။ အကြိုက်ညီရင် ပျော်။
။ အမိုက်တူရင် မော်။
။ စရိုက်တူရင် ဆော်။
။ အလိုက်တူရင် ပေး။
။ ဝါသနာတူရင် မော။
။ သဘောတူရင် မိုက်။
။ ထိပ်တိုက်တွေ့ရင် ကွဲ။
။ အားနာတူရင် ခံ။
။ အားတက်တူရင် တင်း။
။ ဒေါသတူရင် ဗျင်း။
တောင်ကလေးဆရာတော်
(၂၁.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)
![]()
။ အကြိုက်ညီရင် ပျော်။
။ အမိုက်တူရင် မော်။
။ စရိုက်တူရင် ဆော်။
။ အလိုက်တူရင် ပေး။
။ ဝါသနာတူရင် မော။
။ သဘောတူရင် မိုက်။
။ ထိပ်တိုက်တွေ့ရင် ကွဲ။
။ အားနာတူရင် ခံ။
။ အားတက်တူရင် တင်း။
။ ဒေါသတူရင် ဗျင်း။
တောင်ကလေးဆရာတော်
(၂၁.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)
![]()
။ အမေ့ခံဘဝဖြစ်နေရလည်း စိတ်ဓာတ်မကျနှင့်။
။ မိမိကို မုန်းပစ်နေလည်း သူ့ကိုမမုန်းနှင့်။
။ မိမိကို ပစ်၍ထားလည်း သူ့ကိုပစ်မထားနှင့်။
။ ရန်မူပြုသူ ရန်မမူနှင့်။
။ ရန်သူဖြစ်လည်း ရန်မယူနှင့်။
။ စိတ်ထားလှပ အမြဲမြတ်စေ။
။ ခွင့်လွှတ်နားလည် အမြဲပေးစေ။
။ ဖြောင့်မတ်သစ်သစ် စိတ်ညစ်ကင်းနေ။
။ တစ်ဖက်သတ်စိတ် အမြဲမနေ။
။ နှစ်ဖက်လှ စိတ်ဓာတ်မြဲပါစေ။
တောင်ကလေးဆရာတော်
(၃၀.၇.၂၀၂၂) ရပ်နေ့နံနက်ခင်း။)
![]()
။ စမ်းရေကြည်လည်း မြဲမအေးဘူး။
။ နှင်းဝတ်ရည်လည်း ထာဝစဉ်မဟုတ်။
။ အေးရိပ်သာလည်း အစဉ်မပြတ် မချမ်းမြေ့ဘူး။
။ မိဘအရိပ်လည်း တစ်သက်ပန်မျှ မငြိမ်းချမ်းဘူး။
။ ချစ်သူအရိပ်လည်း အလုံးစုံအတွက် မလန်းဆန်းဘူး။
။ မိတ်ဆွေအရိပ်လည်း အမြဲတမ်းသာ မလှပဘူး။
။ ဆွေမျိုးအရိပ်လည်း တစ်သက်လျာမှာ မြဲမတည်ဘူး။
။ လူ့ရပ်ဝန်းလည်း အမြဲတမ်းသာ မငြိမ်းချမ်းဘူး။
။ လောကီအကျိုးလည်း ဆင်းရဲမှုမှ မြဲမကင်းဘူး။
။ စိတ်တိုင်းမှာလည်း အညစ်အကြေး မလွတ်မြောက်ဘူး။
။ တရားနှင့်သာ၊ နေတတ်ပါစေ၊ ပွေနောက်ရှုပ်ထွေးမဖြစ်နှင့်။
တောင်ကလေးဆရာတော်
(၁၈.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)
![]()
။ နိုင်ချင်သူကို အနိုင်ပေးပါ။
။ အကျိုးမပျက်အောင် အလျှော့ပေးပါ။
။ ဘယ်အမှားမဆို ဖြေလျှော့ပေးပါ။
။ မအောင်မြင်သူကို အားပေးလိုက်ပါ။
။ လိုအပ်သူကို ဖေးမကူပါ။
။ မကျေနပ်တတ်သူကို အမြဲတမ်းနားလည်ပေးပါ။
။ ခိုကပ်သူကို အမြဲကြွေးပါ။
။ မမှန်သူကို မြင်တိုင်းရှောင်ပါ။
။ မယုံရသူကို သံသယထားပါ။
။ ပြိုင်ဆိုင်တတ်သူကို တည်ငြိမ်စွာဆက်ဆံပါ။
တောင်ကလေးဆရာတော်
(၁၇.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)
![]()
။ မုန်းနေသူကို ကောင်းကျိုးမပျက်စီးစေနှင့်။
။ ချစ်ခင်သူကို ယုံကြည်စိတ်ထား မပျက်နှင့်။
။ မိုက်မဲသူကို ရှောင်ကြဉ်ဝေးဝေး မမေ့နှင့်။
။ လိမ္မာသူကို အကျိုးလိုလားမမေ့နှင့်။
။ ယဉ်ကျေးသူကို တွဲဖက်တွဲလက်မဖြုတ်နှင့်။
။ မြတ်နိုးသူကို အတွက်လျစ်လျူ မမေ့နှင့်။
။ လေးစားသူကို ရိုသေလေးမြတ် မမေ့နှင့်။
။ ကွဲပြားသူကို မေတ္တာပေးအပ် မမေ့နှင့်။
။ မျှော်ကိုးသူကို ရည်ရွယ်ချက်ထား မမေ့နှင့်။
။ ညံ့ဖျင်းသူကို မြဲစွာအားပေး မမေ့နှင့်။
။ မိမိကိုယ်ကို နေ့ညမပြတ် မမေ့နှင့်။
တောင်ကလေးဆရာတော်
(၁၆.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)
![]()
။ ဘုန်းကြီးသောသူ၊ဖြစ်စေမူ၊
သီလရှိမှပေါင်းသင်းပါ။
။ ပညာရှိသူ၊ဖြစ်စေမူ၊
သီလပြည့်မှပေါင်းသင်းပါ။
။ ဥစ္စာပေါသူ၊ဖြစ်စေမူ၊
သီလရှိမှပေါင်းသင်းပါ။
။ ရုပ်ဆင်းလှသူ၊ဖြစ််စေမူ၊
အကျင့်ဖြူမှပေါင်းသင်းပါ။
။ မျိုးနွယ်မြတ်သူ၊ဖြစ်စေမူ၊
မာနကင်းမှပေါင်းသင်းပါ။
။ အာဏာရှိသူ၊ဖြစ်စေမူ၊
ဒေါသကင်းမှပေါင်းသင်းပါ။
။ ဂုဏ်ဒြပ်ကြီးသူ၊ဖြစ်စေမူ၊
စာနာရှိမှပေါင်းသင်းပါ။
။ ကျမ်းဂန်တတ်သူ၊ဖြစ်စေမူ၊
မာန်နိမ့်ချမှပေါင်းသင်းပါ။
တောင်ကလေးဆရာတော်
(၁၅.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
![]()
။ အသက်တစ်ရာ မနေရဘူး၊
တရားထူးတော့ရသင့်တယ်။
။ နှစ်ပေါင်းကြာကြာ မအိုရဘူး၊
ဘာဝနာတော့ ပွားသင့်တယ်။
။ အချိန်ကြာကြာ မနာရဘူး၊
ကမ္မဋ္ဌာန်းတော့ကျင့်သင့်တယ်။
။ အဆက်မပြတ် မသေရဘူး၊
ကိလေသာတရားတော့ ပယ်သင့်တယ်။
။ အရာရာတိုင်းမှာ မမြဲပါဘူး၊
မေတ္တာတရားတော့ ပွားသင့်တယ်။
။ မဆင်းရဲတာ မရှိပါဘူး၊
ကရုဏာတရားတော့ ပွားသင့်တယ်။
။ အရာရာမှာ အစိုးမရပါဘူး၊
မုဒိတာတရားတော့ ထားသင့်တယ်။
။ အရာရာမှာ မသေချာဘူး၊
ပေးကမ်းလှူဒါန်း ပြုသင့်တယ်။
။ အရာရာမှာ စိတ်မချဘူး၊
သီလကိုယ်ကျင့် မြတ်သင့်တယ်။
။ အရာရာမှာ မငြိမ်းချမ်းဘူး၊
ဝိိပဿနာတရား ပွားသင့်တယ်။
။ သည်နေ့ နက်ဖြန် မသေချာဘူး၊
သေချာတာတစ်ခုခု ပြုသင့်တယ်။
။ ( ၆၃) နှစ်မြောက်မွေးနေ့အကြိုဩဝါဒကထာ( စကား) ။
တောင်ကလေးဆရာတော်
(၁၄.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
( ဓာတ်ပုံကို ယူသုံးပါသည်။
![]()
။ အလိုမကျ တစ်ခဏကြောင့်
ဖြစ်ရအပါယ်သတိထား။
။ အသုံးမကျ တစ်ဘဝကြောင့်
နစ်ကျအပါယ်သတိထား။
။ အတည်တကျ ဖြစ်နေရကြောင့်
ပစ်ချအပါယ်သတိထား။
။ အမြဲမပြတ် ကျင်လည်ရကြောင့်
ဒုက္ခအပါယ်သတိထား။
။ အဆက်မပြတ် ခံစားရကြောင့်
ဝဋ်ခအပါယ်သတိထား။
။ အမျက်ဒေါသ မပယ်သတ်ကြောင့်
ဓမ္မအပါယ်သတိထား။
။ အရှက်ဘဝ ရခဲ့ရကြောင့်
လောကအပါယ်သတိထား။
။ အမက်လောက တပ်မက်ရကြောင့်
မာနအပါယ်သတိထား။
။ အဖျက်ဘဝ ပြုကြရကြောင့်
မုချအပါယ်သတိထား။
တောင်ကလေးဆရာတော်
(၁၃.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
![]()
။ ကောင်းကျိုးဆိုးကျိုး ကိုယ်သာရမည်။
။ လူအဖြစ် ဘယ်သူမှ မဖန်တီးပေးခဲ့။
။ ဆင်းရဲချမ်းသာ ဘယ်သူမှမဖန်တီးပေး။
။ ချစ်ခြင်းသနားခြင်းလည်း ဘယ်သူမှမပေး။
။ ဆင်းရဲကင်းအောင်လည်း ဘယ်သူမှမကယ်။
။ ပတ်သက်သည့်အတိုင်း ဖြစ်ရမည်။
။ လုပ်ခဲ့သည့်အတိုင်း ဖြစ်မည်။
။ သံသယအတိုင်း ရှိမည်။
။ မသိလေ ပိုလေဖြစ်မည်။
။ သိလေအေးမြလေ ရမည်။
။ မသိလေသမျှ ပတ်သက်ကုန်ဆုံးနိုင်မည်မဟုတ်။
။ ဆင်ခြင်သောဉာဏ် မြဲပါစေ။
တောင်ကလေးဆရာတော်
(၁၁.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)
![]()
။ ငွေကြေးကြောင့် အသက်မလဲနှင့်။
။ လူမှုရေးကြောင့် အမည်းစက်မဖြစ်နှင့်။
။ နိုင်ငံရေးကြောင့် အာဏာမမက်နှင့်။
။ ကူညီရေးကြောင့် သနားမပျက်နှင့်။
။ တာဝန်ကြောင့် စိတ်ထားမပြောင်းနှင့်။
။ ပူပန်မှုကြောင့် အတွေးမလွန်နှင့်။
။ ရလိုမှုကြောင့် အပိုမလိုချင်နှင့်။
။ ညစ်နွမ်းမှုကြောင့် သီလမညစ်နှင့်။
။ ညှဉ်းဆဲမှုကြောင့် မေတ္တာမမဲ့နှင့်။
။ ပျက်ကွက်မှုကြောင့် ရိုသေမပျက်နှင့်။
။ သည်နေ့ အပြုံးမပျက်နေတတ်စေ။
တောင်ကလေးဆရာတော်
( ၁၀.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
![]()