Categories
စကားလက်ဆောင်

သူနာပြုအကူသင်တန်း ဝင်ခွင့်လျှောက်လွှာနောက်ဆုံးဖောင်တင်ရန်ရက်အားတိုးမြှင့်သတ်မှတ်

သူနာပြုအကူသင်တန်း ဝင်ခွင့်လျှောက်လွှာ
နောက်ဆုံးဖောင်တင်ရန်ရက်အား
တိုးမြှင့်သတ်မှတ်


  • PEDU မှ
    ကြီးမှူးဖွင့်လှစ်မည့်
    မိသားစု အခြေခံကျန်းမာရေးနှင့်
    သူနာပြုအကူသင်တန်းကို
    (၁-၉-၂၀၂၆)ရက်နေ့မှစ၍
    စတင်ဖွင့်လှစ် သင်ကြားသွားပါမည်။

သင်တန်းတက်ရောက်လိုသူများ
(၃၁-၈-၂၀၂၆)ရက် နောက်ဆုံးထား၍
ဝင်ခွင့်လျှောက်လွှာအား တင်လို့ရပါသည်။

Google Form link 👇
https://forms.gle/w21ojh2WvrN9ZjTi6

Loading

Categories
တောင်ကလေးဆရာတော် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

🍀။ နံနက်ခင်းဩဝါဒကထာ။ 🍀

🍀။ နံနက်ခင်းဩဝါဒကထာ။ 🍀


၁။ သူတစ်ပါးကို မနစ်နာစေဖို့ ကြိုးစားပါ။

၂။ သူတစ်ပါး ချမ်းသာစေလိုတဲ့ မေတ္တာကို ပွားပါ။

၃။ ကိုယ့်စိတ်မှာ ဘာဖြစ်နေသလဲ ကိုယ်သိအောင်နေပါ။

၄။ လုပ်နိုင်သမျှကို ရိုးသားစွာ၊ စေတနာကောင်းစွာ လုပ်ပါ။

၅။ လုပ်ပြီးရင် ရလဒ်ကို အတင်းမပိုင်ဆိုင်ပါနဲ့။

၆။ ပေးပြီး ပြန်ရဖို့ မတောင်းဆိုပါနဲ့။

၇။ ချစ်ပြီး ပိုင်ဆိုင်ဖို့ မကြိုးစားပါနဲ့။

၈။ ကူညီပြီး ကျေးဇူးတင်ခံရဖို့ မတောင်းဆိုပါနဲ့။

၉။ အတိတ်ကို နောင်တနဲ့ မထမ်းပါနဲ့။

၁၀။ အနာဂတ်ကို မျှော်လင့်ချက်နဲ့ ဖိအားမပေးပါနဲ့။

၁၁။ ပစ္စုပ္ပန်မှာ ယောနိသောမနသိကာရနဲ့
နေပါ။

          တောင်ကလေးဆရာတော်
          (၁၆.၈.၂၀၂၆) ရက်နေ့။

Loading