Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ ကိုယ်ခန္ဓာကို စွန့်လွှတ်ရတဲ့အချိန်မှာ ဝမ်းနည်းမိပါသလား။
။ ဘဝကိုယ်ခန္ဓာကို ပြန်မသိနိုင်တာ ဝမ်းနည်းကြေကွဲရပါသလား။
။ ဘဝကြောင့် အမျိုးမျိုးပြောင်းလဲနေကြရတာဟာ နားလည်မယ်ထင်ပါသလား။
။ ဘဝမှာ ထင်သလိုဖြစ်မလာခဲ့ရင် မိမိကိုယ်မိမိ ဘယ်လိုမြင်နေမိပါသလဲ။
။ ပူပန်ရတဲ့အဖြစ်ဟာ ဝိုင်းစက်နေတဲ့စက်ဝိုင်းလိုပါပဲလေ။
။ အဆက်မပြတ်ဖြစ်နေတဲ့ သည်ခန္ဓာဒုက္ခကို သင်နားလည်ပါသလား။
။ အမြဲမပြတ်ဖြစ်ပျက်ရတဲ့ဘဝလောကကို သင်မြင်နေပြီးသားပါပဲ။
။ သည်နေ့တော့ သင့်အတွက် ကောင်းချီးနေ့ဖြစ်ပါစေ။

တောင်ကလေးဆရာတော်
(၃၀.၆.၂၀၂၂) ရက်နေ့နံနံက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။

။ အချိန်နည်းလာတော့ အချိန်လိုချင်လာ။
။ မရောက်ဖြစ်တော့လည်း အချိန်မပေးနိုင်။
။ သတိရနေလည်း စကားမပြောဖြစ်။
။ သွားချင်မြင်ချင်လည်း အလုပ်မအားလပ်။
။ ပေးချင်ကမ်းချင်လည်း ကိုယ်တိုင်မရောက်နိုင်။
။ အားပေးချင်ပေမယ့် ပြန်ပြီးမမြင်ကြ။
။ အကြောင်းကြားပေမယ့် ကိုယ်တိုင်မကူညီနိုင်။
။ မေတ္တာရှိပေမယ့် ဘဝတစ်ခုဆီခြား။
။ ကူညီချင်ပေမယ့် အခွင့်အလမ်းမသာ။
။ အတူနေပေမယ့် ရင်တွင်း၌မအေးရ။
။ အဲဒီတော့ နေတတ်သလိုသာ နေတတ်စေ။

တောင်ကလေးဆရာတော်
( ၂၉.၆.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ဘဝမှာ မေ့ခဲ့ရတာတွေ
> မောပန်းခဲ့ရတာတွေ
> ပူလောင်ခဲ့ရတာတွေ
> ကြမ်းတမ်းခဲ့ရတာတွေ
> နာကြည်းခဲ့ရတာတွေ
> ထိတ်လန့်ခဲ့ရတာတွေ
> စိုးရိမ်တကြီးဖြစ်ခဲ့ရတာတွေ
> ငိုကြွေးခဲ့ရတာတွေ
> မပိုင်ခဲ့ရတာတွေ
> မနိုင်ခဲ့ရတာတွေ
> မဆိုင်ခဲ့ရတာတွေ
> မသာခဲ့ရတာတွေ
> သာခဲ့ရတာတွေ
> ဒဏ်ရာအမျိုးမျိုးရခဲ့တာတွေ
သည်နေ့တော့ဖြင့်

။ လောကခရီး၊ သားသမီးတို့၊ ရေ,မီးပင်လယ်၊ ကျယ်လည်းကျယ် ရွယ်တိုင်းမမြောက်ဘူးလို့ပဲ အဆုံးအမပေးလိုက်ပါတယ်။

တောင်ကလေးဆရာတော်
(၂၇.၆.၂၀၂၂) ရက်နေ့နံနက်။)

Loading

Categories
စကားလက်ဆောင် ပညာရေး

။ ဝမ်းမြောက်ခြင်း ။

။ ၂၀၂၂နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တောင်ကလေးကျောင်းခွဲ၊ မွန်ပြည်နယ်၊ သထုံမြို့၊ ပဉ္စဂီရိချမ်းမြေ့စည်လောကီ၊ လောကုတ္တရာပညာသင်ကြားရေးကျောင်းမှ

။ ၁) (၃) ဘာသာဂုဏ်ထူးဖြင့် (ပထဝီ၊ သမိုင်း၊ ဘောဂ) သီလရှင်တစ်ပါး၊ (မထေရာနန္ဒီ @ မနှင်းသုဝေ)
။ ၂) (၁) ဘာသာဂုဏ်ထူးဖြင့် (သမိုင်း၊ ဘောဂ) နှစ်ပါး၊
(က) မပုညာနန္ဒီ @ မမေလင်းထက် (သမိုင်းဘာသာ)၊
(ခ) မခေမာစာရီ @ မချောစုခင် (ဘောဂဗေဒဘာသာ)
။ ၃) ရိုးရိုးအောင် (၂) ပါး
(က) ရှင်ဇောတိက @ မောင်ဇော်ဝင်းသူ
(ခ) မသုတစာရီ @ မနန်းလှိုင်လှိုင်သင်း စုစုပေါင်း (၅) ပါး အောင်မြင်ခဲ့ပါသည်။

။ ပညာပါရမီအားထုတ်ကြသူတွေရဲ့ကြိုးစားမှုရလဒ်မှတ်တိုင်ဖြစ်ပါတယ်။ လိုရာပြည့်ဝကြပါစေ။

Loading

Categories
စကားလက်ဆောင်

။ အမြတ်လမ်း ။

။ ဆုံမှတ်နေရာ
မဆုံကြဘဲ
ကြုံရနေရာ
ဆုံကြပါသည်
ဘဝထိုထို များကုသိုလ်။

။ အတုံ့အဆက်
ဆုံကြခဲ့တော့
စုံမက်စုံဖက်
ဆုံမှတ်ပျက်သည်
ဘယ်တွက်ထိုထို များကုသိုလ်။

။ ဆုံလည်,ဆုံဆည်း
ဘုံတမ်းမီးနယ်
ခရီးပင်လယ်
ကျယ်သည့်ကျယ်သည်
ဘယ်ဝယ်ဘဝ များကုသိုလ်

။ ဆုံရဘဝ
ဆုံမှတ်ပြတ်အောင်
ဓမ္မဉာဏ်မီ
ရင်၌ချည်ပြီ
ကုန်ပြီတန်းတန်း အမြတ်လမ်း။

တောမှီရဟန်း
(၂၂.၆.၂၀၂၂) ရက်နေ့ညနေခင်း။)

Loading

Categories
ပညာရေး ဗုဒ္ဓဘာသာ ဘာသာရေး

၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ တောင်ကလေးကျောင်းတိုက်မှ (၅) ပါး အောင်မြင်

။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၊ ကရင်ပြည်နယ် (ဘားအံ) စာဖြေဌာန အခြေပြုမူလတန်းအောင်စာရင်းမှ တောင်ကလေးကျောင်းတိုက်တွင် အခြေပြုမူလတန်းစာမေးပွဲကို အောင်မြင်ကြသော သီလရှင်များ။

။ ပါဠိပထမပြန်စာမေးပွဲ ပြန်ပြီးမဖြေဖြစ်တာကြာပြီဆိုပေမယ့် စမ်းသပ်ဖြေဆိုကြည့်လိုက်တာ (၅) ပါး အောင်မြင်ပါတယ်။ ၂၀၂၃ ခုနှစ်စာမေးပွဲမှာ ပြန်ပြီးစမ်းသပ်ပါဦးမယ်။

Loading

Categories
ပညာရေး

၂၀၂၂ – တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း (ကရင်ပြည်နယ်)

ပညာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
Department of Myanmar Examinations, Ministry of Education, Myanmar.
၂၀၂၂ – တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း (ကရင်ပြည်နယ်)

၂၀၂၂ – တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း (ကရင်ပြည်နယ်) (myanmarexam.org)

မှတ်ချက် ။ ။ လက်ရှိတွင် File Access များအားပိတ်ထားသဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ပါ။

Loading

Categories
ပညာရေး ဗုဒ္ဓဘာသာ ဘာသာရေး

၁၃၈၄ (၂၀၂၂) ခုနှစ် ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာန အောင်စာရင်း

။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းနှစ်ကျမ်းအောင် (၄၂၄) ပါးမှ ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာန အောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းသုံးကျမ်းအောင် (၂၆၁) ပါးမှ ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာနအောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းတစ်ကျမ်းအောင် (၆၁၀) ပါးမှ ကရင်ပြည်နယ် (ဘားအံ) ဓမ္မာစရိယစာဖြေဌာနအောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
။ ၁၃၈၄ (၂၀၂၂) ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပါဠိပါရဂူအောင် (၁) ပါးနှင့် မြန်မာဂုဏ်ထူးအောင် (၂) ပါး အောင်စာရင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

Loading

Categories
ပညာရေး ဖွံ့ဖြိုးရေး ဗုဒ္ဓဘာသာ

။ အဝေးကတပည့်များသို့ ။

။ တိမ်လိပ်တိမ်ရိပ်
တအိမ့်အိမ့်နှင့်
တိတ်ဆိတ်သာယာ ကုန်းမြင့်မှာ။

။ မိဘ ဘိုးဘွား
တည်ကာထားတဲ့
ဘုရားစေတီ မြရတနာ။

။ မြတ်သောနေရာ
နေလာကြတဲ့
သင်ကြပညာ သူသူငါ။

။ ခုတော့
ခေါင်းလောင်းသံသာ
ကြားနေပါပြီ
သူငါစာကျက် တစာစာ။

။ ပြန်မရောက်ကြာ အဝေးရွာက တပည့်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သို့ ။
~~~

မာန်နာဲပညာ
(ဖလုံပညာ့တ်ုဝါန့် )
(၁၅.၆.၂၀၂၂) ရပ်နေ့။

Loading

Categories
စကားလက်ဆောင် ပရဟိတ ဗုဒ္ဓဘာသာ

။ မပျံသန်းနိုင်တော့ခြင်း ။

။ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးပါတယ်။ သူ့အသက်ရှင်လာလေမည်လားပါ။ပြန်ပြီးမရှင်လာလေတော့ ကယ်သူကပဲ ဝေဒနာအဖြစ်ခံစားရပါတယ်။ သတ္တဝါတိုင်း အသက်ရှင်နေခြင်းကိုတောင်းတနေကြစမြဲမဟုတ်လား။

။ ဒီမနက်စာရေးနေတဲ့အချိန်လေးမှာပဲ အရှိန်ပြင်းပြင်းနဲ့ပျံသန်းလာနေတဲ့စာငှက်ကလေးဟာ မှန်တံခါးကို တိုက်မိလို့ ကျနေတာကိုမြင်ရလို့ အလျင်အမြန်ကောက်ယူပြီး လေမှုတ်သွင်းပေးတယ်။ အတောင်နှစ်ဖက်ကို ဆန့်တန်းပြီး ရင်အုပ်ကို အသာကလေးဖိပြီး လှုပ်ပေးနေတယ်။ နှုတ်သီးကိုဟပ်ပြီးတော့ လေလေး အကြိမ်ကြိမ်အခါခါမှုတ်သွင်းပေးတယ်။ အခြားကုသစရာတွေနဲ့လည်းကြိုးစားခဲ့ပေမဲ့ အသက်ပြန်မရှင်တော့ဘဲ လက်ပေါ်မှာပဲအသက်ပျောက်သွားတယ်လို့ပဲဆိုရမပေါ့။

။ ငှက်ကလေးရဲ့ခန္ဓာအစိတ်အပိုင်းကိုပြန်ပြီးကြည့်တဲ့အခါ လည်ပင်းရိုးကြိုးနေတာတွေ့ရတယ်။ ဘဝမှာဘယ်နေ့သေရမည်လည်းဆိုတာကို သေချာမသိကြတဲ့သတ္တဝါတွေရဲ့အဖြစ်ဟာ သံဝေဂရစရာပါပဲ။

။ ဒီနေ့တော့ မရဏာနုပဿနာပွားများခဲ့ပါတယ်။

(ပျံသန်းခြင်းမှမပျံနိုင်တော့ခြင်း)

တောမှီရဟန်း
(၁၄.၆.၂၀၂၂) ရက်နေ့နံနက်။

Loading

Exit mobile version