။ ပါရမီရှင် ဖီဖီ့ပုညဝတီ ခန္ဓာဝန်ချပြီ ။
~~~~~~~~~~~~~~~~~~~~~~~~~~~
( ဖီဖီ့ = ဖွားဖွား ။)
။ အေဒီ( ယနေ့)2025 ခုနှစ်၊ဇန်နဝါရီလ(၂၈) ရက်၊အင်္ဂါနေ့၊နံနက်(၈:၅၀) မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊နှောကုန်းရွာရှိ သဲအင်းဂူကမ္မဋ္ဌာန်းတိုက်၌ အသက်(၁၀၃) နှစ်ရှိ မူလသဲအင်းဂူဆရာတော်ကြီး၏ ပါရမီဖြည့်ဖက် ဖွားဖွား( ဖီဖီ့) ပုညဝတီသည် ခန္ဓာဝန်ချခဲ့ပါကြောင်း ကြားသိတော်မူရသည်ကြောင့် သံဝေဂဉာဏ်ဆင်ခြင်တော်မူလျက် မရဏဿတိဘာဝနာဉာဏ်ဆင်ခြင်ပွားများကာ ဖီဖီ့အတွက် သုဂတိသို့လားရောက်ရပါစေကြောင်း ဆုတောင်းပတ္ထနာပြုပေးပါသည်။
။ ရက်လနှစ်များစွာ ခန္ဓာဝန်နှင့်သာသနာ့ဝန်ကို မျှတစွာထမ်းဆောင်လာခဲ့ရပါသော ဖီဖီ့၏ဘဝတစေ့တစောင်းကို အောက်မေ့ဆင်ခြင်လျက်ဖြင့် အတုယူဖွယ်ရာအမျိုးကောင်းသမီးတစ်ဦးအဖြစ် ပါရမီကိုဖြည့်ကျင့်အားထုတ်နိုင်ခဲ့ကြသည်ကို အားရကျေနပ်မိသည်သာမက ချီးမွမ်းချီးအံ့မဆုံးဖြစ်ခဲ့ရပါသည် ဖီဖီ့။
။ ထိုကြောင့်
သဥပါဒိသေသနိဗ္ဗာနဓာတုဝင်တော်မူကြသောရဟန်းမြတ်ပုဂ္ဂိုလ်ထူးတို့၏ ပါရမီဖြည့်ဖက်ဖြစ်ခဲ့ရသည်ကြောင့် ထူးမြတ်သောပါရမီရှင်ဖွားဖွားဟူ၍( ဖီဖီ့ဖြစ်သည်ဟူ၍) အောက်မေ့အမြဲရှိနေကြပါဦးမည်ဟု ဆငခြင်နှလုံးသွင်းပြီး သာသနာတော်အတွက် ခန္ဓာဝန်ဆက်သထားသည့်ဖီဖီ့အား ကြည်ညိုစွာဖြင့် မှတ်တမ်းပြုပါသတည်း။
( ဓာတ်ပုံကိုယူသုံးပါသည်။)
တောင်ကလေးဘုန်းတော်လေး( ဖီဖီ့အခေါ်)
ကရင်ပြည်နယ်
ဖားအံမြို့နယ်
တောင်ကလေးရွာ။
