Categories
စကားလက်ဆောင်

။ ကျန်ရှိနေသေးသော ကိုယ့်အသက် ။

အကြံပြုချက်

။ လူ့ဘဝမှာ အသက် ၆၀ ကျော်ပြီးဆိုရင် ကျန်နေတဲ့ အသက်ကျန်အချိန်ကို တန်ဖိုးထားပြီး ဘယ်လိုနေထိုင်သင့်တယ်ဆိုပြီးတော့ စာတွေမှာ အကြံဉာဏ်တွေပေးထားကြပါတယ်။

ဖြတ်သန်းသင့်သလဲ?

။ ဘယ်လိုနေထိုင်ဖြတ်သန်းသင့်သလဲ?ဆိုတဲ့အပြုသဘောဆောင်တဲ့အကြံပေးချက်တွေအထဲက
၁) ခလေးဘဝကို ပြန်ပြီးတော့အမှတ်ရပါ၊
၂) ခလေးတွေနဲ့ပေါင်းသင်းလုပ်ပါ၊
၃) ခလေးပုံပြင်တွေ များများဖတ်ပါ၊
၄) ခလေးတွေရဲ့စကားကိုနားထောင်ပေးပါ၊
၅) ခလေးတွေလို ပျှော်ပျှော်နေပါ၊
၆) ခလေးတွေနဲ့ပျှော်ပျော်ရွှင်ရွှင်နေပါ၊ ကစားပါ ဆိုပြီး အကြံပေးထားချက် ၆ ချက်နဲ့ အဆိုပြုထားတာတွေ တွေ့ရပါတယ်။

လက်လွှတ်ရ

။ အဲဒီအချက် ၆ ချက်ထဲက မိမိအနေနဲ့လက်ခံနိုင်တဲ့အချက်တွေပါဝင်နေပါလားပါပဲ။ အရှင်တို့ရဟန်းအနေနဲ့ကတော့ လက်လွှတ်ရတဲ့အချက်သက်သက်ပါပဲ။

အားဆေး

။ နောက်ပြီးတော့
၁) အသုံးမပြုအသုံးမလိုတော့တဲ့ပစ္စည်းတွေ၊
၂) ကျန်းမာရေးနဲ့မညီညွတ်တဲ့အကျင့်ဆိုးတွေ၊
၃) ပေါင်းသင်းလို့မကောင်းသူတွေ၊
၄) စိတ်ခုစရာအကြောင်းအရာတွေ၊
၅) အတိတ်ကအယူအဆတွေ၊
၆) စိတ်ဆင်းရဲစရာအကြောင်းအရာတွေကို စွန့်လွှတ်ပစ်ပယ်ရပါတယ်ဆိုပြီးတော့ အကြံပြုချက်ပေးထားပါတယ်။ ဒီအကြံပြုချက် ၆ ချက်ကိုတော့ အရှင်အတွက်အားဆေးပါပဲ။

ရှိပြီးသားအချက်

။ တစ်ခါ မှတ်ရမဲ့ အချက် ၆ချက်ဆိုပြီး အကြံပြုထားပါသေးတယ်။
၁) သက်သောင့်သက်သာနေပါ၊
၂) မိသားစုပေါ်ချစ်ခင်ပါ၊
၃) အကောင်းမြင်တတ်သူဖြစ်ပါစေ၊
၄) သာမာန်ကိစ္စလက်သင့်ခံတတ်ပါစေ၊
၅) မိတ်ဆွေများများဖွဲ့ပါ၊
၆) သိပ္ပံနည်းကျကျစားသောက်ပါလို့ အဆိုပြုအကြံပေးထားပြန်တော့ အမှတ်စဉ် ၁,၂,၆, အချက်ကတော့ အရှင်အတွက် ရှိပြီးသားပါပဲ။

မလွယ်ကူနိုင်

။ ပြီးတော့ ရတနာ ၆ ပါးအဖြစ် သတ်မှတ်ပေးထားပါသေးတယ်။
၁) အိမ်ထောင်ဖက်ကြင်ဖော်ရှိနေခြင်း၊
၂) နေဖို့နေအိမ်ရှိခြင်း၊
၃) အိုစာမင်းစာရှိခြင်း၊
၄) ကျန်းကျန်းမာမာရှိခြင်း၊
၅) ဥပဓိရုပ်သန့်ပြန်၍စိတ်မှန်ခြင်း၊
၆) နေ့စဉ်ပြုံးပြုံးရွှင်ရွှင်ရှိခြင်းဆိုတဲ့ အကြံပြုချက်ထဲက အမှတ်စဉ် ၁ ကတော့ ရဟန်းတွေအတွက် မသက်ဆိုင်တော့ခြင်းပါပဲ။ အခြား ၅ ချက်ကတော့ ပြည့်စုံဖို့ လူတွေအားလုံးအတွက် လွယ်ကူကြမယ်မထင်မိပါဘူး။

အလွန်တန်ဖိုးထားပါ

။ ပြီးတော့ မိတ်ဆွေသူငယ်ချင်းများနဲ့ဆက်ဆံတဲ့အခါမှာ ရှောင်ကြဉ်ဖို့အချက်တွေလည်း သတိပေးထားပြန်ပါတယ်။ လေ့လာကြည့်ကြရအောင်ပါ။
၁) မကြွားဝါမိစေနဲ့၊
၂) မိတ်ဆွေရဲ့အတွင်းရေးကိစ္စကို လေးစားလျှို့ဝှက်ပေးပါ၊
၃) နေရာတကာဝင်မစွက်ဖက်ပါနဲ့၊
၄ ငွေကြေးအရှုပ်အရှင်းမဖြစ်မိပါစေနဲ့၊
၅) အလွယ်တကူအထင်အမြင်မလွဲမိပါစေနဲ့ဆိုပြီး အပြုသဘောဆောင်တဲ့ဒီအကြံပြုချက်တွေဟာ အလွန်တန်ဖိုးရှိပါတယ်မဟုတ်လား။

မိဘဖြစ်သူတွေအတွက်

။ နောက်ပြီးတော့ သားသမီးမျာနဲ့ ဆက်ဆံတဲ့အခါမှာ ဒီလိုလေးတွေလည်း သတိထားစေတာတွေပါလို့ အကြံပြုချက်ပေးထားပါသေးတယ်။
၁) အားမကိုးမိပါစေနဲ့။
ကြီးမြတ်လေးစားထိုက်သောမိဘဂုဏ်သိက္ခာကိုထိခိုက်မခံမိပါစေနဲ့။
၂) ဝင်မရှုပ်မိစေနဲ့။
သားသမီးတွေအရွယ်ရောက်လာတဲ့အခါသူတို့လုပ်ငန်းသူ့တို့စိတ်သဘောနဲ့သူထားလိုက်ပါ။ မိမိနဲ့သဘောထားချင်းအမြဲတူချင်မှ တူနိုင်မညယ်။ မတူလည်းမစိုးရိပ်ပါစေနဲ့၊ သူတို့လည်းသူတို့နည်းသူတို့ဟန်နဲ့ ဖြေရှင်းနိုင်တာကိုယုံကြည်စိတ်ချပေးပါ။
၃) လက်ဖြန့်မတောင်းမိစေနဲ့။
မိဘကသားသမီးကို ငွေပေးရတာကထုံးစံဖြစ်ပဲမဲ့၊ သားသမီးဆီကငွေပြန်တောင်းဖို့တော့ ခက်ခဲတတ်ပါတယ်။
၄) အနှောင့်အယှက်မပေးမိစေနဲ့။
အလုပ်ချိန်အတွင်း တတ်နိုင်သလောက် ဖုန်းမဆက်မိပါစေနဲ့။ သားသမီးအလုပ်ကိစ္စကို အနှောက်အယှက်ပေးသလိုဖြစ်တတ်တယ်။ သားသမီးတွေနဲ့ စကားပြောဆက်သွယ်နိုင်မယ့် အချိန်တခုကို သဘောတူညီမူရယူပြီး သတ်မှတ်ဆက်သွယ်သင့်ပါတယ်။
၅) ဘောင်မကျော်မိစေနဲ့။
မြေးမြစ်တွေရဲ့ ပညာရေးဟာမိဘရဲ့ တာဝန်ဖြစ်ပြီး အဖိုးအဖွားတွေဝင်ရောက်တာဝန်မယူသင့်၊ ( တာဝန်မယူပါနဲ့)
၆) ပင်ပင်ပန်းပန်းငွေဆက်မရှာသင့်။
ငွေတန်ဖိုးရှိချင်ရှိပေမဲ့၊ အိုမင်းလာတဲ့အခါ ငွေကတန်ဖိုးမရှိ အသက်ရှည်ဖို့ကတန်ဖိုးပိုရှိတယ်ဆိုတဲ့ ဒီအကြံပြုချက်ဟာ အားလုံးအမှန်ဖြစ်တာကြောင့် အရှင်အတွက် အဲဒီလိုမျိုးနေထိုင်ကြတဲ့မိဘတွေကိုပဲ နှစ်သက်ပါတယ်။

နိဂုံး

။ အသက် ၆၀ ပြည့်ပြီးသူတိုင်းအတွက်ဆိုပေမယ့် မပြည့်ကြသေးတဲ့သူတွေအတွက်လည်း အကျုံးဝင်ပါတယ်။ ဒါကြောင့် အသက်ကြီးကြီးငယ်ငယ်အားလုံး ဆင်ခြင်နိုင်ကြဖို့ ရေးဖြစ်ပါတယ်။

အဲးခိုး (၁၁.၁၁.၂၀၂၁) ရက်နေ့။

(အမှာ > ပီကင်းကအမေကြီးရဲ့ဆုံးမစကားအားဆီလျှော်အောင်ဘာသာပြန်ဆိုထားသူကို မှီငြမ်းပြုပါတယ်။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version