Categories
နိုင်ငံရေး ဗုဒ္ဓဘာသာ အထွေထွေဗဟုသုတ

။ ဘူတန်နိုင်ငံကိုရောက်ဖူးလား ။

။ ဘူတန်နိုင်ငံကိုရောက်ဖူးကြလားပါ။ ဘူတန်နိုင်ငံမှာ အမျိုးသား ၃၀% လောက်ဟာဘုန်းကြီးတွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာအမှုတစ်မှုပဲရှိခဲ့ပါတယ်။

။ အဲ့ဒီ အမှုကလည်း ဘုန်းကြီးကျောင်းထဲကိုဖိနပ်စီးပြီး ဝင်မိတာပါတဲ့။

။ ဘူတန်ဟာ World Map of Happiness ကမ္ဘာ့ပေ့်မှာ အပျော်ရွှင်ဆုံးနိုင်ငံများမြေပုံမှာ ပဉ္စမနေရာကိုယူခဲ့တာပါ။ ဘူတန်နိုင်ငံရဲ့ နယ်နိမိတ် အကျယ်အဝန်းက ၄သောင်း ၇ထောင် ကီလိုမီတာ ပတ်လည်ပဲရှိပါတယ်။ လူဦးရေပေါင်း ၆သိန်း ၇သောင်းကျော်သာ ရှိပြီး ဘူတန်လူမျိုး (၅ဝ%)နီပေါလ်လူမျိုး (၃၅%)နဲ့ ကျန်လူမျိုး (၁၅%) နဲ့နေထိုင်ကြတယ်။ (၇၅%) က ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး (၂၅%)က ဟိန္ဒူဘာသာတွေဖြစ်ကြတယ်။

။ အေဒီ ၁၉ဝ၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ တိုင်းပြည်ဖြစ်လို့ မြို့တော်က (Thimphu )ဖြစ်တယ်။

။ ဘူတန်နိုင်ငံရဲ့မြို့ကြီးမြို့ငယ်တွေမှာ လမ်းမှာတောင်းရမ်းသူမရှိဘူး။ လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင်တွေမရှိဘူး။ ဆေးသမားတွေ မရှိဘူး။ တောင်ကြီးတောင်ငယ် အလျှိုလျှိုနဲ့ ဝိုင်းရံထားတဲ့နိုင်ငံမှာ ခမ်းနားတဲ့ အဆောက်အအုံတွေကိုမမြင်နိုင်သလို စုတ်ပြတ်ပြီး မိုးမလုံလေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူး။ အရက်ဆိုင်လည်း မရှိဘူး။
မြို့တော် (Thimphu ) မှာ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်တဲ့အင်တာနက်ဆိုင်ပေါင်း များစွာရှိတယ်။

။ ဘူတန်က နေထိုင်ကြတဲ့ အမျိုးသား အမျိုးသမီးတွေအားလုံးဟာ ရိုးရာဝတ်စုံကိုသာဝတ်ဆင် ကြတယ်။ အမျိုးသားတွေက (gol) လို့ခေါ်တဲ့ဒူးထိရှည်လျှားတဲ့ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ကြပြီး အမျိုးသမီးတွေက (kira) လို့ခေါ်တဲ့ ခြေမျက်စိထိဖုံးတဲ့ ဝတ်စုံ ၃ ထည်ကို ဝတ်ဆင်ကြတယ်။

။ ဘူတန်က ကလေးလူကြီးမကျန်၊ ကုန်သည်၊ ကျောင်းသား၊ လက်လုပ်လက်စားတွေကို မေးကြည့်တဲ့အခါ သူတို့ဆီက တူညီတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရတယ်။

။ အဲဒီစကားက “ကျွန်တော်တို့ ကျေနပ်တယ်၊
ရောင့်ရဲတင့်တိမ်တယ်” ဆိုတဲ့ စကားပဲဖြစ်တယ်။

။ ရိုးရာဝတ်စုံနဲ့ ဘူတန်ဘုရင် ( Jigme Singye Wangchuck ) က မိမိရဲ့တိုင်းပြည်ကို အပျော်ရွှင်ဆုံး တိုင်းပြည်အဖြစ် တည်ထောင်နိုင်ခဲ့သူပါပဲ။

။ Jigme Singye မင်းသားဟာ ခမည်းတော် နတ်ရွာစံပြီးတဲ့နောက် (၁၇) နှစ်အရွယ်နဲ့ ဘုရင်ဖြစ်လာခဲ့သူပါ ကမ္ဘာ့အသက်အငယ်ဆုံး ဘုရင်ဖြစ်လာခဲ့သူပါ။ ဘုရင် Jigme ဟာ အမေ့ရင်ခွင်မှာ ပျော်ပိုက်တဲ့အရွယ် ရှစ်နှစ်သားမှာပဲ အိန္ဒိယကို ပညာသင်ဖို့ ရောက်ခဲ့တယ်။

။ (၁ဝ) နှစ်သားမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိပြီး (၁၄)နှစ်မှာ အောက်စဖို့ တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။

။ ဘူတန်တိုင်းပြည်မှာ စစ်တပ်မမွေးဘူး။ လက်နက်အားမကိုးဘူး။ လူတန်းစားမရွေး ဘဲ ပြည်သူတိုင်းအခမဲ့ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်ရှိတယ်။

။ ဘူတန်မှာ စာတတ်သူတွေက တစ်တိုင်းပြည်လုံးမှာ ၉၇% ရှိပြီး နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉%ဟာ ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြသူတွေဖြစ်တယ်။

။ ဘူတန်က တစ်တိုင်းပြည်လုံး ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ တိုင်းပြည်ဖြစ်တယ်။ တစ်တိုင်းပြည်လုံးရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၁% ပဲရှိခဲ့တယ်။

။ ပလပ်စတစ်အိတ် ဝင်ခွင့်ကိုလည်းပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တယ်။

။ ဘူတန်နိုင်ငံရဲ့ ပတ်ဝန်းကျင်မှာ ၇၂% က သစ်တောတွေဖြစ်ပြီး အာရှနိုင်ငံမှာ ပထမဆုံးသော သစ်တောမပြုန်းတီး နိုင်ငံဖြစ်တယ်။ ၂၆% ကို ပြည်သူတွေအပန်းဖြေတဲ့ပန်းခြံအဖြစ် ထားရှိခဲ့တယ်။

။ ရေအားလျှပ်စစ်ကို အသုံးပြုပြီး တစ်တိုင်းပြည်လုံး ၇၁% မီးအပြည့်အဝ ရရှိတဲ့နိုင်ငံဖြစ်တယ်။

။ သူတို့ လူမျိုးတွေကို နိုင်ငံခြားသား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့ အိမ်ထောင်ပြုခွင့် မပေးပါဘူး။

။ ဘူတန် ဘုရင်ဟာ ၂၀ဝ၈ ခုနှစ်တုန်းကမှ သူ့သဘောနဲ့သူ သက်ဦးဆံပိုင် ဘုရင်စနစ် ကနေ စည်းမျဉ်းခံ ဘုရင်စနစ် ကို ပြောင်းလဲ ပေးခဲ့တာ ဖြစ်ပါတယ်။ စည်းမျည်းခံ ဘုရင်စနစ်ဖြစ်ပြီး ဘုရင်မှာ မိဖုရားတစ်ပါးသာ ရှိပါတယ်။

။ ပုံပြင်ဆန်ဆန် အချစ်ဇတ်လမ်းလေးလည်း ရှိပါတယ်။ အဲဒါကတော့..တစ်နေ့ ၁၇ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ တိုင်းခန်းလှည့်လည်တဲ့အခါမှာ ၇နှစ်သမီးအရွယ်မိန်းကလေးတစ်ယောက်က သူ့ကိုခေါ်သွားဖို့ ပြောပါတယ်။

။ အဲဒီအခါ မင်းသားက “ မင်းလည်း အရွယ်ရောက်အိမ်ထောင်မရှိတဲ့အခါ ငါလည်း အိမ်ထောင် မပြုရသေးရင် လာခေါ်မယ်” လို့ ကတိပေးခဲ့ပါတယ်။ နောင်တစ်ချိန် မင်းသားက အသက် (၃၁) နှစ် မိဖုရားက (၂၁) နှစ်အရွယ်မှာ ကတိအတိုင်း လက်ထပ်ခဲ့ပါတယ်။

။ ဘူတန်ဘုရင်လိုပဲ ကိုယ်လည်းငယ်ငယ်ကစဉ်းစားခဲ့ဖူးတယ်။ မိမိနေထိုင်တဲ့တိုင်းပြည်ကိုပေါ့။ ခုတော့ ဒီမိုကရေစီတိုင်းပြည်ဖြစ်သွားတော့ စိတ်ကူးခဲ့တာတွေ အားလုံးအလွဲပါပဲ။ မလွဲတာကတော့ ရဟန်းဖြစ်သွားလို့ပါပဲလေ။

အဲးခိုး( ၁၃.၄.၂၀၂၁) ရက်နေ့နံနက်။

Featured image: His Majesty With His People | His Majesty Jigme Khesar Namgy… | Flickr

Loading

Categories
နိုင်ငံရေး

။ ၂၀၂၀ မြန်မာ့နိုင်ငံရေး ။

။ မြန်မာပြည် မြန်မာ့နိုင်ရေးဟာ ဒီယခုလာမယ့် နိုဝင်ဘာလ(၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ကြမှာပါ။ မြန်မာပြည် တစ်ပြည်လုံးဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေမှာ အလွှာအသီးသီးပါပဲ။ အထူးခြားဆုံးကတော့ ခေတ်ပညာတတ်လူငယ်တွေအတော်များများပါဝင်လာခဲ့တာကိုလည်း မြင်ရပါတယ်။

။ ဒီအတွက် ကိုယ်ကျိုးစွန့်ရဲကြတဲ့ခေတ်လူငယ်တွေပါလာတာကြည့်ပြီး ပြည်သူတွေလိုလားနှစ်သက်သဘောကျမယ့် နိုင်ငံရေးတော့ နီးလာနေတာတော့ အမှန်ပါပဲ။ ဒါကြောင့် ၂၀၂၀ မြန်မာ့နိုင်ငံရေးဟာ စုပေါင်းအစိုးရနဲ့ဖြစ်လာနေတော့မယ်လို့ပဲ ပြောပါရစေ။

အဲးခိုး (၂၆.၇.၂၀၂၀) ရက်နေ့။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

နိုင်ငံရေးခေါင်းဆောင်ဆိုတာ

ပြည်သူကို မလိမ်ရဘူး။ မညာရဘူ။ မိမိကိုယ်ကျိုးအတွက် မထားရဘူး။ အားလုံးအတွက် တာဝန်ခံရမယ်။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

လူကောင်းလူတော်ရွေးယူဖို့

အထွေထွေရွေးကောက်ပွဲနီးလာတော့ နိုင်ငံရေးလူလည်ကြီးတွေက နေရာပြန်ရဖို့ ပြည်သူတွေကို အမျိုးမျိုးနဲ့ချည်းကပ်နေတာတွေ့ရတော့ စိတ်ပျက်စရာပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ လူကောင်းလူတော်ရွေးယူဖို့ ကြိုးစားကြဖို့ တိုက်တွန်းပါတယ်။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

စိတ်ကုန်နေအောင်လုပ်ပြနေကြ

မြန်မာ့နိုင်ငံရေးဟာ တဖြည်းဖြည်းနဲ့လူတွေစိတ်ကုန်စရာကြီးဖြစ်လာတယ်။ ဘာကြောင့်လဲဆိုရင် စိတ်ကုန်နေအောင်လုပ်ပြနေလို့ပါပဲ။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

အတွေ့အကြုံတွေနဲ့သာ ကြိုးစားကြဖို့ပါပဲ။

ယနေ့ မြန်မာပြည်မှာ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ပျက်နေကြတယ်လို့ ပြောဆိုနေကြပါတယ်။ တကယ်တော့ နိုင်ငံရေးဟာ စိတ်ကူးသလိုတော့ မဖြစ်နိုင်ပါဘူး။ စိတ်ထိခိုက်စရာလည်း မရှိပါဘူး။ အတွေ့အကြုံတွေနဲ့သာ ကြိုးစားကြဖို့ပါပဲ။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး ဖွံ့ဖြိုးရေး အဲးခိုး

အမေရိကန်ရှိ ၊ ကုလသမဂ္ဂရုံးတွင် ရေးထိုးခဲ့သည့် အမှတ်တရမှတ်တမ်းစာ။

အမေရိကန်ရှိ ၊ ကုလသမဂ္ဂရုံးတွင် ရေးထိုးခဲ့သည့် အမှတ်တရမှတ်တမ်းစာ။

ငြိမ်းချမ်းရေးကို

လိုလားနှစ်သက်သည်။

သတ္တဝါအားလုံး ငြိမ်းချမ်း

သာယာပါစေ။

အဲးခိုး

မြန်မာပြည်

ကရင်ပြည်

24.6.2018

Loading

Categories
ငြိမ်းချမ်းရေး နိုင်ငံရေး

ညီလာခံ အမြင်ချင်းဖလှယ်

၂၁ ရာစု ပင်လုံညီလာခံမှ ပြန်လာသော

  • KNU မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖဒိုစောသမိန်ထွန်း။
  • ဗဟိုကော်မတီဝင် – စောလှထွန်း။
  • တပ်မဟာ(၆) ဒူးပလာယျာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်။
  • (RISE) နန်းမြသီတာ –

တို့အဖွဲ့ သည် ညီလာခံမှရရှိလာသော အကျိုးရလဒ်များကို ကရင်ပြည်နယ်ငြိမ်းချမ်းရေး နာယကချုပ်ဆရာတော် အရှင်ပညာသာမိ (တောင်ကလေးဆရာတော်) ထံမှ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

5/9/2016 (7:30 Am)
သတင်း- ချမ်းရိပ်မွန်

ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး

Loading

Categories
တရားဥပဒေ နိုင်ငံရေး

။ တကယ်ဖမ်းရင် မျှမျှတတဖမ်းပေါ့ ။

။ တခြားပြည်နယ်တိုင်းဒေသတွေက လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ဖမ်း,မဖမ်းတော့ မသိရပါ။ ကရင်ပြည်နယ်၊ဘားအံမြို့တွင်းမှာတော့ ရက်မခြားဘဲ မော်တော်ယာဉ်တွေကို စစ်လိုက်ဆေးလိုက်နဲ့ တရားဝင်မော်တော်ယာဉ်စီးသူတွေကတောင် ခေါ်ယူစစ်ဆေးခံထိတယ်ဆိုတာကတော့ တရားလွန်လာပြီးနဲ့တူပါတယ်, ဆိုတဲ့ ပြည်သူတစ်ဦးရဲအသံကို ယနေ့ ရုတ်တရက်ကြားမိသွားလို့ ဒီပညာပေး၊အသိပေးဆောင်းပါးစာကိုရေးဖြစ်ပါတယ်။

။ ကရင်ပြည်နယ်မှာ စီးကြတဲ့လိုင်စင်မဲ့ မော်တော်ယာဉ်တွေဟာ အခြေခံကျကျလေ့လာရင် တရားမဝင်သွင်းလာကြတဲ့သူတွေကို အရေးယူရမှာပါ။ အဲဒီအထဲက ပါဝင်ပတ်သက်သူတွေပါ အရေးယူရမှာဖြစ်လို့ ပါဝင်ပတ်သက်တဲ့သူတွေဟာ ယနေ့ဘယ်သူဘယ်ဝါဖြစ်ကြပါသလဲဆိုတာ တိတိကျကျဖော်ထုတ်အရေးယူပေးဖို့ ပြည်သူ့ကိုယ်စား တိုက်တွန်းပါတယ်။

။ ကရင်ပြည်နယ်ဟာ ငြိမ်းချမ်းရေးရအောင်စုစည်းအားထုတ်ဆောင်ရွက်တဲ့နယ်မြေဖြစ်လို့ အယောင်ဆောင်သမားတွေက နည်းပေါင်းစုံနဲ့ ဝင်တိုးဖျက်ဆီးနေတာကို မြင်ရပါတယ်။ မူးယစ်ဆေး၊တရားမဝင် လူကုန်ကူးမှု၊တရားမဝင် လောင်းကစားမှုတွေဟာ လှိုင်လှိုင်ကြီးလက်ခံဖွင့်လှစ်ထားတာတွေဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ အိမ်နီးချင်းနိုင်ငံတွေက ကာစီနိုလောင်းကစားပွဲ ဖွင့်ခွင့်မပေးဘဲ အရှင်တို့တိုင်းပြည်ထဲမှာတော့ တရားဝင်အမိန့်ရသလိုပဲ ဖွင့်လှစ်ထားတာဟာ ယနေ့လက်ရှိ ပြည်နယ်အစိုးရနဲ့နိုင်ငံတော်အစိုးရတွေမှာ တာဝန်ရှိပါတယ်။

။ အခုဆိုရင်

(၁) တရားမဝင်မော်တော်ယာဉ်ကုန်ကူးမှုကိုသော်လည်းကောင်း

(၂) မူးယစ်ဆေးဝါးမှုကိုသော်လည်းကောင်း

(၃) တရားမဝင်ကာစီနိုလောင်းကစားမှုကိုသော်လည်း အရေးယူဆောင်ရွက်ပေးဖို့ ပြည်သူတွေက ပြောလာကြပါပြီ။ ပြည်နယ်အစိုးရနဲ့နိုင်ငံတော် အစိုးရမှ ဆောင်ရွက်ပေးမယ်လို့ ယုံကြည်ပါတယ်။ မော်တော်ယာဉ် သိမ်းဆည်းယူတာထက် အပြစ်ပေးအရေးယူပေးဖို့လည်း ဖြစ်သင့်ပါတယ်။

။ အောက်တွင်ဖော်ပြတဲ့ သတင်းဟာ သက်သေပါပဲ။ ခြိမ်းခြောက်တာထက် လက်တွေ့ပြပါလို့ မြင်ချင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကရင်ပြည်နယ်မှ လိုင်စင်မဲ့ ယာဉ်ပိုင်ရှင်များ သိထားရန်

®®®®®®®®®®®®®®®®®®®®®®®®®®®®®®

လိုင်စင်မဲ့ယာဉ်မောင်းနှင်ခွင့် ကတ်ပြားများကို တိုင်းရင်းသား အဖွဲ့အစည်းအမည်ဖြင့် ထုတ်ပေးထားသော်လည်း တရားဝင် မဟုတ်သဖြင့် ဖမ်းဆီးအရေးယူမည်

—— ——— ———

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များကို တိုင်းရင်းသား အဖွဲ့အစည်းအမည် အမျိုးမျိုးဖြင့် လိုင်စင်မဲ့ယာဉ်မောင်းနှင်ခွင့် ကတ်ပြားများ အသုံးပြု မောင်းနှင်လျက်ရှိသော်လည်း တရားဝင် မဟုတ်သဖြင့် ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးသည့် စီမံချက်ကာလတွင် အဆိုပါ ကတ်ပြားများကို အသုံးပြု မောင်းနှင်လျက်ရှိကြကာ နိုင်ငံတော်မှ တရားဝင် ခွင့်ပြုထားသည့် ကတ်ပြားများ မဟုတ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်အေးက ပြောသည်။

“ 9-KB…ကားတွေကို ပြည်သူတွေက တရားဝင်ကားလို့ ထင်နေတာရှိတယ်။ တပ်ဖက်ဆိုင်ရာဖြစ်လို့ အစက နားလည်မှု ပေးထားကြတာပါ။ နေရာတိုင်းမှာ 9-KB တွေများလာတော့ တပ်ဖက် အဖွဲ့အစည်းလည်း ထိခိုက်တယ်။ ပြည်သူတွေကလည်း ပြောလာတယ်။ ဖမ်းဆီးရေးအဖွဲ့က စစ်ဆေးတွေ့ရှိရင် ဖမ်းရမှာပဲ။ ကားမှာ ဒေသလိုင်စင်ဆိုတာ မရှိပါဘူး။ နိုင်ငံတော်က ထုတ်ပေးတဲ့ ကညနလိုင်စင်ပဲ ရှိတယ်။ တခြားအဖွဲ့အစည်း အမည်တွေနဲ့ ထွက်လာတဲ့ ကတ်ပြားတွေလည်း အများကြီးပဲ။ တချို့တစ်သိန်းခွဲ ပေးရတာရှိတယ်။ ၅ သိန်းပေးရတာ ရှိတယ်။ ဘယ်လောက်ပေးရ၊ ပေးရ အဖမ်းခံရရင် ကိုယ်နစ်နာမယ်။ ဒါကိုပြည်သူတွေ သိအောင် တရားဝင်ပြောတာပါ” ဟု ရဲမှူးမြင့်အေးက ပြောသည်။

၎င်းတို့အနေဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီး အရေးယူသည့်အခါ ကိုယ်တိုင် အရေးယူခံရမည်ဖြစ်ပြီး မော်တော်ယာဉ်များကို မော်တော် ဆိုင်ကယ်ကဲ့သို့ ဒေသလိုင်စင် ထုတ်ပေးခွင့်မရှိကြာင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိများက ဖေဖော်ဝါရီ ၂၈ ရက်က ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ လိုင်စင်မဲ့ကားများ ဖမ်းဆီးခဲ့သော်လည်း တာဝန်ရှိသူများ အနေဖြင့် အနည်းငယ် ဖြေလျှော့ပေးကာ တစ်လအတွင်း ကားအစီး ၂၀ ကျော်ကိုသာ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

လက်ရှိအစိုးရ သက်တမ်းကာလအတွင်း ဖမ်းဆီး အရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း လာမည့်အစိုးရသစ် လက်ထက်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး မည်သို့ ဆောင်ရွက်ရမည်ကို မသိရှိသေးကြောင်း သိရသည်။

The Ladies News

Feature Image: The Global New Light of Myanmar (2023) https://www.gnlm.com.mm/traffic-rule-offenders-to-face-legal-action-from-1-september/

Loading

Categories
နိုင်ငံရေး

အဲးခိုး၏ တိုင်းရင်းသားများဆိုင်ရာ ယဉ်ကျေးမှုအခြေခံဥပဒေ၏ လက္ခဏာများ

တိုင်းရင်းသားလူမျိုးများဆိုင်ရာ ယဉ်ကျေးမှုအခြေခံဥပဒေ၏ လက္ခဏာများ – အဲးခိုး

ပြည်ထောင်စုနိုင်ငံရေးစနစ်သည် ခေါင်းဆောင်ဖြစ်ရေး သို့မဟုတ် ခေါင်းဆောင်တင်ရေး မဟုတ်။ ဦးဆောင်ကောင်းရေး သို့မဟုတ် စွမ်းနိုင်သူများကျင့်သုံးရေး ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ရပ်ကဲ့သို့ ရပ်တည်သော နိုင်ငံရေး မဟုတ်။ လူမျိုးရေးအမြင် သတ်မှတ်မှုရှိသော်လည်း ခွဲခြားသတ်မှတ်ခြင်း (သတ်မှတ်မှု) မရှိ။ လူမျိုးစုံပြည်သူတို့၏ထောက်ခံမှုပြု ရသော နိုင်ငံရေးစနစ်ဖြစ်သည်ကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား ဥပဒေပြုရေး အာဏာများကို ခွဲဝေအပ်နှင်းမှုပြုရမည် . . .

Unitary Vs Federal States

● အရင်းခံနိုင်ငံရေးပြဿနာ

မြန်မာပြည်သည် (မြန်မာနိုင်ငံတွင်)

(၁) ဒီမိုကရေစီအခွင့်အရေး ဆိတ်သုဉ်းသည့် ပြဿနာနှင့် 

(၂) တိုင်းရင်းသားလူမျိုးတို့၏ တန်းတူအခွင့်အရေးဆုံးရှုံးသည့် ပြဿနာ (နှစ်ပါး၊ နှစ်မျိုး)တို့ကြောင့် အခြေခံ ဥပဒေပြုရန် ခက်ခဲနေသည်ဟု သုံးသပ်ထားကြသည်။

မြန်မာပြည်သည် စစ်အုပ်ချုပ်ရေး စနစ်အောက်တွင် လွတ်မြောက်ရုံသာရှိ သေးသည်။ အခြေခံဥပဒေတစ်ခု (တစ်မျိုး) တည်တံ့ခိုင်မြဲနိုင်ရန်အတွက် အစိုးရတစ်ရပ်၏ အာဏာကို ပြည်သူတို့၏ ဆန္ဒသဘောထားအပေါ်၌သာ အခြေခံတည်ဆောက်ရမည် ဖြစ်သည်ကြောင့် ပြည်ထောင်စုမူ သို့မဟုတ် ပြည်ထောင်စုစနစ်ဖြင့် အခြေခံဥပဒေတစ်ရပ် တည်ဆောက်နိုင်ရန် (ရေးဆွဲနိုင်ရန်) အခြေခံ ဥပဒေရေးရာ နှီးနှော ဖလှယ်မှုမပြုလုပ်ဘဲ အခြေခံဥပဒေကောင်းထွက်ပေါ်လာမည်မဟုတ်ဟု (ဤအရှင်သည်) ယူဆသည်။ 


● ယဉ်ကျေးမှုဆိုင်ရာဥပဒေ

အခြေခံဥပဒေတစ်ရပ်၌ ဝါဒရေးရာနှင့်ပတ်သက်သော ဥပဒေများ မပါဝင်ရန် (မပါရန်) လို၏။ သမိုင်းပြဥပဒေ စကားလည်းများစွာ မပါဝင်ရန်လို၏။ ခေတ်ကာလ(မျက်မှောက်) အထင်အရှားဖြစ်စဉ် ဖြစ်ရပ်များနှင့် အတူလွယ်ကူစွာပြောင်းလဲ ပြုပြင်နိုင်သော အခြေခံဥပဒေ အမျိုးအစား ဖြစ်အောင် (ရောက်အောင်) ပြုစုရန်လို၏။ တစ်မျိုးသားလုံးတို့၏ မူဝါဒသဘောထားများဆန်ပြီး ပြောင်းလဲပြုပြင်မရသော အခြေခံဥပဒေမျိုး မဖြစ်ရန် ရှောင်ကြဉ် အပ်၏။ ရှုထောင့်အမျိုးမျိုးတို့မှ အခြေပြုနိုင်မည့် ဥပဒေဖြစ်သည် ဆိုသော်ငြားလည်း မိမိတစ်မျိုးသားလုံးတို့နှင့် သက်ဆိုင်နိုင်သည့် ခေတ်စနစ်ဥပဒေဖြစ်ရန်လည်းလို၏။ လူမျိုး သဘောထား၊ ဝါဒသဘောထား၊ အခြေခံမထားသော ဥပဒေမျိုးများဖြစ်ပါက ပြည်ထောင်စု စနစ်ဖြင့်ပြသော ယဉ်ကျေးမှုဆိုင်ရာ ဥပဒေမျိုးကို ပြုစုရေးသားရန် လို၏။ မြန်မာပြည်တွင် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သော တိုင်းပြည်ဖြစ်သည်ကြောင့် ယဉ်ကျေးမှုဆိုင်ရာ ဥပဒေများရေးဆွဲ အတည်ပြုရန်သင့်၏။


● ဝေဖန်သုံးသပ်ခြင်း

ဤအရှင်သည်

(၁) ၁၉၄၇ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ

(၂) ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် 

(၃) ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးစောင်(သုံးကျမ်း)စလုံး၌ အချိန်များစွာယူ၍ လေ့လာသုံးသပ်ပါသည်။

အခြေခံဥပဒေ(၁) (၃)သည်။ လူထုသို့ အာဏာလွှဲပြုနိုင်ရန် ရေးဆွဲသော အခြေအနေဥပဒေဖြစ်သည်ကြောင့် ချို့ယွင်းမှု၊ လိုအပ်မှုများစွာရှိသည်။ (၂)ဖြစ်သော ဥပဒေသည်တစ်ပါတီစနစ်ဖြင့် ရေးဆွဲသော ဥပဒေဖြစ်သည်ကြောင့် ကျင့်သုံးဆောက်တည်၍ မရသောဥပဒေ ဖြစ်သည်။ အာဏာလွှဲပြုနိုင်သော ဥပဒေကျမ်း၂စောင် (နှစ် စောင်)မှ အမှတ်(၃) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမှတ်(၁) ၁၉၄၇ ခုနှစ် ဥပဒေထက် သာလွန် သည်ကို မြင်ရသည်။ ပြုစုရေးအဖွဲ့၏ အားနည်းခြင်း၊ သုံးသပ်မှုအားနည်းခြင်း၊ လွတ်လပ်၍ပြုစုရခြင်း မဟုတ်ခြင်း၊ ပြည်ထောင်စုစနစ်ကို အခြေခံသော ယဉ်ကျေးမှု (နိုင်ငံရေး) ဥပဒေ ဖြစ်အောင် မပြုစုနိုင်ခြင်း၊ ညီလာခံသို့ တက်ရောက်သော အစုအဖွဲ့များ၏ ဥပဒေဆိုင်ရာ ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သော အခြေခံဥပဒေမဖြစ်လာခြင်းဖြစ်သည်။


● ပြည်ထောင်စုဒီမိုကရေစီ တိုင်းပြည်

မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးများ ပေါင်းစုံနေထိုင်၍ ပြည်ထောင်စု စနစ်ဖြင့် တည်ထောင်သော တိုင်းပြည်ဖြစ်သည်။ ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ထောင်သော တိုင်းပြည်ဖြစ်ခြင်းကြောင့် ပထဝီနယ်မြေ သည်လည်း ပြည်ထောင်စုစနစ်ကို အခြေခံသော ပြည်နယ်များဖြစ်သည်။ တိုင်းရင်းသားလူမျိုးတို့၏ ထူးခြားသော အမှတ်အသားများကို ဖျောက်ဖျက်၍ မရဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ စုပေါင်းတည်ဆောက်ထားသော ပြည်ထောင်စုစနစ်တိုင်းပြည်ကြီးဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းရေးမူဖြင့် တန်းတူရည်တူ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်စု အမျိုးသားရေးမူကို တည်ထောင်သော တိုင်းပြည်ဖြစ်သည်ကြောင့်လည်း ကမ္ဘာပေါ်တွင် ထင်ရှားသော ပြည်ထောင်စု ဒီမိုကရေစီတိုင်းပြည်တစ်ပြည်ဖြစ်သည်။


● ပွင့်လင်းစွာရေးဆွဲရန်

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ တည်ထောင်သော တိုင်းပြည်သည် (တိုင်းပြည်တွင်)

(၁) ပြည်ထောင်စုအစိုးရ

(၂) ပြည်ထောင်စုလွှတ်တော်

(၃) ပြည်နယ်/တိုင်းအစိုးရ

(၄) ပြည်နယ်/တိုင်းလွှတ်တော်

စသည်ဖြင့်ထားရှိပြီး ပြည်ထောင်စုနိုင်ငံရေးယဉ်ကျေးမှုကို ကျင့်သုံးဆောက်တည်လာ၍ ကမ္ဘာပေါ်တွင် ဟန်ပြမဟုတ်သော နိုင်ငံရေးဖြစ်ကြောင်း မြင်တွေ့ရသည်။ လူသားတို့၏ ဂုဏ်သိက္ခာကိုတန်ဖိုးထား သည်ကြောင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးစုံစနစ်ဖြင့် ကျင့်သုံး သော မြန်မာပြည်နိုင်ငံရေးစနစ်သည် ကျယ်ပြန့်သောတိုင်းရင်းသားများစွမ်းရည်သတ္တိအပေါ်၌ အခြေတည်ပါသည်။ အရည်အချင်းရှိခြင်းသည်သာ အမြင့်ဆုံးသော ခေါင်းဆောင်အဖြစ်၌ တည်နေသည်ကြောင့် ပြည်ထောင်စုယဉ်ကျေးမှုဆိုင်ရာ တရားဥပဒေကို အခြေခံဥပဒေ၌ ပွင့်လင်းစွာရေးဆွဲနိုင်ရန် အရေးကြီးသည်။ တူညီသော ကာကွယ်စောင့်ရှောက်မှုရှိရမည်။

ပြည်ထောင်စုနိုင်ငံရေးစနစ်သည် ခေါင်းဆောင်ဖြစ်ရေး သို့မဟုတ် ခေါင်းဆောင်တင်ရေးမဟုတ်။ ဦးဆောင်ကောင်းရေးသို့မဟုတ် စွမ်းနိုင်သူများကျင့်သုံးရေး ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ရပ်ကဲ့သို့ ရပ်တည်သော နိုင်ငံရေး မဟုတ်။ လူမျိုးရေး အမြင်သတ်မှတ်မှု ရှိသော်လည်း ခွဲခြားသတ်မှတ်ခြင်း (သတ်မှတ်မှု) မရှိ။ လူမျိုးစုံပြည်သူတို့၏ ထောက်ခံမှုပြုရသော နိုင်ငံရေးစနစ်ဖြစ်သည်ကြောင့် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ဥပဒေပြုရေး အာဏာများကို ခွဲဝေအပ်နှင်းမှုပြုရမည်။ (ပြုထားသည်) ဥပဒေပြုခြင်းအာဏာများကို ကန့်သတ်ခြင်းမထား ရ။ ပြည်ထောင်စု ကို အာဏာလွှဲအပ်ထားခြင်း မရှိရ။ အာဏာခွဲဝေရေးစနစ် ကို ပြည်ထောင်စုဥပဒေစနစ် အတိုင်း ခွဲဝေကျင့်သုံးရမည်။ ဥပဒေခွဲဝေ ကျင့်သုံးရေးအာဏာကို ပေးထားသည်ဆို သော်ငြားလည်း ဗဟိုဦးစီးချုပ်ကိုင်မှု မူကို လက်ခံကျင့်သုံးခြင်းမရှိရ။ ပြည်ထောင်စုနိုင်ငံအဖြစ် စုစည်းနေထိုင် မည့်စနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုစနစ်ကို တည်ဆောက် ကြရန်ဖြစ်သည်ကြောင့် ဥပဒေ လွှမ်းမိုးမှုအောက်၌ တူညီသောကာကွယ်စောင့်ရှောက်မှု ရှိရမည်။ 


● လွတ်လပ်သော တရားစီရင်ရေး မထိခိုက်ရ 

ပြည်ထောင်စုစနစ်ဖြင့် တည်ထောင်သော နိုင်ငံရေးစနစ်သည် တရားစီရင်ရေးအာဏာသည် ဥပဒေပြုရေး အာဏာနှင့် စီမံခန့်ခွဲရေးအာဏာ မပတ်သက်ရန်လိုသည်။ (မပတ်သက်ရ) သီးခြားစွာ (စီ) ထားရမည်။ ပြည် ထောင်စုလွှတ်တော်၏ ဥပဒေပြုပြဌာန်းချက်များနှင့် အညီ ပြည်ထောင်စုတရားရုံးများ ဖွဲ့စည်းရမည်။ တရား သူကြီးများသည် လွတ်လပ်စွာ တရားစီရင်ခွင့်ရှိရမည်။ တရားဥပဒေကို တာဝန်ခံရမည်။ တင်ကူးကြံရွယ်ခြင်းဖြင့် ဥပဒေ ချိုးဖောက်ခြင်းမရှိရ။ တရားသူကြီး၏ တရားစီရင်ခွင့် ရှိသော်လည်း တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်ချက်အများကို အရေးယူတရားစွဲဆိုခံရမည်။ တရားသူကြီးများသည် မိမိတို့၏ရာထူးနေရာအတွက်နှင့် လွတ်လပ်စွာ တရားစီရင်နိုင်ငံရေးအတွက် ဥပဒေပြဋ္ဌာန်းလျက်ကာကွယ်ပေးရမည်။ အရေးပေါ်ကာလအတွင်းမည်သို့သော အရေးပေါ်ကာလ အခြေအနေ အောက်တွင်မဆို တရားစီရင်ရေးအာဏာသည် တရားရုံးများတွင်သာ ရှိရမည်။ အထူးတရားရုံးများဖွဲ့စည်း၍ တရားစီရင်ခြင်းများမရှိစေရ။ လွတ်လပ်သော တရားစီရင်ရေးစနစ်ကို မထိခိုက်စေရ။ ပြည်သူလူထုကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပြုရမည်။


● အပ်နှင်းမှုထားပေးရမည်

တည်ငြိမ်အေးချမ်းရေးနှင့် လူ့အခွင့်အရေးများ ပြည့်ဝစွာခံစားနိုင်ရန် ဥပဒေလွှမ်းမိုးရေး (Rule of Law) ၌ အရေးကြီးသည်။ ဥပဒေလွှမ်းမိုးရေး၏အခြေခံများ မည်သူမျှ ဥပဒေ၏အထက်၌ မရှိရေးဖြစ်သည်။ အစိုးရ အဖွဲ့အစည်းဖြစ်စေ၊ မည်သည့် အုပ်ချုပ်ရေးအာဏာပိုင်ဖြစ်စေ၊ ဥပဒေ၏အထက်၌မရှိရ။ အားလုံး ညီညွတ်စွာ တန်းတူရည်တူဥပဒေ၏ လွှမ်းမိုးမှုကို လက်ခံကျင့်သုံးရမည်။ ဥပဒေကို လေးစားလိုက်နာရမည်။ တစ်ဦး တစ် ယောက်သည် ဥပဒေ၏ အထက်၌ရှိနေလျှင် နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်မှုအတွက်အာမခံ ချက်ရှိ တော့မည်မဟုတ်။ ထို့ကြောင့် ဥပဒေလွှမ်းမိုးရေးကို အစိုးရနှင့် အုပ်ချုပ်ရေး အာဏာပိုင်များသည် အခြေခံဥပဒေ ပြဌာန်းချက်များကို လေးစားလိုက်နာရန် ဥပဒေ နှင့် အညီ ပြုမူလုပ်ဆောင်ရန် တာဝန်ရှိသည်။ နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းပါရှိသောမိမိတို့၏ အခွင့်အရေးကို ထိပါးခြင်းခံရလျှင် ပြည်ထောင်စုတရားရုံးသို့ တိုင်တန်းခွင့်ရှိသည်။ ယင်းအတွက် စီရင်ပိုင်ခွင့်အာဏာကို ပြည်ထောင်စု တရားရုံးတော်များသို့ အပ်နှင်းမှုထားပေးရမည်။


● တိုင်းပြည်အုပ်ချုပ် ရေးတာဝန်ရှိသူများ

ဥပဒေလွှမ်းမိုးရေး၏ အခြေခံအဖြစ် လွတ်လပ်၍ ရွေးကောက်ပွဲများရှိလာသည်။ တိုင်းပြည်တစ်ပြည်တွင် လွတ်လပ်၍ ရွေးကောက်ပွဲများမရှိလျှင် အာဏာရှင်များ အစဉ်တစ်စိုက်ကြီးစိုး၍ အာဏာရနေမည်။ ယင်းပုဂ္ဂိုလ်တို့ကြောင့် ပြဋ္ဌာန်းသော ဥပဒေများလည်း အာဏာလွှမ်းမိုးသော ဥပဒေဖြစ်မည်။ (ဥပမာ မြန်မာပြည်စစ်အုပ်ချုပ် ရေးကာလများကို ကြည့်ရှုနိုင်သည်။ လေ့လာနိုင်သည်။) တိုင်းပြည်အုပ်ချုပ်ရေးသည် စစ်တပ်မဟုတ်။ စစ်တပ်သည် တိုင်းပြည်ကာကွယ်ရေးသာ တာဝန်ရှိသည်။ ဥပဒေလွှမ်းမိုးမှုကို လက်ခံရမည်။ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို လူထုကိုယ်စားလှယ်များသာ ဖြစ်ရမည်။ ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးကို ပြည်ထောင်စုတပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ မည်သူ့ကိုမျှ ခန့်အပ်ခြင်းမရှိရ။ စစ်ဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းမရှိရ။ လူထုအုပ်ချုပ်ရေး လွှမ်းမိုးမှုသဘောတရားကို ကျင့်သုံးခြင်းဖြစ်သည်ကြောင့် လူထုကိုယ်စားလှယ်သည်သာ တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ရှိသည်။


● ပါတီစုံစနစ်မှန်လျှင်

နိုင်ငံရေးစနစ်သည် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်ဟု မှန်လျှင် နိုင်ငံရေးပါတီများကို လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်၊ နိုင်ငံရေးတွင် လွတ်လပ်စွာပါဝင်ဆောင်ရွက်ခွင့်ရှိစေရန် အာမခံ၍ ဥပဒေနှင့်အညီ ပြဋ္ဌာန်းမှုပြုပေးရမည်။

(၁) ရုပ်သိမ်းခွင့်မရှိသော အခြေခံအခွင့်အရေးများအဖြစ် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ခွင့်ရှိစေရမည်။

(၂) အခြေခံလွတ်လပ်ခွင့်များအဖြစ် ထုတ်ဖော်ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းဖြန့်ချိခွင့်ရှိရမည်။

(၃)လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် ပါဝင်ခွင့်ရှိရမည်။

(၄) နိုင်ငံရေးရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခွင့်၊ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးချယ်တင် မြှောက် ပိုင်ခွင့်ရှိရမည်ဟု ပြဋ္ဌာန်းပေးရမည်။


● နိဂုံး

လွတ်လပ်သော တိုင်းပြည်တစ်ပြည်၌ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် 

(က) နိုင်ငံရေး

(ခ) အုပ်ချုပ်ရေး

(ဂ) စီမံခန့်ခွဲရေး အာဏာတို့ကို လက်တွေ့ကျင့်သုံးနိုင်ရေးအတွက် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် (နိုင်ခွင့်) ရှိသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံရေးစနစ်ဖြင့်တည်သော တိုင်းရင်းသားလူမျိုးများဆိုင်ရာ ယဉ်ကျေးမှုဥပဒေကို ရေးဆွဲအတည် ပြု ပြဋ္ဌာန်းပေးနိုင်ရန် မျှော်လင့်ပါသည်။

နိုင်ငံရေးညီမျှမှုသာ အရေးကြီးပါသတည်း။ 

တောမှီရဟန်း (အဲးခိုး)
(၁၅.၁၂.၂၀၁၅)

ရင်းမြစ် ။ ။ https://www.facebook.com/photo/?fbid=920975074664119&set=a.245215715573395


Featured Image: Lokal_Profil, CC BY-SA 2.5 https://creativecommons.org/licenses/by-sa/2.5, via Wikimedia Commons

Loading