Categories
စကားလက်ဆောင်

။ ဘဝကိုစစ်ဆေးခြင်း ။

~~~~~~~~~~~~~~~~

။ ခေါ်လို့ သာ လိုက်သွားရင်

တစ်ကိုယ်တည်းသာ 

သွားရမယ်ပေါ့။

။ ကြောက်လို့သာ

မပြောရဲဘဲနေရင်

အဆိုးဆုံးခံစားရမယ်ပေါ့။

။ စိတ်ရှိတဲ့အတိုင်းသာ

ပွင့်ပွင့်လင်းလင်းမပြောရဲရင်

လူညံ့လို့သာ ပြောခံရမယ်ပေါ့။

။ ခက်ခက်ခဲခဲသာ

ကြိုးစားလို့

အားပေးသူများ မရှိရင်လည်း

ဘာဝမ်းနည်းစရာလိုသလဲပေါ့။

။ သွေးစွန်းတဲ့လမ်းမှာ 

တစ်ကိုယ်တည်းသာလျှောက်ခဲ့ရရင်

ဘာအားငယ်စရာလိုသလဲပေါ့။

။ မုန်တိုင်းထန်တဲ့အချိန်မှာ

ဘယ်သူမှမမြင်ရရင်လည်း

ဘာသိမ်ငယ်စရာရှိသလဲပေါ့။

။ နှလုံးသားမှာ

ဝေဒနာမီးတွေ 

တောက်လောင်ပါစေ

တစ်ကိုယ်တည်း

တောက်လောင်ပါစေပေါ့

ဘာ အရေးစိုက်စရာလိုသလဲပေါ့။

ဘုန်းသစ်ထူး

(၂.၂.၂၀၂၂) ရက်နေ့။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version