Categories
မြန်မာ့ရိုးရာလက်ဝှေ့ အားကစား

အောင်မျိုးဝင်း (ဆင်ကျုံးရွာ) VS အငယ်လေး (ကော့ရင်းရွာ) ဆင်ကျုံးရွာပွဲ

Myanmar Traditional Lethwei အောင်မျိုးဝင်း (ဆင်ကျုံးရွာ) VS အငယ်လေး (ကော့ရင်းရွာ) ဆင်ကျုံးရွာပွဲ
“ ကုလားနှင့် ကရင်” “ ကျားနှင့်ဆင်” ပေါ့ဗျာ
“ Kalar and Karen” Look Like “ Tiger VS Elephant”
ဆင်ကျုံးကျေးရွာ ညောင်ရေသွန်းပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ။

Loading

Categories
အားကစား

“ ဒို့ရိုးရာကလပ်” စောညာ (ကိုးရီးယား) VS “ ဇွဲကပင်မြေကလပ်” ရဲထွဋ်ခေါင် (မြန်မာ) Myanmar Lethwei

Myanmar vs Korea ရဲထွဋ်ခေါင် "ဇွဲကပင်မြေ" VS "ဒို့ရိုးရာ" စောညာ Myanmar Lethwei
“ ဒို့ရိုးရာကလပ်” စောညာ (ကိုးရီးယား) VS “ ဇွဲကပင်မြေကလပ်” ရဲထွဋ်ခေါင် (မြန်မာ) Myanmar Lethwei

Loading

Categories
ကျန်းမာရေး စကားလက်ဆောင်

။ အအိုတိုက် ။

။ အသက်ကြီးရင့်
အိုစာပင့်လျှင်
အိုရင့်ရမှာ ဓမ္မတာ။

။ အသက်မရင့်
အိုလာဆင့်ကြောင့်
အိုရင့်တော့မှာ များမကြာ။

။ အသက်ရင့်ရင့်
အိုကြီးပင့်က
အိုရင့်ရမှာ သူသူငါ။

။ အအိုအအို
ဘယ်သူ့ကိုယ်မှ
မအိုရဘူး မရပါ
မနာရဘူး မရပါ
မသေရဘူး မရပါ။

။ သူသူငါငါ
အိုထဲပါရ
နာထဲပါရ
သေထဲပါရ
ခန္ဓာရသူ ဖြစ်ရမှာ။

။ အိုနာသေခြင်း
လွတ်ကင်းလိုက
ငြိမ်းသတ်တတ်စေ ကိလေသာ
ငြှိမ်းရပ်တတ်စေ ကိုယ်တဏှာ။

တောမှီရဟန်း
(၂၃.၅.၂၀၂၄) ရက်နေ့ ညချမ်းချိန်။

Loading

Categories
ကျန်းမာရေး စကားလက်ဆောင်

။ စိန်ရတုလွန်မြောက်ခြင်း ။

~~~~~~~~~~~~~~~~~~

။ သည်ခေတ်မှာ
အသက်(၆၀) ကျော်ကြတဲ့သူတွေ
နေကြရတဲ့သူတွေ
နည်းလာနေကြသလားပါပဲ။

။ ၁၉၆၀ ပြည့်နှစ်
ဇူလိုင်လ(၁၄) ရက်နေ့
ညနေ(၅:၁၅) နာရီအချိန်မှာ
မွေးဖွားလာခဲ့လို့
၂၀၂၄ ခုနှစ်
ဇူလိုင်လ(၁၄) ရက်နေ့
ညနေ(၅:၁၅) နာရီအချိန်မှာ
သက်တော်(၆၄)နှစ်ပြည့်မယ်။

။ မကြာမီ
မွေးဖွားတဲ့ရက်
မွေးတဲ့နေ့ရောက်တော့မယ်။

။ အသက်(၆၀) ကျော်
ရှိလာတဲ့လူတစ်ယောက်ဟာ
လူငယ်လူရွယ်လိုတော့
သန်သန်မာမာမရှိတော့ပါဘူး။

။ ရုပ်ခန္ဓာကိုယ်တွေက
(အင်ဂျင်ပါဝါကျနေသလို)
အစစအရာရာ
အကုန်လုံးနီးပါး
ဆုတ်ရော့လာနေတယ်။

။ အသားအရေတွေ
အကြောအခြင်တွေ
အရိုးတွေ
သွေးတွေ
လေတွေ
ဆီးတွေဝမ်းတွေ
တစ်ကိုယ်လုံးနီးပါး
အသုံးပြုဖို့
အသုံးမတည့်တော့ဘဲ
သည်ခန္ဓာကိုယ်ကို
ထိန်းသိမ်းပြုပြင်
စောင့်ကြပ်နေရတာနဲ့ပဲ
အတော်လေးပင်ပန်းနေတာကို
သိသာလာရုံမက
ငယ်ငယ်က
စွဲစွဲမြဲမြဲ
စွဲလမ်းတပ်မက်နေခဲ့ကြတဲ့
အလွန်အမင်း
နှစ်သက်မြတ်နိုးတနာဖြစ်တဲ့
ခန္ဓာကိုယ်ရဲ့အလှအပတွေဟာ
စိတ်ပျက်စရာတွေဖြစ်လို့
ဝိပဿနာရှုဖို့တောင်မှ
အသုံးကျမှုနည်းနေတာကို
သတိထားမိလေပေါ့။

။ တစ်ခါတလေတော့
မပေါ့မပါးတွေဖြစ်
အပေါ့အပါးသွားနေတာတောင်မှ
ကိုယ်လက်လေးလံတွေဖြစ်လို့
ပြုပြီးကိစ္စကြီးငယ်တွေ
ဟိုမေ့သည်မေ့တွေဖြစ်ပြီး
ရုပ်ဖြစ်သလို
စိတ်ဖြစ်သလိုနဲ့ပဲ
ကျေနပ်ခဲ့ရတယ်။

။ ခါတိုင်းလို
စိတ်ဖြစ်တိုင်း
ရုပ်နိုင်ပြီး
ခုတော့
ရုပ်လည်းမနိုင်
စိတ်လည်းမိုင်မိုင်ပါပဲ။

။ ငယ်ရွယ်တုန်းကလိုမျိုး
စိတ်ဟာမခိုင်မြဲနိုင်ဘဲ
နာတတ်လာပြီးတော့
စိတ်ဓာတ်ကျတာတွေ
စိတ်အားငယ်တာတွေ
ဖြစ်တတ်သလိုပါပဲ။

။ အကြောင်းအရာ
တစ်မျိုးမျိုးနဲ့
တိုက်ဆိုင်မှုဖြစ်နေရင်
တွေးလို့, ခံစားလို့ကို
မဆုံးနိုင်ဘဲ ဖြစ်နေတယ်။

။ ဒါကြောင့်
အသက်ကြီးလာပြီးဆိုရင်
ရောဂါတွေများလာမယ်
ဝေဒနာတွေများလာမယ်
ရှုပ်ထွေးမှုတွေများလာမယ်
သံယောဇဉ်တွေများလာမယ်
အခက်အခဲတွေ များပြားလာမယ်
ကုန်ကုန်ပြောရရင်
ဒုက္ခသက်သက်ပါပဲ။

။ ငယ်ငယ်က
သင်ခဲ့တဲ့ပညာ
ရခဲ့တဲ့ဥစ္စာ
စုခဲ့တဲ့အရာရာတွေအားလုံးဟာ
စစ်မှန်တာတစ်ခုမှမဟုတ်ပါဘူး
ဆိုတာကို
သိမြင်နားလည်လာတယ်။

။ ပြောချင်တာကတော့
သင်အသက်(၆၀) ကျော်
နေခဲ့ရမယ်ဆိုရင်
ကုသိုလ်တစ်မျိုးလေးနဲ့
မပျော်မိပါစေနဲ့။

။ ဈာနင်တရား
မဂ်တရား
ဖိုလ်တရားတွေကို
သိမြင်နိုင်တဲ့
သမာဓိရှိအောင်
ဉာဏ်ရှိအောင်
နေတတ်ဖို့ပါပဲ။

။ ဒါကြောင့်
စိန်ရတုမွေးနေ့အလွန်
ဒုတိယစိန်ရတုမွေးနေ့ရဲ့
အကြိုကာလတစ်လျှောက်
တုတ်ကောက်တစ်ချောင်းတော့
အဖော်လေးပြုရတော့မည်လားပါပဲ။

တောမှီရဟန်း
(၆.၅.၂၀၂၄) ရက်နေ့။

Loading

Categories
အားကစား

Myanmar Lethwei (Burmese Boxing) ရဲသွေး (ကော့ရင်း) VS အောင်ထက်ကျော် (ဒို့ရိုးရာ)

“ ကုလားနှင့်ကရင် ကျားနှင့်ဆင်” ပေါ့ဗျာ Look Like “ Kalar VS Karen (or) Tiger VS Elephant” ဘားအံမြို့နယ်၊ ကော့ရင်း(အောက်)ကျေးရွာ ညောင်ရေသွန်းပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဖြစ်ပါတယ်။

Myanmar Lethwei (Burmese Boxing) ရဲသွေး (ကော့ရင်း) VS အောင်ထက်ကျော် (ဒို့ရိုးရာ)

Loading

Categories
အားကစား

စောဘဟိန်း နှင့် စိုးနောင်ဦး

အောင်လံဆုရှင်တို့ရဲ့

နတ်ကုန်းရွာ ဘိုးဘိုးကြီးရိုးရာပွဲအထိမ်းအမှတ်မှာ

တွေ့ဆုံပြီးတကယ်ကြမ်းတဲ့ပွဲ။

စိုးနောင်ဦး (ဖလုံပညာ့တဝေါင့်)အောင်လံဆုရှင် VS စောဘဟိန်း (တန်-၉၀၀ စက်ရုံ) Sky Net ရွှေအောင်လံဆုရှင်

Loading

Categories
မြန်မာ့ရိုးရာလက်ဝှေ့ အားကစား

ရိုးရာအောင်လံ(၁) ဗိုလ်လုပွဲ ကောင်းထက်ကျော် (ဆင်ကျုံးရွာ) VS ဝေလင်းထက် (ဇရပ်ဖြူရွာ)

နတ်ကုန်းရွာ ရိုးရာအောင်လံ(၁) ဗိုလ်လုပွဲ ကောင်းထက်ကျော် (ဆင်ကျုံးရွာ) VS ဝေလင်းထက် (ဇရပ်ဖြူရွာ)
နတ်ကုန်းရွာ ရိုးရာအောင်လံ(၁) ဗိုလ်လုပွဲ ကောင်းထက်ကျော် (ဆင်ကျုံးရွာ) VS ဝေလင်းထက် (ဇရပ်ဖြူရွာ)



(၂)သိန်းကျပ် ရိုးရာအောင်လံ ဗိုလ်လုပွဲ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နတ်ကုန်းကျေးရွာ (၅၅)နှစ်မြောက် ဘိုးဘိုးကြီးရိုးရာပွဲ အထိမ်အမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲ ဖြစ်ပါသည်။

Loading

Categories
မြန်မာ့ရိုးရာလက်ဝှေ့ အားကစား

သပြေညို(တန်-၉၀၀ စက်ရုံ) VS ရဲသွေးနီ(တောင်ကလေး) ရွှေခါးပတ်ချန်ပီယမ်ဟောင်းတို့ရဲ့ ဆုံတွေ့တဲ့ပွဲ

သပြေညို(တန်-၉၀၀ စက်ရုံ) VS ရဲသွေးနီ(တောင်ကလေး) ရွှေခါးပတ်ချန်ပီယမ်ဟောင်းတို့ရဲ့ ဆုံတွေ့တဲ့ပွဲ

ရွှေခါးပတ်ချန်ပီယမ်ဟောင်းတို့ရဲ့ ဆုံတွေ့တဲ့ပွဲ

နတ်ကုန်းရွာ၊ ဘားကပ်စံပြကျေးရွာအုပ်စု၊ ဖားအံမြို့နယ်၊ ကရင်ပြည်နယ်။

(၅၅)နှစ်မြောက် နတ်ကုန်းကျေးရွာ ဘိုးဘိုးကြီး ရိုးရာပွဲ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ။

Loading

Categories
စကားလက်ဆောင် ပညာရေး

။ နိုင် လေး နိုင် ကျောင်း ။

။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး
ဖြေဆိုထားကြတဲ့
ပါဠိပထမပြန်စာမေးပွဲကြီးက
၂၀၂၄ ခုနှစ်စာမေးပွဲ
အောင်စာရင်းကတော့
(26.5.2024) ရက်နေ့မှာ
ထုတ်ပြန်ကြေညာလိုက်ပါပြီ။

မေးကြ

။ ပထမပြန်စာမေးပွဲ
အောင်စာရင်းထွက်လာလို့
အရှင်ဘုရားတို့ကျောင်းမှာ
​စာမေးပွဲအောင်ကြရဲ့လားတဲ့!
အောင်ရဲ့လား?
အောင်ပါရဲ့လား?
လား လား လား နဲ့
အမေးကများသလားပါပဲ။

မေးနိုင်

။ အရှင်တို့ကျောင်းဟာ
စာမေးပွဲအောင်တာကို
အဓိကမထားပါဘူး။
၁) အကျင့်ကောင်းဖို့
၂) အတွေးကောင်းဖို့
၃) ဦးဆောင်တော်ဖို့
၄) ငထုံငထိုင်းမဖြစ်ဖို့
၅) လောကအလယ်မှာ
ပညာကြွယ်ဝဖို့
၆) အသိအမြင်ထူးဖို့
အဓိထားတဲ့ကျောင်းဖြစ်လို့ပါပဲ။

လောကီလောကုတ္တရာပညာ

။ အရှင်တို့ကျောင်းမှာ
လောကီပညာရပ်များ
လောကုတ္တရာပညာရပ်များ
အခြေခံပညာအတတ်ပညာရပ်များ
နည်းစနစ်ကျကျ
သင်ပြဆုံးမနေထိုင်တဲ့ကျောင်းဖြစ်လို့
​စာမေးပွဲအောင်,မအောင်
ဘောင်ခတ်ပြီး
အောင်ကြောင်းကြေညာတဲ့
ကျောင်းမဟုတ်ပါကြောင်းလို့
ဆိုပါရစေ။

မွေးထုတ်

။ အရှင်တို့ကျောင်းသည်
လောကီပညာကို
မွေးထုတ်ပေးသော
ဘဝကျောင်း☘️
လောကုတ္တရာပညာကို
မွေးထုတ်ယူသော
ဓမ္မကျောင်း☘️ပါပဲ။

နိဂုံး

။ စာတတ်ခြင်းအဓိက
အကျင့်မြတ်ခြင်းအဓိက
ကုသိုလ်အကုသိုလ်
သိမြင်ခြင်းအဓိကဖြစ်သော
ဤကျောင်းသည်
၁) စားနိုင်ရမည်
၂) နေနိုင်ရမည်
၃) သင်နိုင်ရမည်
၄) ကျင့်နိုင်ရမည် ဟူသော( နိုင်လေးနိုင်)
ကျောင်းဖြစ်ပါသတည်းဟု
မေးသူများအား
​ဖြေကြားပေးလိုက်ပါတယ်။

ရင်ဝယ်အေးမြကြပါစေသား။

တောင်ကလေးဆရာတော်
(၂၅.၅.၂၀၂၄) ရက်နေ့နံနက်ခင်း။

https://drive.google.com/file/d/17SKUWxH42_wHHws2NIOGLtU23OSJ-LyP/view?usp=sharing

Loading

Categories
ကဗျာ စကားလက်ဆောင်

လ်ု လင် မာႋ

☘️ လ်ု လင် မာႋ ☘️

~~~~~~~~~~~~

။ ဏ်ု လင်ႋ မာ အေး
လင် မာႋ အေး လဝ့်
ကဲ အေး လင်ႋ မာႋ ဍုံ လုက် ဖိုင် ။

ဖဝ့် ၜူး သင့် (လာ့ တ်ု မျင့်)

(ဓာတ်ပုံကို ယူသုံးပါသည်။)

☘️ လ်ု လင် မာ . ☘️

~~~~~~~~~~~~~~~~~~~

။ ပိုးကရင်ဘာသာစကားဖြင့် စတူဒီယိုတေးသံရှင် အဆိုတော် စလောင်းလောင်းကို ဂုဏ်ပြုပေးသော ကဗျာပါ။

( ဏ်ု လင် မာ . ) တေးသီချင်းဖြင့် လူတိုင်းသိကြသော စလောင်းလောင်းဟာ လေဖြန်းရောဂါဖြင့် ဝေဒနာခံစားနေရကြောင်း ကြားသိရပါတယ်။

။ ဒါကြောင့် သူ့ရဲ့တေးအမည်ကို သတိရစွာနဲ့ ( လ်ု လင် မာ. ) ကဗျာနဲ့ ဂုဏ်ပြုပေးပါတယ်။

လိုရာပြည့်ပါစေ။

Loading

Exit mobile version