~~~~~~~~~~~~
။ ငယ်ရွယ်ကာလက
မျက်စိဝေဒနာကြောင့်
ပညာရေးကို
ခက်ခက်ခဲခဲနဲ့
သင်ယူခဲ့ရပါတယ်။
။ ဘဝတစ်ခုခုရဲ့
ဆိုးခဲ့ဖူးတဲ့အကြောင်းတရားတွေကြောင့် ကောင်းတဲ့အကျိုးတရားတွေ
လွယ်ကူစွာ မရခဲ့ပါဘူး။
။ ဉာဏ်နဲ့ပညာတည်ရှိနေသေးလိုသာ
ရအပ်တဲ့ပညာတွေကို
သင်ယူနိုင်ခဲ့ကြတာပါ။
။ ဘဝမှာ
ကျန်းမာသူကို မယှဉ်ဝံ့ရတာလည်း
မပြည့်စုံရတဲ့
အကြောင်းတရားတစ်မျိုးပဲပေါ့။
။ လောကမှာ
အရာခပ်သိမ်း
သူသူငါငါ
ပြည့်စုံချင်ကြပေမယ့်
ကံကြမ္မာက
အငင်ခံရရင်
အကျိုးပေးမှုက
မျက်နှာသာမပေးနိုင်ကြပါဘူး။
။ လောကမှာ
နိုင်ရလို့
စိတ်ကြိုက်နိုင်ရပြီးဆိုရင်လည်း
အဲဒီအနိုင်နဲ့
ဝမ်းမသာမိဖို့သတိရှိရမှာပါ။
။ ဒါကြောင့်
အကြောင်းတရားလှပဖို့
မိမိပြုခဲ့မိတဲ့ကံတွေကို
မိမိပွားများတဲ့တရားတွေကို
မိမိရဲ့ဥပဓိချမ်းသာဖို့နဲ့
ကျေနပ်ပြီးမနေဖို့
သတိထားမိကြပါစေ။
။ ကျေးဇူးအရာ
မမေ့ပါနှင့်
ကံသာမြဲစွာကောင်းပါစေ,လို့
ဆင်ခြင်တတ်ဖို့
မှာပါရစေ။
( သာမဏေဘဝ ဓာတ်ပုံဖြစ်ပါသည်။)
တောင်ကလေးဆရာတော်
(Thursday,4 December 2025) ရက်နေ့။
![]()
