Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန်သြဝါဒ (ကထာ) ။

။ အများအကျိုးကို ရည်မှန်းရင် ကရုဏာမပျက်နှင့်။
။ ကိုယ်ကျိုးမပါအောင် ဆောင်ရွက်ပါ။
။ အေးချမ်းခြင်းကို လိုချင်ရင် ဘဝနှင့်ရင်းပါ။
။ မိမိကိုယ်ကို မမေ့ခြင်းဖြင့် နေပါ။
။ သူတစ်ပါးကောင်းစားမှုကို ဝမ်းမြောက်ပါ။
။ မနာလိုမှု၊ ဝန်တိုမှု မဖြစ်နှင့်။
။ သူတစ်ပါးကို ကန့်သတ်ခြင်းမပြုသော ဆောင်ရွက်ချက်ကို လုပ်ပါ။
။ အများအကျိုးကို မျက်နှာဖုံး မလုပ်ပါနှင့်။
။ အသိဉာဏ်တရားဖြင့် ဦးတည်ချက် မှန်ပါစေ။
။ ဝဋ်ချမ်းသာခြင်းသို့ ဦးမတည်ပါနှင့်။
။ မိမိမရှိဂုဏ်ကို ဟန်မဆောင်ဘဲ မိမိအပြစ်ကိုလည်း ဟန်ဆောင်မှု ကင်းပါစေ။
။ အလုပ်မှဖြစ်ပေါ်လာသော လာဘ်၊ အများချီးကျူးမှု၊ ထင်ပေါ်ကျော်ကြားမှု၊ သမိုင်းတင်ခံမှုအပေါ် ငဲ့ကွက်မှု မဖြစ်ပါနှင့်။
။ သတ္တိ အမြဲတမ်း ပြည့်ပါစေ။

တောင်ကလေးဆရာတော်
၂၁-၀၉-၂၀၁၈ ရက်နေ့။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version