Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။



။ သစ္စာတရားများနှင့်နေပါ။
။ သစ္စာမဖောက်ဖျက်ပါနှင့်။
။ သစ္စာတရားသည်လူတို့၏တန်ဖိုး။
။ လူဟာ စိတ်အစဉ်ကြည်လင်ရမယ်။
။ စိတ်အစဉ်ကြည်လင်မှ သစ္စာအရိပ်ထင်မယ်။
။ သံသယဖြစ်စိတ် ကင်းမယ်။
။ မိမိစိတ်ကို သစ္စာနှင့် အမြဲတမ်းယှဉ်ပါစေ။
။ အရာရာတိုင်းမှာ သစ္စာနှင့်သာမှန်ကန်တယ်။
။ သစ္စာနှင့်သာ ဆုံးဖြတ်ပါ။
။ သစ္စာနှင့်သာ လုပ်ဆောင်ပါ။
။ သစ္စာတရားနှင့်သာ လောကအကျိုးပွားပါ။
။ သစ္စာရှိခြင်းဟာ ” ဆုတ်နစ်” သူမဖြစ်ပါ။

တောင်ကလေးဆရာတော်
(၂၉.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။



။ ဆုံဖြစ်သောဘဝကို ရင်ဆိုင်ရဲပါစေ။
။ ဆုံရသည့်ဘဝကို မငြီးငွေ့ပါနှင့်။
။ အကျိုးဖြစ်ရာအတိုင်း နားလည်သိမြင်ပါစေ။
။ အရာရာတိုင်းဟာ အကြောင်းမဲ့မဟုတ်ပါ။
။ သူ့အစီအစဉ်နှင့်သူ ပတ်သက်ပြီးသားပါဲ။
။ အမျိုးမျိုးအဖုံဖုံ ဖြစ်ရ။
။ အဖန်တလဲလဲ ဖြစ်နေရ။
။ မမြင်ချင်အဆုံး မကြားချင်အဆုံးပါပဲ။
။ ဖြစ်ပျက်တဲ့အတိုင်း လက်ခံပါ။
။ ဒေါသစိတ်နှင့် မဆုံးဖြတ်ပါနှင့်။
။ မကျေနပ်နိုင်တာလည်း မဖြစ်ပါစေနှင့်။
။ သေချာသည့်ဆုံးဖြတ်ချက် ရှိပါစေ။
။ မြင့်မြတ်အောင်သာ နေတတ်ပါစေ။

တောင်ကလေးဆရာတော်
(၂၈.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ မသိတတ်သူနှင့်မပေါင်းသင်းပါနှင့်။ ကြီးကျယ်ခမ်းနားမှုလည်း မနေပါနှင့်။ အလိုဆိုးသူနှင့် ဝေးပါစေ။ တွေဝေနေသူများနှင့် မတွဲနှင့်။ စိတ်ကို အမြဲတမ်းနိုင်ပါစေ။ ပတ်ဝန်းကျင်ကို ကြည့်ပြီးနေတတ်ပါစေ။ သူတစ်ပါးအကျိုးကောင်း မဖျက်ဆီးပါနှင့်။ မိမိအကျိုးကောင်းကိုလည်း မပျက်စီးစေပါနှင့်။ နေ့နေ့ညည သတိမြဲပါစေ။ အကျင့်သိက္ခာ ထိန်းနိုင်ပါစေ။ အခက်အခဲကို သတိကြီးစွာ ကျော်ဖြတ်တတ်ပါစေ။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

နိုင်ငံရေးခေါင်းဆောင်ဆိုတာ

ပြည်သူကို မလိမ်ရဘူး။ မညာရဘူ။ မိမိကိုယ်ကျိုးအတွက် မထားရဘူး။ အားလုံးအတွက် တာဝန်ခံရမယ်။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

လူကောင်းလူတော်ရွေးယူဖို့

အထွေထွေရွေးကောက်ပွဲနီးလာတော့ နိုင်ငံရေးလူလည်ကြီးတွေက နေရာပြန်ရဖို့ ပြည်သူတွေကို အမျိုးမျိုးနဲ့ချည်းကပ်နေတာတွေ့ရတော့ စိတ်ပျက်စရာပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ လူကောင်းလူတော်ရွေးယူဖို့ ကြိုးစားကြဖို့ တိုက်တွန်းပါတယ်။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

စိတ်ကုန်နေအောင်လုပ်ပြနေကြ

မြန်မာ့နိုင်ငံရေးဟာ တဖြည်းဖြည်းနဲ့လူတွေစိတ်ကုန်စရာကြီးဖြစ်လာတယ်။ ဘာကြောင့်လဲဆိုရင် စိတ်ကုန်နေအောင်လုပ်ပြနေလို့ပါပဲ။

Loading

Categories
စကားလက်ဆောင် နိုင်ငံရေး

အတွေ့အကြုံတွေနဲ့သာ ကြိုးစားကြဖို့ပါပဲ။

ယနေ့ မြန်မာပြည်မှာ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ပျက်နေကြတယ်လို့ ပြောဆိုနေကြပါတယ်။ တကယ်တော့ နိုင်ငံရေးဟာ စိတ်ကူးသလိုတော့ မဖြစ်နိုင်ပါဘူး။ စိတ်ထိခိုက်စရာလည်း မရှိပါဘူး။ အတွေ့အကြုံတွေနဲ့သာ ကြိုးစားကြဖို့ပါပဲ။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ရခဲ့တဲ့ဘဝကို အပြစ်မဆိုပါနှင့်။
။ ရလာသည့်အတိုင်း နေထိုင်တတ်ပါစေ။
။ ရှုပ်ထွေးသည့်လူမှုရေးကိစ္စများကို သတိပြုပါ။
။ ရေရှည်ခံနိုင်သည့် စိတ်ဓာတ်နှင့်နေပါ။
။ ရောရောနှောနှော မနေစေပါနှင့်။
။ မြတ်သောစိတ်ဓာတ်ကို မြတ်နိုးပါ။
။ မမြတ်နိုးခဲ့သည့်အရာရာတိုင်းကို ကိုးကွယ်မနေပါနှင့်။
။ မဖြူစင်သည့်တစ်ခဏအတွက်နှင့် မနစ်မွန်းစေပါနှင့်။
။ ဖြူစင်ရိုးသားမှု အမြဲရှိနေပါစေ။
။ မလိုလောဘစိတ်ထားမျိုး အမြဲမရှိစေပါနှင့်။
။ သူတော်ကောင်းဥစ္စာစိတ်နှင့် မြတ်နိုးတတ်သူဖြစ်ပါစေ။

တောင်ကလေးဆရာတော်
(၁၄.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ ဆင်းရဲနွမ်းပါးဖြစ်ပါစေ၊စိတ်ထားမပေနှင့်။
။ ဉာဏ်ပညာမထက်မြက်လည်းနေပါစေ၊ အကျင့်သိက္ခာမပေနှင့်။
။ ညံ့ဖျင်းမှုအမျိုးမျိုးဖြစ်ရပါစေ၊ ပျင်းရိပေပေမနေနှင့်။
။ သူတစ်ပါးအစေအပါးဖြစ်နေရပါစေ၊ စိတ်အားငယ်ငယ်မဖြစ်နှင့်။
။ စည်းစိမ်အကျော်အစောမရှိလည်း နေပါစေ၊ အစော်ကားတော့ မခံနှင့်။
။ အခြွေအရံတွေ မရှိလည်းဖြစ်ပါစေ၊ မိမိကိုယ်ကို မလိမ်ပါနှင့်။
။ သဒ္ဓါတရားပြည့်အောင်နေ။
။ စိတ်ထားလှအောင်နေ။
။ မပြိုင်ဆိုင်ဘဲ အမြဲတစေနေပါစေ။

တောင်ကလေးဆရာတော်
(၁၃.၆. ၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် ဘာသာရေး အလှူဒါန

အလှူရှင် အလိုရှိသည်

။ အလှူရှင်အလိုရှိပါသည် ။
~~~~~~
။ ကာလတစ်ခုတုန်းက တည်ရှိခဲ့သော ဤစေတီတော်မြတ်သည် မှုန်ဝါးဝါးအလင်းရောင်အဖြစ်တည်ရှိခဲ့ရသည်မှာ အချိန်ကြာမြင့်ခဲ့သည်။ ဤသည့်နောက်ပိုင်းတွင် ဤသို့စည်ကားသိုက်မြိုက်စွာရှိလာရာမှ စေတီရင်ပြင်ပေါ်တွင် ပေါက်ရောက်ခဲ့သည့် သမိုင်းဝင် ထန်းပင်သည် သဘာဝဘေးဒဏ်ကြောင့် ဤကဲ့သို့ဖြစ်နေခဲ့သည်။ ထို့ကြောင့် ” ထန်းပင်လှူဒါန်းရန်” သတင်းပေးရခြင်းဖြစ်ပါသည်။

။ လှူဒါန်းစိုက်ထားနိုင်သည့် နေရာမှာ ဤမြင်တွေ့ရသည့်နေရာတွင်ဖြစ်သည်။

တိုက်တွန်းခြင်းပြုသူ
~~~~~~
တောင်ကလေးဆရာတော်
(၁၀.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Exit mobile version