Categories
ဗုဒ္ဓဘာသာ အောင်ဖေတို့စကားဝိုင်း

။ လူသားမျိုးစေ့က ဘယ်ကဖြစ်လာပါသလဲ ။ ( ၂ )

။ မမေးလို့မသိကြ မတိကျရင် ခဏခဏစကားတွေများကြရလို့ ဒီနေ့အောင်ဖေတို့ စဉ်းစားစရာမေးခွန်းတစ်ခု (တစ်မျိုး) ဖြစ်လာပြန်တာပေါ့။အောင်ဖေတို့ လူ့ဘဝရလာတာ (လူလာဖြစ်တာ) အကြောင်းအကျိုးတရားနဲ့ကင်းကြမယ်မထင်ပါဘူး။ အကြောင်းမလွတ်တော့အကျိုးလည်းမလွတ်နိုင်ကြတဲ့ လူ့လောကသတ္တဝါမှာ အသက်ရလာကြဖို့ အသက်လို့သတ်မှတ်ခေါ်ဆိုထားကြတဲ့ မျိုးစေ့နဲ့လည်းမကင်းကြပါဘူး။ အဲဒီတော့ မျိုးစေ့နဲ့ပတ်သက်လာကြပြီးဆိုရင်

၁ ။ မူလဗီဇ = အမြစ်မျိုးစေ့
၂ ။ ခန္ဓဗီဇ = ပင်စည်မျိုးစေ့
၃ ။ ဖဠုဗီဇ = အဆစ်မျိုးစေ့
၄ ။ အဂ္ဂဗီဇ = အညွှန့်မျိုးစေ့
၅ ။ ဗီဇဗီဇ = အစေ့မျိုးစေ့ဆိုပြီး ၅ ပါးပြထားတာတွေ့ရပါတယ်။

မေးခွန်းလွှာ ။ ။ လူတွေရလာတဲ့အသက်နဲ့မျိုးစေ့ဟာ ဘယ်ကဖြစ်လာတဲ့ မျိုးစေ့ပါလဲဆိုတာကို မေးပါရစေ။ ဖြေကြားပေးပါ။

။ သိသလိုပဲ ဖြေကြားကြည့်လိုက်ကြပါဦး။ ပျော်ပျော်ပါးပါးစကားဝိုင်းဆိုတော့ ဘယ်သူကအမှားအမှန်ဆိုတာ တိတိကျကျမသိကြရပေမယ့် ဗဟုသုတလေးတော့ တိုးနေမှာပါ။ အေးမြကြပါစေ ။

အောင်ဖေတို့စကားဝိုင်း
(၂၈-၁၀-၁၇) ရက်နေ့။

Feature image: This artwork was created with the help of Artificial Intelligence. Create your own AI-generated artworks using NightCafe Creator.

Loading

Categories
အောင်ဖေတို့စကားဝိုင်း

။ စကားအင်္ဂါ ၄ ပါး ။

။ ဒီနေ့ အောင်ဖေတို့စကားပြောကြရအောင်နော်။ စကားဆိုလို့ စကားအင်္ဂါ ၄ ပါးရှိပါတယ်။

၁။ အပြစ်မရှိဘဲဆိုခြင်း
၂။ တရားနှင့်ညီခြင်း
၃။ ချစ်ခင်ဖွယ်ဆိုခြင်း
၄။ အမှန်ကိုဆိုခြင်းပါပဲ။

။ ဒီနေ့ အောင်ဖေတို့ပြောဆိုလိုတဲ့စကားဝိုင်းက အခြားမဟုတ်ပါဘူး။ လူတိုင်းစိတ်ပါဝင်စားကြမယ့်အကြောင်းအရာလေးတွေကိုပြောပြချင်တာပါ။ ဒီစကားလေးကို မေးခွန်းထားပြီးတော့ အတတ်နိုင်ဆုံး ဆွေးနွေးဖြေကြားကြပါစို့လား။

မေးခွန်းလွှာ (၁) မ/သေချင်တဲ့သူတစ်ယောက်ကို မ/သေချင်အောင်အားပေးတာ အပြစ်ရပါသလား? မိမိသိတဲ့အတိုင်းပဲဖြေပါနော်။ စဉ်းစားပြီးမှဖြေပါ။ စကားမများကြအောင်လည်းဖြေဆိုကြပါ။

အောင်ဖေတို့စကားဝိုင်း
(၂၇-၁၀-၁၇) ရက်နေ့။

Featured image: whispering | at the temple “ Jougan-ji” , Nakano | mloge | Flickr

Loading

Exit mobile version