Categories
ပညာရေး

တောင်ကလေးဆရာတော် ပညာဒါန ဆုချီးမြှင့်ပွဲ အစိုးရနှင့်ငြိမ်းချမ်းရေးအဖွဲ့များ တက်ရောက်

ဘားအံ၊ မေ ၉၊ ၂၀၁၅။

ကရင်ပြည်နယ်နှင့် ဘားအံမြို့နယ်အသင်း (ရန်ကုန်)ရှိ (၂၀၁၃- ၂၀၁၄) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်၍ ၃ ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများအား ““တောင်ကလေးဆရာတော်ပညာဒါနဆု””ချီးမြှင့်ပွဲကို တောင်ကလေး ပရိယတ္တိစာသင်တိုက် ဘားအံမြို့၌ ၉-၅-၂၀၁၅ နေ့၊ စနေနေ့ည ၇ နာရီ တွင် ဘာသာပေါင်းစုံမှဘာသာရေး ခေါင်းဆောင်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဆုရကျောင်းသားကျောင်းသူများနှင့် မိသားစုဝင်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၅၀၀ ကျော် တက် ရောက်ကြသည်။…

ကရင်ပြည်နယ် ထူးချွန်လူငယ်များ

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဒေါ်သိမ့်သိမ့်ဇော် (အလယ်တန်းပြဆရာမ၊ အထက (၂) ဘားအံ)နှင့် တွဲဘက်အခမ်း အနားမှူးအဖြစ် ဒေါ်ပိုးအိဖြူ (အထက်တန်းပြဆရာမ၊ အထက(ခွဲ) (၁)တို့ကဆောင်ရွက်သည်။ အခမ်း အနားတွင် ဘားအံမြို့နယ် တောင်ကလေးဘုန်းတော်ကြီးသင် ပညာ ရေးကျောင်းမှ ကျောင်း သား၊ ကျောင်းသူလေးများမှ ““ကျွန်ုပ်တို့၏ဆန္ဒ””ဆောင်ပုဒ်ကို ကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရွတ်ဆို၍ အခမ်း အနားဖွင့်လှစ်သည်။

ထို့နောက် ပညာဒါနဆုချီးမြှင့် ပွဲပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ တောင်ကလေးဆရာတော် အရှင် ပညာသာမိ (တောမှီရဟန်း)ပေးပို့သည့် ချီးမွမ်းဂုဏ်ပြုသည့် သြဝါဒ ကထာကို မြဝတီတောင်ကလေး အေးရိပ်သာကျောင်းမှ ဆရာတော် အရှင်အဂ္ဂဝံသ (ကရင်ပြည်နယ် ငြိမ်းချမ်းရေးဦးဆောင်မှုကော်မတီ (KPC) တာဝန်ခံနှင့် ကရင်အမျိုး သား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေး (KUPC)ဗဟို ကော်မတီဝင်)က ဖတ်ကြားသည်။

မြဝတီတောင်ကလေး အေးရိပ်သာကျောင်းဆရာတော် ဥူးအဂ္ဂဝံသ

ထို့နောက် ပညာဒါန ရွှေစင်ဆုရကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်း ဂုဏ်ပြုဆုများကို ချီးမြှင့်သည်။ ၆ ဘာ သာဂုဏ်ထူးရှင် ၃ ဦး၊ မယွန်းရွှေလွှာ (အထက(၁) ဘားအံ)၊ မမြမျက်သွယ် (အထက (၂)စမ်းချောင်း) ၊ မောင် ကျော်ဇင်ပိုင်သိန်း (အထက(၅)တာမွေ)တို့အား ရွှေစင်ဆု နှစ်ကျပ်သားနှင့် ညီမျှသော ဆုကြေးငွေများကို လည်း ကောင်း၊ ၅ ဘာသာဂုဏ် ထူးရှင် ၆ ဦးအား တစ်ဦးလျှင် ရွှေစင်ဆု တစ်ကျပ်ခွဲသားနှင့် ညီမျှ သော ဆုကြေး ငွေကို လည်းကောင်း၊ ၄ ဘာသာဂုဏ်ထူးရှင် ၂၄ ဦးတို့ အား ရွှေစင်ဆု တစ်ကျပ်သားနှင့် ညီမျှသော ဆုကြေးငွေ ကို လည်းကောင်း၊ ၃ ဘာသာဂုဏ် ထူးရှင် ၄၄ ဦးတို့အား ရွှေစင်ဆု ငါးမူးသားနှင့်ညီမျှသော ဆုကြေးငွေကို လည်း ကောင်း တောင်ကလေးဆရာတော်၏အစ်မ ဒေါ်အောင်မြိုင်နှင့် အလှူရှင်များက အသီးသီး ချီးမြှင့်ကြသည်။

ထို့နောက် ကရင်ပြည်နယ်အ တွင်း (၂၀၁၃-၂၀၁၄) ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၃ ဘာသာနှင့် အထက်ဂုဏ်ထူး အများဆုံးရရှိသည့် ကျောင်းများ ပထမဆု ငွေကျပ် ၁၀သိန်းကို အထက (၁) ဘားအံကျောင်း အုပ်ကြီးအားလည်းကောင်း၊ ဒုတိယဆု ငွေကျပ် ၆ သိန်းကို အထက၊ ရွှေဂွန်းကျောင်းအုပ်ကြီးအားလည်း ကောင်း၊ တတိယဆုငွေ ကျပ် ၄သိန်းကို အထက၊ ကြာအင်းဆိပ်ကြီး ကျောင်းအုပ်ကြီးအား လည်းကောင်း အသီးသီးချီးမြှင့်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း ဆုချီးမြှင့်စဉ်

ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ၆ ဘာသာဂုဏ်ထူးရှင် မယွန်းရွှေလွှာ၊ ၅ ဘာသာ ဂုဏ်ထူးရှင် မောင်ဂုဏ်ရည်ထွန်း၊ ၄ ဘာသာဂုဏ်ထူးရှင် နန်းအဉ္ဇလီမြင့်အောင်တို့ က ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြသည်။ ထို့နောက် ပညာဒါန ဆုချီးမြှင့်ပွဲအခမ်းအနားကို “ပညာသမာအာဘာနတ္တိ” ၃ ကြိမ်သံပြိုင် ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။

တောင်ကလေးဆရာတော် (မြန်မာသံတော်ဆင့်ပင်တိုင် ဆောင်းပါးရှင်အဲးခိုး) ပညာဒါနဆုများကို ၁၉၈၆-၈၇ ခုနှစ်ကတည်းကစတင်၍ ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင် သူများကို ရွှေစင် ဆုများ နှစ်စဉ်ချီးမြှင့်ခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးသော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး အတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေး ခြင်းများကိုလည်း နှစ်စဉ်ပြုလုပ် ပေးလျက်ရှိကြောင်း ရွှေစင်ဆု ၁ ကျပ်သားဆွဲကြိုးကို တောင်ကလေး ဆရာတော်၏မယ်တော် အဖွား ဒေါ်နန်းစိန်လှခင် (ဒို့ဗမာအစည်း အရုံး အဖွဲ့ဝင်) ကိုယ်တိုင်ဆုချီးမြှင့် ခြင်းခံရသော ၁၉၉၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၄ ဘာသာဂုဏ်ထူးရှင် မမေ ဖူးအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ယခုနှစ် တောင်ကလေးဆရာတော် ပညာဒါနဆုချီးမြှင့်ပွဲ၌ ဆုကြေး ငွေစုစုပေါင်း ကျပ်သိန်း ၄၀၀ဖိုးခန့် ရှိပြီး တောင်ကလေးဆရာတော် အနေဖြင့် ကျန်းမာရေးအရ အခမ်း အနားမတက်ရောက်နိုင်ခဲ့ဘဲ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ဖတ်ကြားစေခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်၏ တပည့် ရင်းတစ်ဦးဖြစ်သူ ဦးကျော်ထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဇွဲကပင်မျိုးတင့်လေး

ရင်းမြစ် ။ ။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.