Categories
စကားလက်ဆောင်

။ ကိုရင် ဗိုလ်ဆိုး ။

။ မန်းမြို့မှာနေခဲ့
အသက်က ငယ်ငယ်လေး
၁၄ နှစ် ၁၉၇၄ နှစ်ပေါ့
ခုတော့ အဘိုးကြီး
အသက်ခြောက်ဆယ်ပြည့်ဖို့
နောက်သုံးနှစ်ပြည့်ပြီ။

။ မန်းမြို့မှာ
ဘုရားကြီးကျောင်းတိုက်
အာဇာနည်အုတ်ကျောင်းလေး
ကုဋင်ငယ်ကွေးကွေးလေးကြား
တစ်ပါးစာနေရာမှာ
နေ့ခဲ့ပေါ့ ။

။ (၄၂) နှစ်အကြာ
ကျောင်းနေရာပြန်ရောက်
ကျောင်းပညာဆရာမြတ်များ
ဘဝခြား ကွယ်လွန်သွားကြ
ဘဝတစ်ပါး ပျံလွန်တော်မူကြ
ရွယ်တူကြ မမြင်ရ
စာသင်ပြ ဆရာမြတ်များ
အိုလာကြ အသက်ရကြ။

။ ကိုရင်ဗိုလ်ဆိုး. . .
မမေ့နိုင်သတိရမိတာက
ခွေးပုလေးတစ်ကောင်
ခြင်ထောင်စုတ်စုတ်
ချင်းတောင်း နုတ်နုတ်ကိုပဲ။

။ သည်တစ်နေ့. . .
မမေ့သော နေရာ
မေ့မရ ကျောင်းလေး
မမေ့နိုင် ဆရာမြတ်များ
ရိုရိုသေ ကန်တော့ပါသည်
အေးမြစေကြောင်း။

ကိုရင် ဗိုလ်ဆိုး
၆-၁-၁၇ ရက်နေ့။
( ၂၀၁၇ ခုနှစ် ရောက်ခဲ့စဉ်….)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version