Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ ကိုယ်ခန္ဓာကို စွန့်လွှတ်ရတဲ့အချိန်မှာ ဝမ်းနည်းမိပါသလား။
။ ဘဝကိုယ်ခန္ဓာကို ပြန်မသိနိုင်တာ ဝမ်းနည်းကြေကွဲရပါသလား။
။ ဘဝကြောင့် အမျိုးမျိုးပြောင်းလဲနေကြရတာဟာ နားလည်မယ်ထင်ပါသလား။
။ ဘဝမှာ ထင်သလိုဖြစ်မလာခဲ့ရင် မိမိကိုယ်မိမိ ဘယ်လိုမြင်နေမိပါသလဲ။
။ ပူပန်ရတဲ့အဖြစ်ဟာ ဝိုင်းစက်နေတဲ့စက်ဝိုင်းလိုပါပဲလေ။
။ အဆက်မပြတ်ဖြစ်နေတဲ့ သည်ခန္ဓာဒုက္ခကို သင်နားလည်ပါသလား။
။ အမြဲမပြတ်ဖြစ်ပျက်ရတဲ့ဘဝလောကကို သင်မြင်နေပြီးသားပါပဲ။
။ သည်နေ့တော့ သင့်အတွက် ကောင်းချီးနေ့ဖြစ်ပါစေ။

တောင်ကလေးဆရာတော်
(၃၀.၆.၂၀၂၂) ရက်နေ့နံနံက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ အချိန်နည်းလာတော့ အချိန်လိုချင်လာ။
။ မရောက်ဖြစ်တော့လည်း အချိန်မပေးနိုင်။
။ သတိရနေလည်း စကားမပြောဖြစ်။
။ သွားချင်မြင်ချင်လည်း အလုပ်မအားလပ်။
။ ပေးချင်ကမ်းချင်လည်း ကိုယ်တိုင်မရောက်နိုင်။
။ အားပေးချင်ပေမယ့် ပြန်ပြီးမမြင်ကြ။
။ အကြောင်းကြားပေမယ့် ကိုယ်တိုင်မကူညီနိုင်။
။ မေတ္တာရှိပေမယ့် ဘဝတစ်ခုဆီခြား။
။ ကူညီချင်ပေမယ့် အခွင့်အလမ်းမသာ။
။ အတူနေပေမယ့် ရင်တွင်း၌မအေးရ။
။ အဲဒီတော့ နေတတ်သလိုသာ နေတတ်စေ။

တောင်ကလေးဆရာတော်
( ၂၉.၆.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ဘဝမှာ မေ့ခဲ့ရတာတွေ
> မောပန်းခဲ့ရတာတွေ
> ပူလောင်ခဲ့ရတာတွေ
> ကြမ်းတမ်းခဲ့ရတာတွေ
> နာကြည်းခဲ့ရတာတွေ
> ထိတ်လန့်ခဲ့ရတာတွေ
> စိုးရိမ်တကြီးဖြစ်ခဲ့ရတာတွေ
> ငိုကြွေးခဲ့ရတာတွေ
> မပိုင်ခဲ့ရတာတွေ
> မနိုင်ခဲ့ရတာတွေ
> မဆိုင်ခဲ့ရတာတွေ
> မသာခဲ့ရတာတွေ
> သာခဲ့ရတာတွေ
> ဒဏ်ရာအမျိုးမျိုးရခဲ့တာတွေ
သည်နေ့တော့ဖြင့်

။ လောကခရီး၊ သားသမီးတို့၊ ရေ,မီးပင်လယ်၊ ကျယ်လည်းကျယ် ရွယ်တိုင်းမမြောက်ဘူးလို့ပဲ အဆုံးအမပေးလိုက်ပါတယ်။

တောင်ကလေးဆရာတော်
(၂၇.၆.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ ခိုင်မြဲခြင်းမရှိပါ။
။ ပြောင်းလဲခြင်းသာ အမှန်ရှိသည်။
။ မေ့နေသူ မဖြစ်ပါနှင့်။
။ နိုးကြားသူ ဖြစ်ပါစေ။
။ ထိခိုက်နစ်နာအောင် မနေနှင့်။
။ အာရုံသစ်နောက်ကို မလိုက်နှင့်။
။ စိတ်သစ်ဖြင့် ရပ်တည်ပါ။
။ သဘောချင်းကွဲလွဲမှုကို သတိထားပါ။
။ ကုန်ဆုံးချုပ်ငြိမ်းမှုအသိစိတ်ကို နားလည်ပါ။
။ အမှန်မသိမှုကို သိနေပါ။
။ အစွဲအလမ်းမကုန်မှုကို ဆင်ခြင်သုံးသပ်ပါ။
။ သင် အသစ်မထပ်၊အစသတ်သူပြတ်သူဖြစ်ပါပြီ။

တောင်ကလေးဆရာတော်
(၉.၄.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ ပျင်းရိပြင်းတွဲ မနေပါနှင့်။
။ ကြိုးစားဖို့လည်း မမေ့ပါနှင့်။
။ မေ့မေ့မြောမြော မဖြစ်ပါနှင့်။
။ အရာရာကို သတိထားပါ။
။ မနိုင်တာကို မထမ်းပါနှင့်။
။ မပိုင်တာကို ပိုင်ဆိုင်ခွင့် မယူပါနှင့်။
။ သူ့ကို ကိုယ်မပိုင်လေနှင့်။
။ မိမိကိုယ်ကိုလည်း ပိုင်ခွင့်မယူပါနှင့်။
။ တစ်နေ့အတွက် ဖြစ်ပျက်ခဲ့တာ မြင်အောင်ကြည့်။
။ သူ့တွက်ကိုယ့်တွက် မတွက်ထားနှင့်။
။ သူပျက်ကိုယ်ပျောက် ဖြစ်ကြလိမ့်မည်။
။ သူသူငါငါ ကိုယ့်တရားသာ ရှိကြစေ။

တောင်ကလေးဆရာတော်
(၇.၄.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အရာရာကို သည်းခံပါ။
။ လမ်းမှန်ကို သွားပါ။
။ လိုချင်မှုတစ်ခုတည်းနဲ့ မပြီးစီးနိုင်ပါဘူး။
။ အမှားကို မငြင်းဆိုပါနှင့်။
။ အမှားရဲ့နောက်ကွယ်ကို အမြဲတမ်းကြည့်ပါ။
။ အရိပ်ဆိုတာ ကိုယ်နောက်ပါစမြဲ။
။ အကျိုးတစ်ခုထင်လာတိုင်း ဆင်ခြင်ဖို့ မမေ့ပါနှင့်။
။ သူသူငါငါ မိမိဝန်တာနဲ့ပါပဲ။
။ သူတစ်ပါးအကျိုးပျက်ပြားအောင် အားမထုတ်ပါနှင့်။
။ မိမိအကျိုးပျက်ပြားအောင်လည်း အားမထုတ်ပါနှင့်။
။ သူတစ်ပါးရဲ့ စော်ကားပြစ်တင်မှုကို သည်းခံပြီးခံယူလိုက်ပါ။
။ အလေ့အကျင့်ကောင်းသူဟာ ထူးသူပါ။
။ အောင်သောအကျင့်ဟာ ခိုင်သောဘဝအတွက်ပါပဲ။
။ နောက်ပိတ်ဆုံး မိမိကိုယ်သာ သနားပါစေ။

တောင်ကလေးဆရာတော်
ခေတ္တ/ အမေရိကန်ပြည်ထောင်စု။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒ ကထာ (စကား) ။

။ ခံယူချက် မညံ့ပါနှင့်။
။ ခံယူချက် မပျက်ပါနှင့်။
။ အသက် ကို ပဓာနထားစေ။
။ အတွက်ကို နိုင်သလောက်လုပ်။
။ မခိုမကပ်အောင် လုပ်။
။ အရှုပ်ကို ရှင်းထား။
။ အလင်းကို မြင်အောင်ကြည့်။
။ အကျိုးကို နားလည်။
။ အကြောင်းကို ဖလှယ်။
။ ဖြောင့်မတ်တည်ကြည်စွာ နေတတ်ပါစေ။
တောင်ကလေးဆရာတော်
(၂၉.၉.၂၀၂၀) ရက်နေ့ နံနက်။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်း သြဝါဒ (ကထာ) ။

။ စောင့်ရှောက်ရေးအလုပ်နှင့် ကူညီရေးအလုပ်ကို မမေ့ပါနှင့်။
။ ကူညီရေးအတွက် ဒါနပြုပါ။
။ စောင့်ရှောက်ရေးအတွက် သီလပြုပါ။
။ ဘဝနှင့်စည်းစိမ်ပြည့်စုံမှုကို မမျှော်ကိုးပါနှင့်။
။ စိတ်ဓာတ်ဖြူစင်စွာထားပြီး စောင့်ရှောက်ပါစေ။
။ ဝမ်းရေးပြဿနာကို ထိန်းတတ်ပါစေ။
။ အထိန်းမဲ့၊ အကွပ်မဲ့ အပြစ်တွေကို မကျူးလွန် မဖျက်ဆီးနှင့်။
။ ပတ်ဝန်းကျင်ကို ပြုပြင်ဆောင်ရွက်ပေးပါ။
။ ဆုတ်နစ်သောသူ မဖြစ်စေနှင့်။
။ တက်ကြွသောသူလည်း မဖြစ်ပါစေနှင့်။
။ သစ္စာတရားနှင့်သာ ယှဉ်တတ်ပါစေ။

တောင်ကလေးဆရာတော်
(၂၇.၀၉.၂၀၁၈)ရက်နေ့။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ မိမိကိုယ်ကျင့်သီလကို လုံခြုံပါစေ။
။ မိမိဆောင်ရွက်မှုလုပ်ငန်း တည်ငြိမ်ပါစေ။
။ မိမိအားထုတ်မှုအရာ မှန်ကန်ပါစေ။
။ မိမိခံယူသည့်အယူဝါဒီ မမှားပါစေနှင့်။
။ မိမိအမှားကြောင့် သိမ်ငယ်စိတ်ဝင်တတ်သည်။
။ သိမ်ငယ်စေသော အပြုအမူ မပြုမိပါနှင့်။
။ မေ့ပျောက်မရသော အပြစ်တရားတွေ မပြုမိပါစေနှင့်။
။ သံသယဖြစ်စရာအကြောင်းတွေ မလုပ်မိပါစေနှင့်။
။ မေ့မရသောအပြစ်တရားများ အားမထုတ်မိပါစေနှင့်။
။ သင့်အတွက် ပူပန်မှုမဆုံးနိုင်သောအရာများ မပြုမိပါလေနှင့်။

တောင်ကလေးဆရာတော်
(၃၀.၈.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ကိလေသာမီး အဝိုင်းမခံပါနှင့်။
။ မီးလွတ်အောင် နေပါ။
။ ဘဝသစ်သစ်လည်း မရှာပါနှင့်။
။ ရင့်အိုရသည့်မီး လောင်လို့မဆုံးနိုင်။
။ ပြင်းထန်စွာ တုန်လှုပ်သည့်မီး သတိရှိပါ။
။ နေ့ည စိတ်ဖြစ်မီး သတ်ပစ်ပါ။
။ သားသမီးမီးလည်း အလောင်မခံပါစေနှင့်။
။ ပစ္စည်းမီးလည်း နေ့စဉ်ငြိမ်းသတ်ပါ။
။ ဒုက္ခပေးသောမီးတွေကိုလည်း ငြှိမ်းသတ်ပါ။
။ သတိထားရမယ့်မီးအားလုံးကို ကင်းကင်းရှင်းရှင်းနေပါ။

တောင်ကလေးဆရာတော်
(၁၂.၈.၂၀၂၀) ရက်နေ့နံနက်။

Loading