Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

။ နံနက်ခင်းချိန် ဩဝါဒကထာ(စကား) ။

လာဘ်လာဘကို ကြိုက်ရင် စရိုက်ကြမ်းတမ်းမယ်။။ စိတ်အလိုကို လိုက်ရင် လူမိုက်ဖြစ်နေမယ်။။ မာန်မာနကို ပိုက်ရင် စိတ်ထားညစ်နွမ်းမယ်။။ သူ့အလိုကို လိုက်ရင် အကျင့်ပျက်စီးမယ်။။ ကိုယ့်အလိုကို လိုက်ရင် မောဟဖိစီးမယ်။။ ဘာသာရေးနောက်ကို လိုက်ရင် အမျိုးမျိုးမှားမယ်။။ နိုင်ငံရေးနောက်ကို လိုက်ရင် အမျိုးမျိုးယုတ်မာမယ်။။ စီးပွားရေးနောက်ကို လိုက်ရင် အကျိုးအမျိုးမျိုးပျက် မယ်။။ လူမှုရေးနောက်ကို လိုက်ရင် အမျိုးမျိုးရှက်ရမယ်။။ နောက် မလိုက် သတိစိုက်ပြီး နေထိုင်စေ။

တောင်ကလေးဆရာတော်(၂.၅.၂၀၁၉)ရက်နေ့။

Loading

Categories
စကားလက်ဆောင်

အ်ှဆံင်းလာဆာ်ကိုဝ်ဟှာဍေ

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

 ။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အာဏာမက်ရင် ခက်ထန်သည်။
။ ဓနမက်ရင် အခက်လန်သည်။
။ ဘဝမက်ရင် အကျိုးယုတ်သည်။
။ မဟုတ်မမှန် လုပ်ကြံရင် အကျည်းတန်သည်။
။ အခဲမကျေစိတ်မွေးရင် ပေပေတေတေ နေရမည်။
။ မာနလွန်ရင် စကားကျွံတတ်သည်။
။ အကုသိုလ်အပြစ် မမြင်တတ်ရင် အသိဉာဏ် လျော့ကျတတ်သည်။
။ ကောင်းသောအသိဉာဏ် မတိုးပွားရင် လူတိုင်းကို ရန်ရှာတတ်သည်။
။ လူသားချင်းကို မစာနာတတ်ရင် နေ့စဉ် နှလုံးပူပန်ရသည်။
။ ကျေးဇူးရှင်ကို ပြစ်မှားရင် နေ့စဉ်အမြဲ ပူလောင်ရသည်။

တောင်ကလေးဆရာတော်
( ၂၃ . ၄ . ၂၀၁၉ )ရက်နေ့။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန် သြဝါဒကထာ(စကား) ။

။ ကိုယ်ပိုင်အလုပ်ကို မေ့နေသမျှ ဒုက္ခကမမေ့ဘူး။
။ ဒုက္ခက မနေရင် ဒုက္ခအကြောင်းကို သေချာသိပါစေ။
။ ပြီးပြီးပျောက်ပျောက် မနေပါနှင့်။
။ အမှတ်တမဲ့ မနေပါနှင့်။
။ မျှော်မှန်းတွက်ချက်တတ်ပါစေ။
။ ဂုဏ်လာဘ်ခြွေရံကျော်စောမှု သတိအမြဲပြုပါ။
။ ရုန်းကန်ရမယ့်အလုပ်ကို ရုန်းကန်ပါ။
။ အရှုံးခံရမယ့်အလုပ်ကို စိတ်ကူးမနေပါနှင့်။
။ အောက်ကျနောက်ကျမဖြစ်ချင်ရင် အချိန်လေးစားမြတ်နိုးပါ။
။ ကုသိုလ်မရတဲ့နေ့ မဖြစ်ပါစေနှင့်။
။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို မဖျက်ဆီးနှင့်။
။ တစ်နေ့အတွက်မမေ့ဖို့ အလေ့ကောင်းကို သတိပြု။

တောင်ကလေးဆရာတော်
( ၃ . ၄ . ၂၀၁၉ )ရက်နေ့။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန် သြဝါဒကထာ(စကား) ။

။ လိမ်လည်မှု လှည့်ပတ်မှု မလုပ်ပါနှင့်။
။ ကိုယ်, နှုတ်, စိတ်မှု အမြဲလုံခြုံပါစေ။
။ ပြစ်မှုရမှ နောင်တမရပါနှင့်။
။ အပြစ်အနာအဆာ ကင်းပါစေ။
။ ကိုယ့်ဝန်ကိုယ်ထမ်း မကန်းပါနှင့်။
။ ကိုယ်လမ်းကိုယ်ထွင် ရှင်းလင်းတတ်ပါစေ။
။ သူရဲဘောကြောင် မဖြစ်ပါနှင့်။
။ မိမိအစွမ်းကို မိမိသိပါစေ။
။ အတတ်လွန် နှုတ်ကျွန် မဖြစ်ပါစေနှင့်။
။ လောဘလွန် လူကျွန် မဖြစ်ပါစေနှင့်။
တောင်ကလေးဆရာတော်
( ၁၃ . ၃ . ၂၀၁၉ )ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ နံနက်ခင်းချိန် သြဝါဒကထာ (စကား) ။

။ ထင်တိုင်းမကြဲနှင့်။
။ မြင်တိုင်း မသဲနှင့်။
။ အကဲခတ်တတ်ပါစေ။
။ အလွဲမများပါနှင့်။
။ စိတ်ထဲရှိသမျှ ဆင်ခြင်တတ်ပါစေ။
။ အသိအမြင် မြင့်ပါစေ။
။ အတွေးအခေါ် မနိမ့်ပါနှင့်။
။ အချိန်အခါကို လေ့လာပါ။
။ မိမိအချိန်ကို တန်ဖိုးဖြတ်ပါ။
။ လေလွင့်ယိမ်းပါး အာမများနှင့်။
။ ဖြုန်းသုံးအပြစ်ထူသူ မဖြစ်ပါနှင့်။
။ အားကိုးအားထားရသူ ဖြစ်ပါစေ။
။ သင်သာ ဆရာဖြစ်ပါစေ။
တောင်ကလေးဆရာတော်
( ၄ . ၃ . ၂၀၁၉ )ရက်နေ့။

Loading

Categories
စကားလက်ဆောင် သမိုင်းရေးရာ

အမေရိကန်ရှိ၊ ကုလသမဂ္ဂရုံးတွင် ရေးထိုးခဲ့သည့် အမှတ်တရမှတ်တမ်းစာ။

ငြိမ်းချမ်းရေးကို
လိုလားနှစ်သက်သည်။
သတ္တဝါများအားလုံး ငြိမ်းချမ်း
သာယာပါစေ။

အဲခိုး
မြန်မာပြည်
ကရင်ပြည်
24/6/2018

ဓာတ်ပုံ ။ ။ အဲးခိုး
အမေရိကန်ရှိ၊ ကုလသမဂ္ဂရုံးချုပ်
(File:Panorama of the United Nations General Assembly, Oct 2012.jpg – Wikipedia)

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး ဖွံ့ဖြိုးရေး အဲးခိုး

အမေရိကန်ရှိ ၊ ကုလသမဂ္ဂရုံးတွင် ရေးထိုးခဲ့သည့် အမှတ်တရမှတ်တမ်းစာ။

အမေရိကန်ရှိ ၊ ကုလသမဂ္ဂရုံးတွင် ရေးထိုးခဲ့သည့် အမှတ်တရမှတ်တမ်းစာ။

ငြိမ်းချမ်းရေးကို

လိုလားနှစ်သက်သည်။

သတ္တဝါအားလုံး ငြိမ်းချမ်း

သာယာပါစေ။

အဲးခိုး

မြန်မာပြည်

ကရင်ပြည်

24.6.2018

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းစကား ။

။ မေတ္တာဖွေးဖြူ ၊ သင်းလှိုင်ကြူ ၊ ကြည်ဖြူအေးမြစေ, ဆိုတဲ့ မေတ္တာပေးဆုပေးသည့်ကဗျာဆောင်ပုဒ်လေးကို ယနေ့နံနက်ခင်းချိန်မှာ ရွတ်ဖတ်ပူဇော်ပြီး တပည့်ဒါယကာအယောက်တိုင်းဆီကို မေတ္တာဝေငှပေးလိုက်ပါပြီ။

။ မိုးလင်းလာတော့ အလုပ်ကစပြီပေါ့။ အလုပ်နဲ့လူ မအားကြတော့ နိုးတာနဲ့ အလုပ်စတာပါပဲ။ ရှိပြီးအလုပ်လုပ်ရသလို မရှိသေးတဲ့အလုပ်တွေ ကြံစည်စိတ်ကူးနေကြရတာပါပဲ။ အဆင်ပြေသူက အေးအေးချမ်းချမ်း အိပ်ယာထရတာပေါ့။ မပြေသူကတော့ တစ်ညပါတ်လုံး လူးကာလှိမ့်ကာ လှည့်ကာနဲ့ မပျော်ရဘဲအိပ်ကြရတာပေါ့။ အကြွေးများသူဖြစ်ရင် ပိုဆိုးနေပေါ့။

။ အင်းပါလေ…. လူဘဝမှာ တကယ်တမ်းတော့ အဟုတ်အမှန်ရယ်လို့ မမြင်ကြသေးရင် အမှန်ကိုမြင်သိဖို့ မလွယ်ကူပါဘူး။ သူသူငါငါ အခက်အခဲတွေနဲ့မို့ ခက်ခဲသလောက် ခက်ခဲကြတာပါပဲ။ အဲဒါကြောင့် မိုးလင်းလာကြပြီးဆိုရင် သည်နေ့ ဘယ်လိုအခက်အခဲများ မြင်ရတွေ့ရဦးမည်လဲပေါ့။ တွေးမိကြလေမှာပါပဲ။ မတွေ့ပါစေနဲ့လေ။

။ သည်နေ့ ဒါယကာတွေအားလုံးကို ”ဘယ်လိုဘယ်လို ခက်ခဲပိုလည်း စိတ်ကိုစိတ်ကို မတိုနဲ့” ဆိုတဲ့ နံနက်ခင်းစကားလေးကို နှလုံးသွင်းပြီး အေးမြရင်မှာ ပြည့်ပါစေ။ နှလုံးစိတ်ဝမ်းအေးမြကြည်သာကြပါစေ။

တောင်ကလေးဆရာတော်
(၂၅-၁၁-၁၇) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ နှိပ်စက်ခြင်း ။

။ ရုပ်တရားက မတရားစွာ မရှိပါဘူး အချိန်မှန်
ပုံမှန်လေးနဲ့ ခန္ဓာကို နှိပ်စက်သွားပေါ့။

။ စိတ်ကလေးက ပုံမှန်လေးနဲ့လိုက်သိသွားရင်
အသိတစ်သိ သိနိုင်ပြီ။

တောမှီရဟန်း

Loading