တောင်ကလေး၊ ပရိယတ္တိစာသင်တိုက်
အရှင်ပညာသာမိ (တိုက်ကြပ်ဆရာတော်) ၏
ညွှန်ကြားလွှာ အမှတ် ၁/၉၈
ရက်စွဲ။ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊
ဗုဒ္ဓဟူးနေ့။
တောင်ကလေး ကျေးရွာအတွင်း၊ နေထိုင်ကြသော ရွာသူ/ရွာသားများသို့ အသိပေး ညွှန်ကြားအပ်ပါသည်။
၁။ | ရွာတွင်းသို့ ရဟန်း/သာမဏေတို့နှင့် မအပ်စပ်သော ဈေးပစ္စည်းများ ရောင်းဝယ်ခြင်း ရှောင်ကြဉ်ရန်။ | |
၂။ | ရဟန်း/ သာမဏေများ မိမိတို့၏ အိမ်ဈေးသို့ (အိမ်တွင်းသို့) အလျဉ်းဝင်ခွင့်မပြုရန်။ | |
၃။ | ဆိုင်ရှေ့တွင် ရဟန်း/သာမဏေများ နား ရပ် ထိုင် သွားခြင်း ခွင့်မပြုရန်။ | |
၄။ | မိမိရောင်းသောဈေးကို ဝိနည်းနှင့်အညီ အပ်စပ်သောပစ္စည်းများနှင့် လဲလှယ်ခြင်းပြုလုပ်တတ် ရန်။ | |
၅။ | ရဟန်း/သာမဏေများ မိမိဈေးဆိုင် (အိမ်ဈေးဆိုင်) ကို ည/နေ့ လုံးဝ ဝင်ခွင့်မပြုရန်။ | |
၆။ | အထူးသဖြင့် တောင်ကလေးစာသင်တိုက်အတွင်းရှိ ရဟန်း/သာမဏေများ ဈေးဝယ်မှုမှ လုံးဝ လက်မခံရန်။ (ကပ္ပိယကာရကဖြင့်ဝယ်ရန်) | |
မှတ်ချက်။ ။ | ဖော်ပြပါညွှန်ကြားလွှာကို လိုက်နာရန်ဖြစ်သည်။ လိုက်နာခြင်းကင်း ပါက ကြိုတင်၍အသိပေးပါရန်။ ဤစာကို မိမိတို့၏လက်ဝယ်သို့ ရရှိသည့်အချိန်ကစ၍ မိမိတို့ အိမ်ဆိုင်ဈေးကို စနစ်ကျစွာရောင်းဝယ် ရန်နှင့် ဗုဒ္ဓသာသနာရေးကို အားပေးကူညီဆောင်ရွက် ရန်ဖြစ်ပါ သည်။ | |
အရှင်ပညာသာမိ (တိုက်ကြပ်ဆရာတော်) တောင်ကလေးပရိယတ္တိစာသင်တိုက် ဘားအံမြို့၊ ကရင်ပြည်နယ်။ |