Categories
ကရင်လူမျိုး

ကောဟ်ထေံၜိုင်

ကောဟ်ထေံၜိုင်
/ကွတ်ထေးဘန်/
ကရင်ရိုးရာ #ကဒက်မုန့်
ကဒက်ဥ+ဆန်နှစ်+အချိုထန်းလျက်(သို့)ကြံသကာတို့
ရော၍ #နွယ်ဒန်းဖက် ဖြင့်ထုပ်သည်။
စား၍အလွန်ကောင်းသော
ကရင်ရိုးရာကဒက်မုန့်ပါပဲ။

ကဒက်ဥပေါ်ချိန်မှာပဲစားရတာရာသီစာမုန့်တစ်မျိုးပေါ့။

စောဝဏ္ဏထွန်း

dav
dav

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း

။ ဝေးတော့မယ် ။

။ ဝေးတော့မယ် ။
~~~~~~~~~~~~~

။ မိမိကိုယ်ကို
သရုပ်ခွဲကြည့်တော့
သည်ရုပ်သည်နာမ်
နှစ်ပါးပဲ။

။ ရုပ်နဲ့နာမ်သာ
ရှိနေတာကို
အိုနာသေရ မကင်းတယ်။

။ မအိုချင်လည်း
အိုလာရ မြဲ
မနာချင်လည်း
နာနေရမြဲ
မသေချင်လည်း
သေ နေ ရ မြဲ
မြဲတဲ့ဓမ္မာတာ လမ်းမဖယ်။

။ ပူမှုကမ္ဘာ
အဖြာဖြာနဲ့
မာယာ
သာဌေယျ
အကွက်ချပြီး
အားမနာတမ်း
လှည့်ဖြားတယ်။

။ သူလည်းလည်
ကိုယ်လည်းလည်နဲ့
လည်လည်ပတ်ပတ်
အပ်ကြောင်းထပ်ကြ
အက်ကြောင်းများနဲ့
ရန်ဖြစ်တွယ်။

။ အတွယ်အတာ
လိမ်ညာပြပြီး
သူသူငါငါ
ဝင်္ကဒသက(ဆယ်နှစ် ရှစ်လီ)
အရွယ်ဖြစ်လည်း
မရော့သေးဘူး
တဏှာဆွယ်။

။ အတွယ်အဆွယ်
အနွယ်တွေနဲ့
လည်ရေးခြယ်သ
လွယ်ထမ်းရသူ
ပင်ပန်းတယ်
ပိုနွမ်းနယ်။

။ သည်နေ့တော့
ဘယ်သူလည်လည်
ကိုမလည်ဘူး
ဘယ်သူတွယ်တွယ်
ကိုယ်မတွယ်ဘူး
ဘယ်သူဆွယ်ဆွယ်
ကိုယ်မဆွယ်ဘူး
လည်တွယ်ဆွယ်နဲ့ ဝေးတော့မယ်။

တောမှီရဟန်း
(၃၀.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ကောင်းမြင်သုတ ရှိပါစေ ။

။ ကောင်းမြင်သုတ ရှိပါစေ ။
~~~~~~~~~~~~~~~~~~~~~

။ စိတ်ဓာတ် မမာတာ
ပျော့ညံ့ညံ့ဖြစ်တာ
အမြဲတမ်းအားနာတတ်တာ
အမြဲပဲသည်းခံပေးရတာတွေဟာ
သာမန်အမြင်နဲ့ကြည့်လိုက်ရင်
အသုံးမကျတဲ့သူ
အသုံးမဝင်တဲ့သူပါလို့
ထင်ကောင်းထင်မိတတ်မယ်။

။ တကယ်တော့
စိတ်ဓာတ်ပျော့ပျောင်းတဲ့သူဟာ
ပျော့ညံ့တဲ့သူတွေမဟုတ်ပါဘူး
အောင်မြင်ကြတဲ့သူတွေရဲ့
အထွတ်အထိပ်လက္ခဏာတွေပါပဲ။

။ လူတိုင်းအတွက်
အမြဲတမ်းအားနာတတ်တဲ့သူဟာလည်း
သာမန်လူသားတွေ
မဟုတ်သလို
ကိုယ်ချင်းစာတရားနဲ့
မြဲစွာနှလုံးသွင်းတဲ့
သူမြတ်တွေပါပဲ။

။ နောက်ပြီးတော့
အရာရာကို
အမြဲတမ်းသည်းခံနိုင်တဲ့သူဟာလည်း
လူသာမန်တွေထက်
ပိုပြီးတော့
အောင်မြင်ကြတာကို
တွေ့ရမှာပါပဲ။

။ လောကမှာ
အထင်သေး
အမြင်တို
တစ်ဖက်သတ်
တစ်ဖက်သားကို
ပြစ်မှားစော်ကားကြတဲ့သူတွေဟာ
တစ်နေ့နေ့
တစ်ချိန်ချိန်မှာ
အမှားဒဏ်တွေ
ဆိုးကျိုးကံတွေ
ကာပိတ်ဆည်းမရ
မနိုင်လောက်အောင်
ရောက်လာလေမှာပါပဲ။

။ ဒါကြောင့်
တစ်ဖက်သတ်
တစ်ဖက်သားကို
မမှားရအောင်
နှလုံးသားကို
သတိပဋ္ဌာန်တရားနဲ့
နေ့နေ့ညည
အလှဆင်ထားကြရင်
ပူဆွေးရသောအဖြစ်
လွန်မြောက်
လွတ်မြောက်နေမှာ
အမှန်ပါပဲလို့
ဥပုသ်စောင့်ထိန်းကြသူ
ဥပါသကာ
ဥပါသိကာတွေကို
လက်ဆောင်ပေးပါတယ်။

( သည်နေ့ ဥပုသ်လက်ဆောင်တရား။)

တောင်ကလေးဆရာတော်
(၂၇.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ရှင်းထုတ်ထားကြပါ ။~~~~~~~~~~~~~~

။ ရှင်းထုတ်ထားကြပါ ။

။ သည်နေ့
သတိရစရာ
အကြောင်းအရာ
တစ်ခုကို
ပြန်ပြောပြချင်ပါတယ်။
အခြားသော
ထွေထွေထူးထူးတော့
မဟုတ်ပါဘူး။
စကားရှိတော့လည်း
ဆိုရတာပါ
ပြောရတာပါ။

။ လွန်ခဲ့တဲ့နှစ်တွေထဲက
Facebook စာမျက်နှာပေါ်မှာ
ထေရီမကိစ္စနဲ့ပတ်သက်လို့
ရေးမိဆိုမိ
ဝေဖန်ထောက်ပြမိတာကို
မနှစ်သက်ကြတဲ့သူတွေက
အသံတွေဆူပွက်နေကြလို့
အရှင့်ကို
ထေရီဆိုတဲ့ပါဠိပုဒ်ကို
ရုပ်တွက်ခိုင်းတာရော
စာကျက်ခိုင်းတာရော
တကျက်ကျက်ဖြစ်နေကြလို့
ရေးထားတဲ့စာပါ
ဖျက်သိမ်းလိုက်ရတယ်။

။ မှန်ပါတယ်
သူတစ်ပါး
လူအများ
နစ်နာမယ်လို့ထင်ရင်
ဤအရှင်က
ဘယ်တော့မှ
မပြုမူပါဘူး။

။ လူ့ဘဝဟာ
သူပြုသူခံ
သူ့ကံသူ့အကျိုးတရား
ရှိနေပြီးသားဖြစ်လို့ပါပဲ။

။ မိမိက
ဘယ်လိုဘယ်ညာ
ဘယ်လိုကြီးလည်း
ဖြစ်စေကောင်းစေ
လှစေတော်စေလို့လည်း
ရှိနေဖြစ်နေပေမယ့်
စေတနာအတိုင်းတိုင်း
မဖြစ်နိုင်ပါဘူးဆိုတာ
သိထားပြီးသားပါပဲ။

။ ဒါပေမဲ့
လူဆိုတာ
အမှားနဲ့အမှန်
အဆိုးနဲ့အကောင်း
အကောင်းသား
အဟောင်းသားပဲဆိုတာကိုတော့
သိထားကြဖို့ပါပဲ။

။ တစ်ခါတလေ
တစ်ခုတလေ
အလွဲလွဲလေးမှားနေမိရင်
အမှားလေးကို
အမှားကြီးဖြစ်အောင်
ကဲလားအမျိုးမျိုးနဲ့
ဟိုးလေးတကျော်ဖြစ်အောင်
လုပ်မိတတ်ကြတဲ့သူတွေလည်း
အရှိရှိပါပဲ။

။ တကယ်တော့
လူတွေဟာ
သူ့အကြိုက်ညီအောင်
လိုက်နိုင်ရင်
ရင်ဝရင်မ
အမြဲအေးရပေါ့။
အကယ်၍သာ
အလွဲအခွဲ
ခွဲတမ်းခွဲဝေ
ခွဲဖောက်မိရင်
ဖောက်ပြန်ရေးသမား
အကုသိုလ်ကောင်
လူရှုပ်လူပွေ
ကွေ့ပွေ့တဲ့အပြုအမူတွေ
အမျိုးမျိုး
ရှုတ်ချကြလေပေါ့။

။ ဒါကြောင့်
အကြိုက်မတူရင်( ရန်သူ)
အကြိုက်ညီရင်(ကြည်သူ)
လူဘောင်လူ့လောကမှာ
သတ်မှတ်ချက်တန်းရှိနေကြရင်
အတွဲညီသင့်ဖို့
မိုးလားကဲလား
မလုပ်တတ်တာက
ဤအရှင်ပါပဲ။

။ ဒါကြောင့်
တပည့်ဖြစ်ကြတဲ့
ဒါယိကာမ
ဒါယကာတွေ
မိမိအကျိုးကို
အဖျက်အဆီးမခံဘဲ
ကိုယ်ပိုင်စံ
ကိုယ်ပိုင်ဉာဏ်
ကိုယ်ပိုင်ကံ
ကိုယ်ပိုင်တရားနဲ့
” သူ့အလုပ် သူလုပ်”
“ကိုယ့်အလုပ် ကိုယ်လုပ်”
အရှုပ်ထဲကနေ
ရှင်းထုတ်ထားကြပါ
မိမိအတွက်
ကောင်းနုတ်ထုတ်ထားကြပါစေ။

တောင်ကလေးဆရာတော်
(၂၆.၈.၂၀၂၄) ရက်နေ့ညချမ်းချိန်။

Loading

Categories
ကျန်းမာရေး စကားလက်ဆောင် တောင်ကလေးဆရာတော်

။ မျောက်ကျောက်(Mpox)ရောဂါကာကွယ်ပါ ။

။ မျောက်ကျောက်
(Mpox)ရောဂါကာကွယ်ပါ ။
~~~~~~~~~~~~~~~~~~

။ ကိုဗစ်(၁၉) ရောဂါ
ကျရောက်ပြီးပြန်လို့
Mpox ကျောက်ရောဂါ
( မျောက်ကျောက်ရောဂါ)
အမည်နဲ့
ရောဂါဗေဒတစ်မျိုး
လူသားတွေအပေါ်မှာ
ကျရောက်လာနေပြန်ပြီ။

။ လူတွေကတော့
ပေါ့ပေါ့ဆဆပါပဲ
အရေးတောင်မစိုက်
ဒါလေးကတော့
အသာကလေးဆိုပြီး
ယူဆနေကြတယ်။

။ အရှင်တို့ငယ်ငယ်က
ကျောက်ရောဂါ
ဝေဒနာကျရောက်ခဲ့လို့
တစ်နယ်လုံး
တစ်ရွာလုံး
အသက်သေကျေခဲ့ရတယ်။

။ ကျောက်ရောဂါ
ဝမ်းရောဂါ
ကိုဗစ်ရောဂါများ
ကူးစက်မှုမခံရအောင်
အရှင်တို့မှာ
ကာကွယ်ဆေး
ထိုးနှံသွင်းထားခဲ့ရတယ်။
( အရှင်တို့လက်မောင်းမှာ ယနေ့အမှတ်အသားရှိနေပါတယ်။)

။ ကျောက်ရောဂါရလို့
မသေကြတဲ့သူတွေက
ကျောက်ရောဂါမှ
ရလိုက်ကြတဲ့
ဒဏ်ရာတွေဟာ
မျက်နှာပြင်ပေါ်မှာ
အထင်းသားကျန်နေခဲ့လို့
လူ့ဘဝရဲ့
ကာယလှပမှုအတွက်
အရုပ်ဆိုး
အကျည်းတန်
အကျဉ်းတန်လွန်းတာ
အမှန်ပါပဲ။

။ ဒါကြောင့်
အသက်ကိုတန်ဖိုးထားကြတဲ့
လူသားတိုင်းအတွက်
ဒီရောဂါကိုလည်း
တစ်မျိုးသားလုံး
ကျန်းမာရေးအတွက်နဲ့
ကာကွယ်ထိန်းသိမ်း
စောင့်ရှောက်ကြဖို့
သတိပေးပါတယ်။

။ အထူးသဖြင့်
အရှင်နဲ့ပတ်သက်ကြတဲ့
တပည့်ဒါယကာ/ ဒါယိကာမ
မိသားစုအားလုံးကို
နွေးထွေးစွာသတိပေးပါတယ်။

။ အရောဂျ
သုခိတာ
ဟောထပါလို့ပဲ။

တောင်ကလေးဆရာတော်
(၂၃.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်နေ့နံနက်ခင်းဩဝါဒကထာ( စကား) ။

။ သည်နေ့နံနက်ခင်းဩဝါဒကထာ( စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~
။ ကြောက်ခြင်းသည် ဒေါသ ဖြစ်၏။
။ သီလရှိလျှင် ဒေါသမဖြစ်။
။ ဒေါသမရှိလျှင် ဆုတ်နစ်သောသူ မဖြစ်။
။ ကိုယ်ကျင့်ကောင်းလျှင် ငြိမ်းချမ်း၏။
။ အထိန်းမဲ့လျှင် အပျက်များ၏။
။ မိမိအတွက် မစဉ်းစားလျှင် သာ၍မွန်မြတ်၏။
။ ကြောက်ရွံ့ခြင်း ကင်းပါစေ။
။ ယုံမှားခြင်း လွန်မြောက်ပါစေ။
။ တွယ်တာခြင်း ရုန်းထွက်ပါစေ။
။ ထောင်လွှားမှု လွန်မြောက်ပါစေ။
။ ကျေးဇူးကို ချေဖျက်ခြင်း ကင်းပါစေ။

တောင်ကလေးဆရာတော်
(၂၂.၈.၂၀၂၄) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်နေ့တော့ မပေါ့နဲ့ ။~~~~~~~~~~~~~~

။ သည်နေ့တော့ မပေါ့နဲ့ ။
~~~~~~~~~~~~~~~~~~

။ ကြည့်လို့ကောင်းတာ
အရာရာ။

။ ပြင်လို့လှတာ
သည်မျက်နှာ။

။ ဆင်လို့လှတာ
ဤခန်ဓာ။

။ ချစ်လို့ကောင်းတာ
ရုပ်မာယာ။

။ စွဲလမ်းစရာ
မှော်တဏှာ။

။ တပ်မက်ဖြစ်တာ
ကိလေသာ။

။ မကုန်နိုင်တာ
စိတ်မဟာ။

။ သည်နေ့တော့
မမေ့,မပေါ့
နေပေတော့ပါပဲ။

တောင်ကလေးဆရာတော်
(၂၁.၈.၂၀၂၄) ရက်နေ့။

Loading

Categories
ကရင်လူမျိုး

ဖၠုံထူရူ့လာခုဂ်ခါင်ႋစူးမူႋဏီ

လှိုက်လှဲစွာ ကြိုဆိုပါ၏


နှစ်စဥ်
ကျင်းပလျက်ရှိသော
၃၈ ကြိမ်မြောက်
တောင်ကလေး(ဖလုံပညာ့တဝေါင့်)
ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့
ကြွရောက်ချီးမြှင့်နိုင်ပါရန်
လေးစားစွာဖြင့်
ဖိတ်ကြားအပ်ပါသည်။

အခမ်းအနား နေ့ရက်/အချိန်


၂၀၂၄ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်
နံနက်(၈)နာရီ။

ကျွေးမွေးလှူဒါန်းရေးအချိန်


နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ။

လှိုက်လှဲစွာကြိုဆိုပါ၏
https://www.facebook.com/share/p/gH7L3sReZgFiCkbM/?mibextid=oFDknk

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း

။ အဓိဋ္ဌာန်ပါရမီ ။

။ အဓိဋ္ဌာန်ပါရမီ ။
~~~~~~~~~~~~~
။ အဓိဋ္ဌာန( ပါဠိဘာသာစကား)= ဆုံးဖြတ်ချက်၊ပြုလုပ်မှု၊ဆောက်တည်မှု၊အကြောင်း၏တည်ရာ, လို့ မြန်မာဘာသာဖြင့်ပြန်ဖွင့်ဆိုနိုင်ပါတယ်။ (တစ်နည်း)စိတ်ပဋိညာဉ် မရွှေ့ပြောင်းခြင်းသည် အဓိဋ္ဌာန်ပါရမီဖြစ်သည်။( လယ်တီဆရာတော်)

အဓိဋ္ဌာနပါရမီသည်

= မယိုင်မလဲ ကြံ့ခိုင်ခြင်းလက္ခဏာရှိ၏။
= ဆန့်ကျင်ဘက်ကို ပယ်ရှားခြင်ကိစ္စရှိ၏။
= မတုန်မလှုပ် တည်မြဲ၏။
= ခိုင်မာ၏။
= ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်၏။
= အရာအားလုံး( ပါရမီအားလုံး)ကို အားဖြည့်ပေး၏။
= ပံ့ပိုးပေး၏။

စိတ်ဓာတ်

။ မည်သူမဆို မိမိ၏
ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို
ကျော်လွှားနိုင်ရမည်။
ရည်ရွယ်ချက်ကို
ဖြောင့်မတ်ရမည်။
ဖြောင့်တန်းရမည်။
စိတ်ဓာတ်ဖြူစင်ရမည်။
ဗီဇကောင်းရမည်။
မတရားခြင်းမပြုဟု
စိတ်ဓာတ်ခိုင်ရမည်။
စိတ်ဓာတ်မခိုင်လျှင်
ဆုံးဖြတ်ချက်ပျော့မည်။
ဆုံးဖြတ်ချက်ပျော့လျှင်
အဓိဋ္ဌာန်ပါရမီပျက်မည်။

အဓိဋ္ဌာန်သုံးမျိုး

။ အဓိဋ္ဌာန်သုံးမျိုးရှိသည်
(၁) ပုဗ္ဗနိမိတ္တအဓိဋ္ဌာန်
( ရှေးဦးနိမိတ်ပြရန် စိတ်ဆောက်တည်ခြင်း။)
(၂) အာသီသအဓိဋ္ဌာန်
( လိုလားသောအကြောင်းအရာအတွက် စိတ်ဆောက်တည်ခြင်း။)
(၃) ဝတအဓိဋ္ဌာန်
(ကျင့်ဝတ်တရားကိုကျင့်ကြံရန် စိတ်ဆောက်တည်ခြင်း။)
သုံးမျိုးရှိသည်။

မြင့်မြတ်သူများအဓိဋ္ဌာန်

။ မြင့်မြတ်သူတို့သည်
မိမိကိုယ်ခန္ဓာကို
အစွဲမထား။
အလိုရှိသူဟူသမျှ
မတုန်မလှုပ်
စွန့်လွှတ်လှူဒါန်း၏။
မြတ်သောအကျင့်တရားများကို
အပျက်မခံဘဲ
မိမိ၏အသက်ခန္ဓာကို
အလိုရှိသူဟူသမျှ
မတုန်မလှုပ်
စွန့်လွှတ်၏။
မြင့်မြတ်သူတို့၏
နှလုံးသားမှမြင်ရသော
အဓိဋ္ဌာန်ချက်သည်
လေးမြတ်ကြည်ညို၍
မဆုံးဖြစ်၏။

တိုက်တွန်း

။ ဤအရှင်သည်
အဓိဋ္ဌာန်နှင့်ပတ်သက်၍
ငယ်ရွယ်သောကာက
တောရဆောက်တည်လျက်
ဈာနအဓိဋ္ဌာန်အနေဖြင့်
ဆောက်တည်ပွားများခဲ့ဖူးပါသည်။
ဘဝအတွက်ကျေးဇူးများသော
ပါရမီဖြစ်သည်ကြောင့်
တစ်နည်း
အထောက်အပံ့
အားကောင်းသည်ကြောင့်
(မလိုချင်လေရလေ)
ဟူသောအရာသည်
မည်သည့်လုပ်ငန်းစဉ်များ
ဖြစ်သည်ကို
အဓိဋ္ဌာန်ဖြင့်နေသောသူသည်သာ
သိမြင်နိုင်ကြသည်။
ထို့ကြောင့်
လုပ်ငန်းတိုင်းအောင်
လုပ်မြဲတိုင်းပြီး
အကျိုးစီးပွားဖြစ်ထွန်း
အားထုတ်တိုင်းရ
ဟူသောပါရမီကို
မိမိ၏ဘဝပါရမီကို
လိုလားနှစ်သက်မြတ်နိုးသူများ
ပွားများအားထုတ်သင့်ပါသည်ဟူ၍
အာသီသဆန္ဒပေးပါသည်။

တောမှီရဟန်း
( ၁၅.၈.၂၀၂၄) ရက်နေ့။

( ဒါယိကာမ ဒေါ်စင်မြတ်မွန်( အိသျှန်)၏ ဓမ္မပရိသတ်များသို့ ရည်ညွှန်းပြုပါသည်။)

Loading

Categories
စကားလက်ဆောင် အဲးခိုး

။ မျှော်လင့်မိသောနေ့ ။

။ မျှော်လင့်မိသောနေ့ ။
~~~~~~~~~~~~~~~~

။ ကိုယ့်အိမ်ကိုယ်ရာ
နေချင်ပါလည်း
သာသာယာယာ မရှိဘူး။

။ ကိုယ့်တိုင်းကိုယ့်ယ်ပြေ( ပြည်)
ငြိမ်းချမ်းချင်လည်း
ကြင်ကြင်နာနာ မရဘူး။

။ ကိုယ့်ပတ်ဝန်းကျင်
ပျော်ရွှင်ချင်လည်း
ခင်ခင်မင်မင် မဖြစ်ဘူး။

။ မိသားစုပေါင်း
နေလိုကြောင်းလည်း
ခညောင်းအိမ့်အိမ့် မရဘူး။

။ မေတ္တာရိပ်ရိပ်
တသိမ့်သိမ့်မှာ
တစိမ့်စိမ့်နဲ့
ချွေးသိပ်ဘယ်နေ့ ရမှာလဲ။

အဲးခိုး
(၁၃.၈.၂၀၂၄) ရက်နေ့။

Loading

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်