Categories
တောင်ကလေးဆရာတော် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

။ နံနက်ခင်းဩဝါဒကထာ( စကား) ။

။ နံနက်ခင်းဩဝါဒကထာ( စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~
။ အိပ်ရာထ နှလုံးလှပါစေ။
။ အိပ်ရာဝင် နှလုံးစင်ပါစေ။
။ အလုပ်ခွင် နှလုံးရွှင်ပါစေ။
။ ပညာသင် စိတ်ဓာတ်ကြည်ပါစေ။
။ ဆက်ဆံရေး စိတ်ထားအေးပါစေ။
။ ဒါနရေး ကြည်ဖြူဖွေးမြတ်စေ။
။ ပေါင်းသင်းရေး စိတ်ထားနွေးစေလေ။
။ မိဘကို မြဲစွာရိုသေလေ။
။ ဆရာကို အမြဲချည်းကပ်နေ။
။ ကိုယ်ကျင့်ရေး ဖောက်ပြန်မရှိနေ။
။ အိမ်တွင်းမှု သိမ်းထုပ်သေချာစေ။
။ ဘာဝနာ အမြဲပွားနေစေ။
။ ကြည်မြမြ လှပနေထိုင်စေ။

တောင်ကလေးဆရာတော်
(၈.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)


ယနေ့ (၉.၈.၂၀၂၆) ရက်၊ သာယာလှပသော နံနက်ခင်းအချိန်တွင် နန်းခူးခူးလေးနှင့် ဆရာကြီး ဦးအောင်ဖေတို့သည် အိမ်၏ ကျက်သရေဆောင် စာဖတ်ခန်းအတွင်း၌ ထိုင်ကာ ကျေးဇူးရှင် တောင်ကလေးဆရာတော်​၏ (၈.၈.၂၀၂၂) ရက်စွဲပါ “ နံနက်ခင်းဩဝါဒကထာ” ကို စိစစ်ဝေဖန်ဆန်းစစ်၍ တစ်ပုဒ်ချင်း သေချာစွာ မေးမြန်းဆွေးနွေးကြသည့် အမေးအဖြေများ ဖြစ်ပါတယ်။

ဓမ္မပီတိဝေဖြာ နံနက်ခင်း စာဖတ်ခန်း ဆွေးနွေးပွဲ

မြင်ကွင်း
နံနက်ခင်း နေရောင်ခြည်နွေးနွေးလေး ကျရောက်နေသော အိမ်၏ ကျက်သရေဆောင် စာဖတ်ခန်းအတွင်း၌ ဆရာကြီး ဦးအောင်ဖေနှင့် နန်းခူးခူးလေးတို့သည် စာပွဲပေါ်တွင် တင်ထားသော တောင်ကလေးဆရာတော်၏ နံနက်ခင်းဩဝါဒကထာ စကားများကို စိတ်ရှည်လက်ရှည် တစ်ပုဒ်ချင်း မေးမြန်းဆွေးနွေးနေကြသည်။

ဩဝါဒကထာ တစ်ပုဒ်ချင်း အမေးအဖြေ
ခူးခူးလေး ။ ။ ” မင်္ဂလာပါ ဆရာကြီးရှင်။ ဒီနေ့ နံနက်ခင်းမှာ သမီးတို့ စာဖတ်ခန်းလေးထဲ ထိုင်ရင်း ကျေးဇူးရှင် တောင်ကလေးဆရာတော်ဘုရားကြီး၏ (၈.၈.၂၀၂၂) ရက်စွဲပါ “ နံနက်ခင်းဩဝါဒကထာ” လင်္ကာလေးကို တစ်ပုဒ်ချင်း မေးမြန်းဆွေးနွေးပါရစေရှင်။”

ဆရာကြီး ။ ။ ” မင်္ဂလာပါ သမီးခူးခူးလေး။ သိပ်ကောင်းတာပေါ့။ ဆရာတော်ရဲ့ ဒီဩဝါဒကထာဟာ နေ့စဉ်ဘဝမှာ လက်တွေ့ကျင့်သုံးဖို့ အလွန်တန်ဖိုးရှိတဲ့ လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်။ သမီး မေးချင်တာလေးတွေကို တစ်ခုချင်း မေးပါ။”

ခူးခူးလေး ။ ။ ” ပထမဆုံးအချက် “အိပ်ရာထ နှလုံးလှပါစေ။” ဆိုတာကို ရှင်းပြပေးပါဦး ဆရာကြီး။

ဆရာကြီး ။ ။ ” နံနက်မိုးလင်း အိပ်ရာကနိုးလာတာနဲ့ စိတ်ထဲမှာ ဒေါသ၊ မကျေနပ်မှုတွေ မပါဘဲ ကြည်လင်သန့်ရှင်းတဲ့ မေတ္တာစိတ်၊ သီလစိတ်လေးနဲ့ နှလုံးသားကို လှပစွာ စတင်နိုးထရမယ်လို့ ဆိုလိုတာပါ သမီး။”

ခူးခူးလေး ။ ။ ” ဒုတိယအချက် “အိပ်ရာဝင် နှလုံးစင်ပါစေ။” ဆိုတာကော ဆရာကြီး။”

ဆရာကြီး ။ ။ ” တစ်နေ့တာပတ်လုံး ကြုံတွေ့ခဲ့ရတဲ့ အငြိုးအတေးတွေ၊ အလိုမကျတာတွေကို အိပ်ရာမဝင်မီ ခွင့်လွှတ် အမျှဝေပြီး စိတ်အာဃာတတွေကို ဆေးကြောလို့ စိတ်နှလုံး ဖြူစင်စွာ အိပ်စက်ရမယ်လို့ မိန့်ကြားတာ ဖြစ်တယ်။”

ခူးခူးလေး ။ ။ ” တတိယအချက် “အလုပ်ခွင် နှလုံးရွှင်ပါစေ။” ဆိုတာကောရှင့်။”

ဆရာကြီး ။ ။ ” မိမိလုပ်ဆောင်နေရတဲ့ စီးပွားရေး၊ တာဝန်ထမ်းဆောင်ရေး အလုပ်ခွင်မှာ ညည်းတွဲမနေဘဲ စိတ်ပါဝင်စားစွာ၊ ရွှင်လန်းတက်ကြွစွာနဲ့ တာဝန်ကျေပွန်အောင် လုပ်ဆောင်ဖို့ ဆိုလိုတာပေါ့။”

ခူးခူးလေး ။ ။ ” စတုတ္ထအချက် “ပညာသင် စိတ်ဓာတ်ကြည်ပါစေ။” တဲ့။”

ဆရာကြီး ။ ။ ” စာပေ ပညာရပ်တွေကို သင်ယူလေ့လာတဲ့အခါမှာ စိတ်မပါတာမျိုး၊ ပျင်းရိတာမျိုး မဖြစ်ဘဲ စိတ်ဓာတ် ကြည်လင်တက်ကြွစွာနဲ့ အာရုံစူးစိုက် သင်ယူရမယ်လို့ ပြသတာပါ။”

ခူးခူးလေး ။ ။ ” ပဉ္စမအချက် “ဆက်ဆံရေး စိတ်ထားအေးပါစေ။” ဆိုတာကော ဆရာကြီး။”

ဆရာကြီး ။ ။ ” သူတစ်ပါးနဲ့ ပေါင်းသင်းဆက်ဆံပြောဆိုတဲ့အခါ ဒေါသနဲ့ မာနတွေ မပါဘဲ အေးချမ်းတဲ့ စိတ်ဓာတ်၊ နူးညံ့တဲ့ စကားလုံးတွေနဲ့ ဆက်ဆံရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ် သမီး။”

ခူးခူးလေး ။ ။ ” ဆဋ္ဌမအချက် “ဒါနရေး ကြည်ဖြူဖွေးမြတ်စေ။” ဆိုတာကောရှင့်။”

ဆရာကြီး ။ ။ ” ပေးကမ်းလှူဒါန်းတဲ့အခါမှာ မြှောက်ပင့်လိုစိတ် သို့မဟုတ် နှမြောတွန့်တိုစိတ် မရှိဘဲ စေတနာသုံးတန် စိစစ်လို့ ကြည်ဖြူသန့်ရှင်းစွာ၊ သန့်သန့်ရှင်းရှင်း လှူဒါန်းရမယ်လို့ ဆိုလိုတာပါသမီး။”

ခူးခူးလေး ။ ။ ” သတ္တမအချက် “ပေါင်းသင်းရေး စိတ်ထားနွေးစေလေ။” ဆိုတာကော ဆရာကြီး။”

ဆရာကြီး ။ ။ ” မိတ်ဆွေအပေါင်းအသင်း၊ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းတဲ့အခါ စိမ်းကားမတ်တတ် မဟုတ်ဘဲ နွေးထွေးတဲ့ မေတ္တာ၊ ကရုဏာစိတ်ထားနဲ့ ဖေးမပေါင်းသင်းရမယ်လို့ မိန့်တော်မူတာ။”

ခူးခူးလေး ။ ။ ” အဋ္ဌမနဲ့ နဝမအချက် “မိဘကို မြဲစွာရိုသေလေ။ ဆရာကို အမြဲချည်းကပ်နေ။” ဆိုတာကိုလည်း ရှင်းပြပေးပါဦး။”

ဆရာကြီး ။ ။ ” မိမိအပေါ် ကျေးဇူးကြီးမားလှတဲ့ မိဘနှစ်ပါးကို ရိုသေကျိုးနွံစွာ ပြုစုလုပ်ကျွေးရမယ်၊ အမှားအမှန်ကို ညွှန်ပြတတ်တဲ့ ဆရာသမားတွေထံမှာ အမြဲ ဆည်းကပ်မေးမြန်း၍ ပညာယူရမယ်လို့ သွန်သင်တာပါ သမီး။”

ခူးခူးလေး ။ ။ ” ဒသမအချက် “ကိုယ်ကျင့်ရေး ဖောက်ပြန်မရှိနေ။” ဆိုတာကော ဆရာကြီးရှင်။”

ဆရာကြီး ။ ။ ” ငါးပါးသီလစတဲ့ ကိုယ်ကျင့်တရားတွေကို မပျက်စီးအောင်၊ မဖောက်ပြန်အောင် သတိနဲ့ စောင့်ထိန်းနေထိုင်ရမယ်လို့ ဆိုလိုတာ ဖြစ်တယ်။”

ခူးခူးလေး ။ ။ ” ဧကာဒသမအချက် “အိမ်တွင်းမှု သိမ်းထုပ်သေချာစေ။” တဲ့။”

ဆရာကြီး ။ ။ ” မိသားစု၊ အိမ်ထောင်စု အလုပ်အကိုင်နဲ့ စီးပွားရေး ပစ္စည်းဥစ္စာတွေကို စနစ်တကျ သေချာသိမ်းဆည်း ထိန်းသိမ်းရမယ်၊ အိမ်တွင်းကိစ္စတွေကို စနစ်တကျ စီမံခန့်ခွဲရမယ်လို့ သတိပေးတာပါ။”

ခူးခူးလေး ။ ။ ” နောက်ဆုံးအချက်နှစ်ခုဖြစ်တဲ့ “ဘာဝနာ အမြဲပွားနေစေ။ ကြည်မြမြ လှပနေထိုင်စေ။” ဆိုတာကိုလည်း ရှင်းပြပေးပါဦး။”

ဆရာကြီး ။ ။ ” ဒါကတော့ အနှစ်ချုပ်ပါပဲ။ နေ့စဉ်ဘဝမှာ သတိ၊ သမာဓိ၊ ပညာဖြစ်စေမယ့် ဘာဝနာတရား (သမထ၊ ဝိပဿနာ) ကို လက်မလွှတ်ဘဲ ပွားများနေရမယ်။ အဲဒီလို ကျင့်ကြံရင် ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ကြည်လင်သန့်ရှင်းပြီး လှပတဲ့ ဘဝနဲ့ နေထိုင်သွားနိုင်မယ်လို့ တောင်ကလေးဆရာတော်က ဩဝါဒပေးထားတာ ဖြစ်ပါတယ်သမီးရေ။”

အနှစ်ချုပ် သံဝေဂနှလုံးသွင်းခြင်း
ခူးခူးလေး ။ ။ ” သမီး သေသေချာချာ သဘောပေါက်ပါပြီ ဆရာကြီးရှင်။ ဒီနေ့ (၈.၈.၂၀၂၂) ရက်နေ့ထုတ် တောင်ကလေးဆရာတော်ကြီးရဲ့ နံနက်ခင်းဩဝါဒကထာဟာ နေ့စဉ်ဘဝမှာ အိပ်ရာထကစလို့ အိပ်ရာဝင်အထိ လိုက်နာကျင့်ကြံရမယ့် လမ်းညွှန်ချက် အပြည့်အဝပါပဲနော်။@

ဆရာကြီး ။ ။ ” မှန်လှတယ် သမီးခူးခူးလေး… ဆရာတော်ဘုရားရဲ့ မိန့်ကြားတော်မူခဲ့တဲ့ ဩဝါဒတရားတော်အတိုင်း နေ့စဉ်ဘဝမှာ စိတ်ထားလှလှနဲ့ လိုက်နာကျင့်ကြံနိုင်ကြပါစေကွယ်။”

အောဆွန်းလားဆိုက်( ကျန်းမာပါစေ။)

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း ဘာသာရေး

ဒေါသကိုထိန်း ဘေးရန်ငြိမ်း

“ဒေါသကိုထိန်း – ဘေးရန်ငြိမ်း” ဆိုသဖြင့်၊ ဒေါသ အကြောင်းကို ရေးလျှင်၊ ဒေါသ၏ အပေါင်းအသင်း ရောင်းရင်းများ ဖြစ်ကြသော အဝိဇ္ဇာ တဏှာ၊ လောဘ၊ မောဟတို အကြောင်း မလွဲမရှောင်သာဘဲ၊ တွဲ၍ ပါရပေတော့မည်။

ကမ္ဘာဦးကျမ်း၌

ကမ္ဘာဦးအခါ လူတို့သည် ရသတဏှာမပေါ်မီက၊ “ကဗဋီကာဟာရ” ကိုမသုံးဆောင်မီ ကောင်းကင်၌ ပျံသန်းသွားလာ နိုင်ကြကုန်၏။ မိမိ၏ ကိုယ်ရောင်ဖြင့် ထွန်းလင်းတောက်ပလျက်၊ ဤလူ့ပြည်လောကမှာ သွားလာနေထိုင်ကြကုန်၏။

မြေဆီကိုအလုပ်အကျွေးပြု၍ သုံးဆောင်သောအခါမှစ၍၊ ထိုရသတဏှာကြောင့် လူတို့သည် ကိုယ်ရောင်ကိုယ်ဝါနှင့်တကွ၊ အခြားတန်ခိုး ဣဒ္ဓိပါတ်တို့သည် ပျောက်ကွယ်၍ သွားလေတော့၏။ 

ရသတဏှာ ၂မျိုး

ရသတဏှာသည် ဤမျှလောက်တန်ခိုးအာနိသင်တို့ ညံ့ဖျင်းစေ၏။ ထို ရသတဏှာသည် အဝိညာဏက ဖြစ်သောတဏှာ၊ သဝိညာဏကဖြစ်သောတဏှာဟူ၍ ၂ပါးအပြားရှိ၏။ ထိုတွင် အသက်မပါသော (သက်သတ်လွတ်) ဆွမ်းခဲဖွယ်ဘောဇဉ်ကို တတ်မက်သောတဏှာသည်၊ အဝိညာဏကရသတဏှာမည်။  ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ကျွဲ၊ နွား၊ သားငါးစသော သတ္တဝါတို့၏အသား၌ တက်မက်သော တဏှာသည်၊ သဝိညာဏကရသတဏှာမည်၏။

အသက်များ

ထိုသဝိညာဏက ရသတဏှာကြောင့်ဆိတ်သား၊ ဝက်သား၊ ကြက်သား၊ ဘဲသား၊ နွားသားစသောအားဖြင့် မရေမတွက်နိုင်အောင် များစွာသောအသားကို စားသောက်မှုအမျိုးမျိုးသည် ပေါ်ပေါက်၍ လာလေ၏။ အသားစားမှု အမျိုးမျိုးအတွက်ကြောင့် တစ်နေ့လျှင် မြို့ကြီးပြကြီးများမှစ၍ တောကျေးရွာအဖြာဖြာတို့တွင် ရေ၌ ကျက်စားကြသောသတ္တဝါ၊ ကုန်း၌ကျက်စားကြသောသတ္တဝါ၊ ကောင်းကင်၌ ကျက်စားကြသောသတ္တဝါအပေါင်းတို့သည် မရေမတွက်နိုင်အောင် အကျိုးမဲ့ပျက်စီးခြင်းသည် ဖြစ်ပေါ်၍ လာလေ၏။

အကာလမရဏ

ထိုသတ္တဝါတို့သည် မိမိတို့သက်တမ်းစေ့အောင် မနေ ကြရဘဲ၊ လူတို့၏ပယောဂဖြင့် သေကြရခြင်းမှန်သမျှမှာ အသားစား မှုကို မက်မောသောရသတဏှာကြောင့်သာ ဖြစ်ရပေ၏။

သဝိညာဏကရသတဏှာကြောင့်အသားစားမှု ဖြစ်ပေါ်လာသည်။ အသားစားမှုကြောင့် သတ်ဖြတ်ညဉ်းဆဲမှုများ ပေါ်ပေါက် လာသည်။ သတ်ဖြတ်ညှဉ်းဆဲမှုများကြောင့် သတ္တဝါတို့သည် “အကာလမရဏ” သေခြင်းဖြင့် သနားစဖွယ် သေဆုံးကြရ ရှာသည်။

ရှေးကရောဂါ…သုံးမျိုးသာ

တယောရောဂါ ပုရေအာသုံ၊ ဣစ္ဆာ အနသနံဇရာ။
ပသု နဉ္စ သမာရမ္ဘာ၊ အဋ္ဌနဝုတီ အာဂမုံ။
(ဗြဟ္မဏ ဓမ္မိကသုတ်၊ သုတ္တနိပါတ်ပါဠိတော်)

မြန်မာပြန်လျှင် – ပုရေ- သားသတ်ယောက်ျား၊ အသားစား တို့မပေါ်မီ ရှေးအခါ။ လောကေ- လောက၌။ တယောရောဂါ – အနာ ရောဂါသုံးမျိုး တို့သည်သာလျှင်၊ အာသုံ- ရှိကြကုန်၏။

(၁) ဣစ္ဆာ- မိမိ၌မရှိသေးသော ဥစ္စာဓနကို လိုချင် တောင့်တသော အနာ။
(၂) အနသနီ- စားချိန်ကျ၍၊ မစားရလျှင် ဆာမွတ်သည့်အနာ။ 
(၃) ဇရာ- အိုချိန်ကျက ၊ အိုရခြင်းအနာ၊

ပသုနဉ္စ၊တိရစ္ဆာန်သတ္တဝါတို့ကို။ သမာရမ္ဘ -သတ်ဖြတ်စားသောက်မှုပေါ်ပေါက်လာသောအခါမှ။ အဋ္ဌနဝုတီ- ၉၈-ပါးသော ရောဂါဆိုး၊ ကပ်ဥပါဒ်အမျိုးမျိုးတို့သည်။ အာဂမုံ- လူ့လောကမှာ ပေါ်ပေါက်၍လာကုန်၏။

ဤသည်တို့မှာ သဝိညာဏကရသတဏှာ သောင်းကျန်း ကြသဖြင့် လောက၌သတ္တဝါတို့ ဒုက္ခအဖုံဖုံဖြစ်ရခြင်းအကြောင်း ကမ္ဘာဦးကျမ်း ထွက်ဖြစ်ပါသည်။

ပရိတ်ရွတ်ကြရာ၌
အသားမစားဘဲ . ရှောင်ကြဉ်မှုသည် တရားတော်နှင့် သင့်လျော်သည် မသင့်လျော်သည်ကို စဉ်းစားကြရန်မှာ “အဘိသမာ စာရိတ္တသီလ” ဖြစ်သော “ဇတင်အကျင့်ကိုကျင့်ရမည်၊ မကျင့်လျှင် တစ်စုံတစ်ခုသော အပြစ်ဒေါသရောက်စေ”ဟု မြတ်စွာဘုရား ပညတ်တော်မမူ။ ကျင့်လိုသူ၊ ကျင့်နိုင်ရန်ကိုသာ သဘောထား ခွင့်ပြုတော်မူပါသည်။ ၎င်းဇတင်အကျင့်ကို ကျင့်သောသူသည် မကျင့်သောသူထက်သာသကဲ့သို့ပင် အသက်သတ်ကိုရှောင်ကြဉ်သော သူသည်လည်း၊ မရှောင်ကြဉ်သော သူထက်သာသည်၏ အဖြစ်မှာထင်ရှား လေသည်။

ပရိတ်ရွတ်ကြရာ၌ သူ့အသားမစားဘဲ ရှောင်ကြဉ်သူသည် သာ၍ အာနိသင်ထက်မြက်၏။ ဒီဃနိကာယ်သုတ္တံ ပါဠိတော် မဟာသမယသုတ်ကို ရွတ်ဖတ်သောရဟန်းသည် မရွတ်မီ(၇)ရက်က သက်သတ်လွတ်စားပြီးမှ၊မဟာသမယသုတ်ကိုရွတ်ဖတ်ရမည်ဟု မဟာသမယသုတ်အဋ္ဌကထာတွင်လာသည်။

သူ့အသားကိုစား၍ ရွတ်သောရဟန်း၏ ပရိတ်တန်ခိုးအာဏာတို့သည် အလွန်ကြမ်းတမ်းသော မကောင်းဆိုးဝါးတို့ထွက် ပြေးနိုင်လောက်အောင် မတတ်စွမ်းနိုင်သည်သာမက၊ ထိုသို့ ရွတ်ဖတ်သော ရဟန်းကိုယ်ပင် အန္တရာယ်ဖြစ်စေတတ်သည်။ ဤသည်မှာ မကောင်းဆိုးဝါးတို့ တကယ်ကြမ်းတမ်းစွာ ပူးဝင် ခိုအောင်းလာသောအခါ၊ အသားစားသူနှင့် မစားသူတို့၏ ပရိတ် တန်ခိုးအာဏာကွာခြားပုံတည်း။

ကာလမရဏဒါနအလှူ

ကုန်းသတ္တဝါ – ရေသတ္တဝါတို့သည် မိမိတို့ရရှိသောဘဝတို့၌ ချမ်းသာအေးမြစွာ မိမိတို့တိရစ္ဆာန်မျိုးဆွေအပေါင်းတို့နှင့် ကောင်းစွာ နေထိုင်လိုကြပေသည်။

(၁) ဘေးရန် လွတ်ကင်းချမ်းသာစေချင်သောစိတ် တိရစ္ဆာန်တိုင်း ရှိကြသည်။(၂)  အသက်မသေလိုသောစိတ် တိရစ္ဆာန်တိုင်း ရှိကြသည်။
(၃)အချိန်မစေ့ရောက်ဘဲ၊ အကာလမရဏ၊ လူတို့သတ်ပုတ် ညှဉ်းဆဲ၍သေရခြင်းကို အလျင်းပင်အလိုဆန္ဒ မရှိကြကုန်။ 

အမြို့မြို့အရွာရွာ၊ လူ့ပြည်၌ရှိကြကုန်သော မနုဿလူသားကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့သည်လည်း ထိုတိရစ္ဆာန်ကဲ့သို့ပင် မိမိတို့ခန္ဓာကိုယ်ကို

(၁)  ဘေးကင်းချမ်းသာလိုသောစိတ် ရှိကြသည်။

(၂)  အသက်မသေလိုသောစိတ် ရှိကြသည်။

(၃) အချိန်မစေ့ဘဲ၊ အကာလမရဏ သူတစ်ပါးသတ်သဖြင့် မသေချင်ကြသောစိတ် လူတိုင်းပင် ရှိကြသည်။

လူ့ပြည် လူ့တိုင်း၌၊ ကုန်းတိရစ္ဆာန် – ရေတိရစ္ဆာန်တို့ကို အကာလ အချိန်မစေ့မီ၊ မသနား ရက်စက်သတ်ဖြတ်၍ သေချင်းဆိုး နှင့် သေကြေပျက်စီးကြရခြင်းသည် –
(၁)  သတ္တဝါတိုင်း ဘေးကင်းချမ်းသာစေချင်လှသောစိတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
( ၂)  သတ္တဝါတိုင်း အသက်မသေချင်ကြသောစိတ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
(၃)သတ္တဝါတိုင်း အချိန်မစေ့ရောက်ဘဲ၊ မသေချင်လိုသောစိတ်နှင့်လည်း ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်သည်။

မိမိတို့၏ ကိုယ်ခန္ဓာကို လူတိုင်းပင်အချိန်မစေ့ဘဲ အသက် မသေရ၍ ဘေးကင်းချမ်းသာစွာ နေလိုကြ၏။ ထို့အတူ၊ သား၊ လင်၊ ခင်ပွန်း ချစ်ကျွမ်းဝင်ကုန်ကြသော မိတ်ဆွေဉာတကာအပေါင်း တို့နှင့်လည်း မကွေမကွာ၊ အခါခပ်သိမ်းအေးငြိမ်းချမ်းသာ အမြို့မြို့ အရွာရွာလူများစွာတို့ နေချင်ရှာချင်သလိုပင်၊ ကုန်းတိရစ္ဆာန်-ရေ တိရစ္ဆာန်အပေါင်းတို့မှာလည်း မိမိတို့ဘာသာဘာဝ ရရှိသောမျိုးဆွေတို့နှင့် ကြည်လင်ရွှင်ပျ လူတို့လိုပင် နေထိုင်လိုကြကုန်သည်၊ အမှန်ဖြစ်တော့သည်မှာ မလွဲမုချဧကန်ဖြစ်၏။ သို့ငြားလည်း လူ့ပြည်လူသားတို့အသက်ခန္ဓာမွေးမြူမှုအတွက် စားကြသောက်ကြဖို့အရေး ကိစ္စကြောင့်သူတို့ခမျာမှာ ဘေးဒုက္ခကြီးစွာတွေ့ရသည်၊ အသက် သေရသည့် အချိန်မစေ့မီ – အကာလမရဏသေခြင်းဆိုးဖြင့်၊ ပြင်းပြစွာ နာကျင်၍ မရှုမလှသေဆုံးကုန်ကြရရှာပေသည်။ 

(၁) ငါ – ငါ့သားမယား ဆွေမျိုးဉာတိတို့ဘေးကင်းကြပါစေ။ 
(၂) ငါ – ငါ့သားမယား ဆွေမျိုးဉာတိတို့ အသက်မသေကြပါ စေနှင့်။
(၃) ငါ – ငါ့သားမယား ဆွေမျိုးဉာတိတို့ အချိန်မစေ့ဘဲ၊ အကာလမရဏဖြင့် မသေကြပါစေနှင့်။
(၄)ငါတို့လိုပင် သူတို့ဆွေမျိုးသားချင်းတို့နှင့်တကွ ကွေကွင်းခြင်း ဝိပ္ပယောဂဒုက္ခမဖြစ်ကြပါစေနှင့်ဟူသော စိတ်ထားမျိုး သူတော်ကောင်းမှန်လျှင် ဧကန်မုချရှိရပေမည်။

(၁)  မိမိတို့အတွက်၊ သားမယားအတွက်၊ သတ္တဝါ အပေါင်းအား ဘေးဒုက္ခကင်းရှင်းစေရန် “အဘယဒါန” အလှူကြီးကို ပေးလှူရာသည်။
(၂) မိမိအတွက်၊ သားမယားအတွက် သတ္တဝါတို့အား မသေစေရန် “ဇီဝိတဒါန” အလှူကြီးကို ပေးလှူ ကုန်ရာသည်။
(၃) မိမိအတွက်၊ သားမယားအတွက် အချိန်မစေ့ဘဲ သတ်၍ သေခြင်းအကာလ၊ မရဏတရားကို သေနေ့မစေ့၊ မသေကြပါစေနှင့်ဟူသော “အကာလမရဏဒါန” အလှူကိုပေးလှူကုန် ရာသည်။

မြတ်သောဒါန

ပါဏာတိပါတာ ပဋိဝိရတော ဘိက္ခဝေ အပရိမာဏာနံ၊ 
သတ္တာနံ အဘယံဒေတိ၊ အဝေရံဒေတိ၊ အပရိမာဏာနံ သတ္တာနံ၊ 
အဘယံဒတွာ၊ အဝေရံဒတွာ၊ အပရိမာဏဿ-အဘယဿ၊ 
အဝေရဿ၊ ဘာဂီဟောတိ၊ ဣဒံ ဘိက္ခဝေ၊ ဒါနံမဟာဒါနံ။

( အင်္ဂုတ္တရပါဠိတော် )

ဘိက္ခဝေ – ရဟန်းတို့။ ပါဏာတိပါတာ – သူတစ်ပါးအသက် ကို သတ်ဖြတ်ခြင်းမှ။ ပဋိဝိရတော – ရှောင်ကြဉ်သောသူအား။ အပရိမာဏာနံ – အတိုင်းအရှည်မရှိကုန်သော။ သတ္တာနံ – သတ္တဝါ တို့အား။  အဘယံ-ဘေးမရှိသည်ကို။ ဒေတိ – ပေးလှူသည်မည်၏။ အဝေရံ – ရန်မရှိသည်ကို။ ဒေတိ – ပေးလှူသည်မည်၏။ အပရိမာဏာနံ – သတ္တဝါတို့အား။ အဘယံ – ဘေးမရှိခြင်းကို။ ဒတွာ –  ပေးလှူရသောကြောင့်။ အပရိမာဏဿ – အတိုင်းအရှည်မရှိသော။ အဘယဿ – ဘေးမရှိခြင်း၏။ အဝေရဿ – ရန်မရှိခြင်း၏။ ဘာဂီ – အဖို့ရှိသည်။ ဟောတိ – ဖြစ်၏။ ဘိက္ခဝေ – ရဟန်းတို့။ ဣဒံဒါနံ –  ဤသူတစ်ပါး၏အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်းဟူသောဒါနသည်။ မဟာဒါနံ  – ကြီးကျယ်မွန်မြတ်သော ဒါနကြီးသည်။ ဟောတိ – ဖြစ်၏။

ဘေးမဲ့အလှူ

ဘုရားလောင်းဖြစ်သော မျောက်မင်းသည် ချောက်တွင်း၌ ကျရောက်နေသော ပုဏ္ဏားကြီးအား၊ အကာလမရဏမဖြစ်စေရန် အသက်ကိုကယ်ဆယ်ရခြင်း “ဇီဝိတဒါန” အလှူကြီးကို လှူတော် မူလို၍၊ ကြံဖန်ပြီး ချောက်တွင်းသို့ဆင်းကာ ကယ်ဆယ်တော်မူသည်။ တစ်ဖန် ထိုပုဏ္ဏားကြီးက၊ ပြန်၍ နှိပ်စက်သည်ကိုပင် သည်းခံတော်မူပြီး ဦးခေါင်း၌ သွေးယိုစီးလျက်မသက်မသာရှိရာကပင်၊ ကျားဘေး၊ ဆင်ဘေးဖြင့်၊ ထိုပုဏ္ဏားကြီးသည် တောနက်ကြီးထဲဝယ် မသေပါစေနှင့်ဟူသော “အဘယဒါန” အလှူကြီးကို နောက်တစ်ဖန်အားထုတ်တော်မူပြန်သည်မှာ၊ အသက်ချမ်းသာရာရအောင်လိုက်၍ ပို့ဆောင်ခါဖြင့်၊ လမ်းပြပေးရခြင်းသည် ဘေးမဲ့အလှူကြီးဖြစ်သည်။ ဤသို့လျှင် မျောက်မင်းသည် ပါရမီဆယ်ပါး ပြည့်စုံအောင် ဖြည့်ဆည်းတော်မူခဲ့သည်။

ထိုသို့လျှင် သတ္တဝါတို့အား အသက်ကယ်ဆယ်ရခြင်းသည် ပါရမီဆယ်ပါး အားလုံး သိမ်းကြုံး ငုံမိ – ခြုံမိသည်ဖြစ်၍၊ ထိုအကျိုးသွားသည် လျှမ်းလျှမ်းတောက်အကျိုးသွား ဖြစ်စေ၍ နောက်နောင် ကာလတမလွန်ဘဝတို့ကို မဆိုထားနှင့်ဦး။ ယခုပစ္စက္ခဘဝ၌ပင် မျက်နှာမြင်က ချစ်ခင်ရခြင်း၊ အသံကြားက ကြည်ညိုခြင်း၊ ရောဂါအနာကင်းခြင်း၊ စိတ်ချမ်းသာ – ကိုယ်ချမ်းသာခြင်း၊ ဆွေမျိုး တစ်စုတို့နှင့် အသက်ထက်ဆုံး ကြည်လင်ချမ်းမြ နေထိုင်ရခြင်း၊ သေနေ့မစေ့မီမသေခြင်း၊ သူတစ်ပါးပရောဂဖြင့် သေခြင်းဆိုးနှင့် မသေရခြင်း၊ သွားလေရာရာ မျက်နှာပွင့်လန်းခြင်း စသောယခုဘဝ ဒိဋ္ဌဓမ္မပစ္စက္ခ အကျိုးပေးသန်စွမ်းလှ၏။ ဒိဋ္ဌဓမ္မဝေဒနိယ အကျိုးတည်း။ 

နောင်တမလွန်ဘဝတို့၌လည်း၊ ယခုဘဝအကျိုးပေး သကဲ့သို့ဖြစ်လေရာရာ အသက်ရှည်ခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဩဇာအာဏာထက်မြက်ခြင်း၊ တန်ခိုးကြီးခြင်း၊ သူတစ်ထူး တို့ထက် သွက်လက်လျင်မြန်သောဉာဏ်ရှိခြင်း၊ လူထက်လူ၊ နတ်ထက်နတ်၊ ဗြဟ္မာထက်ဗြဟ္မာ၊အကျော်အမော်ဖြစ်ရခြင်း၊ အဆုံးဘဝ နောက်ကာလ၌လည်း နိဗ္ဗာန်ချမ်းသာမြတ်ကြီးသို့ မပင်မပန်း ချမ်းသာလွယ်ကူရယူနိုင်ခြင်းဟူသော အကျိုးထူးအကျိုးမြတ်ဖြစ်ပေ၍    ရှေးရှေးသူတော်ကောင်းဘုရားလောင်းတို့သည် သတ္တဝါအပေါင်း ချမ်းသာကြောင်းကိုသာ ရှာကြံအားထုတ်ပြုလုပ်သွားကြဖူးကုန်ပြီ။

(လယ်တီဝိနိစ္ဆယသူစိကျမ်း – ၁၄၂ မှ ၁၄၅) 
အသားစားကျူးသော အလေ့ဆိုးကြောင့် ဗြဟ္မစိုရ်တရား ပျက်ကွက်ရပုံမှာ၊ ဓမ္မပဒအဋ္ဌကထာလာ နန္ဒနွားသတ်ယောက်ျား ဝတ္ထုနှင့် နိပါတ်တော်လာဗာရာဏသီပြည့်ရှင်၊ ဗောဓိသာဒဝတ္ထု တို့ဖြင့် ထင်ရှားပါသည်။ သဝိညာဏက – ရသတဏှာ၏ ခြယ်လှယ်ခံရမှုပေတည်း။

နွားသတ်ယောက်ျား

ဤနေရာ၌ “ဇာဂရာဘိဓဇသီရိပဝရာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ၊ ဘုရားကြီးဆရာတော် ရေးသားသော သံဝေဂဝတ္ထုဒီပနီမှ၊ သဝိညာဏက ရသတဏှာကို ခုံမင်လှသည့် နွားသတ်ယောက်ျားဝတ္ထုကိုတင်ပြအပ်ပါသည်။ 

ဘုရားမြတ်စွာသည် သာဝတ္ထိပြည်ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော်နေတော်မူသောအခါ၊ သာဝတ္ထိပြည်သား နွားသတ်ယောက်ျားတစ်ယောက်သည် နွားကိုသတ်ပြီးလျှင် စားချင်ရာအသားတို့ကို လှီးဖြတ်၍ ကြော်ချက်ဖုတ်မြှိုက်ပြီးမှ သမီးသား အိမ်သူတို့နှင့်အတူတကွနေထိုင်လျက် စားသောက်၏။ 

စားသောက်၍မကုန် အလုံးစုံကြွင်းကျန်သော အမဲသား တို့ကိုလည်း သူတစ်ပါးအား ရောင်းစား၏။ ဤသို့သောနည်းဖြင့်နှစ်ငါးဆယ်လုံး နွားသတ်အမှုကို ပြုသည်ဖြစ်၍ အသက်မွေးလျက်နေ၏။

ထိုသူနေရာနှင့်မနီးမဝေးတွင် သံဃာတော်တပည့် အပေါင်းနှင့် ရွှေကျောင်း
ဗိမ္မာန်အတွင်းဝယ် သီတင်းသုံးနေတော် မူသော သဗ္ဗညုဘုရားအားလည်းကောင်း၊ တပည့်သားသံဃာတော် အားလည်းကောင်း၊ ယာဂုတစ်ဇွန်း၊ ဆွမ်းတစ်ယောက်မျှ လှူဒါန်းဖူးသည်မရှိ။ သစ်သီးတစ်လုံး ပန်းတစ်ပွင့်ဖြင့်သော်လည်း ပူဇော်ဖူးသည်မရှိ၊ သည့်ပြင်မှတစ်ပါး အခြားကုသိုလ်ကိုလည်း အနည်းငယ် စိုးစဉ်းမျှ မပြုဖူးလေ။

ထိုနွားသတ်ယောက်ျားသည် နွားသားအမဲဟင်းနှင့် ကင်း၍ ထမင်းကို တစ်ရံတစ်ဆစ်မျှ မစားစဖူး၊ တစ်နေ့သ၌၊ နေ့အဖို့ဝယ် လည်၍ အမဲရောင်းပြီးမှ၊ မိမိအဖို့ချက်ခြင်းငှာ တစ်တုံးသောအမဲ သားကို၊ မယားအားပေးအပ်၍ ရပ်သားရွာသူတို့နှင့်အတူတကွ ရေချိုးခြင်းငှာ သွားလေ၏။

ထိုအခါနွားသတ်ယောက်ျား၏ အဆွေခင်ပွန်းတစ်ယောက် သည် အိမ်သို့လာပြီးသော်၊ နွားသတ်ကတော်ဖြစ်သော မယားကို “ရှင်မ၊ ငါ့အားအမဲရောင်းပါ၊ ငါ၏အိမ်မှာဧည့်သည်လာရောက်၍ ရှိချေသည်”ဟု ဆို၏။

“ရောင်းစရာအမဲမရှိချေ၊ သင်၏အဆွေသည်အမဲရှိသမျှ အလုံးစုံကို အကုန်ရောင်းချခဲ့၍ ယခုပင်ရေချိုးခြင်းငှာသွားပါသည်” ဟုဆို၏။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

။ မေတ္တာပို့သပါသည် ။

။ မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~
။ နံနက်ချိန်ခါ၊မင်္ဂလာ၊လိုရာဖြာဖြာပြည့်ပါစေ။
။ ကိုယ်လည်းကျန်းမာ၊စိတ်ချမ်းသာ၊ဘယာမျိုးမျိုးကင်းပါစေ။
။ မနှစ်သက်အပ်၊အနိဋ္ဌ၊မုချဝေးဝေးကင်းပါစေ။
။ နှစ်သက်မြတ်နိုး၊အမျိုးမျိုး၊ကောင်းကျိုးဆက်ဆက်ရောက်ပါစေ။
။ တရားဘာဝနာ၊အဖြာဖြာ၊ဉာဏ်မှာအမြဲသိပါစေ။
။ တရားသိထူး၊ထူးကဲထူး၊ကူးခပ်နိဗ္ဗာန်ရောက်ပါစေ။

တောင်ကလေးဆရာတော်
(၃.၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း နံနက်ခင်းသြဝါဒကထာ ဘာသာရေး

ဆရာတော်၏ ဝိဇာတမွေးနေ့အလှူ ဩဝါဒ

ကျေးဇူးတော်ရှင် တောင်ကလေးဆရာတော်
ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)၏ သက်တော် (၆၄) နှစ်မြောက်
ဝိဇာတမွေးနေ့မင်္ဂလာတော်မြတ် နံနက်ခင်းဩဝါဒ….
14.7.2024 တနင်္ဂနွေနေ့။

https://fb.watch/to5FIpGS97/

Loading

Categories
ဘာသာရေး

(၁၃) ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေး (၂၀၂၄)

အင်းၯလင် (၁၃) ၜၠင်ထင်းၜါ ဖၠုံဆိုဒ်ဖေါဟ်သင့်ဂၟီ့ကုံရွာဲ ဏိင်းကၠ်ုသာဆ်ုအှ်ကံင်း ဏံင်းက်ုမၠိုင့်ဘာႋလာင့်ခင်းထါ်

Saw Da

၁၃ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်းနှစ်ပတ်လည်အစည်းအဝေးတွင် ဖြန့်ချိရောင်းချပေးနေသော ဘာသာရေးဆိုင်ရာ စာအုပ်များနှင့် သုတရသဆိုင်ရာ စာအုပ်များကို စာပေချစ်သူများ ကြည့်ရှုဝယ်ယူအားပေးနေ စဥ်(၁၃·၆·၂၀၂၄)

Yaunt Thar Ae San

ကျဝ့်နာဲကျာ် ဖူႋနာဲကျာ် တ်ုကာမၠိုင်ႋသယ်လုက်ကၠာ မ်ုဍးခံင်ထာင် (၁၄)ၜၠင်ဏင်ဏိင်းဍဝ် ယာႋၜိုဝ် အှ်မုက်ဆံင်းခၠာင့် ယုက်ထဝ့်လာႋ ကိုဝ်ၯာဍေဆာ်

Saw Da

(၁၃)ကြိမ်မြောက်

ကရင်အမျိုးသားရဟန်းတော်များအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် အကျိုးတော်ဆောင် ထူးချွန်ဆု ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား..

📍နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း၊နောင်ကမြိုင်စံပြကျေးရွာ၊ကရင်ပြည်နယ်၊ဘားအံမြို့နယ်

🙏
🙏
🙏

#sithuphotography

#contentcreation

Sithu
https://www.pinterest.com/pin/866380047062655998/

(၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း​၏ နှစ်ပတ်လည်အစည်းအဝေးအခမ်းအနား (မနက်ပိုင်း)

အချိန် နံက် (၈းဝဝ)နာရီ

နေရာ နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း

နောင်ကမြိုင်စံပြကျေးရွာ ဘားအံမြို့နယ်

မာန်နာဲအိင်ဃှီ့ဖာန်

ဘားအံမြို့နယ်၊ နောင်ကမြိုင်စံပြကျေးရွာ၊ ဓမ္မသိင်္ဂါကုန်းကျောင်းတွင် (၁၃) ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း၏ အစည်းအဝေးအတည်ပြုချက်များ 

(၁) ဖူ့တာမိက်မူႋဏီကို ကဆုန်လပြည့်ကျော်(၁၀)ရက်နေ့၊ 

(၂) အသင်း၏နှစ်ပတ်လည်နေ့ကို ကဆုန်လပြည့်ကျော် (၂-၃) နှင့် ဂျိုင်းပရိယတ္တိစာမေးပွဲကို ကဆုန်လပြည့်ကျော် (၈-၉-၁၀) 

(၃) ဖူ့ကျာ်ဥတ္တမပိဋကတ်ပြတိုက်ကို အသင်းမှ တနှစ်လျှင်သိန်း (၅၀) သုံးနှစ်လျှင် သိန်း (၁၅၀) ထောက်ပံ့ရန်။ 

(၄) ကရင်ပညာရေးကော်မတီနှင့်ဆက်ဆံရေးဌာန (ဘာသာပြန်) ဋ္ဌာန တစ်ခုတိုးချဲ့ရန်။ 

(၅) ရန်ကုန်ကျောင်းမြေကို ကျောင်းထိုင်ဆရာတော်ရှာဖွေရေးအတွက် အချိန် (၃) လသတ်မှတ်ရန်။

(၆) ကရင်ဖတ်စာ (၄) တန်း ပြင်ဆင်ရေးဆွဲရန်။ 

13-6-2024 

Guru Gyi

ကရင်အမျိုးသားရဟန်းတော်များအသင်း (၁၃) ကြိမ်မြောက်အကြိုညှိနှိုင်းစည်းဝေး၊ 

ဋ္ဌာန (၅) ဋ္ဌာနမှာ 

(၁) အသင်းရေးရာနှင့် ရှေးဟောင်းစာပေထိန်းသိမ်းရေးဋ္ဌာန။ 

(၂) ကျမ်းစာပြုစုရေးနှင့် ကရင်ပရိယတ္တိစာမေးပွဲကျင်းပရေးဋ္ဌာန။ 

(၃) ဖတ်စာပြုစုရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးဋ္ဌာန။ 

(၄) အကြံပေး (မဟာမိတ်) ဋ္ဌာန။ 

(၅) ပညာရေးကော်မတီနှင့် ဆက်ဆံရေးဋ္ဌာန (ဘာသာပြန်ဋ္ဌာန)။ 

12-6-2024 

Guru Gyi

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ လောကဓံကြုံ မဖြုံတမ်းပေါ့ ။

ကြောင့်ကြမှု

။ကိုယ့်အတွက်ကိုယ်ကြောင့်ကြနေရတဲ့အထဲ သူ့အတွက်ကြောင့်ရတဲ့စိတ်က ဥပါဒါန်တစ်မျိုးပါပဲ။ အဲဒီဥပါန်ဒါန်က ကာမဥပါဒါန်မဟုတ်ပေမယ့် အတ္တဝါဒဥပါဒါန်တစ်မျိုးတစ်မည်များလား ? ဖြစ်နေမည်လားပါပဲ။

ဝဋ်ခင်းဝဋ်နွယ်

။ ဘဝင်စိတ်ဆိုတာ အနှောင်အဖွဲ့တွေများရင် နောင်ဇာတိစိတ်တစ်ခုခုက ဝိပါကအကျိုးစိတ်အခိုက်အတန့်ဖြစ်ရင် ဝိပါက်ဝိပါက်ချင်းစိတ်အကျိုးတွေ ရကြလေမှာပါပဲ။ လူ့စိတ်က အလိုလိုက်ဖန်များရင် ဝဋ်ခင်းဝဋ်နွယ်တွေဖြစ်သွားတာပါပဲ။

ပျော်မိနေကြ

။ အရှင်တို့တွေဟာ အသက်မသေကြသေးဘဲနဲ့ ဝဋ်ဒုက္ခတွေ အမျိုးမျိုးခံနေရတာပါ။ သဘောကျစရာ,သဘောမကျစရာတွေနဲ့ ပင်ပန်းနေကြတာပါ။ ဒီအကြောင်းတရားတွေကို အသေအချာသတိမထားမိကြဘဲ ပျော်နေကြတာပါ။

စိတ်ဓာတ်တွေကျ

။ တခါတခါတလေ မိမိကိုယ်မိမိအားမရဘဲ အမှားချင်းတွေလည်း ထပ်ပြီးထပ်နေတော့ အဲဒီအမှားတွေကိုတွေးမြော်နေရင်းနဲ့ပဲ စိတ်ဓာတ်တွေကျမိကြပါလေရဲ့။

ငြိမ်

။ လူဟာ စိတ်ဓာတ်ကျစရာနဲ့ကြုံရင် မဲ့ပြုံးလေးတောင်မပြုံးနိုင်ပါ။ ပျော်ပျော်ကြီးနေရမယ်ဆိုတဲ့အသိစိတ်ကလေးရှိနေပေမယ့် မနေနိုင်ဘဲ အားအင်ဆုတ်ယုတ်ပြီး ဘာဆိုဘာမှမလုပ်ကိုင်နိုင်ဘဲ ငြိမ်နေတော့တာပါပဲ။

လက်လွတ်ဖို့

။ အတွေးတွေလည်း မမြင်၊ အသွင်တွေလည်း မထင်လေတော့ ကိုယ်ကျင့်တရားတွေလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ အားနည်းမိကြပါလေရဲ့။ ဒီလိုအဖြစ်မျိုးနဲ့အကြိမ်ကြိမ်ဖြစ်နေခဲ့ရင် လူဟာ တွေဝေမိန်းမောမှုတွေဖြစ်ပြီး အရာခပ်သိမ်းကို လက်လွတ်ဖို့ကိုပဲ စဉ်းစားမိတော့တာပါပဲ။

မဖြုံစတမ်း

။ တကယ်တော့ လူဟာ လူသားစင်စစ်အမှန်လိုပဲတွေးပြီးနေထိုင်ရင် စိတ်ဓာတ်ကျစရာတွေ အမျိုးမျိုးပဲဆုံဆုံ လောကဓံကိုမဖြုံစတမ်းစိတ်နဲ့နေရမှာပါ။

သဘာဝမို့

။ ” ဆင်းရဲချမ်းသာ၊ သဘာဝမို့
တွေ့ကြုံနေကြ၊ လူတိုင်းပေ။
ကောင်း, ဆိုးနှစ်တန်၊အစုံတွဲလို့
တစ်လှည့်စီလဲ၊ အမြဲနေ။
လောကဓံကြုံ၊ မဖြုံတမ်းပေါ့
မတုန်စမ်းနဲ့၊စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း
အေးငြိမ်းချမ်းသာပေ” ဆိုတဲ့ လောကသဘာဝက အသိပေးနေတာပါ။
ဒါကြောင့် ” လောကဓံကြုံ မဖြုံတမ်းပေါ့” လို့ပဲ နှလုံးသွင်းဆင်ခြင်ရမှာဖြစ်ပါတယ်။

တောင်ကလေးဆရာတော်
(၂၆.၄.၂၀၂၃) ရက်နေ့နံနက်။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းသြဝါဒကထာ (စကား) ။

။ နေ့တိုင်း မိမိရဲ့အတွင်းစိတ်ကို ပြုပြင်ဖြစ်ရဲ့လား။
။ လိုချင်မှုစိတ်တွေ လျော့ပါးကြရဲ့လား။
။ ဖြစ်ချင်မှုစိတ်တွေ ပိုတိုးပွားနေကြပါသေးလား။
။ သင့်မှာ ဘာအတွက်နဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေပါသေးလဲ။
။ နေ့တိုင်းကို စိတ်ချမ်းသာမှု အပြည့်အဝရပါရဲ့လား။
။ သင့်အတွက် အခက်အခဲက ဘာတွေပါလဲ။
။ နေ့စဉ်ဆင်ခြင်အပ်တဲ့တရားက မိမိရရသိနေပြီလား။
။ အလိုမကျတဲ့စိတ်အတွေးလေးတွေ တွေးမိတတ်ပါသေးလား။
။ ယှဉ်ပြိုင်ရမှကျေနပ်တဲ့စိတ်တွေ ဖြစ်နေသေးသလား။
။ တစ်နေ့တာအတွက် ဆင်ခြင်စရာတရားကို ပွားများသိမြင်ပါစေ။

တောင်ကလေးဆရာတော်
(၁၇.၁၁.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ ဘာသာရေး

။ တောရခရီး အပြန် ။

။ အေဒီ ၁၉၈၄/၈၅ ခုနှစ်ကာလက တောတောင်တွေမှာ တောရဆောက်တည်သွားလာနေထိုင်ပြီး ၁၉၈၈/၈၉ ခုနှစ်ရောက်သောအခါ တိုင်းပြည်( မြန်မာပြည်) အထွေထွေအကျပ်အတည်းကြောင့် နိုင်ငံခြားသို့ ခရီးမထွက်ခွါမီ အမှတ်တရရိုက်ကူးထားခဲ့တဲ့ပုံပါ။

။ အိမ်နီးနားချင်းတိုင်းပြည်တစ်ခုကိုထွက်ခွာသွားပြီး ဘာသန္တရပညာရပ်သင်ယူခဲ့ပါတယ်။ ခုတော့ အရှင့်ကိုပညာသင်ပေးတော်မူကြတဲ့ ဆရာအရှင်သူမြတ်တွေကလည်း ဘဝနတ်ထံပြန်လွန်တော်မူကြရှာပါပြီ။ ပညာအတူတူ သင်ယူဆည်းပူးတော်မူကြတဲ့ ပညာ့မိတ်ဆွေတော်တွေလည်း အဝေးဝေးမှာ ရောက်ကြလို့ အချို့ချို့လည်း ဒီလောကနဲ့ထွက်ခွာနေကြပြီ။

။ ပင်ပန်းစွာနဲ့ကျန်ရစ်နေသေးတဲ့ ဤအရှင်ကတော့ လောကီသားပီပီ လောကနယ်ထဲမှာ လူးလှိမ့်နေဆဲပါပဲ။ ခန္ဓာသားရဲ့အိုမင်းရင့်ရော်လာမှုကြောင့် အိုခြင်းနှိပ်စက်မှုတွေ အပြင်းအထန်မြင်တွေ့နေရတော့ ပုံမှန်နေ့စဉ်တရားပွားများဖြစ်ပေမယ့် ၊ သမာဓိတည်ငြိမ်မှုကလွဲလို့ အခြားဘာမှ မသိမမြင်ရသေးပါဘူး။

။ သံသရာမှာ ဒီခန္ဓာသာဆက်လက်၍ နှစ်သက်တွယ်တာမိခဲ့ဦးမယ်ဆိုရင်တော့ ဘဝများစွာ ကျင်လည်ကြရနေဦးမယ်။ အမှန်မလွဲပြောရရင် ဒီသံသရာမှာ ခုနှစ်ကြိမ်ထက်မလာချင်တော့ပါဘူး။ ပဋိသန္ဓေနောက်ထပ်တစ်ကြိမ်ပြန်တည်ဖို့ မကြိုးစားချင်တော့ပါဘူး။

။ သတိခါခါ
အောက်မေ့ပါသည်
အေးရာနှလုံးသွင်းတတ်ပြီ။

တောမှီရဟန်း
(၈.၁၁.၂၀၂၂) ရက်နေ့။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန် သြဝါဒကထာ (စကား) ။

။ မလိုအပ်ဘဲ မတွေးတောနှင့်။
။ အကျိုးမရှိဘဲ မခံယူပါနှင့်။
။ မသိဘဲ မကျင့်ပါနှင့်။
။ မခင်မင်ဘဲ မမြတ်နိုးပါနှင့်။
။ မတတ်နိုင်ဘဲ ကတိမပေးပါနှင့်။
။ လိုအပ်မှ တွေးပါစေ။
။ အကျိုးရှိမှ သင်ယူပါစေ။
။ သိမြင်မှ ကျင့်ပါစေ။
။ ခင်မင်မှ မြတ်နိုးပါစေ။
။ တတ်နိုင်မှ ကတိပေးပါ။
။ သတိတရားကို အထင်နဲ့ မဆုံးဖြတ်ပါနှင့်။

တောင်ကလေးဆရာတော်
( ၅.၁၁.၂၀၂၂) ရက်နေ့နံနက်။ 

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ သီတင်းကျွတ်လပြည့်နေ့ နံနက်ခင်းဩဝါဒအတွက် ။

၁) ဒုက္ခ တွေ့ရှိမှုအကြိမ် (၃၂၄၄)
၂) ဒုက္ခသစ္စာ တွေ့ရှိမှုအကြိမ် (၄၉၄)
၃) သမုဒယ တွေ့ရှိမှုအကြိမ် (၅၉၄)
၄) သမုဒယသစ္စာ တွေ့ရှိမှုအကြိမ် (၃၄၂)
၅) နိရောဓ တွေ့ရှိမှုအကြိမ် (၈၅၉)
၆) နိရောဓသစ္စာ တွေ့ရှိမှုအကြိမ် (၂၈၄)
၇) မဂ္ဂ တွေ့ရှိမှုအကြိမ် (၁၂၅၄)
၈) မဂ္ဂသစ္စာ တွေ့ရှိမှုအကြိမ် (၃၂၃)
၉) အဝိဇ္ဇာ တွေ့ရှိမှုအကြိမ် (၁၆၄၁)
၁၀) တဏှာ တွေ့ရှိမှုအကြိမ် ( ၃၃၄၄)
၁၁) ငရဲ တွေ့ရှိမှုအကြိမ် (၁၅၀၆)
၁၂) နိဗ္ဗာန် တွေ့ရှိမှုအကြိမ် (၆၇၀၇) တို့ကို ” ဥပသမာနုဿတိ” နံနက်ခင်းဩဝါဒကထာ၌ နာယူကြဖို့ဖြစ်ပါတယ်။

။ တရားပြည့်ဝ၊နှလုံးလှ၊ ကျွတ်တမ်းဝင်စေသော်။

တောင်ကလေးဆရာတော်
(၈.၁၀.၂၀၂၂) ရက်နေ့ညနေခင်း။

Loading