Categories
စကားလက်ဆောင်

။ ပါရမီခိုင်မှ ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~~
။ လာဘ်နှင့်တွေ့ရင် ဝေးဝေးရှောင်။
။ လူနှင့်ပေါင်းသင်းရင် သတိဆောင်။
။ အသွင်များရင် အဖျက်ယောင်။
။ သာယာများရင် အမြင်ပြောင်။
။ မက်မောများရင် ရင်နာကြောင်။
။ တွယ်တာတတ်ရင် ဒုက္ခလှောင်။
။ ခေါင်းဆောင်မတတ်ရင် ပြည်ပျက်မှောင်။
။ ကျော်ကြားများရင် အဖျက်ကောင်။
။ ပစ္စည်းများရင် အန္တရာယ်ထောင်။
။ မကောင်းများရင် အကျိုးမှောင်။
။ ပါရမီခိုင်မှ အကုန်အောင်။

တောင်ကလေးဆရာတော်
(၈.၇.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ နံနက်ခင်းဩဝါဒကထာ(စကား)။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~~
။ လူဖြစ်ရင် မိမိအကျိုးအတွက် မငဲ့ကွက်ပါနှင့်။
။ အများကောင်းကျိုးအတွက် အမြဲတမ်းထားပါ။
။ သံသရာလွတ်မြောက်ဖို့အတွက် ကြိုးစားအားထုတ်ပါ။
။ လူညံ့မဖြစ်အောင် ကြိုးစားပါ။
။ ကောင်းမှုကို မိမိအတွက် မဖြစ်ပါစေနှင့်။
။ ဘဝကောင်းစားရေးအတွက် မလုပ်ပါနှင့်။
။ ထင်ပေါ်ကျော်ဇောရေးအတွက်လည်း မလုပ်ပါနှင့်။
။ လူညံ့အရာအားလုံးကို ရှောင်နိုင်ပါစေ။
။ လူတိုင်းအပေါ် မေတ္တာတရားအားကြီးပါစေ။
။ မြင့်မြတ်သူတို့ရဲ့ ပါရမီအလုပ်ကို အသက်ပေး၍ လုပ်ကိုင်ပါစေ။
။ မျဉ်းဖြောင့်လိုမဟုတ်တဲ့ဘဝကို လောကဓမ္မအတိုင်း စိတ်ထားသန့်သန့်နှင့်ကျော်လွှားပါစေ။

တောင်ကလေးဆရာတော်
(၇.၇.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ စိတ်ဓါတ်အရင့်အသန်ဖြင့် ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~~
။ လူဆိုတာ မြတ်နိုးခြင်းခံရမှုအတွက် မဖြစ်စေချင်ပါနှင့်။
။ စော်ကားခြင်းခံရမှုအတွက်လည်း မဖြစ်စေပါနှင့်။
။ အပြစ်မမြင်၊ရန်မဆင်ဘဲ နေတတ်ရမယ်။
။ ဘယ်အရာမဆို တုံ့ပြန်မပြု ခွင့်လွှတ်နိုင်ရမယ်။
။ သည်းခံခြင်းကို အလေးဂရုပြုရမယ်။
။ သက်ရောက်အားနှင့်တုံ့ပြန်အား သတိထားပါ။
။ ဓမ္မနည်းလမ်းကို နှလုံးသွင်းပါ။
။ အစွန်းရောက်အကျင့်စရိုက်ကို ရှောင်ရှားပါ။
။ စိတ်အလိုလိုက်မှု သတိကြီးစွာထားပါ။
။ စိတ်အလိုဆန္ဒဆန့်ကျင်မှု နားလည်ပါစေ။
။ စိတ်ဓါတ်အရင့်အသန်ဖြင့် ဘဝကိုတည်ဆောက်ပါစေ။

တောင်ကလေးဆရာတော်
(၂.၇.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ သစ္စာတရား တန်ဖိုးထား ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~~
။ မှန်ကန်စွာ ဆက်ဆံပါ။
။ အမှန်ကို နှစ်သက်မြတ်နိုးပါ။
။ မှားယွင်းစွာ မဆက်ဆံပါနှင့်။
။ ဖြောင့်မတ်စွာ ဆက်ဆံခဲ့ကြပါစေ။
။ ဖြောင့်တန်းမှုကို ဖော်ပြရဲပါစေ။
။ အတွေးအမြင် မကောက်ပါစေနှင့်။
။ မရိုးမဖြောင့်အောင်လည်း မလုပ်ပါနှင့်။
။ တည်သောကတိ မြဲပါစေ။
။ မြဲသောသစ္စာ ခိုင်ပါစေ။
။ စကားအဖြစ် သစ္စာတရားမဟုတ်။
။ တည်သောတရားသာ သစ္စာတရား။
။ လူမှုရေး၌ သစ္စာတရားတန်ဖိုးထားကြပါစေ။

တောင်ကလေးဆရာတော်
(၁.၇.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ စည်းကမ်းဥပဒေကိုလိုက်နာကျင့်သုံးပါ ။

Loading

Categories
စကားလက်ဆောင်

။ အေးမြပါစေ ။

Loading

Categories
စကားလက်ဆောင်

။ လွတ်လမ်းကိုရှာပါ ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~~
။ ကိလေသာလွတ်လမ်းကို ရှာပါ။
။ လွတ်မြောက်နိုင်ရေးအတွက် နောက်မဆုတ်ပါနှင့်။
။ သူတော်ကောင်းလမ်းစဉ်အတိုင်း ကျင့်ပါ။
။ ကိုယ်ကျင့်တရား ဖြူစင်ပါစေ။
။ ရှာသည့်အတိုင်း နည်းလမ်းကောင်းပါစေ။
။ တွေ့သလိုမျိုး မတုန်လှုပ်ဘဲ ဆက်လျှောက်ရဲပါစေ။
။ မိမိအတွက်ကိုယ်လွတ်ရုန်း တတ်ပါစေ။
။ အများအတွက် တာဝန်ကျေပါစေ။
။ သိစိတ်နှင့် အမြဲတည်ပါစေ။
။ ဆူပွက်ခြင်းအဓမ္မကို ငြိမ်းသတ်ပါစေ။
။ ငြိမ်သက်အေးချမ်းခြင်းဓမ္မဖြင့် လွတ်လမ်းကို ဖြတ်သန်းပါစေ။

တောင်ကလေးဆရာတော်
(၃၀.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

မေတ္တာတရားပါမှ

Loading

Categories
စကားလက်ဆောင်

ဓမ္မကိုနှလုံးသွင်းခြင်း

Loading

Categories
စကားလက်ဆောင်

။ မတရားတာ မလုပ်ပါနှင့် ။

။ ပြည်သူကို နည်းပညာအမျိုးမျိုးသုံးပြီး ကိုယ်ယောင်ဖျောက်လိမ်လည်လှည့်ဖြားသည့် နိုင်ငံရေးသမားကို သတိပြုပါ။ ဒီခေတ်မှာ ပိုများလာနေတာကို သတိပြုပါ။

Loading

ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်
ပျော်ရွှင်မှုကဖီး