Categories
စကားလက်ဆောင်

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

သူ့ကိုချစ်တတ်ရင် ကိုယ့်မာနကို လျှော့ချပါ။။သူ့ကိုမုန်းတီးရွံရှာရင် ကိုယ့်ဒေါသကို ချုပ်တည်းထားပါ။။ သူ့ကို ကြင်နာတတ်ရင် ကိုယ့်ကိုယ်ကို မနာလိုဝန်တိုစိတ် လျှော့ပါ။။ သူ့အတွက်ကို ကိုယ်ကျိုးစွန့်တတ်ပါစေ။။ အများအတွက်ကို အမြဲသတ္တိရှိပါစေ။။ ပေးအပ်မှုကို ပေးဆပ်တတ်ပါစေ။။ အမြတ်ထုတ်မှုကို ရန်သူလို မမြင်ပါစေနှင့်။။ ရန်သူမရှိအောင် ရန်ထောင်ခြင်းကို ရှောင်ကြဉ်စေ။။ ဘေးအန္တရာယ်မဖြစ်အောင် ဘေးဖြစ်စေမယ့်အရာကို ရှောင်ကြဉ်စေ။။ လိုအပ်ချက်နှင့် အံဝင်ခွင်ကျစီမံထားတတ်ပါစေ။တောင်ကလေးဆရာတော်( ၉.၅. ၂၀၂၀ ) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ နေ့တိုင်း လုပ်ဖြစ်လား ။

နေ့တိုင်း မမေ့အောင် ကောင်းမှုကုသိုလ်ကို လုပ်ဖြစ်ရဲ့လား။မလုပ်ဖြစ်ဘူးလို့ပြောရင် မရှိပါစေနဲ့။တစ်ခုခုတော့ လုပ်ဖြစ်အောင် ကောင်းမှုပြုပါစေ။။ ကောင်းမှုကုသိုလ်တစ်ခုခုမြဲရင် နေရထိုင်ရ စိတ်သက်သာပါတယ်။ စိတ်သက်သက်သာသာနဲ့နေရတဲ့သူဟာ အေးမြပါတယ်။မကောင်းမှုတရားတွေလည်းမလုပ်ဖြစ်တော့တဖြည်းဖြည်းနဲ့ ကောင်းမှုနဲ့ပျော်သွားပြီပေါ့။။ ကောင်းမှုနဲ့ပျော်ခဲ့ရပြီးဆိုရင်ဘာလုပ်လုပ်မကောင်းမှုကိုမလုပ်ဖြစ်တော့ဘဲ ကောင်းမှုတည်တဲ့သူဖြစ်သွားပြီ။အဲဒီလို ကောင်းမှုတည်တဲ့သူဟာအပါယ်ဆင်းရဲမှုမဖြစ်ရတော့ဘဲတည်မြဲတဲ့ချမ်းသာမှု ငြိမ်သွားပြီ။ အေးသုခဆိုတာ အဲဒါပါပဲ။တောမှီရဟန်း( ၁၅.၅. ၂၀၂၀ ) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

ရန်ဖြစ်ဖို့အ‌ကြောင်းရင်း

စိတ်မပျော်မှုများရင်

ရန်ဖြစ်ဖို့အကြောင်းရင်းတစ်ပါး။

Loading

Categories
စကားလက်ဆောင်

အကုသိုလ်စိတ်

သင့်ကို

မတရားအောင် လုပ်မည့်အရာက

သင့်အကုသိုလ်စိတ်ပါ။

သင်သတိမမေ့ပဲနေပါ။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

နေဝင်သောခါ

အလင်းပျောက်ချိန်

စိတ်နောက်ချိန်မှာ

တည်ငြိမ်နေပါသူငယ်ချင်း။

တောမှီရဟန်း

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ ယနေ့ နံနက်ခင်းဩဝါဒကထာ(စကား)။

တိုးတက်သည့်ခေတ်စနစ်ကို သတိထားပါ။။ လူ့ကျေးဇူးတရားကို မမေ့ပါနှင့်။။ လူ့ဂုဏ်သိက္ခာကို မညှိုးမှိန်စေပါနှင့်။။ လူ၌ အသိဉာဏ်တရားပြည့်ဝစွာရှိ၏။။ ဆင်ခြင်စဉ်းစားဉာဏ်တရားရှိ၏။။ အတိုင်းမသိ လျှို့ဝှက်နက်နဲမှုကိုသိ၏။။ သိမြင်နိုင်စွမ်းရှိသူများဖြစ်၏။။ ဖော်ထုတ်နိုင်သော စွမ်းရည်ပြည့်ဝသူဖြစ်၏။။ ရပ်တည်ကာကွယ်ပေးနိုင်သူများ ဖြစ်၏။။ အသိဉာဏ်အရာ၌ မြင့်မြတ်စင်ကြယ်သူများဖြစ်၏။။ ထို့ကြောင့် လူ၌လူသည် အဓိကသတ္တဝါကြီးဖြစ်၏။

တောင်ကလေးဆရာတော်(၁၃.၄. ၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

။ နံနက်ခင်းချိန် ဩဝါဒကထာ(စကား) ။

လာဘ်လာဘကို ကြိုက်ရင် စရိုက်ကြမ်းတမ်းမယ်။။ စိတ်အလိုကို လိုက်ရင် လူမိုက်ဖြစ်နေမယ်။။ မာန်မာနကို ပိုက်ရင် စိတ်ထားညစ်နွမ်းမယ်။။ သူ့အလိုကို လိုက်ရင် အကျင့်ပျက်စီးမယ်။။ ကိုယ့်အလိုကို လိုက်ရင် မောဟဖိစီးမယ်။။ ဘာသာရေးနောက်ကို လိုက်ရင် အမျိုးမျိုးမှားမယ်။။ နိုင်ငံရေးနောက်ကို လိုက်ရင် အမျိုးမျိုးယုတ်မာမယ်။။ စီးပွားရေးနောက်ကို လိုက်ရင် အကျိုးအမျိုးမျိုးပျက် မယ်။။ လူမှုရေးနောက်ကို လိုက်ရင် အမျိုးမျိုးရှက်ရမယ်။။ နောက် မလိုက် သတိစိုက်ပြီး နေထိုင်စေ။

တောင်ကလေးဆရာတော်(၂.၅.၂၀၁၉)ရက်နေ့။

Loading

Categories
စကားလက်ဆောင်

အ်ှဆံင်းလာဆာ်ကိုဝ်ဟှာဍေ

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

 ။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အာဏာမက်ရင် ခက်ထန်သည်။
။ ဓနမက်ရင် အခက်လန်သည်။
။ ဘဝမက်ရင် အကျိုးယုတ်သည်။
။ မဟုတ်မမှန် လုပ်ကြံရင် အကျည်းတန်သည်။
။ အခဲမကျေစိတ်မွေးရင် ပေပေတေတေ နေရမည်။
။ မာနလွန်ရင် စကားကျွံတတ်သည်။
။ အကုသိုလ်အပြစ် မမြင်တတ်ရင် အသိဉာဏ် လျော့ကျတတ်သည်။
။ ကောင်းသောအသိဉာဏ် မတိုးပွားရင် လူတိုင်းကို ရန်ရှာတတ်သည်။
။ လူသားချင်းကို မစာနာတတ်ရင် နေ့စဉ် နှလုံးပူပန်ရသည်။
။ ကျေးဇူးရှင်ကို ပြစ်မှားရင် နေ့စဉ်အမြဲ ပူလောင်ရသည်။

တောင်ကလေးဆရာတော်
( ၂၃ . ၄ . ၂၀၁၉ )ရက်နေ့။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန် သြဝါဒကထာ(စကား) ။

။ ကိုယ်ပိုင်အလုပ်ကို မေ့နေသမျှ ဒုက္ခကမမေ့ဘူး။
။ ဒုက္ခက မနေရင် ဒုက္ခအကြောင်းကို သေချာသိပါစေ။
။ ပြီးပြီးပျောက်ပျောက် မနေပါနှင့်။
။ အမှတ်တမဲ့ မနေပါနှင့်။
။ မျှော်မှန်းတွက်ချက်တတ်ပါစေ။
။ ဂုဏ်လာဘ်ခြွေရံကျော်စောမှု သတိအမြဲပြုပါ။
။ ရုန်းကန်ရမယ့်အလုပ်ကို ရုန်းကန်ပါ။
။ အရှုံးခံရမယ့်အလုပ်ကို စိတ်ကူးမနေပါနှင့်။
။ အောက်ကျနောက်ကျမဖြစ်ချင်ရင် အချိန်လေးစားမြတ်နိုးပါ။
။ ကုသိုလ်မရတဲ့နေ့ မဖြစ်ပါစေနှင့်။
။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို မဖျက်ဆီးနှင့်။
။ တစ်နေ့အတွက်မမေ့ဖို့ အလေ့ကောင်းကို သတိပြု။

တောင်ကလေးဆရာတော်
( ၃ . ၄ . ၂၀၁၉ )ရက်နေ့။

Loading