Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၂)

အဲးခိုး

အမေရိကန်ရဲ့ နိုင်ငံရေးကမ္ဘာဟာ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းနဲ့ သက်ဆိုင်သွားပါပြီ။ အမေရိကန်ဟာစစ်ပွဲနဲ့ စစ်အောင်နိုင်မှုကို လိုလားနှစ်သက်တဲ့တိုင်းပြည်မဟုတ်လို့ဆိုပြီး နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောဆိုထား … ကမ္ဘာပေါ်မှာ လူဦးရေအဆများစွာ များပြားလာနေတာကြောင့် လူသားပေါင်းများစွာကို အထောက်အပံ့၊ အကူအညီပေးနိုင်သော တိုင်းပြည်တွေကပဲ ကမ္ဘာကို (ယာယီ) သြဇာလွှမ်းမိုးနိုင်တော့မှာ ဖြစ်ပါတယ် …

အတွဲ(၁၁)၊ အမှတ်(၂၈)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ သီတင်းကျွတ်လဆန်း ၆၊ ၃၀-၉-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက် )

အနာဂတ်ကမ္ဘာ 

ကမ္ဘာကို ပြဿနာတွေအမျိုးမျိုး ဖန်တီးပေးနိုင်တဲ့ တိုင်းပြည်ဟာ ဘယ်တိုင်းပြည်လဲဆိုတာ သိလိုက်ပါ။ အဲဒီလို ဖန်တီးခွင့်ရအောင်လည်း ဘယ်သူ(ဘယ်ပုဂ္ဂိုလ်)က ချည်းကပ်ခွင့်ပေး လိုက်ကြသလဲဆိုတာကော သိကြရဲ့လား။ ယနေ့ ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းအကြောင်းကို လေ့လာကြည့်ပါ။ အထောက်အထားမဲ့ အဖြစ်အပျက် စုံလင်နေအောင်လုပ်နိုင်တဲ့ တိုင်းပြည်ကပဲ ကမ္ဘာကို လွှမ်းမိုးသွားမယ်ဆိုတာကို သိထားစေချင်ပါတယ်။ ယနေ့ စုရုံးပြီး အားကိုးအားထားကြတဲ့ ပါဝါအင်အားကြီးတဲ့ နိုင်ငံတွေဟာ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး စတဲ့ အရေးအားလုံးကို သူတို့ကို စိန်ခေါ်နိုင်ကြတဲ့ တိုင်းပြည်တွေရှိကြရဲ့လား။ ဘာကြောင့် သူတို့ကို စိန်မခေါ်နိုင်ကြသလဲ ဆိုတာကို တွေးကြည့်ကြပါ။ စစ်ပွဲကို အကြိမ်ပေါင်း များစွာ တိုက်နိုင်တဲ့သူတွေဟာ ကမ္ဘာ့ပါဝါကြီးမားတဲ့ တိုင်းပြည်ဖြစ်လာကြတာပါပဲ။ စီးပွားရေးအောင်ပွဲမဟုတ် စစ်အောင်ပွဲနဲ့ တက်ကြွနေကြတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ လျှို့ဝှက်ချက်ဟာ အနာဂတ်ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူးဆိုတာကို သိထား လိုက်ပါ။ 

နောက်နှစ်ပေါင်း ၁ဝဝဝ မြန်မာပြည် 

ဘယ်နိုင်ငံမှ စိန်မခေါ်နိုင်တဲ့တိုင်းပြည်ဟာ ကမ္ဘာကြီးကို သူတို့လက်ထဲမှာပဲ ရှိနေတာကို သူတို့မြင်နေကြတယ်။ စစ်မက်ကိုလည်း သူတို့မမှု(မကြောက်) သလို နိုင်ငံရေးအာဏာတွေအတွက်လည်း သူတို့မကြောက်မရွံ့ကြပါဘူး။

ဒီလို ကမ္ဘာ့အင်အားကြီးလာတဲ့ နိုင်ငံတွေရဲ့ အချက်အလက်အကြောင်းတွေကို လေ့လာကြည့်ရင် သူတို့စစ်ရေး၊ နိုင်ငံရေး နည်းမဟာဗျူဟာတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝ အထက်လောက်က ကြိုးစားအားထုတ်ထားခဲ့ပြီးသားပါ။ ကမ္ဘာ့စနစ်ကြီးကို တစ်ကမ္ဘာလုံးလွှမ်းခြုံနိုင်ဖို့(ထိန်းနိုင်ဖို့) သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးဗျူဟာတွေ ဘယ်လိုပြောင်းလဲပြုပြင်ထားကြသလဲဆိုတာ သူတို့နိုင်ငံရေး အရုဏ်ဦးကို လေ့လာရင် မြင်နိုင်ပါတယ်။ အဲဒီအထဲမှာ အရှင်တို့မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာမှာ တစ်ကမ္ဘာလုံးအတွက် (ကမ္ဘာကြီးအတွက်) ဘယ်လိုလွှမ်းခြုံ ထားနိုင်ကြမည်လဲ(မလဲ) ဆိုတာကို နောက်နှစ်ပေါင်း ၁ဝဝဝ လောက်မှာ မြင်ရမယ်လို့ ရည်ရွယ်ချက်ထားပါရဲ့လား။ 

လွှမ်းမိုးချက်မတူ 

ဒီကမ္ဘာမှာ(ဒီကမ္ဘာကို) ၁၉ရာစုနှစ်က ဗြိတိသျှတို့က ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့တယ်။ ၂၁ရာစုနှစ်ခေတ်မှာ(နှစ်မှာ) အမေရိကန်က ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာတယ်။ ဗြိတိသျှကမ္ဘာကို လွှမ်းမိုးတဲ့ခေတ်က နယ်ချဲ့လုပ်ငန်း၊ အမေရိကန် အင်အားကြီးမှုက ဘာတွေပါလဲလေ့လာကြည့်ပါ။ အမေရိကန်ရဲ့ နိုင်ငံရေးကမ္ဘာဟာ.. ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းနဲ့ သက်ဆိုင်သွားပါပြီ။ ဘာကြောင့်လဲ ဆိုရင် အမေရိကန်ဟာ စစ်ပွဲနဲ့ စစ်အောင်နိုင်မှုကို လိုလားနှစ်သက်တဲ့ တိုင်းပြည်မဟုတ်လို့ဆိုပြီး နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောဆိုထားကြတာကို တွေ့ ရပါတယ်။ ဤအရှင်က အမေရိကန်ဟာ သူ့ရဲ့စိန်ခေါ်ဘက်ကို ချေမှုန်းချက်ပြုမယ့် တိုင်းပြည်မဟုတ်ပါ။ (မဖြစ်နိုင် ပါ) သြဇာလွှမ်းမိုးမှု ကြိုးစားနေကြတဲ့ တိုင်းပြည်တွေနဲ့ လူသားယဉ်ကျေးမှု ကမ္ဘာကို မပျက်စီးဖို့ကိုပဲ အားထုတ်ကြိုးစားကြမယ်လို့ မြင်တွေ့ပါတယ်။ 

၁၉၂၁ ခုနှစ် ဗြိတိသျှ ကိုလိုနီဒေသများ
Vadac., Public domain, via Wikimedia Commons

ကြောက်ရွံ့သွားပါလိမ့်မယ် 

လူတွေကတော့ စစ်မတိုက်ကြဘဲ ရှိတဲ့တိုက်ပွဲကို စစ်အေးတိုက်ပွဲလို့ တင်စားခေါ်ဆိုနေကြတယ်။ စစ်အေး တိုက်ပွဲကာလမှာ နိုင်ငံတကာရဲ့ အလှည့်အပြောင်းတွေက ဘာတွေများ ပြင်းထန်လာခဲ့ကြဦးမလဲ ဆိုတာကို ကြည့်ချင်နေကြတယ်။ ဤအရှင်လည်း မြင်တွေ့ ချင်ပါလေရဲ့။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးသွားလို့ ဩဇာကြီးမားလာရေး အတွက် ကြိုးစားလာတာက ရုရှားနိုင်ငံပါပဲ။ ရုရှားဟာ တစ်နေ့နေ့မှာ ကမ္ဘာ့သြဇာအရှိဆုံးတိုင်းပြည် ဖြစ်၊ မဖြစ် မခန့်မှန်းနိုင်ကြပါဘူး။ အချို့ ဝေဖန်ထားကြတာက အောင်မြင်မှုပန်းတိုင် မရောက်နိုင်ဘူးလို့ပဲ ဝေဖန်ထားကြတယ်။ အဲဒီအချက်ကို အရှင်လည်း မြင်ပါတယ်။ မဖြစ်နိုင်ဘူးလို့ပဲ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သြဇာကြီးမားဖို့ ကြိုးစားတဲ့နိုင်ငံရေးပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်ဟာ ရုရှားနိုင်ငံမှာ ဖြစ်လာ(ရှိလာ)မှာ မဟုတ်လို့ပါပဲ။ စစ်အေးလောကမှာ နိုင်ငံတကာဩဇာ ကြီးမားဖို့ဆိုတာ လွယ်ကူသောကိစ္စတော့ မဟုတ်ပါ။ ဒါပေမဲ့ လူဆိုတာ မရှိတာကိုရှိအောင် လုပ်တတ်သော သတ္တဝါမျိုးဖြစ်လို့ မဖြစ်နိုင်တာကိုလည်း ဖြစ်အောင်လုပ်တတ်ချင်တာတော့ အမှန်ပါပဲ။

၂၀၀၇ ခုနှစ် အမေရိကန် စစ်အခြေစိုက်စခန်းများနှင့် စစ်သည်များ တည်နေရာပြမြေပုံ
Lokal_Profil, CC BY-SA 2.5, via Wikimedia Commons

ကြောက်ရွံ့သွားပါလိမ့်မယ် 

ကမ္ဘာ့ကမ္ဘာကြီးမှာ နိုင်ငံတကာနိုင်ငံရေး သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားအားထုတ်တဲ့ အထဲမှာ အရှင်တို့ မြန်မာပြည်လည်း စဉ်းစားထားပါသလား။ အကယ်၍ စဉ်းစားထားခဲ့ရင် မြန်မာတွေ အခြေခံနိုင်ငံရေးသိပ္ပံ ဘယ်လောက် ကျွမ်းကျင်လိမ္မာမှု ရှိထားသင့်သလဲဆိုတာကို ဒီကမ္ဘာအကြောင်းကို လေ့လာပါ။ ယနေ့ကမ္ဘာရဲ့ လူမှုရေးအကြောင်းဟာ ဩဇာလွှမ်းမိုးမှုအတွက် ဖြစ်ပျက်နေကြတယ်လို့ မြင်မိပါသလား။ ဒါမှမဟုတ် ယနေ့ ကမ္ဘာ့လူမှုရေး ပြောင်းလဲမှုဖြစ်စဉ်ဟာ နိုင်ငံပိုင်နယ်မြေချဲ့ထွင်တဲ့ လုပ်ငန်းမဟုတ်တော့ပါ။ ယနေ့ ကမ္ဘာပေါ်မှာ လူဦးရေအဆများစွာ များပြားလာနေတာကြောင့် လူသားပေါင်းများစွာကို အထောက်အပံ့၊ အကူအညီပေးနိုင်သော တိုင်းပြည်တွေကပဲ ကမ္ဘာကို (ယာယီ)ဩဇာလွှမ်းမိုးနိုင်တော့မှာ ဖြစ်ပါတယ်။ ထာဝရသြဇာလွှမ်းမိုးနိုင်ခြင်းတော့ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ဗြိတိသျှ၊ အမေရိက၊ ရုရှား၊ တရုတ်စတဲ့ ဒီအင်အားပြတဲ့ တိုင်းပြည်တွေဟာ နက်ရှိုင်းတဲ့ သူတို့ရဲ့ ပြဿနာတွေ၊ အားနည်းတဲ့သူတို့ရဲ့ လူမှုရေးအခြေခံတွေကြောင့် တစ်နေ့နေ့တော့ တစ်ချိန်ချိန်မှာ သူတို့တွေ ဩဇာကြီးမားရေးဆိုတဲ့ ကြိုးစားမှုဟာ သူတို့တွေ ကြောက်ရွံ့သွားပါလိမ့်လို့ ဝေဖန်ချင်ပါတယ်။ 

စိတ်ကူးယဉ်အထင် 

ဒီနေ့ကမ္ဘာမှာ ကမ္ဘာ့အင်အားကြီးမားအောင် လုပ်ပေးတဲ့ တိုင်းပြည်မရှိပါ ဘူး။ သူတို့နိုင်ငံရေး သြဇာလွှမ်းမိုးချုပ်ကိုင်နိုင်မှုကိုသာ ကြိုးစားနေကြတာပါ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကြီးကြီးကျယ်ကျယ် မစိန်ခေါ်ရဲကြပါဘူး။ အားနည်းချက်တွေ အမျိုးမျိုးရှိကြတဲ့ တိုင်းပြည် တွေချည်းပါပဲ။ လူတွေက တစ်နေ့တစ်ချိန်ချိန်မှာ တရုတ်က ထိပ်တန်းမှာ ရောက်မယ်၊ ရှိနေမယ်ဆိုပြီး နိမိတ်ကောင်းတွေ ဖတ်ကြတယ်။ တချို့က အမေရိကန်ကို မလွှမ်းမိုးနိုင်ဘူးလို့ဆိုပြီးတော့ ဝေဖန်ထားကြတာတွေ တွေ့ရပါတယ်။ တရုတ်တိုင်းပြည် အနေအထားနဲ့ အမေရိကန်တိုင်းပြည် အနေအထားဟာ တူစရာအကြောင်းမရှိတာကြောင့် ကမ္ဘာကြီးကို သြဇာလွှမ်းမိုးနိုင်မယ့် အနေအထားဟာ နှစ်နိုင်ငံစလုံးက မရှိပါဘူး။ အကုန်ပြောရရင် ကမ္ဘာကိုဘယ်တိုင်းပြည်မှ သြဇာမလွှမ်းနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ခေတ်သစ်ပညာရေးစနစ်ဟာ ကမ္ဘာ့နိုင်ငံရေးအတွက် လွှမ်းမိုးနိုင်ဖို့အတွက် ကြိုးစားချက်မဟုတ်လို့ပါပဲ။ အာဏာကို စိတ်ကူးယဉ်အထင်နဲ့ ရေးသားနေကြတာပါပဲ။ (တွေးထားကြတာပါပဲ။) 

၁၉၈၀ ပြည့်နှစ် အမေရိကန် (အပြာ) နှင့် တရုတ် (အနီ) တို့၏
အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ
How China Overtook the U.S. as the World’s Major Trading Partner (visualcapitalist.com)
၂၀၁၈ ခုနှစ် အမေရိကန် (အပြာ) နှင့် တရုတ် (အနီ) တို့၏
အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ
How China Overtook the U.S. as the World’s Major Trading Partner (visualcapitalist.com)

ဝရုန်းသုန်းကား 

လူတွေဟာ နိုင်ငံရေးကိုအကြောင်းပြပြီး (အကြောင်းပြုပြီး) စီးပွားရေး ဆုံးဖြတ်ချက်ချတတ်ဖို့လိုပါတယ်။ ဆုံးဖြတ်ချက်မချတတ်ရင် (မမှန်ရင်) အကျင့်ပျက် ခြစားမှုတွေ ဖြစ်မှာပါပဲ။

မြန်မာ့နိုင်ငံရေးကို လေ့လာကြည့်ပါ။ ဒီမိုကရေစီနိုင်ငံရေးကို အကြောင်းပြပြီး စီးပွားရေး ဆုံးဖြတ်ချက်မှားကြလို့ နောက်ဆုံး ဘာဖြစ်သွားကြသလဲဆိုတာကို ကိုယ့်တွေ့ပါပဲမဟုတ်လား။ ပြင်ပကမ္ဘာနဲ့ ဆက်စပ်ပြုတဲ့နေရာမှာ စနစ်မကျလို့ပါပဲ။ တိုင်းပြည်ရဲ့ စီးပွားရေးကို သေသေချာချာမလေ့လာဘဲ ချမ်းသာမှုကို ထိန်းညှိနေသလိုလို၊ ဆင်းရဲမှုကို ထိန်းညှိနေသလိုလိုမျိုးနဲ့လုပ်ပြီး ရှုပ်ထွေးတဲ့ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို နားမလည်လို့ မြန်မာ့နိုင်ငံရေးဟာ ဘာမှလုပ်စရာမလိုဘဲနဲ့ ပြိုကွဲယိုင်လဲသွားတယ်။ အဲဒီလိုဖြစ်တော့ အချင်းချင်း ဒုက္ခတွေပေးကြတော့တာပဲပေါ့။

ဒီလိုမဖြစ်အောင် နိုင်ငံရေးဘောင်မူဝါဒတွေ အမျိုးမျိုးရှိနေတာကို အရေးမစိုက်ကြဘဲ အင်အားကြီးမားတဲ့ လူမှုရေး နိုင်ငံရေးနောက်ကို လိုက်သလိုလို၊ စီးပွားရေးကြီးမားတဲ့ နိုင်ငံကို စိန်ခေါ် သလိုလိုလုပ်တော့ နောက်ဆုံးတော့ တိုင်းပြည်ဟာ ဝရုန်းသုန်းကား အခြေအနေ ရောက်ခဲ့ရတယ်။ ဘယ်သူ့မှာ တာဝန်ရှိကြသလဲဆိုတာ စဉ်းစားကြပေါ့ ပြည်သူတို့ရယ်။ 

အမှီအခိုကင်းရမယ် 

မျက်မှောက်ဒီအချိန်မှာ အရှင်တို့ရဲ့ အိမ်နီးနားချင်းတိုင်းပြည်ကြီး နှစ်ပြည်ဟာ အရှိန်အဟုန်နဲ့ တိုးတက်အောင် လုပ်နေကြတယ်။ ရေရှည်အောင်မြင်အောင် သူတို့တွေ ကြိုးစားနေကြတယ်။

သူတို့မှာ လုံခြုံရေးလည်း အားကောင်းတယ်။ စီးပွားရေးလည်း အသင့်အတင့် ရှိနေပြီးသားဖြစ်လို့ သူတို့ရဲ့နောက်မှာ ဘယ်ပါဝါကြီးတဲ့ အင်အားကြီးတဲ့နိုင်ငံတွေက မနေ(မရှိ) ပေမယ့် သူတို့မှာ တည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေ ရှိကြပါတယ်။ အထူးသဖြင့် လူအင်အားနဲ့ အလုပ်ကြိုးစားမှုကတော့ ဘယ်သူမှ (ဘယ်နိုင်ငံမှ) မယှဉ်နိုင်ကြပါဘူး။ အနာဂတ်ကာလ(အနာဂတ်ကမ္ဘာ)မှာ သူတို့တွေ ကြီးပွားအောင်မြင် နေကြမှာပါ။ တစ်ချိန်က ကမ္ဘာ့အင်အားကြီးမားခဲ့ဖူးကြတဲ့ တိုင်းပြည်တွေကို ပြန်လေ့လာကြည့်ပါ။ အခြားနိုင်ငံတွေအပေါ်မှာ မှီခိုနေရတဲ့ တိုင်းပြည်ဖြစ်လို့ သူတို့တွေ အင်အားကြီးချင်သလောက် မကြီးပွားနိုင်ကြပါဘူး။

စစ်ဝါဒီနိုင်ငံတွေ ဖြစ်တာရယ်။ ငြိမ်းချမ်းရေးတွေကို မလုပ်ဆောင် ပေးနိုင်တာတွေရယ်၊ နောက်ပြီး တိုင်းပြည်ထဲမှာ လူဦးရေမတန်တဆများပြား နေတာရယ်ပဲ သူတို့တွေမှာ သူတို့ ပြဿနာတွေနဲ့ပဲ ရှုပ်ထွေးနေကြတာကို တွေ့ရတယ်မဟုတ်လား။ ဒါကြောင့် အင်အားကြီးအောင် လုပ်ချင်တဲ့ တိုင်းပြည်တွေဟာ သူတစ်ပါးနိုင်ငံနဲ့ မှီခိုမှ အင်အားကြီးပွားရမယ်ဆိုရင်တော့ စောစောစီးစီးငြိမ်နေလိုက်တာပဲ ကောင်းပါတယ်။ ဒီခေတ်ကြီးမှာ ကမ္ဘာစစ် မဖြစ်နိုင်တော့ဘူးဆိုတာကို သိထားဖို့တော့ လိုနေပြီပေါ့။ စစ်အေးခေတ် (စစ်အေးတိုက်ပွဲ) ဖြစ်နေပြီဆိုတာကိုတော့ မြန်မာတွေလည်း သိထားရတော့မယ် မဟုတ်လား။ 

နည်းပညာရှိရမယ် 

ယနေ့ ကြီးမားလာတဲ့ စီးပွားရေးနဲ့ နည်းပညာရပ်တွေဟာ ပြည်သူကို အလုပ်အကျွေးဖြစ်သလား ဒါမှမဟုတ် စစ်ပွဲတွေကို ထောက်ပံ့အားပေးနေကြပါသလားဆိုတဲ့ ဒီအချက်ကိုလည်း လေ့လာကြည့်ပါ။ ကမ္ဘာ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဟာ စစ်ပွဲ(စစ်)ထောက်ပံ့ရေးဘက်ကို ယိုင်များယိုင်နေကြသလား ဆိုတာကို တွေးမိပါတယ်။ သာမန် စီးပွားရေးလောက အကြောင်းကို လေ့လာကြည့်လိုက်ရင် ယနေ့ကမ္ဘာ့စီးပွားရေးဟာ နိုင်ငံပြိုကွဲမယ့် အရိပ်အယောင်တွေ၊ မကြုံဖူးတဲ့ စီးပွားရေးပြိုလဲမှုတွေ ဖြစ်လာကြမလားဆိုတာကို တွေးကြည့်ပါ။

နိုင်ငံတိုင်းမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေကို အလေးထားဆောင်ရွက် လုပ်ကိုင်ခဲ့ကြတာ မရှိကြဘဲ သုံးစွဲမှု အားလုံးကို အင်အားကြီးတဲ့တိုင်းပြည်တွေကိုပဲ မှီခိုအားထားနေကြတယ်။ ဒီအချက်ဟာ မရှိ (မဖြစ်) သင့်တဲ့ အချက်ပါပဲ။ အရှည်အဝေး(ရှည်ရှည်ဝေးဝေး) မကြည့်ပါနဲ့။ အရှင်တို့ရဲ့ မြန်မာပြည်ကိုပဲ ကြည့်လိုက်ပါ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် လူဦးရေတိုးပွားလာမှုနဲ့ အတူ ကုံကုံလုံလုံ (လုံလုံလောက်လောက်) သုံးစွဲနိုင်ကြပြီလားဆိုတာကို ပြန်လေ့လာပါ။

လူတွေဟာ ကမ္ဘာကြီး ကို မှီခိုကြတယ်။ ကမ္ဘာက ငါတို့ကို ဘာမှလက်ဆောင် မပေးနိုင်ကြဘူးဆိုတာကို သိထားဖို့တော့ လိုနေပြီ။ ဒီကမ္ဘာကို အရှင်တို့ကပဲ နည်းပညာရပ်တွေနဲ့ပဲ တိုးတက်အောင် အားထုတ်ရမယ် မဟုတ်လား။

(ဆက်ရန်)

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၁)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၂၇)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တော်သလင်းလပြည့်ကျော် ၁၄၊ ၂၃-၉-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

စကားချီး 

“လူတန်းစားမဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ ကြိုးစားကြတဲ့ တော်လှန်ရေးဟာ ဒေါသနဲ့ မကင်းကြပါဘူး။ မကျေနပ်မှုအမျိုးမျိုးနဲ့ ရှိနေကြမှာပါပဲ။ အလုပ်သမား၊ လယ်သမားတွေကို ပစ္စည်းမဲ့လူတန်းစားတစ်ရပ်အနေနဲ့ ဖော်ပြ (ပြသ)ခဲ့ပေမယ့် ပစ္စည်းမက်ကြတဲ့ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်ကတော့ လူတန်းစားပြဋ္ဌာန်းချက်နဲ့ နိုင်ငံရေးအာဏာ လုနေကြတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံရေးလို့ ရပ်တည်ပြီး ရှုမြင်ကြတယ်။ ရယ်ချင်စရာပါပဲ။

(တောင်ကလေးဆရာတော်)

နိဒါန်း 

“လေပြင်းမုန်တိုင်းတွေကြားမှာ ကျွန်ုပ်တို့အတွက် လွတ်လပ်ခြင်း ရောင်ခြည်တွေ ထွန်းလင်းခဲ့တယ်”ဆိုတဲ့ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြတဲ့သူတွေဟာ သည်နေ့ထုတ်ပယ်ပစ်လိုက်ပါပြီ။ 

‘ကမ္ဘာမကျေ မြန်မာပြည် တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ’၂ ဆိုတဲ့ မြန်မာပြည်နိုင်ငံတော်သီချင်းကိုလည်း မဆိုချင်ကြတော့ဘဲ (မဆိုကြတော့ဘဲ) လူမှုနိုင်ငံရေး အတွေးအခေါ်တွေကြားမှာ ဦးဆောင်တဲ့ ပါတီနိုင်ငံရေး အင်အားစုတစ်စုဖြစ်ဖို့ ပြယုဂ်ထားဖို့အားထုတ် ကြိုးစားနေကြတဲ့ မြန်မာ့နိုင်ငံရေးသမားတွေရဲ့ တော်လှန်ရေးဟာ ကမ္ဘာကြီးနောက်ကို ကွေးနေကြပါပြီ။ ထိပ်သီး (ထိပ်တန်း) ရောက်နေကြတဲ့ နိုင်ငံရေးအတွေးသမားတွေလည်း လူထုတော်လှန်ရေးသစ်တွေကို ကြည့်ပြီး တိုင်းပြည်မပြိုကွဲသွားအောင် အားကောင်းမောင်းသန်နေတဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ် အားကိုးမှုတွေလည်း ပြိုကွဲလာပြီဖြစ်တဲ့ မြန်မာပြည်ကြီးဟာ ပြည်သူတွေရဲ့ နှလုံးသားဟာ အာဏာရှင်မဟုတ်တဲ့ ရွံ့ရှာမုန်းတီးမှု ကင်းမဲ့တဲ့ ပြည်သူ့အစိုးရကို ထူထောင်ဖို့ ရွေးချယ်တတ်နေကြပြီလားဆိုတဲ့ နိုင်ငံရေးတော်လှန်ရေး အတွေးရှိကြရတော့မယ်။

(တောင်ကလေးဆရာတော်)

နိုင်ငံရေးလိမ်လည်မှု ဖန်တီးသူများ 

ကမ္ဘာပေါ်မှာ 

၁။ လုပ်ကြံမှုဇာတ်လမ်းနှင့် 
၂။ စီမံမှုဇာတ်လမ်းတွေ တွေ့ရသလိုပဲ။

လိမ်ညာမှုဇာတ်လမ်းတွေ နိုင်ငံတကာ အကူအညီပေးကြတဲ့ အဖွဲ့တွေ မှာ နိုင်ငံရေးလောကထဲမှာ ဝင်ရောက် ကူညီတာမဟုတ်ဘဲ နိုင်ငံရေး ရှုပ်ထွေးအောင် ဝင်ရောက် ခြယ်လှယ်နေကြတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ အကြမ်းဖက်အုပ်စုလည်း သူတို့လက်ချက်နဲ့ မကင်းကြသလို တော်လှန်ရေး အင်အားစုတွေနဲ့လည်း သူတို့တွေရဲ့ လှည့်ကွက်တွေနဲ့ မကင်းကြပါဘူး။ အကြမ်းဖက်တွေကို လက်ခံကူညီပေးတဲ့ သာဓကအထောက်အထားတွေ အများအပြားရှိနေကြပြီဆိုတာကို နောက်ကွယ်ကနေ လုပ်ကြံဖန်တီးပေးတဲ့ လုပ်ကြံမှုသမားတွေရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့အလယ်မှာ မမြင်ချင်လောက်အောင် များပြားနေပြီဆိုတာကိုတော့ ဘယ်သူမှ ငြင်းဆိုကြမယ်မထင်ပါဘူး။ 

အရေခြုံသမား 

ယနေ့ကမ္ဘာအရပ်ရပ်မှာ (ကမ္ဘာအရပ်ရပ်ကို)ကို ကြည့်လိုက်ရင်ပဲ နိုင်ငံရေးသမားတွေဟာ ကိုယ်ကျိုးစီးပွားတွေ ဦးစားပေးနေကြတယ်။ 

(၁) ဆန္ဒာဂတိ = အလိုဆန္ဒကြောင့် ဖောက်ပြန်ကြတယ်။  
(၂) ဒေါသာဂတိ = ကြမ်းတမ်းခြင်းကြောင့် ဖောက်ပြန်ကြတယ်။ 
(၃) မောဟာဂတိ = အမှားနှင့် အမှန်တရားတွေကို မခွဲခြားနိုင်ဘဲ ဖောက်ပြန်မှုတွေ အကြီးအကျယ် ဖြစ်နေကြတယ်။

ကောင်းကျိုးတရားတွေနဲ့ အမြဲဆန့်ကျင်နေပြီး လုပ်ကိုင်နေကြတယ်။ ပြည်သူတွေရဲ့ အကျိုးကောင်းတွေကို လုပ်ပေးနေသလိုမျိုးနဲ့ ကိုယ်ကျိုးတွေဝိုင်းဖွဲ့ပြီး ရှာကြတယ်။ စုကြတယ်။ မနိုင်မနင်း စည်းစိမ်တွေရကြပေမယ့် ပိုရဖို့ကိုချည်းပဲ အားခဲနေကြတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ အာဏာကို ဒီမိုကရေစီအရေခြုံပြီးတော့ ရယူနေကြတယ်။ မြန်မာ့နိုင်ငံရေးလောကကို လေ့လာကြည့်ရင် မြင်နိုင်ပါတယ်။ 

ပေါ်ပြူလာဖြစ်ချင်သူများ 

ယနေ့ မြန်မာပြည်လူထုဟာ စီးပွားရေးတွေ ကျပ်တည်းကြပြီး ကြီး ပွားမှုအမျိုးမျိုး ကျဆင်းနေကြတယ်။ တိုင်းပြည်အတွက် ပြန်လည်ပြီး ကြီးပွား တိုးတက်ကောင်းမွန်လာအောင် လုပ်ပေး နိုင်မယ့်ပုဂ္ဂိုလ်(အစိုးရ)ကို ယုံကြည်မှု ထားပြီး မျှော်လင့်နေကြတယ်။ နိုင်ငံ တော်ကို ဦးဆောင်လာကြတဲ့ အစိုးရ အဆက်ဆက်ရဲ့ အမှားတွေကြောင့် လူမှုရေး၊ စီးပွားရေးတွေ အမျိုးမျိုးထိုး နှက်ချက်တွေခံနေခဲ့ရတယ်။ တိုင်းပြည် မှာ လူမှုရေးပျက်ကပ်တစ်ခုတည်းမက ဘဲ စီးပွားရေးပျက်ကပ်တွေပါ ကြုံတွေ့ နေရတယ်။ အင်အားကြီးမားတဲ့ နိုင်ငံ တွေရဲ့ အပြုအမူတွေနဲ့ နိုင်ငံရေး ပဋိ ပက္ခတွေ အမျိုးမျိုးဖြေရှင်းနေရတယ်။ အချင်းချင်း ပေါင်းစည်းနိုင်ကြပေမယ့် အမျိုးသားသင့်မြတ်ရေးအတွက် မထိန်းသိမ်းနိုင်ကြဘဲ မပတ်သက်သင့်တဲ့ နိုင်ငံရေးနဲ့ ရှုပ်ထွေးနေကြတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်အကြောင်းတို့နဲ့ ထင်ပေါ်ချင်ကြတဲ့ (ပေါ်ပြူလာ) နိုင်ငံရေးသမားတွေက သမ္မတဖြစ်ရေး၊ သြဇာအာဏာ (တိက္ကမ) နိုင်ငံရေးနဲ့ မိမိပါတီ အင်အားကြီးမားရေးအတွက်နဲ့ အလုအယက် ကြိုးစားနေကြတယ်။ ပြည်သူကို တစ်မျိုးပြောပြီး နိုင်ငံရေးကို တစ်ဖက်လှည့်ပြနေကြတယ်။ အကျပ်အတည်း ပေါင်းစုံ ဖြေရှင်းမနိုင်ကြတော့တဲ့အခါ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းချင်တဲ့သူတွေကို ပေးအပ်တယ်။ ဒါဟာ နိုင်ငံရေးလားဆိုတာကို ပြည်သူတွေ တွေးကြည့်ကြပေါ့ကွယ်။ ညီညွတ်ရေးပျက်ပြားလျှင် အခုဆိုရင် အရှင်တို့ တိုင်းပြည်ဟာ အချင်းချင်း မညီညွတ်ရုံသာမက ညီညွတ်မျှ ကိန်းတွေပျက်စီးနေကြတယ်။ အချင်းချင်းလည်း မယုံကြည်နိုင်ကြဘဲ သံသယစိတ်တွေနဲ့ ဆက်ဆံနေထိုင်ကြတယ်။ ရှေးအစဉ်အလာအဆက်ဆက်က ပိုင်ဆိုင်လာခဲ့ကြတဲ့ လူမှုရေးယဉ်ကျေးမှုတွေလည်း ရှေးရိုးစွဲကြီးဆိုပြီး အထင်သေး အမြင်တွေသေးကြလို့ လူမှုရေးယဉ်ကျေးမှုတွေ မထားကြဘဲ မြန်မာနဲ့မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ မှားယွင်းနေကြတယ်။ ပြည်သူ ထိန်းပေးသူမရှိကြဘဲ လွတ်လပ်စွာ (ကျင့်ဝတ်မဲ့စွာ) ကျင့်ကြံကြတယ်။ အစိုးရအဖွဲ့အစည်း ဖြစ်ကြတဲ့သူတွေက ဒီမတရားမှုကို ပြုပြင်ထိန်းသိမ်းမှု၊ စောင့်ရှောက်မှုတွေ မလုပ်ပေးနိုင်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုပြီး အားပေးအားမြှောက် ပြုကြတယ်။ မိမိယဉ်ကျေးမှုတရားကို တန်ဖိုးမထားတဲ့လူမျိုးဟာ ဒါမှမဟုတ် လူ့ ယဉ်ကျေးမှုကို တန်ဖိုးမထားတဲ့လူဟာ မကောင်းမှုအကျိုးတရားတွေ အမျိုးမျိုး ခံစားကြရမှာပါပဲ။ လူမှုနိုင်ငံရေးစည်းမျဉ်းကို ဖျက်ဆီးတဲ့သူဟာ အမြဲတမ်းတောက်ပြောင်မယ့်သူမဖြစ်နိုင်ပါ။ အထွေထွေ အကျပ်အတည်းနဲ့ ကြုံတွေ့လာကြရတဲ့ အရှင်တို့တွေဟာ ကယ်တင်သူ၊ ကယ်တင်မယ့်ဝါဒ၊ ကယ်တင်မယ့် အယူသီလတွေ ပြောင်းလဲတဲ့ယုံကြည်မှု စိတ်ဓာတ်မရှိကြရရင်တော့ အချိန်မကြာ အရှင်တို့ တိုင်းပြည်ဟာ ကြီးကြီးကျယ်ကျယ် ဆုတ်ယုတ်ပျက်စီးသွားမှာပါပဲ။ 

ဆုံးရှုံးရခြင်း 

မြန်မာ့နိုင်ငံရေးအကြောင်းကို ပြန်ကြည့်ပါ။ တိုင်းပြည်ကို ခြယ်မှုန်းနိုင် မယ့် နိုင်ငံရေးမူဝါဒတွေ၊ ရိုးရှင်းလွယ်ကူတဲ့ နိုင်ငံရေးနည်းပညာတွေ၊ မိမိတို့ရဲ့ ယဉ်ကျေးမှုကို လွှမ်းမိုးကာကွယ်နိုင်မယ့် စည်းကမ်းချက်တွေ၊ အများသူငှာ လက်ခံနိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေ အစိုးရအဆက်ဆက်က ဘာမှမလုပ်နိုင်သွားကြပါဘူး။ လူထုတွေကလည်း ရေရှည်ပြောင်းလဲလာမယ့် နိုင်ငံရေး အခင်းအကျင်းတွေကို မမြင်မရှုတတ်သေးတော့ သူတစ်ပါးတိုင်းပြည်က ဖော်ပြနေကြတဲ့ ဖွံ့ဖြိုးရေးတွေကိုပဲ အားကျမိကြတာအမှန်ပါပဲ။ ရေရှည်ဖြစ်နိုင်စရာများတဲ့ ပြုပြင်ပြောင်းလဲမှုကို စိတ်ကူးထဲမှာ ပြောင်းလဲချင်ကြပေမယ့် ဦးဆောင်ကြသူ နိုင်ငံရေးသမားတွေရဲ့ လက်ခံထားခဲ့ကြတဲ့ အစဉ်အလာနိုင်ငံရေး လမ်းစဉ်အမှားတွေကြောင့် စိတ်တိုင်းကျ နိုင်ငံရေးအင်အားဖြစ်မလာကြဘဲ နက်နက်နဲနဲ ခွဲခြားစိတ်ဖြာချက်နိုင်ငံရေး အတွေးတွေ ဆုံးရှုံးခဲ့ကြရတယ်။ 

အာဆီယံဘယ်လဲ 

ယနေ့ ကမ္ဘာ့ထိပ်တန်းရောက်တဲ့ တိုင်းပြည်တိုင်းကိုကြည့်လိုက်ပါ။ (ကြည့် လိုက်ရင်) စစ်ပွဲကြီးဖြစ်ပွားမယ့်နေရာ မရှိကြတော့ပါဘူး။

စစ်ပွဲတွေမှာ ပျက်စီးဆုံးရှုံးမှု ဘယ်လောက်များပြားနေကြသလဲဆိုတာ ခက်ခက်ခဲခဲ စစ်ဘေးနဲ့ ရင်ဆိုင်နေကြရတဲ့သူတွေကို မေးကြည့်ပါ။ ဒါကြောင့် မြန်မာပြည်မှာ စစ်ပွဲ၊ စစ်တလင်းမပိတ်(မကာ)နိုင်လေသမျှ ကာလပတ်လုံး နိုင်ငံရေးစနစ်ကောင်း တည်ထောင်ဖို့ အခက်အခဲဆုံး ဖြစ်နေကြဦးမှာပါပဲ။ မြန်မာပြည်ထဲမှာ စစ်ပွဲတွေ မပြီးနိုင်လေ နိုင်ငံရေးဝံပုလွေတွေက အကြိုက်တွေ့လေပါပဲ။

စီးပွားရေး အင်အားကြီးလာတဲ့ အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံရေးကို စည်းကမ်းတကျ မြန်မာပြည်ကို မဆက်ဆံတတ်တော့ ရှုပ်ထွေးမှုတွေ ပိုများလာတယ်။ ပြိုင်ဆိုင်နိုင်တဲ့ နိုင်ငံရေးဆိုတာ အရှေ့တောင်အာရှနိုင်ငံတွေမှာ မရှိပါဘူး။ ဘုံဝါဒသဘောတူထားကြတဲ့ အာဆီယံ သဘောတူညီချက် (တူညီမှု) တွေဟာလည်း ဒေသအတွက် အင်အားကြီးလာနိုင်မယ့် အသိအမြင်တွေ မတွေ့ရပါဘူး။ ကုန်ကုန် (အကုန်) ပြောရရင် အာဆီယံဒေသထဲမှာ အာဆီယံလူမှုဘဝ ထိန်းသိမ်းမြှင့်တင်နိုင်မယ့် နိုင်ငံရေး အတွေးလှလှရှိကြတဲ့သူတွေ မပေါ်ပေါက်သေးပါဘူး။

(ဆက်ရန်)

အဲးခိုး

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး ဖွံ့ဖြိုးရေး အဲးခိုး

အမေရိကန်ရှိ ၊ ကုလသမဂ္ဂရုံးတွင် ရေးထိုးခဲ့သည့် အမှတ်တရမှတ်တမ်းစာ။

အမေရိကန်ရှိ ၊ ကုလသမဂ္ဂရုံးတွင် ရေးထိုးခဲ့သည့် အမှတ်တရမှတ်တမ်းစာ။

ငြိမ်းချမ်းရေးကို

လိုလားနှစ်သက်သည်။

သတ္တဝါအားလုံး ငြိမ်းချမ်း

သာယာပါစေ။

အဲးခိုး

မြန်မာပြည်

ကရင်ပြည်

24.6.2018

Loading

Categories
ကဗျာ စကားလက်ဆောင် တောင်ကလေးဆရာတော် အဲးခိုး

။ ထာဝရအချစ် ဇွဲကပင် ။

။ ထာဝရအချစ် ဇွဲကပင် ။
~~~~~~~~~~~~~~~~~~~
။ ဆောင်းသစ်သစ်
ဖူးသစ်သစ်
ချစ်လှစွာသော ဇွဲကပင်။

။ နေ့သစ်သစ်
ရိပ်သစ်သစ်
ချစ်မဝသော ဇွဲကပင်။

။ ဖူးသစ်သစ်
ဝင်းမြသစ်
အပြစ်ကင်းစင် ဇွဲကပင်။

။ ငြိမ်းသစ်သစ်
အလှစစ်
စစ်တလင်းကင်း ဇွဲကပင်။

။ ဖူးစင်သစ်
ရင်ထဲချစ်
စစ်မှန်သည့် ဇွဲကပင်။

။ အးမွမွ
ငြိမ်းချမ်းစွ
ထာဝရအချစ် ဇွဲကပင်။

( ကရင်ပြည်နယ် ထာဝရငြိမ်းချမ်းပါစေ။)

     အဲးခိုး(၉.၂.၂၀၁၆ )

Loading