Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ဘုန်းပညာ အဲးခိုး

။ အိမ်ထောင်တစ်ခုမှာ ။~~~~

။ အိမ်ထောင်တစ်ခုမှာ ။
~~~~
။ (အိမ်ထောင်စုတစ်စုမှာ
အမျိုးသမီးဖြစ်သူက
အားကြီးတဲ့ကုသိုလ်ကံတွေ
တည်ထောင်နိုင်ရင်လည်း
( ထူထောင်နိုင်ရင်လည်း)
မိသားစုတစ်ခုလုံးကို
ဖေးမနိုင်ပါတယ် ) ဆိုတဲ့
ဒီယူဆချက်ဟာ
အိမ်ထောင်ရှင်
အမျိုးသမီးတိုင်းသာ
သိမြင်နားလည်ကြမယ်ဆိုရင်
အဲဒီအိမ်ထောင်ဟာ
ဖရိုဖရဲ
ပြိုကွဲပျက်စီးစရာ
အကြောင်းမရှိနိုင်ဘူးလို့
မြင်မိပါလေရဲ့။

။ များသောအားဖြင့်
လူတွေဟာ
ကုသိုလ် ကံကို
ပြုယူရမှန်းသိကြပေမယ့်
ကံအကြောင်းကို
သေချာဂန
အရေးမစိုက်မိကြဘူး။

။ တကယ်တော့
ကံ တရားဟာ
အကြွင်းမဲ့သာ
နားလည်နေမယ်ဆိုရင်
ရင်ဝ,ရင်မတွေမှာ
ဝေဒနာဆူး
အစူးခံနိုင်လေပေါ့။

။ အိမ်ထောင်ထူကြတဲ့
သူတွေအားလုံးဟာ
လေ့နက်တဲ့ယုံကြည်ချက်ရှိလို့
ပြစ်ချက်တွေကိုမကြည့်ကြဘဲ
ပြင်ချက်တွေနဲ့နေကြတာပါ။

။ ခေတ်လောကအနေနဲ့ကြည့်ရင်
ဒီခေတ်မှာ
ခေတ်မီတဲ့သူတွေကပဲ
အိမ်ထောင်ပြုကြတယ်လို့
ဆိုရမှာပါ။

။ အိမ်ထောင်ပြုတယ်ဆိုတာ
အရာရာကို
ကိုယ်ကျိုးစွန့်ကြတာပါပဲ။

။ ဒါကြောင့်
ကြောင့်ကြရတာ
အနစ်အနာဖြစ်ကြရတာ
ဆင်းရဲမှုဖြစ်ကြရတာတွေကို
ဥပေက္ခာပြုနိုင်ကြပြီး
တစ်ဦးတစ်ယောက်ဖြစ်သော
ချစ်သောသူတစ်ယောက်ရဲ့
အပြစ်ဖြစ်တဲ့ပြစ်ချက်ကို
ပြင်ချက်ပေးနိင်တဲ့သူက
အိမ်ထောင်ရှင်လို့ပဲ
ဆိုပါရစေ။

ဘုန်းပညာ( အဲးခိုး)
(၂၇.၇.၂၀၂၄ ) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် ဘုန်းအောင်ဖေ

။ မြ ရ တ နာ စေ တီ ။

။ မြ ရ တ နာ စေ တီ ။
~~~~~~~~~~.~~~~

။ အဝေးသို့မြင်

ထုံးစေတီလေး

ကြည်နူးနေမိမည်။

။ အဝေးသို့မြင်

ဤစေတီလေး

ဖော်ကြင်လွမ်းမိမည်။

။ အဝေးသို့မြင်

ထိုစေတီလေး

ရောက်ချင်နေကြမည်။

။ အဝေးသို့မြင်

မြစေတီလေး

ဖူးချင်နေကြမည်

သတိရနေကြမည်။

။ မြ ရ တ နာ

အေးရိပ်သာသို့

လာလည်စေချင်သည်။

( ဓာတ်ပုံပိုင်ရှင်ကိုကျေးဇူးတင်ပါသည်။)

ဘုန်းတော်ကြီး အောင်ဖေ

(၂၂,၇,၂၀၂၄) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် ဘုန်းအောင်ဖေ

အိုပွဲပြရုပ်ရည်

။ အိုပွဲပြရုပ်ရည်

နာလည်းပြချင်ရုပ်ရည်

အက်ကြောင်းထ ရုပ်ရည်ပေါ့။

ဘုန်းအောင်ဖေ

(၁၈.၇.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် အဲးခိုး

။ အိုးခဲ(အဲးခိုး)ရဲ့အိုနေ့ ။~~~~~~~~~~~~~~~~

။ သည်နေ့တော့
ငါမမေ့
အိုနေ့ပြယုဂ်ဖြစ်။

။ သည်နေ့တော့
ငါမမေ့
အိုနေ့မှတ်တမ်းသစ်။

။ သည်နေ့တော့
ငါမမေ့
အိုနေ့အစစ်စစ်။

။ အိုနေ့စစ်စစ်
ငါ့အဖြစ်
အိုပြည့်မှတ်တမ်းနှစ်။

အဲးခိုး( တောင်ကလေးဆရာတော်)
(၁၈.၇.၂၀၂၄) ရက်နေ့။ 

Loading

Categories
တောင်ကလေးဆရာတော် ပညာရေး ဗုဒ္ဓဘာသာ ရုပ်သံ အလှူဒါန

“ စာအောင်ဆုနှင်းသဘင်အခမ်းအနားများ” တောင်ကလေးဆရာတော်ဝိဇာတမွေးနေ့ အထိမ်းအမှတ်

သာသနာတော်နှစ် – ၂၅၆၈ ခု၊
ကရင်နှစ် – ၂၇၆၃ ခု
ကောဇာသက္ကရာဇ် – ၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း(၉)ရက်
(၁၄ – ၇ – ၂၀၂၄) တနင်္ဂနွေနေ့။
တောင်ကလေးဆရာတော်
ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) ၏
(၆၄)နှစ်မြောက် ဝိဇာတမွေးနေ့ အထိမ်းအမှတ်
သာသနဓဇအသင်းကြီးက ကြီးမှူးကျင်းပသော ဒုတိယအကြိမ်
“ စာအောင်ဆုနှင်းသဘင်”
တောင်ကလေးပရိယတ္တိစာသင်တိုက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်။
၁၄.၇.၂၀၂၄ တနင်္ဂနွေနေ့။

Loading

Categories
တောင်ကလေးဆရာတော် ဖွံ့ဖြိုးရေး ရုပ်သံ အလှူဒါန

Car Parking ဖွင့်ပွဲအခမ်းအနား

ကျေးဇူးတော်ရှင် သက်တော် (၆၄)နှစ်မြောက်
တောင်ကလေးဆရာတော် ဝိဇာတမွေးနေ့အလှူတော် အထိမ်းအမှတ်
ဩဝါဒအဆောင်ဘေးနားက Car Parking (ကားထားရာနေရာ)
ဖွင့်ပွဲအခမ်းအနား…
တောင်ကလေးပရိယတ္တိစာသင်တိုက်၊ ဘားအံမြို့။
14.7.2024 တနင်္ဂနွေနေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း နံနက်ခင်းသြဝါဒကထာ ဘာသာရေး

ဆရာတော်၏ ဝိဇာတမွေးနေ့အလှူ ဩဝါဒ

ကျေးဇူးတော်ရှင် တောင်ကလေးဆရာတော်
ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)၏ သက်တော် (၆၄) နှစ်မြောက်
ဝိဇာတမွေးနေ့မင်္ဂလာတော်မြတ် နံနက်ခင်းဩဝါဒ….
14.7.2024 တနင်္ဂနွေနေ့။

https://fb.watch/to5FIpGS97/

Loading

Categories
တောင်ကလေးဆရာတော်

။ သည်နေ့ ဖတ်မိသည့်စာတစ်ပုဒ် ။

( တပည့်ဒါယကာတွေအားလုံး

ဒီစာညွန့်လေးတစ်ပုဒ်ကို

ဖတ်ကြည့်စမ်းပါစေ။)

~~~~~~~~~~~~~~~~~

။ ပေါင်စိန်ကျောင်း

ကိုရင်ခေမိက (ခ)စောအဲဆိုဒ်ဖါန်

ဒီညနေကပဲ လူထွက်လိုက်ပါပြီ ။

။ နှမြောစရာကောင်းပါတယ် ။

ကျောင်းသားဘ၀ (၁ )နှစ်

ကိုရင်ဘ၀(၂ )နှစ် နေပြီး

စာကလည်းအသင့်အတင့်ရနေပါပြီ။

။ သင်ပုန်းကြီး၊ ပရိတ်ကြီး၊ရှင်ကျင့်၀တ်၊ ကစ္စည်းသဒ္ဒါသုတ်စဥ် အာချာတ် အထိတောင်ရောက်နေပါပြီ ။

။ သူကိုယ်တိုင်က

ကိုရင်ဘ၀နဲ့ ပျော်ရွှင်ပေမယ့်

ထိုင်းနိုင်ငံမှာနေတဲ့ မိဘတွေရဲ့ဆန္ဒကိုလွန်ဆန်လို့မရတဲ့အတွက်ကြောင့်

သာသနဘောင်မှာ ပျော်နေပေမယ့်

ဒီညနေလူထွက်ရပါပြီ ။

။ “ မိဘတွေက

ကိုရင်ဘ၀နဲ့နေရရင်

အတန်းမရှိဘူးတဲ့ “

စာသင်ကျောင်းပဲပြန်ထားမယ်တဲ့လေ။

။ အေးပါ သူတို့တော့မသိဘူး

ဆရာဖြစ်တဲ့ မိမိတောင်

၃ နှစ် ၃ မိုးကြိုးစားပမ်းစား

စာသင်ပေးခဲ့ရပေမယ့်

“ အတန်းမရှိဘူး”

အဲလိုစကားကြားလိုက်ရတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။

။အေးပါလေ

ငါတို့က

မိဘ မဟုတ်သည့်အတွက်ကြောင့်

ဆိုင်သာဆိုင်ခဲ့ပေမယ့်

သူတို့လိုတော့ ပိုင်ခွင့်မရှိဘူးပေါ့ ။

။ ၃ နှစ် ၃မိုး ပြုစုပျိုးထောင် ကြိုးစားပမ်းစားသင်ပေးခဲ့ပေမယ့်

တစ်ခနလေးအတွင်းမှာ

အစော်ကားသလို

ခံရတာကိုတော့

စိတ်မကောင်တာအမှန်ပါ။

။ ဆရာဖြစ်ခဲ့ဖူးမှ

ဆရာရဲ့ခံစားချက်နားလည်မှာပါ။

(တပည့်လေး ခေမိကရေ

လူ့ဘ၀မှာအဆင်ပြေပါစေ။)

( ရေးသားထားသည့် သတ်ပုံအတိုင်းဖြစ်သည်။)

တောင်ကလေးဆရာတော်

(၂၆.၆.၂၀၂၄) ရက်နေ့။

May be an image of 5 people, child, people studying and text

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ကိုယ့်ကျိုးသူဖျက် သူ့ကျိုးသူမက် ။

။ သူ့အတွက်

ထိခိုက်ရင်

ဘယ်တော့မှ မကျေနပ်။

သူ့အတွက်

ပျက်စီးရင်

ဘယ်တော့မှ ခွင့်မလွှတ်။

။ သူ့အတွက်

ဆုတ်ယုတ်ရင်

ဘယ်တော့မှ လက်မခံ။

။ သူ့အတွက်

မပါရင်

ဘယ်တော့မှ သည်းမခံ။

။ သူ့အတွက်

နစ်နာရင်

ဘယ်တော့မှ နားမလည်။

။ သူ့အတွက်

အကျိုးပျက်ရင်

ဘယ်တော့မှ နောက်မဆုတ်။

။ သူ့အတွက်

မေ့မိရင်

ဘယ်တော့မှ

အရုပ်လိုမနေတတ်

မနေကြတဲ့သူဟာ

ကြည့်ပေါင်း

ကြည့်ကပ်

ကြည့်ခွာ

ကြည့်နေပါလို့

တပည့်တို့ရေ။

။ အဲဒီသူဟာ

ကိုယ့်အကျိုးကိုဖျက်ဖို့

ဝန်မလေးသလို

သူ့အကျိုးကိုပျက်မိရင်

တစ်သက်လုံး

အမုန်းပွားလို့

မဆုံးတဲ့သူပါပဲဆိုတာ

(ဂဏှာထ ) မှတ်ပါလေ။

တောင်ကလေးဆရာတော်

(၁၈.၅.၂၀၂၄)ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ဘုန်းသစ်ထူး

။ ကျော့ကွင်းလား ညွှတ်ကွင်းလား ။

။ သည်နေ့

ဥပုသ်နေ့ပါ။

ဩဝါဒနာယူပြီး

ပြန်သွားကြတဲ့

ယောဂီတွေထဲက

မျှော်တလင့်လင့်

ယောဂီရင့်ရင့်တစ်ဦးဟာ

တဖင့်ဖင့်နဲ့

ကျောင်းထဲကနေ

ကျောင်းပြင်ဘက်ကို

ထွက်ခွာလာပြီး

ဖုန်းခေါ်သံဝင်လာလို့

” ဟလို မိန့်ပါရှင့် ” တဲ့။

။ ” သီလရှင်ဝတ်တာ

ဆယ်ရက်ကြာပီလေ

လူမထွက်သေးဘူးလား” တဲ့။

။ ” ဟယ်

ဒီနေ့ပြန်လာမှာပဲဟာ

ဘာလို့များအလောတကြီး

ဖြစ်နေရပါလဲရှင်ရယ်” ဆိုပြီး

ပြောမိလိုက်တဲ့

အချိန်လေးမှာပဲ

ဖုန်း Messages ထဲမှာ

စာရောက်လာပါတယ်။

။ ” နင် ဒီနေ့

သီလရှင်အဖြစ်ကနေ

ထွက်, မထွက်

ဒါပဲသိချင်တယ်နော်

မထွက်ခဲ့ရင်

သိတဲ့အတိုင်း

ငါ့အမှားပါလို့တော့

မပြောနဲ့

ဒါပါပဲ” တဲ့။

။ ” ဟာ ဒုက်ခပဲ

သည်နေ့ပဲ

သီလရှင်ထွက်မဲ့ဟာကို

ဘာလိုများအဲလောက်ထိ

အလောတကြီး

ကြီးကဲနေရတာပါလဲနော်

စိတ်ပျက်လိုက်တာ

ဟင် ” ဆိုပြီး

ယောဂီရောင်

ဝတ်စုံနဲ့

မစွန့်ခွာမီ

လောကီသားရဲ့

နှုတ်ဆက်စကားကို

ကြားသိရတာနဲ့ပဲ

သီလရှင်တစ်ဖြစ်လဲခဲ့ရတဲ့

အချစ်ကဲကဲ

ချစ်သဲလာခဲ့ရသူ

သဲသဲမဲမဲနဲ့

အိမ်ကျယ်ကြီးထဲကို

ပြန်သွားရပြီပေါ့။

။ သီလရှင်ဘဝနဲ့

နေခဲ့ရတဲ့အရသာမှာ

အေးမြတယ်

ငြိမ်းချမ်းတယ်

ဖြူစင်တယ်မဟုတ်လား။

။ ခုတော့

မောင်ခေါ်ရာ

မောင်မောင့်ခေါ်ရာ

လိုက်ပါခဲ့ရပြန်လေတော့

ကိလေသဝဋ်

ကမ္မဝဋ်

ဘဝဝဋ်

ဝဋ်တွင်း

ဝဋ်ခံ

ဝဋ်လည်

ဝဋ်နွယ်ထဲမှာပဲ

တဝဲလည်လည်ပေါ့။

။ သူ့အလိုလိုက်ရ

အလိုက်သိရ

အကြိုက်တူရ

အကြိုက်ညီရ

အကြိုက်သိရ

အမိုက်သိရလို့နဲ့

(မောင့်ကိုဘယ်သူမှ

မချစ်ရပါဘူးကွယ်..)နဲ့

ခေတ်သစ်

ချစ်စပယ်ဘဝ

ပြန်ရောက်ရပေါ့။

။ သူ့အလိုကို

မလိုက်မိရင်

မိုက်လားဟဲ့ တဲ့

သူ့အလိုကျ

အလိုလိုက်ရပြန်ရင်

ကိုယ့်ရင်မှနွယ်

အတွယ်အတာ

မပယ်မခွာရက်လေပေါ့။

မူရာမာယာပိုရတဲ့

အငြိမ့်မင်းသမီးလေးထက်

ပို၍ပို၍

ဆိုးပါသတဲ့ရှင်ရယ်။

။ အော် ဘဝဆိုတာ

ဘုံအားဖြင့်

ဘဝဂ်အဆုံးသတ်

ရောက်နိုင်ပေမယ့်

တရားအားဖြင့်

ဂေါတြဘုတိုင်အောင်

မရောက်လေသမျှ

ကာလပတ်လုံး

သည်အချစ်

သည်အမုန်း

သည်နေရာ

သည်စခန်းတွေနဲ့

အံ့မခန်းပါပဲ

ကျင်လည်ခဲ့ရပေဦးမယ်ပေါ့။

။ ထူးပါဘူးလေ

မေ့အိမ်ကိုပဲ

ချစ်သမီးလွမ်းသလို

မောင့်ကိုပဲ

(ချစ်ရတစ်သက်

လွမ်းလျက်မကွာ)

ရှေ့ချစ်မယ်ချစ်ဦးရေနဲ့ပဲ

သည်နယ်

သည်မြေ

သည်ဘဝတွေနဲ့ပဲ

နေပါတော့မယ်

နေတော့မယ် မောင်ရေ။

( ဤဝတ္ထုတိုသည် မည်သူ့ကိုမျှ မရည်ရွယ်ပါ။)

( ဓာတ်ပုံကိုယူသုံးပါသည်။)

ဘုန်းသစ်ထူး

( ၁၅.၅.၂၀၂၄) ရက်နေ့။

Loading