Categories
နိုင်ငံရေး အဲးခိုး

စစ်ဖြစ်အောင်ဖန်တီးတဲ့သူဟာနိုင်ငံရေးပညာရပ် တတ်သူမဟုတ်။

စစ်ဖြစ်အောင်ဖန်တီးတဲ့သူဟာ
နိုင်ငံရေးပညာရပ် တတ်သူမဟုတ်။

အဲးခိုး

Loading

Categories
ကရင်လူမျိုး အမျိုးသားရေး

စူႋယာ့ဆိုဒ်ဖဝ့်တိုင်

စဝ်ယှူးယှူးခၠိင်းခၠိင်း (တၟိုဝ်ဝါန်ႋ)

ဖၠုံထီ့ခါန်ႋ ထီ့ဝါန်ႋရဝ်၊
ဆင့်လေံသာ ယှဝ်ထဝ့်၊
ဆိုဒ်ၯင်ႋသာတဝ်၊
အဲစွးဍဝ်၊
ဏိင်းယိက်လာထဝ့်၊
နိုဲ့ဆီ့ယာဲ ပါင်ဖဝ်ႋ၊
ၜုံးဏိင်းသင့် ဖၠဟ်ထ်ုယဝ်ႋ။

ဆိုဒ်ဆ်ုမာ ဆ်ုၰီ့လာ၊
အ်ုတာအ်ှ ကုက်မာ၊
ၰူ့ၰင်လထာ၊
ဖၠုံကိုဝ်ၯာ၊
ခံင်ႋအယ်ဆ်ုမာ၊
ဆိုဒ်ၯင်ႋဍုဂ်ဏဲပျာ၊
ခေါဝ်ႋသိုဲ့ယွာ လ်ုပါကာ။

အ်ှဝယ်ယိက် ၜုံးဏိင်းသင့်၊
ခါင်ႋစူး ဆ်ုအာင်လင်၊
ထုင်းလီႋၰူ့ၰင်၊
အင်းၜူးသင့်၊
ထာင့်ခုက် ယောတ်လ်ုသင့်၊
ဏိင်းသင့်မင်္ဂလာ ၯေဝ်ထင့်။

ဆ်ုၰီ့လာ အ်ှဝယ်ယိုင်၊
လိက်လာဲ ထုဂ်ဖၠဟ်ဆိုင်၊
စူႋယာ့သာနိုင်၊
ပ္တဴဆိုင်
ၜံင်ထင်းလေင်ႋတိုင်၊
ဖၠုံယှင် ယုဂ်ယာန်းဆိုင်၊
စူႋယာ့ၯင်ႋ ဆိုဒ်ဖဝ့်တိုင်။

Loading

Categories
ကရင်လူမျိုး ဆောင်းပါး ပညာရေး အမျိုးသားရေး

ယနေ့ထက်တိုင် မမေ့နိုင်

မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင်

သက်မဲ့အရာဝတ္ထုဖြစ်သော ဖယောင်းတိုင်တို့မည်သည် မိမိကိုယ်သာလျှင် အနစ်နာ အထွန်းခံပြီး သူတစ်ပါးတို့အား အလင်းရောင်ကို ပေးလေ့ ရှိပါသည်။ 

သက်မဲ့သစ်ပင်တို့ မည်သည်မှာလည်း မိမိတို့၏ အသီးများကို ပြန်စားရိုး ထုံးစံမရှိဘဲ လူသားနှင့် တိရစ္ဆာန်သတ္တဝါတို့ စားဖို့ရန်အတွက်သာ အသီးများကို သီးပေးလေ့ရှိသလို မြစ်ပင်လယ် သမုဒ္ဒရာတို့ မည်သည်မှာလည်း မိမိတွင်ရှိသော ရေကို ပြန်သောက်ရိုး ထုံးစံမရှိဘဲ အများသတ္တဝါတို့ သောက်သုံးရန်အတွက်သာ ရေများကို စုစည်းပေးထားတာဖြစ်သည်။ 

ထိုနည်းတူစွာ-

လူတော်လူကောင်းတို့ မည်သည်မှာလည်း အခွင့်ထူးကို မယူဘဲ မိမိရသင့်ရထိုက်သော အခွင့်အရေးကိုသာ ယူကာ စိတ်ထားဖြောင့်မတ်စွာဖြင့် အများအကျိုးကို သယ်ပိုးဆောင်ရွက် လေ့ရှိကြပါသည်။ ထို့ကြောင့် လူတော်လူကောင်း စာရင်းထဲပါဝင်သည့် ကျွန်ုပ်ဆရာကြီး မန်းညိမ်းဖေ၏ အကြောင်းကို အလျဉ်းသင့်လို့ ဖော်ပြပါရစေ။ 

ဆရာကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေနှင့် မနီးမဝေးရှိ ရဲသာ ကျေးရွာနေ မန်းဖိုးငွေ + နန်မုတူးတို့မှ ၁၉၄ဝ – ပြည့်နှစ်၊ မတ်လ ၁၄-ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ သော သားလှရတနာတစ်ဦး ဖြစ်ပြီး မွေးချင်းသုံးဦး အနက် အကြီးဆုံး သားဦးရတနာဖြစ်သည်။ 

ဆရာကြီးငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ် မွေးရပ်မြေဖြစ်သော ရဲသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ တတိတတန်းကိုလည်းကောင်း၊ ၁၉၅၂ – ခုနှစ်တွင် ဘားအံ (အထက) အခြေခံပညာ အထက်တန်းကျောင်း၌ စတုတ္ထတန်းနှင့် ပဉ္စမတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သဖြင့် ၁၉၅၄ – ၅၅ ပညာသင်နှစ်တွင် အစိုးရပညာသင်စရိတ်ဖြင့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော (ပင်လုံကျောင်းခေါ်) မရမ်းကုန်း မြို့နယ်၊ ၈ – မိုင်ရှိ ပြည်ထောင်စု အထက်တန်းကျောင်း၌ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ နဝမတန်း နှင့်တက္ကသိုလ်ဝင်တန်းအထိ ပညာဆည်းပူးခဲ့ပါသည်။ 

၁၉၅၈ – ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် နယ်မြေသို့ အခြေချခဲ့သည်။ ၁၉၆၀ – ပြည့်နှစ်မှာ ဥပစာ သိပ္ပံ (I.SC=Institute of Science) အတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့၍ စက်မှုတက္ကသိုလ် အင်ဂျင်နီယာလိုင်းသို့ တက်ခွင့်ရခဲ့သည်။

ထို့ကြောင့် ၁၉၆၁ – ၆၂ ပညာသင်နှစ်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ရှိ စက်မှုတက္ကသိုလ်၊ (ယခင်အခေါ်အဝေါ် (B.I.T) ယခု အခေါ်အဝေါ် R.I.T = Rangoon Institute of Technology. Y.I.T = Yangon Institute of Technology.) ၌ အင်ဂျင်နီယာ ပညာရပ်များကို တစ်နှစ်ဆည်းပူးရာ လိုအပ်သော စာအုပ်စာတမ်းနှင့် သင်ကြားမှု အထောက်အကူပြု ကိရိယာပစ္စည်းများ လုံလောက်အောင် မဝယ်ယူနိုင်သဖြင့် မမျှော်လင့်ဘဲနဲ့ ကျရှုံးခဲ့ရသည်။ 

ဆရာကြီးသည် “ခါချဉ်ကောင်မာန်ကြီးလို၊ တောင်ကြီးကို ဖြိုမည်ကြံ၊ ခါးကမသန်” ဆိုသလို အကြံရှိ ဉာဏ်ရှိပေမဲ့ ကျောထောက်နောက်ခံ အားနည်းမှုကြောင့် စက်မှုတက္ကသိုလ်မြေမှ မခွါချင်သော်လည်း မရသည့်အဆုံး လေးလံသောခြေလှမ်းများဖြင့် မတတ်သာ ဆုတ်ခွါ ခဲ့ရပါသည်။ 

စက်မှုတက္ကသိုလ်မြေမှ မလွဲသာဆုတ်ခွါခဲ့ရပေမဲ့ ကိုယ့်ရဲ့ပြည်နယ်သူ/သားများ ပညာမျက်စိ ဖွင့်ပေးရေးအတွက် ၁၉၆၂-ခုနှစ်၊ ဇွန်လ ၇ – ရက် နေ့တွင်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင် (အလက) ကျောင်း၌ တာဝန်ခံကျောင်းအုပ်အဖြစ် စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းနှစ် နိုဝင်ဘာလအတွင်း လောကီလူသားတို့ ဖြစ်ရိုး ဖြစ်စဉ်အလျောက် ဆရာမကြီး နန်းခင်ညွန့်နှင့် အကြောင်းဆုံကာ အိမ်ထောင်ပြုပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ တံခွန်တိုင်ရွာတွင် အခြေချနေထိုင်ခဲ့ပါသည်။  

၁၉၆၄ – ခုနှစ်သို့ ရောက်သောအခါ (၂) နှစ်မျှ တာဝန်ထမ်းဆောင် ပြီးချိန်ဖြစ်၍ ရန်ကုန် ဝိဇ္ဇာ – သိပ္ပံတက္ကသိုလ်၌ သိပ္ပံဘွဲ့ (သင်္ချာအဓိက) ဖြင့် (၂) နှစ်ဆက်လက် ပညာဆည်းပူး ခဲ့ပြန်သည်။ တက္ကသိုလ်ဘွဲ့ကို ရရှိပြီးနောက် ၁၉၆၇ – ခုနှစ်၊ ဖေဖော်ဝါရီလ ၁ – ရက်နေ့ တွင် ရွှေဂွန်းရွာ (အထက) သို့ အထက်တန်းပြ ဆရာအဖြစ် သွားရောက် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် မိမိအခြေချခဲ့သည့် ခလယ်တံခွန်တိုင် (အထက) မှာ အထက်တန်းပြ ဆရာအဖြစ် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ ခဲ့ပြန်သည်။ ဆရာကြီးသည် ပညာရေးကဏ္ဍ တိုးတက်မြင့်မား လာစေရန်အတွက် ခလယ်၊ တံခွန်တိုင်၊ ဖားပြနှင့် ကျုံခဝန်အုပ်စု အတွင်းရှိ ကျေးရွာ လူကြီးမင်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ တွဲဘက် အ.ထ.က ဖွင့်လှစ်နိုင်ရေးအတွက် ဦးဆောင်စည်းရုံး ခဲ့ပြန်သည်။ ထို့ကြောင့် ၁၉၆၉ – ၇ဝ စာသင်နှစ်တွင် တွဲဘက်အထက်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး နဝမတန်းအဆင့်အထိ စတင်လက်ခံသင်ကြားပေးခဲ့သည်။ 

သင်ကြားမှုအပိုင်း အားနည်းချက် ရှိသဖြင့် တက္ကသိုလ်ဘွဲ့ရ ခလယ် – တံခွန်တိုင် ကျောင်းသားဟောင်း ဆရာစောညွန့်သောင်း (တက္ကသိုလ်မော်ကွန်းထိန်းအဆင့် (၁) မော်လမြိုင်) နှင့် ဆရာစောဘထူး (အငြိမ်းစား၊ တက္ကသိုလ်လက်ထောက်နည်းပြ၊ မော်လမြိုင်) တို့က ပါဝင်အားဖြည့်ပေးနေရသည်။ 

ယင်းတွဲဘက် (အငှား) ဆရာများ၏ လစာ အတွက်ကို ကျောင်းသားများထံမှ အနည်းငယ်မျှသာ ကောက်ခံပြီး ခလယ် – တံခွန်တိုင်ခွင်ရှိ လူထု၊ ကျောင်းသားမိဘများမှ ပညာပါရမီ ဖြည့်ကျင့်နိုင်ရန် (ထည့်ဝင်နိုင်ရန်) အတွက် ဆရာကြီးမန်းညိမ်းဖေကပင် ကျေးရွာ လူကြီးမင်းများကို နားချစည်း ရုံးခဲ့ရပြန်သည်။ ခလယ် – တံခွန်တိုင်နယ်မြေအတွင်း ပညာရေးတိုးတက် မြင့်မားလာစေရန် – အ.မ.က ကျောင်းများ၏ မိဘဆရာနှစ်ပတ်လည် ဆုပေးပွဲများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်း ဟောပြောခဲ့ပါသည်။

ဆရာကြီးသည် ပညာရေးလုပ်ငန်းများတွင် သာမကဘဲ ပါတီကောင်စီ လုပ်ငန်းများကိုလည်း နိုးကြားတက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့ရာ ၁၉၇၄ – ခုနှစ် တွင် ပထမအကြိမ် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲတွင် ကရင်ပြည်နယ်၊ ပြည်သူ့ကောင်စီဝင် အဖြစ် ရွေးချယ်ခြင်းခံရပါသည်။ ထိုမှတဆင့် ၁၉၇၆ – ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်နယ်လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးအနေဖြင့် ခလယ် – တံခွန်တိုင်မှ ဘားအံမြို့ သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး (၂) နှစ်သက်တမ်း ကုန်ဆုံး၍ ၁၉၇၈ – ခုနှစ်သို့ ရောက်သောအခါ မိခင်ပညာရေးဌာနသို့ ပြန်လည်ရောက်ရှိပါသည်။

ထိုအချိန်မှစ၍ ၁၉၇၈ – ခုနှစ်တွင် ခလယ် တံခွန်တိုင် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၃ – ခုနှစ်တွင် တောင်ပေါက် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၆ – ခုနှစ်တွင် ခလယ် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၂ – ခုနှစ်တွင် ကော့ကရိတ်မြို့ အ.ထ.က (၂) ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၆ – ခုနှစ်တွင် ခလယ်တံခွန်တိုင် အ•ထ•က ကျောင်းအုပ်တာဝန်ကို လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီးသည် ခလယ် – တံခွန်တိုင်နယ်မြေတွင် ကရင်နှစ်သစ်ကူးနေ့ စတင်ကျင်းပ နိုင်ရေးအတွက် လက်ထောက်မြို့ပိုင် ဦးအောင်ခိုင်နှင့် ဒေသခံ ကျေးရွာလူကြီးများ နားလည် သဘောပေါက် သိရှိနိုင်ရန်အတွက် ဟောပြောခဲ့ခြင်း၊ ကရင်စာပေ သင်ကြားနိုင်ရေးအတွက် တံခွန်တိုင် အရှေ့ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စဝ်ဝါန်-ရင်အွာ) အား အမှူးထား၍ မန်းဌေးလှိုင် (တံခွန်တိုင်ရွာ)၊ ဆရာမကြီး နန်းခင်ညွန့် (တောင်ဒီး)၊ ဆရာမကြီးနန်းတင်လေး (ခလယ်)၊ ဆရာကြီးမန်းသိန်းတင် (ဖာသိမ်) တို့နှင့် စိတ်ပါဝင်စားသူ လူငယ်များတို့ကို စည်းရုံးကာ ဘားအံမြို့နယ်၊ ရေတံခွန် ပရဟိတဘုန်းတော်ကြီး၌ ဖွင့်လှစ်သည့် ပထမဆုံးအပတ်စဉ် နွေရာသီ ကရင်စာပေ ဆရာဖြစ်သင်တန်းသို့ စေလွှတ်ပေးနိုင်ခဲ့သည်။

ဆရာကြီးသည် ကျောင်းသူ/သားများကို မိမိ တို့ဗီဇအလျောက် ဝါသနာပါရာဘက်သို့ အခြေခံ၍ စိုက်ရေးသိပ္ပံ၊ တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ၊ စက်မှုလက်မှုတက္ကသိုလ်စသည့် ကျောင်းများသို့ တက်ရောက်နိုင်ရန်အတွက်လည်း လမ်းညွန်မှုပေးခဲ့သည်။ 

အဆိုပါ ကျောင်းများမှ ဒီပလိုမာဘွဲ့ စသည်တို့ ရရှိသူများ ပေါ်ထွန်းခဲ့ပါသည်။ ဖွံ့ဖြိုးရေးသိပ္ပံ၊ တက္ကသိုလ်သို့လည်း တက်ခွင့်ရအောင် လမ်းညွန်ပေးခဲ့မှုကြောင့် ဖွံ့ဖြိုးရေး သိပ္ပံသင်တန်း အပတ်စဉ် (၁) မှ စ၍ စေလွှတ်နိုင်ခဲ့သည်။

ယင်းသင်တန်းအပတ်စဉ် (၁) တွင် ဆရာမန်းလှမြင့်စ၍ နှစ်စဉ် ခလယ် – တံခွန်တိုင် ဒေသမှ ကျောင်းသား/သူများ သွားရောက် တက်နေကြပါသည်။

ဆရာကြီးသည် အသက် (၆ဝ) ပြည့်၍ အငြိမ်း စားပင်စင် ယူခါနီးတွင် သားသမီးရတနာ (၅) ဦး ထွန်းကားခဲ့ပြီး အကြီးဆုံး (၃) ဦးမှာ မိန်းကလေးများ ဖြစ်၍ အငယ် (၂) ဦးမှာ ယောက်ျားလေးများ ဖြစ်ပါသည်။ 

ဆရာကြီးသည် ပညာရေးဌာနသို့ စတင် ရောက်ရှိသည့် အချိန်မှ ခရစ် ၂ဝဝဝ – ပြည့်နှစ် အငြိမ်းစားယူပြီးနောက် (၁၉-၆-၂၀၁၂) ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။ ပညာရေးလုပ်သက် (၃၅) နှစ်နှင့် (၆) လ တိုင်တိုင် ထမ်းဆောင်ခဲ့သည်။ ယင်း နှစ်ပေါင်းများအနက် ခလယ် – တံခွန်တိုင်ဒေသတွင် နှစ်ပေါင်း (၃၀) တိုင်တိုင် ထမ်းဆောင်ခဲ့သည့်အတွက် ဆရာကြီးနှင့် ခလယ် – တံခွန်တိုင်၊ ခလယ် – တံခွန်တိုင်နှင့် ဆရာကြီးသည် တစ်သွေးတစ်သားတည်း ခွဲခြား၍ မရသည့် အခြေအနေသို့ သက်ရောက်ခဲ့ရပါသည်။ 

ခလယ် – တံခွန်တိုင်ဒေသတွင် ပညာတတ် မြောက်များစွာ ပေါ်ထွက်နိုင်ခဲ့ခြင်း၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်လာခြင်း၊ ဘွဲ့ရဆရာ/မများ ဌာန မျိုးစုံသို့ ရောက်ရှိနေကြခြင်းသည် များသောအားဖြင့် ဆရာကြီး၏ ကျေးဇူးတွေချည်းသာ။ 

ဆရာကြီးသည် တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိစား၍ အားရှိကာ ဖြူစင်သန့်ရှင်းသော စိတ်ထားဖြင့် ပညာပေးဝေ ဖြန့်ဖြူးခဲ့သည်။

၁၉-၆-၂၀၀၂ ဆုံးသွားရှာသော ဆရာကြီးမန်းညိမ်းဖေသည် ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အမျိုးသားရေးနှင့် စီးပွားရေး၊ သာသနာရေး ပါမကျန် ကျရာတာဝန်များကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့သည်ကို စံနမူနာပြု အတုယူ နေထိုင် သွားရန်နှင့် ဆရာ့ကျေးဇူးကို ဆပ်သည့်အနေဖြင့် မိမိကိုယ်တိုင်ဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ လူနေမှုအဆင့် မြင့်မားလာအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရင်းနဲ့ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို ဒီမြေမှာနေ၊ ဒီရေကို သောက်ပြီး ဒီမြေ၏အကျိုးတိုးတက်ရာ တိုးတက် ကြောင်း၊ ဒီမြေ၏အလှအပကို ဖန်တီးပေးသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ဘဝတစ်ပါးသို့ သွားရှာလေသူ လူတော်လူကောင်း ဖြစ်သည့် ကျွန်ုပ်၏ ဆရာကြီးမန်းညိမ်းဖေအား ပြန်လည် တမ်းတသတိရ၍ ယနေ့ထက်တိုင် မမေ့နိုင်သောကြောင့် ဤဆောင်းပါးဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ရပါသည်။

တပည့် – မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင်

Loading