Categories
ဗုဒ္ဓဘာသာ ရုပ်သံ

ဖားအံမြို့၊ ဓမ္မပီယကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနား

https://www.youtube.com/watch?v=GBgj2ebBX-8
ဖားအံမြို့၊ ဓမ္မပီယကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနား

ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့်
ပုနောပသမ္ပဒ – သိက္ခာထပ်ကံဆောင်အလှူတော်မင်္ဂလာအခမ်းအနား

ကရင်ပြည်နယ် သံဃနာယကဆရာတော်အဖွဲ့ဥက္ကဋ္ဌဆရာတော်
ဘဒ္ဒန္တခေမိဿရာလင်္ကာရ
(သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ MA – သီရိလင်္ကာ/အိန္ဒိယ) အား
ကျောင်းထိုင်ဆရာတော်တင်မြှောက်ခြင်းနှင့်
ပုနောပသမ္ပဒ – သိက္ခာထပ်ကံဆောင်အလှူတော်မင်္ဂလာအခမ်းအနား
ဓမ္မပီယကျောင်းတိုက်၊ ဖားအံမြို့နယ်၊ ကရင်ပြည်နယ်။
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၂)ရက်
(၅.၅.၂၀၂၄) တနင်္ဂနွေနေ့။

Loading

Categories
စကားလက်ဆောင် တောမှီရဟန်း

။ အငိုတိတ်သောညများ ။

။ အိမ်ထောင်ပြုကြလို့

လင်မယားချင်း

စကားမများကြတာ

ရန်မဖြစ်ကြတာ

သဝန်မတိုကြတာ

နားကိုက်ပါးကိုက်

အကြိုက်တူကြတာ

မတူကြတာ

စသဖြင့် စသဖြင့်ပေါ့

မဖြစ်ကြတာမရှိပါဘူးတဲ့လေ။

။ မနေ့က

တပည့်မလေးတစ်ယောက်

ကျောင်းကိုပြန်ရောက်လာလို့

မျက်ရည်လည်ရွဲပြီး

ပါးပြင်ကျယ်ကြီးပေါ်မှာ

မိုးလုံးတမျှ စီးဆင်းနေပေါ့။

။ ” ကဲ ကဲ

တပည့်မရေ

ဘာတွေများ

အသဲတွေထဲက

အလောင်အကျွမ်းတွေ

ဖြစ်နေရတာလဲ?

မေးပါတယ်။

။ တပည့်က

အသံမထွက်နိုင်

အတောမသတ်နိုင်

တရှုံ့ရှုံ့တတွတွနဲ့

ရှိုက်ကြီးတငင်နဲ့ပဲ

ငိုနေတော့တာပါပဲ။

။ ငိုနေတော့

ဘာအကျိုးရှိလို့ပါလဲ

ပြောစရာရှိတာပြောပေါ့

မေးနေတာလေလို့

အကြိမ်ကြိမ်မေးတော့မှပဲ။

။ ” တပည့်တော်မ”

” ဆိုပါ ၊ ဘာပြောမလဲလို့”

“တပည့်တော်မ

အမျိုးသားနဲ့

ခွဲလိုက်ကြပါပြီဘုရား” တဲ့။

။ ” အမျိုးသားနဲ့

လမ်းခွဲကြတာ

တည်တည်ငြိမ်ငြိမ်

မဖြစ်ဘဲနဲ့

ဘာလို့များအဲဒီလောက်ထိ

အသည်းအသန်ကြီး

အသည်းအထန်နဲ့

ငိုရတာလဲ?

တည်တည်ငြိမ်ငြိမ်လေးနဲ့

လျှောက်ပေါ့ကွယ်”

မိန့်ပြီးတာနဲ့ပဲ။

။ ” တပည့်တော်မကို

သီလရှင်ပြန်ဝတ်ခွင့်ပြုပါဘုရား

ကလေးတွေကမေမေဖေဖေတွေနဲ့

ထားခဲ့လိုက်ပါပြီဘုရား”

ဆိုပြီးကြားမိလိုက်တာနဲ့ပဲ

ကြားရသူအရှင့်အဖို့

(သောကောရောကော

ဝိနဿတု) မဖြစ်ပါ။

။ အော်

အိမ်ထောင်ပြုကြတယ်ဆိုတာ

မူလရည်ရွယ်ချက်က

ဘာတွေများပါလဲနော်။

။ ချစ်ကြဖို့

သံယောဇဉ်ရှိကြဖို့

စောင့်ရှောက်ထိန်းသိမ်းကြဖို့

သေတစ်ဖန်သက်တစ်ဆုံးတိုင်အောင်

ရိုးမြေကျသည့်တိုင်အောင်

ချစ်ခြင်းများစွာနဲ့

ချစ်ကြင်နာကြဖို့

မြတ်နိုးကြတာတွေ

မဟုတ်ဘူးလားလို့

တွေးမိပါလေရဲ့။

။ ခဏချင်း

စဉ်းစားမိလို့အပြီးမှာ

” ကဲ အငိုတိတ်တော့

ငိုခြင်းဆိုတာ

ထာဝရဥစ္စာတစ်ပါးပါပဲ

အငိုရှာရင်ငိုရမပေါ့

တပည့်ရယ်

ပြက်ရယ်ပြုတယ်လို့တော့

မထင်မိပါနဲ့။

။ မင်းတို့ဆရာလည်း

ဒီအချစ်နဲ့

ဒီအမုန်းတွေနဲ့

ဒီလောကမှာ

ဘဝတဏှာကြောင့်

တမ်းတငိုကြွေးခဲ့ရတာ

ဒီအသက်ဒီခန္ဓာ

ဘဝဘဝါပါပဲလေ” ။

။ ” အေး

ပြောပြမယ်

ဒီစကားလေးတစ်ခွန်းတော့

နားထောင်ကြည့်လိုက်ပါ။

။ အိမ်ထောင်ဆိုတာ

ဘဝလောကမှာ

အကြီးဆုံးသော

ထောင်ကြီးတစ်ထောင်ဖြစ်လို့

အရည်အချင်းနဲ့

အပြည့်အဝ

အပြည့်အစုံ

အစုံအညီ

မရှိရင်တော့

ငိုပွဲဆင်

ငိုပွဲဝင်

ငိုမြဲပင်ပေါ့တပည့်ရယ်” ။

။ ကိုင်း တော်ပြီ….

ဆံချ

ဝတ်ရုံဝတ်

သီလခံယူ

ဘုရားဝတ်ပြု

ကမ္မဋ္ဌာန်းထိုင်

ဘာဝနာပွား

သင်္ခါရုပေက္ခာဉာဏ်ပွား

တည်တည်ငြိမ်ငြိမ်နဲ့

နေပေတော့တပည့်ရေ

နေတော့လို့ …….။

တောမှီရဟန်း

(၅.၅.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် အမျိုးသားရေး အဲးခိုး

။ လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)။

မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်

။ လွတ်လပ်ရေးနေ့ (အင်္ဂလိပ် Independence Day)သည်
နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။

။ မြန်မာနိုင်ငံသည်
၁၉၄၈-ခုနှစ်
ဇန်နဝါရီလ (၄)ရက်နေ့တွင်
စစ်မှန်သောလွတ်လပ်ရေး
ကိုရရှိခဲ့သည်။

နယ်ချဲ့တိုင်းတစ်ပါးတို့၏
စိုးမိုးအုပ်ချုပ်မှုအောက်မှ
လွတ်မြောက်လာခဲ့သော
တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင်
လွတ်လပ်သောနိုင်ငံအဖြစ်သို့
ရောက်သည့်နေ့ကို
“လွတ်လပ်ရေးနေ့”ဟူ၍
အသိအမှတ်ပြုထားကြသည်။

။ လွတ်လပ်ရေးနေ့
အင်္ဂလိပ်: Independence Day

ကမ္ပည်းစိုက်ထူ

။ ခရစ်နှစ် ၁၉၄၈ ခုနှစ်
ဇန်နဝါရီလ ၄ ရက်
မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်
ပြာသိုလဆုတ် (၉ )ရက်
တနင်္ဂနွေနေ့ကား
မြန်မာနိုင်ငံသည်
လုံးဝလွတ်လပ်သော
အချုပ်အခြာအာဏာပိုင်
သမ္မတနိုင်ငံတော်အဖြစ်သို့
ကောင်းစွာရောက်ရှိသောနေ့
ဖြစ်လေသည်။

။ ထိုနေ့သည်
ပြည်ထောင်စု
မြန်မာနိုင်ငံသားများအဖို့
ထူးမြတ်သော
နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ
မြို့ရွာများတွင်
ထိုနေ့ကို
မှတ်တမ်းတင်သော
မော်ကွန်းကျောက်စာတိုင်များ
စိုက်ထူကြပြီးလျှင်
အောက်ပါအတိုင်း
ကမ္ဗည်း ရေးထိုးထားကြသည်။

“ ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။ ”

ဆင်ယင်ကျင်းပ

။ မြန်မာနိုင်ငံ အောက်ပိုင်း၌
နှစ်ပေါင်း ၁ဝဝ မျှ
မြန်မာနိုင်ငံ အထက်ပိုင်း၌
နှစ်ပေါင်း ၆ဝကျော်မျှ
နိုင်ငံခြားသားတို့၏
အချုပ်အခြာကို
ခံခဲ့ကြရပြီးနောက်
မြန်မာခေါင်းဆောင်ကြီးများ၏
အမျိုးမျိုးသော
ကြိုးပမ်းမှု တို့ကြောင့်
ရရှိခဲ့သော ဤလွတ်လပ်ရေးကို
တည်တံ့ခိုင်မြဲစေရန်နှင့်
ပြည်ထောင်စုကြီး
တိုးတက်ဖွံ့ဖြိုးစေရန်မှာ
ပြည်ထောင်စုသားအားလုံး၏
တာဝန်ဖြစ်သည်နှင့်အညီ
နှစ်စဉ်နှစ်တိုင်း
သတိရ ကြစေရန်
သတိပေးနှိုးဆော်သည့်အနေဖြင့်
နှစ်စဉ်ထိုနေ့တွင်
လွတ်လပ်ရေးနေ့
အထိမ်းအမှတ်ပွဲများ
ဆင်ယင်ကျင်းပကြ၏။

ဘွဲ့ထူးဂုဏ်ထူး

။ ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့်
လွတ်လပ်ရေး ကျောက်တိုင်၌
စုဝေးကြ၍
ပြည်ထောင်စုတည်မြဲရေး
တိုးတက်ရေးကို
မမေ့ မလျော့ဆောင်ရွက်ရန်
အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။

။ ပျော်ပွဲရွှင်ပွဲနှင့်
ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း
တစ်ခမ်းတစ်နား
ဆင်ယင်ကျင်းပကြ၍
အစိုးရကလည်း
နိုင်ငံ၏တာဝန်ကို
ထူးချွန်စွာထမ်းဆောင်သူတို့အား
ဘွဲ့ထူး ဂုဏ်ထူးနှင့်
ဆုလာဘ်များ
ပေးအပ်ချီးမြှင့်လေသည်။

” လွတ်လပ်ရေးနေ့
တို့မမေ့ပြီ
တို့ရှေ့ကောင်းခြင်းရောက်ပါစေ” ဟု
အဓိဋ္ဌာန်ပြုပါသတည်း။

အဲးခိုး
(၃.၁.၂၀၂၄) ရက်နေ့။

Loading

ကြော်ငြာထည့်သွင်းရန်
၀၉-၇၅၈၀၅၈၂၅၈
သို့ဆက်သွယ်ပါ။
ပျော်ရွှင်မှုကဖီး မှ

ဆာဗာကြေးလှူဒါန်းထားသည်။