်တဲ့။
။ ဆရာ့ဖြစ်သူ ဤအရှင်ကတော့ ” ဪ တို့တပည့်တွေကတော့ အသဲချင်းကပ်ရင်ချင်းကပ်ကြပြီးဘဝကိုချစ်ဗိမာန်နဲ့တည်ဆောက်ကြတော့မယ်” ဆိုတော့ ပုထုဇဉ်သဘာဝကျကျပါပဲ။ အေးမြကြပါစေ၊လှပသာယာကြပါစေလို့ပဲ ဆုတွေပေးပါတယ်လို့ပဲဆိုပါရစေ။
။ အသက်နဲ့အရွယ်မရွေးတဲ့အချစ်ကို အမြဲတမ်းအပြစ်ရယ်လို့တော့မမြင်ရက်တော့ဘဲ တပည့်တွေရဲ့ဆန္ဒကို နှစ်တစ်ရာတိုင်မက ရာသက်လုံးအချစ်စစ်တရားနဲ့အတူကြည်ဖြူခိုင်မြဲကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။ တစ်မိုးအောက်မှာ ဖြိုးမောက်ကြပါစေ။
ဆရာကြီး ဦးအောင်ဖေ
(၅.၄.၂၀၂၂) ရက်နေ့ညနေခင်း။)