။ တစ်ခုခုတော့
အကြောင်းရှိပြီ
ပင်ပန်းနေခြင်းလားပါပဲ။
။ တစ်မှုမှုတော့
အကြောင်းပြုပြီ
အကျိုးစုတွေလားပါပဲ။
။ တစ်ယုတယနဲ့
စုထားတဲ့အေးစုတွေ
သည်နေ့ငြိမ်သက်ခြင်းပါပဲ။
တောမှီရဟန်း
(၁၅.၁၀.၂၀၂၁) ရက်နေ့။
Uncategorized
။ တစ်ခုခုတော့
အကြောင်းရှိပြီ
ပင်ပန်းနေခြင်းလားပါပဲ။
။ တစ်မှုမှုတော့
အကြောင်းပြုပြီ
အကျိုးစုတွေလားပါပဲ။
။ တစ်ယုတယနဲ့
စုထားတဲ့အေးစုတွေ
သည်နေ့ငြိမ်သက်ခြင်းပါပဲ။
တောမှီရဟန်း
(၁၅.၁၀.၂၀၂၁) ရက်နေ့။
။ တစိစိ
တစာစာ
သံကလေး မသာသာလည်း
သူအိမ်လေးနဲ့သူပါပဲ။
။ ” မြကျေးငှက်
အုန်းလက်ဖျားက
လက်သမား စာမောင်နှံ
သိုက်ဆောက်ကြပျံ။
စူလို့သာညံ
……………..
မိုးစိုစို ခိုအောင်းတဲ့
ကောင်းတယ်ကွယ့်လေး”
ကလေးတေးကို
ငယ်ငယ်က စာသင်ကျောင်းမှာ
ဆိုခဲ့ကြတာပေါ့။
။ ကဗျာဆို
မမှန်တော့
နားဝင်ပီယံမဖြစ်ပေါ့။
ခုတော့ စာဘူးအိမ်မြင်ရပြန်တော့
စာကျက်ချိန်ရောက်ရင်
စာငှက်အိမ်ပြန်လာရင်
စာကျက်လို့ပျော်။
။ အိမ်ရှေ့ကအုန်းပင်ထက်
စာငှက်လေးအသံဆက်ရင်
ကိုယ်နဲ့လည်းစာတွေကျက်လို့
စာငှက်လိုပဲ။
။ ကိုင်း ဒီနေ့တော့
စာဘူးတောင်းမှာနားမည်လား
စာဘူးအိမ်မှာ အိပ်မည်လား
စာတွေကျက်ဖို့ ထပါတော့။
ကိုရင်ဖိုးခွေး( မန်းမြေ)
(၉.၁၀.၂၀၂၁) ရက်နေ့။
။ သူတစ်ပါးက အဖက်မလုပ်လည်း ဝမ်းမနည်းပါနှင့်။
။ တစ်ယောက်တည်း နေရရင်လည်း ဝမ်းမနည်းပါနှင့်။
။ ကြီးကျယ်ခမ်းနားထည်ဝါစွာ နေထိုင်ရလည်း ဝမ်းမသာပါနှင့်။
။ မိမိကို အမြဲတမ်းအနိုင်ကျင့်လည်း ဝမ်းမနာပါနှင့်။
။ မိမိကို အမြဲတမ်းအားပေးသူလည်း ဝမ်းမမြောက်နှင့်။
။ လူ့ဘဝလေးနေရချိန်မှာ အေးအေးမြမြရှိဖို့က အဓိကပါ။
။ ပူပူလောင်လောင် မနေရပါစေနှင့်။
။ အကြင်နာဆိုတာလည်း ထာဝရမဟုတ်ဘူး။
။ မေတ္တာဆိုတာလည်း လက်ဆောင်တွေပါပဲ။
။ မြတ်နိုးမှုဆိုတာလည်း ဆိတ်သုဉ်းခြင်းပါပဲ။
။ ချစ်ခြင်းမေတ္တာလည်း ကုန်ခန်းသွားတတ်တာပါပဲ။
။ ဒီနေ့တော့ တစ်ယောက်တည်းပဲ နေကြည့်လိုက်။
တောင်ကလေးဆရာတော်
(၂၇.၉.၂၀၂၀) ရက်နေ့နံနက်။
။ အကြင်နာတရားကို ထားတတ်ပါစေ။
။ ဒေါသကို စောင့်စည်းတတ်ပါစေ။
။ မေတ္တာတရားကို အမြဲတမ်း ထားတတ်ပါစေ။
။ လူတိုင်းကို ကူညီတတ်ပါစေ။
။ တူညီသည့် အခွင့်အရေးကို တန်ဖိုးထားတတ်ပါစေ။
။ မိမိအကျိုးကို အများအတွက် ပေးတတ်ပါစေ။
။ မိမိကြောင့် အများအကျိုးကို မယုတ်လျှော့ပါစေနှင့်။
။ အများအပြား ပျက်စီးမှုကို ခုခံထိန်းသိမ်း တတ်ပါစေ။
။ လူ့ဘဝတန်ဖိုးကို ဓမ္မဖြင့် မြှင့်တင်တတ်ပါစေ။
တောင်ကလေးဆရာတော်
(၃၁.၈.၂၀၂၁) ရက်နေ့။
။ လူဖြစ်ရင် မမေ့ရက်တွေ၊ မမေ့နိုင်တာတွေ ရှိကြမှာပဲ။ ဘယ်နေ့ကို ကိုယ်ကမမေ့ဘူးလို့ သတ်မှတ်ချင်ကြမှာပဲလေ။
။ အရှင်ကတော့ မမေ့နေ့ကို ဘယ်နေ့ကိုသတ်မှတ်ရမလဲလို့ စဉ်းစားမိတဲ့အခါ ရင်ထဲကပဲ သတ်မှတ်ရတာပေါ့။ ထုတ်ပြောပြလို့မဖြစ်ဘူးလေ။
။ သိချင်တဲ့သူတွေက ” ကိုကြီးအောင်ဖေရယ်၊ အဲလောက်တောင်မှလား၊ ပြောပြမှသိမပေါ့” လို့ဆိုပြီး ကလော်တုတ်နဲ့ ကလော်ကြပေါ့ကွယ်။
။ ကိုကြီးအောင်ဖေကတော့ ဘာကိုဘာမှမပြောပြချင်တော့ ပြောပြချင်တဲ့အရာတွေက ကုန်သွားသလိုပါပဲ။
။ ဒီချိန်မှာ လူတိုင်းလိုလိုပဲ ဘယ်သူမှမပျော်နိုင်ကြတော့ စာရေးရတာကအစ လက်တွေဖင့်လေးပြီး အတွေးတွေကလည်း စိတ်ကြိုက်မရောက်လို့ မမှန်အတွေးတွေ ရောက်နေပေါ့ကွယ်။
။ ရေးပြောပြချင်တာတွေကများတော့ ဒီနေ့ပဲ။ ဘဝတစ်ကွေ့၊ ဘယ် မမေ့ဘူး၊ ဘယ်နေ့ပြန်ဆုံနိုင်ကြမယ်” ဆိုတဲ့ အေးချမ်းသာယာငြိမ်းချမ်းတဲ့နေ့လေးကို ပြန်လည်ဆုံချင်ကြပါသေးတယ်မဟုတ်လားပါ။
ကိုကြီးအောင်ဖေ
(၃၁.၇.၂၀၂၁) ရက်နေ့ညနေခင်းချိန်။
အစားမပုပ်
အိပ်မပုပ်ဘဲ
စိတ်ပုပ်မဲသဲမနေနှင့်။
။ အရှင်သည် ဤ Phlon Education Development Unit ( PEDU) ကို တည်ထောင်ခဲ့သည်မှာ အချိန်ကြာမြင့်နေပါပြီ။ ဤယူနစ်၏ရည်ရွယ်ချက်မှာ ” ဒုက္ခရောက်သူ၊ဝိုင်းဝန်းကူ၊ထိုသူချမ်းသာရောက်” ဖြစ်သည်။ ဤယူနစ်မှ PEDU Youth Networkလူငယ်အဖွဲ့အစည်းကိုလည်း လူထုအထောက်အကူပြုအဖြစ် စီစဉ်ညွှန်ကြားပြုစုထားပေးသည်။
။ ယနေ့ ကာလ၌ ပြည်သူအများခံစားနေကြရသော ကိုဗစ်၁၉ ကပ်ဘေးရောဂါများကို စုပေါင်းကာကွယ်နိုင်ကြစေရန်အတွက် ကရင်ပြည်နယ်၊ဘားအံပြည်သူ့ဆေးရုံကြီးရှိ လူနာများအားတတ်အားသရွေ့ (Volunteer) ကူညီဆောင်ရွက်ပေးနိုင်ရန် လုပ်အားဒါနပြုကြပါပြီ။
။ ယနေ့ (28.7.2021) တွင် PEDU ယူနစ် လူငယ်များ လုပ်အားဒါနပြုနေကြပါပြီ။ အများပြည်သူကိုယ်စိတ်အေးမြကြည်နူးသာယာကြပါစေ။
နာယကဆရာတော်
(၂၉.၇.၂၀၂၁) ရက်နေ့နံနက်။
စိတ်ထားဖြူစင်
ပန်းအသွင်
ကြည်လင်လှပမြဲပါစေ။
အပြစ်မမြင်
ရင်ဝယ်သိုသိပ်
အေးရိပ်မေတ္တာ ပေးသူမှာ
မှန်စွာမိဘပဲ။
တောမှီရဟန်း
။ များသောအားဖြင့်ပရိဒေဝမီးလောင်ကျွမ်းခံရတဲ့အချိန်မှာ လူဟာမိမိကိုယ်ကို ဆင်ခြင်စဉ်းစားဉာဏ်ရှိဖို့လိုတယ်။ အဲဒီချိန်မှာ ဘယ်သူ့အတွက်မှ မစဉ်းစားတော့ဘဲ မိမိဘာသာမိမိခံစားနေရတာတွေကို ဆင်ခြင်စဉ်းစားအောက်မေ့နေပြီး ဘာဝနာစီးဖြန်းအားထုတ်ဖို့ မမေ့သင့်ပါ။
။ သည်လိုလုပ်လိုက်ပါ~
။ ပရိဒေဝမီးတောက်လောင်သည့်အတိုင်း လူဟာ အလိုလိုနဲ့ စိုးရိမ်ပူပန်နေရင်းမှ မအေးမြနိုင်လောက်အောင် ပူပင်ကြောင့်ကြခြင်းဖြစ်နေရချိန်မှာ
🌸 မေတ္တာဘာဝနာ ပွားများပြီးနေပါ။
🌸 စိတ်ကို ထိခိုက်စေခဲ့တာကို မတွေးဘဲ နေပါ။
🌸 မိမိကိုယ်ကို မိမိရရ သမာဓိအားကောင်းအောင်နေပါ။
🌸 သမာဓိရင့်ကျက်လာအောင် ဘာဝနာစီးဖြန်းအားထုတ်မှုကို မလျော့ဘဲနေပါ။
အဲသလိုနေတတ်ပြီးဆိုရင် မေတ္တာဘာဝနာအကျင့်ပါသူဖြစ်ပါပြီ။ ကုသိုလ်စိတ်နှင့်အတူနေထိုင်လျက် အေးချမ်းနေပါပြီ။ အေးမြပါစေ။
တောမှီရဟန်း
(၂၃.၇.၂၀၁၉) ရက်နေ့ညနေပိုင်း။