Featured Image: Martial Arts Myanmar 2.0 & Combat Sports Today
ဒီကနေ့မနက်မှာပဲ BKFC (Bare Knuckle Fighting Championship) က ရိုးရာလက်ဝှေ့လောကနဲ့ ကမ္ဘာကြီးကိုအရှိန်ပြင်းပြင်းရိုက်ခတ်မယ့် သတင်းတစ်ပုဒ်ကို ကြေငြာလိုက်ပါတယ်…
အဲ့ဒါကတော့ သူတို့ BKFC ဟာ လက်ဝှေ့လောကရဲ့ကြီးမားတဲ့အစီအစဉ်တစ်ခုရဲ့ အစုစပ်ရှယ်ယာအများစုကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြောလိုက်တာပါ…
ဒီသတင်းကို BKFC က UFC ဖိုက်တာဟောင်းကြီး ရော်မယ်ရိုးကိုခေါ်ယူကြောင်း Official ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာတစ်ခါထဲကြေငြာသွားခဲ့တာပါ…
BKFC ဟာ UFC ဖိုက်တာကြီး ကော်နာမက်ဂရီပေါ်ပူးတွဲပိုင်ဆိုင်တဲ့အဖွဲ့အစည်းဖြစ်ပြီး လက်သီးဗလာနဲ့ထိုးရတဲ့ပွဲတွေကို စီစဥ်ကျင်းပနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်…
အခုဆိုရင် ရိုးရာလက်ဝှေ့ပွဲတွေကိုပါ သူတို့ကစီစဥ်ကျင်းပသွားဖွယ်ရှိနေပြီး ဘယ်လိုဘယ်ပုံထွန်းတောက်လာမလဲဆိုတာ အင်မတန်စိတ်ဝင်စားစရာကောင်းနေတာလည်းဖြစ်ပါတယ်…
#Martialartsmyanmar #ufc #BKFC #Lethwei
ရင်းမြစ် ။ ။ (2) ဒီကနေ့မနက်မှာပဲ BKFC က… – Martial Arts Myanmar 2.0 | Facebook