Categories
စကားလက်ဆောင်

။ ကျန်းမာ,ရွယ်တင်၊ အသက်ရှည် ။

။ လူတိုင်းမှာ
၁) ကျန်းမာချင်ကြတယ်။
၂) ရွယ်တင်လှပနုပျိုချင်ကြတယ်။
၃) အသက်ရှည်ရှည်နေချင်ကြပါတယ်။ ဒီအချက်သုံးပါးဟာ လူတိုင်းလိုလားတောင့်တကြပါတယ်။

။ ၁) အလောဘော၊အလောဘသည်။
အရောဂျဿ၊ကျန်းမာခြင်း၏။
ပစ္စယော၊အကြောင်းသည်။
ဟောတိ၊ဖြစ်၏။

၂) အဒေါသော၊ အဒေါသသည်။( စိတ်မဆိုး အမျက်မကြီးတတ်ခြင်းသည်။)
ယောဗ္ဗနဿ၊ အရွယ်ကောင်းခြင်း( အရွယ်တင်ခြင်း) ၏။
ပစ္စယော၊အကြောင်းသည်။
ဟောတိ၊ဖြစ်၏။

၃) အမောဟော၊ အမောဟသည်။
ဒီဃာယုကတာယ၊အသက်ရှည်ခြင်း၏။
ပစ္စယော၊အကြောင်းသည်။
ဟောတိ၊ဖြစ်၏။

။ လောဘဟာ မကျန်းမာခြင်းရဲ့အကြောင်း။
။ ဒေါသဟာ အရွယ်အိုလွယ်ခြင်းရဲ့အကြောင်း။
။ မောဟဟာ အသက်တိုခြင်းရဲ့အကြောင်း ဖြစ်ကြောင်း သိနိုင်ပါတယ်။

။ ဒါကြောင့်

> လောဘနည်းရင်၊ ကျန်းမာရွှင်၊ ရွယ်တင်လှပ၊ အဒေါသ။
> သက်ရှည်နေရ၊ အမောဟ၊ သုံးဝမြတ်ဓမ္မလို့ ပြဆိုပါတယ်။ နုပျိုလန်းဆန်း၊ အမြဲတမ်း အရွယ်တင်လှပချင်ရင် ဒေါသနည်းပါးပြီး အဒေါသ( မေတ္တာ) ပြည့်ဝပါစေ။

။ တစ်နည်း
> လောဘကြီးရင် စည်းစိမ်ဥစ္စာပျက်စီးလွယ်တယ်။
> ဒေါသကြီးရင် မိတ်ဆွေပေါင်းသင်းပျက်လွယ်တယ်။
> မောဟကြီးရင် မပြည့်မစုံနဲ့နေရတတ်တယ်လို့ စာမှာပြတယ်။

။ နောက်ပြီးတော့
> လောဘကြီးရင် ပြိတ္တာဘုံ၊
> ဒေါသကြီးရင် ငရံဘုံ၊
> မောဟကြီးရင် တိရစ္ဆာန်ဘုံ ရောက်တတ်ကြောင်း (ဖြစ်တတ်ကြောင်း) လည်း စာမှာ သတိပေးပါတယ်။

။ အရေးကြီးဆုံးက
> အနိစ္စဒဿနေန အလောဘော ဟောတိ။
> ဒုက္ခဒဿနေန အဒေါသော ဟောတိ။
> အနတ္တဒဿနေန အမောဟော ဟောတိ ပါပဲ။
> အနိစ္စမြင်၊ လောဘစင်။
> ဒုက္ခသိမြင်၊ ဒေါသစင်။
> အနတ္တမြင်၊ မောဟစင် ဖို့ဖြစ်ပါတယ်။

နောက်ပိတ်ဆုံး
“ သမာဓိဉာဏ်၊ ရင့်ထက်သန်၊ နိဗ္ဗာန်ရောက်ရခြင်းပါပဲ။

(သည်နေ့တရားလက်ဆောင်မွန်)

တောင်ကလေးဆရာတော်
(၂၁.၄.၂၀၂၃) ရက်နေ့။)

Loading

Categories
စကားလက်ဆောင်

။ ဈာန်လမ်းလား? ဉာဏ်လမ်းလား? ။

။ နိဒါန်း ( စကားချီး)

ခေတ်ကာလအခြေအနေတွေက ပြောင်းလဲမှုတွေချည်းသက်သက်ပဲလားတော့ မပြောတတ်တော့ပါ။ သမထဘာဝနာနဲ့ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းပွားများကြတဲ့သူတွေဟာ

အထူးအဆန်းတွေပြုကြလို့ လေ့လာနေကြသူအရှင်တို့အဖို့ တအံ့တဩပါပဲ။

အဖော်ရဟန်းများမိန့်

။ ဆောင်းပါးစာတစ်ပုဒ်ဖတ်မိပါတယ်။ ရေသောက်ပြီးတရားကျင့်တဲ့အကြောင်းပါပဲ။ ရေသောက်ပြီးတရားကျင့်နိုင်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ အဖော်ရဟန်းတွေကို မေးဖူးပါတယ်။ အဖော်ရဟန်းတွေက ရေသက်သက်သောက်ပြီး တရားကျင့်တာ၊ ရေမသောက်ဘဲတရားကျင့်တာ၊ပန်းပွင့်သာဘုဉ်းပေးပြီး တရားကျင့်တာ အမျိုးမျိုးကျင့်ခဲ့ဖူးကြောင်း မိန့်ကြပါတယ်။

ရေဖွဲ့စည်းမှု

။ ရေဆိုတာ ဓာတုဗေဒအရ အောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင် ပေါင်းစပ်ထားတဲ့ဓာတ်ပါ။ ရေရဲ့ဓာတုဗေဒဖော်မြူလာမှာ H20 ပါပဲ။ အရောင်အဆင်းမရှိဖောက်ထွင်းမြင်နိုင်လို့ အနံ့ကင်းပြီးအရသာမရှိပါဘူး။ သူ့ရဲ့မော်လီကျူးဖွဲ့စည်းပုံမှာ အတန်းပညာသင်ခဲ့ဖူးကြတဲ့သူတွေ သိကြပြီးသားပါ။

အဓိက

။ မိုးရေ၊ရေခဲ၊နှင်းရေ၊ရေငွေ့စတဲ့ရေနဲ့ပတ်သက်တာ မြင်တွေ့ပြီးသားပါပဲ။အပင်နဲ့ပတ်သက်တာ၊သတ္တဝါတွေနဲ့ပတ်သက်တာ အသက်ရှင်နိုင်ဖို့ အာဟာရဓာတ်တွေအတွက် ရေဟာ အဓိကပါပဲ။ အထူးသဖြင့်ရေဟာ ဓာတ်ပစ္စည်းများဓာတ်ပြုရာမှာ ကြားခံဒြပ်တစ်မျိုးဖြစ်တဲ့အပြင် သွေးသားတွေမှာ အဓိကပါဝင်တဲ့ ဓာတ်ပစ္စည်းပါပဲ။

ကျောက်ကပ်

။ မိမိခန္ဓာကိုယ်ရဲ့၆၀/၇၀% မှာ ရေဖြစ်ပါတယ်။ ရေသောက်ပြီးတရားကျင့်ကြတယ်ဆိုလို့ ဘယ်ရေမျိုးတွေကို သောက်ပြီး တရားကျင့်ကြပါသလဲ ။

၁) မီးဖိုပေါ်မှာ အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားတဲ့ရေနွေးလား။

၂) ဓာတ်ဘူးထဲမှာ ရက်ကြာမြင့်စွာထားတဲ့ရေနွေးလား။

၃) အကြိမ်ကြိမ်ဆူပွက်အောင်ကြိုခဲ့သောရေနွေးလား။

၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး( သို့) ထပ်မကြိုထားသောရေနွေးလား။

၅) ထမင်း၊ဟင်းပေါင်းခံရေလား ဆိုတာကို သိထားသင့်ပါတယ်။ အဲဒီရေကို သောက်မိရင် ကယ်လစီယံ၊မက်ဂနီယံ၊ကရိုရင်းနဲ့အခြားဓာတ်သတ္တုတွေ ပိုများနေလို့ ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ အားလုံးအသိဖြစ်ပါတယ်။

အံ့ဩမိ

။ ဒီနေ့ ကျောင်းကိုပြန်ရောက်လာပြီး အားအင်နည်းပါးတဲ့ ယောဂီအမျိုးသမီးဖြစ်တဲ့သူကို မြင်မြင်ချင်းပဲ ” ဟာ ဘယ်လိုများဖြစ်နေတာပါလဲ” လို့မေးမိလိုက်တော့ ” တပည့်တော် ရေသောက်ပြီး တရားကျင့်မိလို့ ဒီလိုဖြစ်လာတာပါဘုရား” ဆိုပြီးလျှောက်တော့ အံ့ဩမိပါလေခြင်းပါပဲ။

ဆလံပါပဲ

။ ” အော် ယောဂီဒါယိကာမကြီးရယ် ကျင့်ကြံစရာများရှားပါးလို့ ၊ ရေသောက်ပြီးကျင့်ရပါသလား” ဆိုပြီးတော့ ဆူမိတော့မလို့ပါပဲ။ တစ်ဆက်တည်းမှာပဲ ” နောက်ထပ်ကျင့်ဖို့အစီအစဉ်များ ရှိ, မရှိမေးတော့” ” ဆလံပါပဲဘုရား” တဲ့။

လေ့လာပါစေ

။ ” အစွန်းနှစ်ပါးမလွတ်ကြတဲ့ဒီအကျင့်တွေကြောင့်ပဲ ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ်ဟာ ညစ်နွမ်းကြရတာပါပဲ။ ဗုဒ္ဓပေးထားတဲ့ ဝိပဿနာဘာဝနာဉာဏ်လမ်းစဉ်ဟာ ပရိယတ္တိပညာရပ်က ဘယ်လိုညွှန်ကြားထားပါတယ်ဆိုတာ လေ့လာသင့်ပါတယ်မဟုတ်ဘူးလား , လို့ပဲ မိန့်လိုက်ပါတယ်။

နေထိုင်ပါတော့မည်

။ ယောဂီဖြစ်သူက ဒီနေ့ သူ့ရဲ့သင်ခန်းစာစကားက ” သိမြင်ပါပြီဘုရား၊ သီလဝိသုဒ္ဓိ၊စိတ္တဝိသုဒ္ဓိ၊ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိစင်ကြယ်အောင်ပွားများနေထိုင်ပါတော့မည်ဘုရား” ဟူ၍ဖြစ်သတည်း။

( ရေသောက်တရားကျင့်သူ ယောဂီသို့ ။)

တောင်ကလေးဆရာတော်

(၁၉.၄.၂၀၂၃) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင်

။ လမ်း ။

။ ဘဝမျက်နှာ
ဘာမှမပြောင်းလဲဘူးလို့သိရင်
သင် ဘာလုပ်ဖို့
စိတ်ထဲကဖြစ်နေပါသလဲ။

။ ဘဝဆိုတာ
အဆိုးထဲက
အကောင်းလား
သို့မဟုတ်
အကောင်းထဲက
အဆိုးလား
သင့်ဘဝရဲ့
အကျိုးအကြောင်းက
သင် ဘယ်လိုမြင်ပါသလဲ။

။ သင့်ဘဝအသစ်
မဖြစ်လာခင်
သင့်ရဲ့ဘဝအဟောင်းကို
စိတ်ချစွာစွန့်ပစ်ဖို့
သင့်စိတ်ရဲ့ခံစားချက်က
သင် နားလည်နေမှာပါ။

။ ဒီနေ့တော့
သင့်ရဲ့စိတ်ဆေးကို
စစ်ဆေးကြည့်လိုက်ပါ
ပြည့်သိပ်နေတဲ့
သင့်ရဲ့စွဲလမ်းစိတ်ဟာ
လမ်းပိတ်နေပြီလား
လမ်းပြတ်နေပြီလား
လမ်းဖြတ်နေပြီလား
လမ်းကြားထဲမှာပဲလား။

( ၂၀၂၃ – နှစ်သစ်လက်ဆောင်)
ဘုန်းသစ်ထူး( ၂.၁.၂၀၂၃) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ နှုတ်ဆက်ခြင်း ။

။ ၂၀၂၂ နှစ်
ဒီဇင်ဘာလ ၃၁
၃၁ ဘုံသားတွေကို
နှုတ်ဆက်ပါတယ်။

။ ဘေးကင်းပါစေ
ရန်ကင်းပါစေ
အနာကင်းပါစေ
ဆင်းရဲခြင်းကင်းပါစေ
ချမ်းသာကိုယ်စိတ် မြဲကြပါစေ။

တောင်ကလေးဆရာတော်
(၃၁.၁၂.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ ငါတို့နေရာ ပြည်မြန်မာ သည် ။

။ ငါတို့နေရာ
ဤကမ္ဘာသည်
မေတ္တာကင်းကွာ နေကြပြီ။

။ ငါတို့နေရာ
ဤကမ္ဘာသည်
မေတ္တာနုနု လိုနေပြီ။

။ ငါတို့နေရာ
ပြည်မြန်မာသည်
( ဘေးရန်, အနာ
ဆင်းရဲကွာ
ချမ်းသာကိုယ်စိတ်
မြဲပါစေ။)
သာယာငြိမ်းချမ်း လိုနေပြီ။

ဘုန်းသစ်ထူး
(၁၀.၁၂.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ နှုတ်ဆက်တော့မယ် ။

။ များမကြာမီ
၂၀၂၂ ခုနှစ်က
ငါတို့ကို နှုတ်ဆက်တော့မယ်။

။ ငါတို့သည်လည်း
၂၀၂၂ ခုနှစ်ကို
စွန့်ခွာရတော့မယ်။

။ ၂၀၂၂ ခုနှစ်မှာ
အကောင်း,အဆိုး
အခက်အခဲ
ဆင်းရဲချမ်းသာ
အဖြာဖြာတွေကို
မေ့ကျန်လပ်ခဲ့ရတော့မယ်။

။ မေ့ကျန်လို့မရတဲ့
အရာခပ်သိမ်းတွေက
အမေ့တွေ
မေ့နေလို့မရတဲ့
အတွေ့တွေပါ။

။ မေ့များမေ့လို့မရတဲ့
အမေ့တွေ
နေ့နေ့ညည
မေ့မရနိုင်တဲ့
အတွေ့အမေ့တွေ
၂၀၂၂ ခုနှစ်ထဲမှာ
မေ့ထားလိုက်ရတော့မယ်။

။ အဟောင်းအတိတ်တွေဆီက
အကြောင်းအရိပ်တွေ
ဆက်စပ်အားကောင်းနေတဲ့
အကျိုးပုံရိပ်တွေ
တိတ်တိတ်လေးနဲ့
ငါတို့ကို နှုတ်မဆက်တယ်။

။ အနာဂတ်ကာလ
အသစ်အသစ်ဘက်ကို
ဘဝင်အသစ်စိတ်နဲ့အတူ
ပြိုင်တူနဲ့ဆက်ရဦးမယ်။

။ အတိတ်ဆီကအနှစ်ရယ်
ပစ်စက်ခဘဝထဲက
အသစ်အသစ်ထဲက
အနှစ်အနှစ်ရယ်
နှုတ်ဆက်ထားပေမင့်
ထာဝရနယ်
ဘဝနယ်နဲ့
နွယ်ဆက်သစ်တွေရှိကြဦးမယ်။

။ နှစ်ဦးညွှတ်တော့မယ့်
သည်နှစ်ကို
အဖြစ်ကူးရတော့မယ့်
နှစ်သစ်ကို
​ရွှင်ပျမြူးမြူးလေးနဲ့ပဲ
ကူးခပ်ရတော့မယ်မဟုတ်လား။

။ ဘဝလှေ
ဘဝရေ
ငါတို့တွေ
ကူးခပ်နိုင်ကြပါစေလေ။

​ဘုန်းသစ်ထူး
(၁.၁၂.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ

။ ပူဇော်ကန်တော့ခြင်း ။

။ သက်တော် (၉၃ )နှစ်၊ သိက္ခာတော် (၇၃ )ဝါရှိ ကျေးဇူးဂုဏ်ရှင် သာမညတောင်ဆရာတော်ကြီးသည်

၁) ဗုဒ္ဓသာသနာတော်နှစ် ၂၅၄၇ ခုနှစ်၊

၂) ခရစ်နှစ်၂၀၀၃ ခုနှစ်၊နိုဝင်ဘာ(၂၉ )ရက်နေ့၊

၃) မြန်မာကောဇာသက္ကရာဇ် ၁၃၆၅ ခုနှစ်၊နတ်တော်လဆန်း (၆ )ရက်၊စနေနေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်ကို သတိရကြဦးမည်ထင်ပါသည်။

။ သည်နေ့သည် ဆရာတော်ကြီးပျံလွန်တော်မူရာ၌(၁၉) နှစ်တိုင်တိုင်ရှိပြီဖြစ်သော်လည်း ဆရာတော်ကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ကို မြဲစွာအောက်မေ့ပါသည်။

။ ဆရာတော်၏ဂုဏ်တော်ကို ပူဇော်ကန်တော့ပါ၏ဘုရား။

တောင်ကလေးဆရာတော်

(၂၉.၁၁.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ သူတို့နှစ်ယောက် ။

။ သူတို့နှစ်ယောက်
တစ်ယောက်ပျောက်ပြီ
တစ်ယောက်တည်းသာ ကျန်နေခြင်း။

အဲးခိုး(၂၅.၁၁.၂၀၂၂) ရက်နေ့။

Loading

Categories
စကားလက်ဆောင်

။ သိပါသည် ။

။ ကျဉ်းမြောင်းတဲ့
ဘဝကို
ဖြတ်သန်းခဲ့။

။ နာကြည်းရတဲ့
နှလုံးသားကို
ခိုကိုး, ကိုးကွယ်ခဲ့ရ။

။ အထင်အမြင်သေး
ခံခဲ့ရတဲ့ဘဝကို
ရုန်းကန်လှုပ်ရှားရ။

။ ဘဝရဲ့ကံအရာ
အားကျစရာရယ်လို့
မရှိခဲ့။

။ ခုတော့
လူတောသူတော
တိုးရတာလည်း
မဝံ့မရဲ။

။ ဒါတွေအားလုံး
ကျွန်တော်သိပါတယ်။
ကျွန်ုပ်နားလည်ပါတယ်။

။ ဒါပေမဲ့
ဘဝရဲ့
ပဋိစ်စသမုပ္ပါဒ်
အကြောင်းစပ်
အကျိုးမရပ်သေးတော့
အကြောင်းမပြတ်
အကျိုးမရပ်နိုင်သေးတော့
ကံကြမ္မာဝဋ်
အတုံ့အပြန်
အတုံ့အလှည့်တော့
အလှည့်ကျ
အလှည့်ပေး
ခံရဦးမှာပါပဲလေ
ဒါတွေကို
ကျွန်ုပ်သိပါတယ်။

။ ကျွန်ုပ်မသိသေးတာက
ကျွန်ပ်သည်
ဘယ်ကလာသလဲ?
ကျွန်ပ်သည်
ဘယ်ကို ပြန်မလဲ?
ကျွန်ပ်ကိုယ်ကို
ကျွန်ုပ်သိပြီလား
ဘယ်လိုဘယ်လို
သိနေသလဲ?
ကျွန်ုပ်ကိုကျွန်ုပ်
မလိမ်ပါ
ကျွန်ုပ်သည်သာ
အခရာပါပဲ။

ကိုရင်ဖိုးနီ ( အညာမြေ )
(၁၉.၁၁.၂၀၂၂)

Loading

Categories
စကားလက်ဆောင် ဗုဒ္ဓဘာသာ ဘာသာရေး

။ တောရခရီး အပြန် ။

။ အေဒီ ၁၉၈၄/၈၅ ခုနှစ်ကာလက တောတောင်တွေမှာ တောရဆောက်တည်သွားလာနေထိုင်ပြီး ၁၉၈၈/၈၉ ခုနှစ်ရောက်သောအခါ တိုင်းပြည်( မြန်မာပြည်) အထွေထွေအကျပ်အတည်းကြောင့် နိုင်ငံခြားသို့ ခရီးမထွက်ခွါမီ အမှတ်တရရိုက်ကူးထားခဲ့တဲ့ပုံပါ။

။ အိမ်နီးနားချင်းတိုင်းပြည်တစ်ခုကိုထွက်ခွာသွားပြီး ဘာသန္တရပညာရပ်သင်ယူခဲ့ပါတယ်။ ခုတော့ အရှင့်ကိုပညာသင်ပေးတော်မူကြတဲ့ ဆရာအရှင်သူမြတ်တွေကလည်း ဘဝနတ်ထံပြန်လွန်တော်မူကြရှာပါပြီ။ ပညာအတူတူ သင်ယူဆည်းပူးတော်မူကြတဲ့ ပညာ့မိတ်ဆွေတော်တွေလည်း အဝေးဝေးမှာ ရောက်ကြလို့ အချို့ချို့လည်း ဒီလောကနဲ့ထွက်ခွာနေကြပြီ။

။ ပင်ပန်းစွာနဲ့ကျန်ရစ်နေသေးတဲ့ ဤအရှင်ကတော့ လောကီသားပီပီ လောကနယ်ထဲမှာ လူးလှိမ့်နေဆဲပါပဲ။ ခန္ဓာသားရဲ့အိုမင်းရင့်ရော်လာမှုကြောင့် အိုခြင်းနှိပ်စက်မှုတွေ အပြင်းအထန်မြင်တွေ့နေရတော့ ပုံမှန်နေ့စဉ်တရားပွားများဖြစ်ပေမယ့် ၊ သမာဓိတည်ငြိမ်မှုကလွဲလို့ အခြားဘာမှ မသိမမြင်ရသေးပါဘူး။

။ သံသရာမှာ ဒီခန္ဓာသာဆက်လက်၍ နှစ်သက်တွယ်တာမိခဲ့ဦးမယ်ဆိုရင်တော့ ဘဝများစွာ ကျင်လည်ကြရနေဦးမယ်။ အမှန်မလွဲပြောရရင် ဒီသံသရာမှာ ခုနှစ်ကြိမ်ထက်မလာချင်တော့ပါဘူး။ ပဋိသန္ဓေနောက်ထပ်တစ်ကြိမ်ပြန်တည်ဖို့ မကြိုးစားချင်တော့ပါဘူး။

။ သတိခါခါ
အောက်မေ့ပါသည်
အေးရာနှလုံးသွင်းတတ်ပြီ။

တောမှီရဟန်း
(၈.၁၁.၂၀၂၂) ရက်နေ့။

Loading

Exit mobile version